
Thursday, July 02, 2015

sitagustar
No comments
အမေရိကန်လွတ်လပ်ရေးနေ့ပွဲတက်--------------------
ဒီကနေ့ (၂-၇-၂၀၁၅) ညနေ ၆း၃၀နာရီ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအိမ်တွင် (၂၃၉)နှစ်မြောက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ခဲ့သည်။
ထိုအခမ်းအနားသို့ မိမိတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ကထိက ဆရာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ သမ္မတအကြံပေး ၀န်ကြီး ဦးစိုးသိန်း၊ NLD မှ နာယကကြီး ဦးတင်ဦးနှင့် နိုင်ငံတကာ သံတမန်များ၊ အထူးဧည့်သည်တော်များ တက်ရောက်ကြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၇-၂၀၁၅
www.sitagustar2020.net

Wednesday, July 01, 2015

sitagustar
No comments
ရုရှား မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ကျောင်းတော်ဖွင့်ပွဲ
------------------------
ဒီကနေ့ (၁-၇-၂၀၁၅) ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ စွမ်းအင်တက္ကသိုလ်မှာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ဖွင့်လှစ်ပွဲ၊ ကျောင်းလွတ်ပူဇော်ပွဲ အခမ်းအနားကို ကျင်းပနိုင်ခဲ့ပါသည်။
ထိုဖွင့်ပွဲ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးဦဆောင်သော ဒေါက်တာ အရှင်ဆေကိန္ဒ၊ တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရနှင့် မြန်မာ၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်မှ ဆရာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှမိသားစု၊ စစ်ရေးချုပ်ဗိုလ်ချုပ်ဆန်းဦးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် သံအမတ်ကြီးဦးတင်ယုနှင့် ဇနီး အပါအဝင် ရုရှားနိင်ငံရောက် ပညာတော်သင် သင်တန်းသားများ အားလုံးက ညီညာဖြဖြ တက်ရောက်ကြသည်။
ထိုကျောင်းတော်ကြီးဖြစ်မြောက်အောင် သီတဂူဆရာတော်ကြီး၊ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ ပြည်ထောင်စုမြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မိသားစု၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နေပြည်တော် တပ်မတော်ကာကွယ်ရေးမှ မိသားစုများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များ၊ ရုရှားနိုင်ငံရှိ မြန်မာကျောင်းသားများတို့က စုပေါင်းလှူဒါန်းကြပါသည်။
ဓာတ်ပုံ-TarYar
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net

Wednesday, July 01, 2015

sitagustar
No comments
မော်စကို မြန်မာကျောင်း ဖွင့်ပွဲ ပြင်ဆင်မှု
------------------
၃၀-၆-၂၀၁၅ နေ့က သီတဂူဆရာတော် ဦးဆောင်သော မြန်မာဆရာတော်များ၊
ရုရှားနိုင်ဆိုင်ရာ မြန်မာသံရုံး မိသားစုများ၊ ရုရှားရောက်
မြန်မာကျောင်းသားများက ၁-၇-၂၀၁၅ နေ့ ကျောင်းတော်ကြီး ဖွင့်ပွဲအတွက်
ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းများ ပြုလုပ်ခြင်းတို့ကို
တပျော်တပါးကြီး ဆောင်ရွက်ကြပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၇-၂၀၁၅
www.sitagustar2020.net

Thursday, June 25, 2015

sitagustar
No comments
သီတဂူဆရာတော် အမေရိကန်ဒေါ်လာ သုံးသာင်း လှူ (နီပေါလ်မြေငလျင်)
---------------------------------------
ဒီကနေ့ (၂၅-၆-၂၀၁၅) နေ့လည်ပိုင်းက သီတဂူဆရာတော်ကြီးသည်
မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံရုံးသို့ ကြွတော်မူသည်။ ပြီးခဲ့တဲ့ (
၂၅-၄-၂၀၁၅)က လှုပ်ခက်သွားသော နီးပေါလ်နိုင်ငံ မြေငလျင်ကြောင့် လူပေါင်း
၈၈၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သိန်းပေါင်းများစွာ
အိုးမဲ့အိမ်မဲ့ဖြစ်ရပါသည်။
သီတဂူဆရာတော်ကြီးက လူသားချင်းစာနာထောက်ထားသောအားဖြင့် ထိုမြေလျင်ဒဏ်ခံများ ပြန်လည်ထူထောင်ရေးအတွက် အထောက်ကူဖြစ်စေရန် အမေရိ
ကန်ဒေါ်လာ
သုံးသောင်း (၃၀၀၀၀)တို့ကို မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်သံအမတ်ကြီးအား
ပေးလှူခဲ့သည်။
သီတဂူဆရာတော်ကြီးက အလှူပမာဏဟာ သေးငယ်ပေမဲ့ နှလုံးသားမှ လာသော
မေတ္တာ ကရုဏာတွေဖြစ်ကြောင်း မိန့်သည်။
သီတဂူဆရာတော်ကြီးကို သံရုံးမိသားစုများက ၀မ်းပန်းတသာ ကြိုဆိုကြသည်
(အလားတူ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်ရေဘေးအတွက် ပါကစ္စတန်သံရုံးသို့သွား၍ အမေရိကန်ဒေါ်လာ တစ်သောင်း လှူခဲ့ဖူးသည်)
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅

