သီတဂူစတား

သီတဂူစတား

22 February 2016

စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)

စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)
********************
သီတဂူ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် လူ (၁၀၀၀)ကျော်တို့သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုရက်များကို တချိန်တည်း တပြိုင်တည်း ဖြေဆိုရန် တက္ကသိုလ်အသီးသီးတို့တွင် သင်ကြားစီမံအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)အတွက် အောက်ပါဇယားအတိုင်းဖြစ်သည်။

ဘီအေတန်းနှင့် ဒီပလိုမာတန်းများ
---------------
(၄-၃-၂၀၁၆) မှ (၇-၃-၂၀၁၆)နေ့အထိ နေ့စဉ် နေ့လည် (၂း၀၀နာရီမှ ၅း၀၀)အထိ ဖြစ်သည်။

ဗုဒ္ဓဓမ္မပါဒက အတန်း (လူပုဂ္ဂိုလ်များအတွက် သီးသန့်)
-----------------
(၅-၃-၂၀၁၆) နံနက် ၈း၀၀နာရီမှ ၁၀း၀၀နာရီ အထိ ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.thesitagu.org
www.sitagustar2020.net

20 February 2016

သီတဂူဆရာတော် သီတဂူအာယုဒါနဆေးရုံ ကြည့်ရှု

သီတဂူဆရာတော် သီတဂူအာယုဒါနဆေးရုံ ကြည့်ရှု
*****************
စစ်ကိုင်း ၂၀၁၆ခုနှစ် ဖေဖော်ရီလ (၂၀)

ဒီကနေ့ (၂၀-၂-၂၀၁၆)့ နံနက်ပိုင်းတွင် သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရှိ သီတဂူအာယုဒါနဆေးရုံတွင် မျက်စိကုသပေးနေသော အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကုအဖွဲ့ကို တွေ့ဆုံနှုတ်ဆက်သည်။

နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကုသမှုအစီအစဉ်
-------------------
စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတွင် (၂၁-၂-၂၀၁၆) ရက်နေ့မှ စတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံမှ နှုတ်ခမ်းခမ်းကွဲ-အာခေါင်ကွဲ အထူးကု ဆရာဝန်အဖွဲ့တို့ လာရောက်ကုသပေးမည်ဖြစ်သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

18 February 2016

မင်းဗန္ဓုစေတီ ထီတင်ပူဇော်ပွဲ (တော်ဝင်မိသားစု)

မင်းဗန္ဓုစေတီ ထီတင်ပူဇော်ပွဲ (တော်ဝင်မိသားစု)
**************
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်

ဒီကနေ့ (၁၈-၂-၂၀၁၆) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်၊ ၀ါးတရာကျေးရွာတွင် တည်ထားကိုးကွယ်ထားသော မင်းဗန္ဓုစေတီတော်ကို အသစ်တဖန်မွန်းမံ ပြင်ဆင် ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော် အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ထိုစေတီတော်ဝင်းတွင် ကြီးကျယ်ခမ်းနားသော ဓမ္မာရုံကြီးကိုလည်း လှူဒါန်းထားသည်ကို တွေ့ရသည်။

ထိုထီးတော်တင်လှူပူဇော်ပွဲသို့ သီတဂူဆရာတော်ကြီးအမှူးပြုသော သံဃာတော်များ၊ ဒေသခံသံဃာတော်များ သံဃာတော် (၁၀၀)ကျော်နှင့် အလှူရှင် တော်ဝင်မိသားစုကုမ္ပဏီ ဦးကိုကိုထွေး (ဥက္ကဋ္ဌ)+သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသန်း၊ သမီး-မ၀တ်ရည်ထွေး၊ မသီရိထွေး၊ သား-ကိုမျိုး၊ မြေးဝမကေခိုင်မျိုး၊ မစုသက်မျိုး မိသားစုများနှင့် ဒေသခံပြည်သူများ စည်ကားစွာတက်ရောက် ပူဇော်ကြသည်။

ထိုပွဲတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြသော ဦးရဲအောင်၊ မခိုင်သင်းကြည်၊ မခင်လေးနွယ် စသော အနုပညာရှင်များလည်း တွေ့ရသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

11 February 2016

သီတဂူစက္ခုဒါနဆေးရုံ (ကျိုက်ထို)ရောက် သီတဂူဆရာတော်

သီတဂူစက္ခုဒါနဆေးရုံ (ကျိုက်ထို)ရောက် သီတဂူဆရာတော်
************************
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဓမ္မခရီး ကြွတော်မူသော သီတဂူဆရာတော်သည် ဒီကနေ့ မနက် (၁၁-၂-၂၀၁၆)က ကျိုက်ထိုမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေး စောင့်ရှောက်ရေး နယ်လှည့်အဖွဲ့၏ မျက်စိကုသမှုများကို သွားရောက်အားပေးသည်။

