သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)
-----------------------
ဒီကနေ့ (၂၂-၆-၂၀၁၅) နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်မးဆောင်ကြီးတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားသစ်ကြိုဆိုပွဲ ကို ကျင်းပပြုလုပ်သည်။
ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ ဝေဇယန္တာဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်၊ သင်ကြားစီမံဆရာတော်များ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဝေဇယန္တာဆရာတော်က သြ၀ါဒပေးသည်။ အဓိပတိဆရာတော်က
ကျောင်းသားသစ်ကြိုဆိုသောအားဖြင့် သြ၀ါဒစကား ပြောကြားသည်။ ဒေါက်တာ သဇ္ဇနက
ကျောင်းသားစာရင်းများ ပြောသည်။ ဒေါက်တာ ကုမာရမှ ကျောင်းသားစည်းကမ်းများ
ပြောသည်။
၎င်းနောက် ကျောင်းသားကဒ်အသီးသီးကို မော်ကွန်းထိန်းဆရာတော် ဒေါက်တာပဏ္ဍိတ၀ရာဘိဝံသက ပေးအပ်သည်။
အလှူရှင်များက ကျောင်းသားသစ်များကို လှူဖွယ်များ လောင်းလှူပြီး နေဆွမ်းကပ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၆-၂၀၁၅
www.sitagustar2020.net
ဓာတ်ပုံ-သီတဂူကထိက အရှင်သူရိယ (စစ်ကိုင်း)

Monday, June 22, 2015
sitagustar

Posted in:
0 comments:
Post a Comment