Thursday, June 25, 2015

sitagustar
No comments
သီတဂူ စကာၤပူ အထူးတရားပြဲ-----------------
သီတဂူဆရာတော်ကြီးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာထေရ၀ဒါဗုဒ္ဓဘာသာ ကျောင်းတော်ကြီးဖွင့်ပွဲသို့ မကြွမီ စင်္ကာပူသို့ ခေတ္တ၀င်မည် ဖြစ်ပါသည်။
စင်္ကာပူရောက်ခိုက် (၂၇-၆-၂၀၁၅) စနေနေ့ စင်္ကာပူစံတော်ချိန် ညနေ (၆း၃၀) စင်္ကာပူရောက် မြန်မာပြည်သူများအား တရားတော်များ ချီးမြင့်မည် ဖြစ်ပါသည်။
နေရာ= The Arena Country Club, 511 Upper Jurong Road, Singapore 638366, Neare Joo Koon MRT
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၆-၂၀၁၅
www.sitagustar2020.net

Tuesday, June 23, 2015

sitagustar
No comments
ကျောင်းသားသစ်ကြိုဆိုပွဲကျင်းပ (မန္တလေး)
-------------------------------
ဒီကနေ့ (၂၃-၆-၂၀၁၅) နံနက်ပိုင်း၊ မန္တလေးတောင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင်
၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ် ကြိုဆိုပွဲကျင်းပသည်။
ထိုပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ သင်ကြားစီမံဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
(၂၀-၆-၂၀၁၅ ရက်နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
(၂၂-၆-၂၀၁၅)နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့မှာ ကျောင်းသားအသစ်ကြိုဆိုပွဲများ ကျင်းပပြီးခဲ့ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၆-၂၀၁၅
www.sitagustar2020.net

Monday, June 22, 2015

sitagustar
No comments
သီတဂူကျောင်းသားသစ်ကြိုဆိုပွဲ (စစ်ကိုင်း)
-----------------------
ဒီကနေ့ (၂၂-၆-၂၀၁၅) နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဘွဲ့နှင်းသဘင်ခန်မးဆောင်ကြီးတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက်
ကျောင်းသားသစ်ကြိုဆိုပွဲ ကို ကျင်းပပြုလုပ်သည်။
ထိုအခမ်းအနားသို့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ ဝေဇယန္တာဆရာတော်၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော်၊ သင်ကြားစီမံဆရာတော်များ၊
ကျောင်းသား ကျောင်းသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဝေဇယန္တာဆရာတော်က သြ၀ါဒပေးသည်။ အဓိပတိဆရာတော်က
ကျောင်းသားသစ်ကြိုဆိုသောအားဖြင့် သြ၀ါဒစကား ပြောကြားသည်။ ဒေါက်တာ သဇ္ဇနက
ကျောင်းသားစာရင်းများ ပြောသည်။ ဒေါက်တာ ကုမာရမှ ကျောင်းသားစည်းကမ်းများ
ပြောသည်။
၎င်းနောက် ကျောင်းသားကဒ်အသီးသီးကို မော်ကွန်းထိန်းဆရာတော် ဒေါက်တာပဏ္ဍိတ၀ရာဘိဝံသက ပေးအပ်သည်။
အလှူရှင်များက ကျောင်းသားသစ်များကို လှူဖွယ်များ လောင်းလှူပြီး နေဆွမ်းကပ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၆-၂၀၁၅
www.sitagustar2020.net
ဓာတ်ပုံ-သီတဂူကထိက အရှင်သူရိယ (စစ်ကိုင်း)

Saturday, June 20, 2015

sitagustar
No comments
သီတဂူ အောင်လက်မှတ်ပေးပွဲ (ရန်ကုန်)
-------------------
ဒီကနေ့
(၂၀-၆-၂၀၁၅)နေ့ နံနက်ပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၊
သန္နိပါတခန်းမဆောင်ကြီးအတွင်းမှာ ဗုဒ္ဓဓမ္မဒီပလိုမာနှင့် ဗုဒ္ဓဓမ္မပါဒက
အောင်လက်မှတ် ပေးပွဲ၊ ကျောင်းသားအသစ် ကြိုဆိုပွဲ အခမ်းတို့ကို
ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
အဓိပတိဆရာတော်ကြီး၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ ကထိကဆရာများ၊
ဘွဲ့ခံကျောင်းသား (၃၀၀)ကျော်၊ ကျောင်းသားအသစ်များ၊ အလှူရှင်များ၊
သီတဂူကပ္ပိယကာရကအဖွဲ့များ တက်ရောက်ကြသည်။
စာအောင်ကျောင်းသားအားလုံးအား အဓိပတိ ဆရာတော်ကြီးကိုယ်တိုင် အောင်လက်မှတ်များ ချီးမြှင့်ပေးသည်။
လူ (၁၂၀၀)ကျော်အတွက် အကျွေးအမွေးနှင့် ကြွရောက်လာသော သံဃာတော်များ
လှူဒါန်းမှုတို့ကို ရွှေသံလွှင်မိသားစုက ပြုလုပ်သည်၊ စာအုပ်စာတမ်းကို
စိန်မြှားမိသားစု၊ ပိုင်ကုမ္ပဏီမိသားစုတို့က အသီးအသီးလှူဒါန်းကြသည်။
“သီတစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၀-၆-၂၀၁၅
www.sitagustar2020.net

Thursday, June 18, 2015

sitagustar
No comments
ဘွဲ့ခံအစမ်းလေ့ကျင့် (Rehearsal) ပြုလုပ်
------------------
၂၀-၆-၂၀၁၅ ရက်နေ့ ဘွဲ့လက်မှတ် ခံယူကြမည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းတော်သူ ကျောင်းတော်သားများ (၂၀၁၃-၄ ပညာသင်နှစ်နှင့် ၂၀၁၄-၅ ပညာသင်နှစ်) သည် ဒီကနေ့ (၁၈-၆-၂၀၁၅) နေ့လည် ၁း၀၀ နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်၌ ဘွဲ့ယူပုံ အကြိုလေ့ကျင့်မှု ပြုလုပ်သည်။
ကျောင်းသား (၃၀၀)ကျော်လောက်ကို ဘွဲ့လက်မှတ်များ ချီးမြင့်မည် ဖြစ်သည်။ ထို့ပြင် ကျောင်းသားအသစ် (၄၀၀)၀န်းကျင်တို့ကို ကြိုဆိုသည့်ပွဲလည်း ဖြစ်သဖြင့် အချိန်နှင့် နေရာ အဆင်ပြေစေရန် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်။
နေရာချပုံများ
--------------------
(က) ဘုရားခန်း သံဃာစင်မြင့်ပေါ်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးနှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်ကြီး နှစ်ပါးနေရာ၊ စင်မြင့်မှာပဲ တက္ကသိုလ် အဓိပတိဆရာတော်ကြီးက ဘွဲ့လက်မှတ်များများ ချီးမြင့်မည်။
(ခ) သံဃာစင်မြင့်အောက်
----------------------------
၁။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ
၂။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ
၃။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မဒီပလိုမာ ကျောင်းသား အသစ်များ
၎။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ
၅။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ ကျောင်းတော်သူ ကျောင်းတော်သားများ
၆။ အလှူရှင်များ၊ ကပ္ပိယကာရကအဖွဲ့များ
၇။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဗုဒ္ဓဓမ္မပါဒက ကျောင်းသား အသစ်များ
တက်ရောက်မည့် ဘွဲ့ခံပုဂ္ဂိုလ်များ
မှတ်ချက်။ ဘွဲ့ခံယူမည့် ရဟန်းတော်များသည် တူညီသော အုဋ္ဌ်ခဲရောင် သင်္ကန်းအ၀ါကို ၀တ်ရုံပြီး ကြွရန်
ဗုဒ္ဓဓမ္မပါဒကဘွဲ့ယူမည့် ကျောင်းတော်သူ ကျောင်းတော်သားများကလည်း တူညီသော ယူနီဖောင်းဝတ်စုံနှင့် စလွယ်တို့ကို သေသပ်စွာ ၀တ်ဆင်ကြရန်
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၆-၂၀၁၅
www.sitagustar2020.net

Wednesday, June 17, 2015

sitagustar
No comments
ဘွဲ့ခံကျောင်းသားများသို့ အသိပေးခြင်း
------------------
၂၀-၆-၂၀၁၅ နေ့တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်၌ ကျင်းပမည့် အောင်လက်မှတ် ပေးပွဲတွင
် ဘွဲ့ယူကြမည့်---
(က) ဗုဒ္ဓဓမ္မဒီပလိုမာတန်း Diploma in Buddha dhamma ဘွဲ့ရ (၈၀)ဦး (၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်)
(ခ) ဗုဒ္ဓဓမ္မပါဒက ဘွဲ့ရ (၂၉၁) ဦး၊ (၂၀၁၃-၄၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်) တို့သည်
၁၈-၆-၂၀၁၅ နေ့ နေ့လည် (၁း၀၀) နာရီတွင် ဘွဲ့ယူပုံ အစမ်းလေ့ကျင့်(Rehearsal)
ရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတ ခန်းမဆောင်သို့ မပျက်မကွက်
ကြွရောက်ကြပါရန် အသိပေးအပ်ပါသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၆-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...