ထိုနေ့ နေ့လည်ပိုင်းတွင် ဘီးလင်းမြို့နယ် မုသင်ကျေးရွာတွင် ရန်ကုန်မြို့ လှည်းတန်း လှဆန်းယဉ်မိသားစု၏ ဓမ္မသဘင် ချီးမြှင့်တော်မူသသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

06 February 2016

သီတဂူဆရာတော် ဗုဒ္ဓတက္ကသိုလ်များ အစည်းဝေး တက်ရောက်



သီတဂူဆရာတော် ဗုဒ္ဓတက္ကသိုလ်များ အစည်းဝေး တက်ရောက်
***************
၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်



ဒီကနေ့ (၅.၂.၂၀၁၆)ည ၈း၀၀နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ (Myanmar Buddhist University Association) အစည်အရုံးကို တောင်ကြီးမြု့ Royal Taung Gyi Hotel တွင် ကျင်းပသည်။

ထိုပွဲသို့ သီတဂူဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခများ, နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ် ပါချုပ်ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဆရာတော်, အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်မှ ပါမောက္ခများ, တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ,  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် စိတ်ဝင်စားသူများ တက်ရောက်ကြသည်။

သီတဂူဆရာတော်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်၍ ကမ္ဘောဇဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာဓမ္မသာမိက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net


31 January 2016

သုံးရက်တိုင်တိုင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံပွဲကြီးအလွန်

သုံးရက်တိုင်တိုင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံပွဲကြီးအလွန်
----------------
 စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးထဲမှာ ၂၀၁၆ခုနှစ် ဇန္န၀ါရီလ ၂၂ ၂၃ ၂၄ရက်နေ့တွေမှာ သုံးရက်တိုင်တိုင်ကျင်းပသွားတဲ့ The World Buddhist Peace Conference ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲကြီးကတော့ အံ့မခန်း ကြီးကျယ်ခမ်းနားခဲ့ပါတယ်။

ထိုပွဲကြီးသို့ တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၅၁နိုင်ငံမှ ကိုယ်စားလှယ်၊ လေ့လာသူပေါင်း ၂၀၀ ကျော်နှင့် ပြည်တွင်းရှိ ပညာရှင်ပေါင်း ၂၀၀ ကျော်၊ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ကြပါတယ်။ သုံးရက်တိုင်တိုင် စာတမ်းများတင်သွင်းကြခြင်း၊ ဆွေးနွေးကြခြင်းများကို မနက်ပိုင်း ၈ နာရီကနေ ညနေ ၇နာရီအထိ ကျင်းပသွားတာဖြစ်ပါတယ်။

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံလို့ ဆိုပေမဲ့ ထိုညီလာခံကြီးမှာ ခရစ်ယာန်အဖွဲ့၊ အစ္စလာမ်အဖွဲ့၊ ဟိန္ဒူအဖွဲ့၊ ဂျူးစသော ဘာသာရေးခေါင်းဆောင်များလည်း တက်ရောက် စာတမ်းဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ကြသဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးညီလာခံပွဲကြီး ဖြစ်ခဲ့ပါတယ်။
ဆွေးနွေးပွဲအပြီး (၂၄)ရက်နေ့ ညနေပိုင်း ၇နာရီလောက်မှာ တက်ရောက်လာသူအပေါင်းတို့က တညီတညွတ်ထဲ လက်မှတ်ထိုးပြီး ၁၄ ချက်ပါ သီတဂူငြိမ်းချမ်းရေး ကြေညာစာတမ်းကို ထုတ်ပြန်ပါတယ်။ နောက်ဆုံး မေတ္တာတရားများ ပွားများကြပြီး ည ၇ နာရီမှာ အခမ်းအနားပြီးဆုံးသွားပါတယ်။

ညီလာခံကြီး၏ ပထမနေ့ ဖွင့်ပွဲမှာ မြန်မာ့သံဃာ့ရာဇာ (နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဗန်မော်ဆရာတော်)၊ သီတဂူအဓိပတိ (ညီလာခံကြီးကို ဦးဆောင်)ဆရာတော်၊ ပါမောက္ခချုပ်ဆရာတော်နှင့် ပြည်တွင်းပြည်ပသံဃာတော်များ၊ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်း၊ မန္တလေး တိုင်းဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြပါတယ်။

ညီလာခံအလွန်
----------------
ညီလာခံကြီး အောင်မြင်စွာပြီးမြောက်သွားတော့ အားလုံးက ပျော်နေကြပါတယ်၊ နိုင်ငံပေါင်းစုံက မတူညီကြတဲ့ လူမျိုး ဘာသာ အသားအရောင်တွေ တူညီသော ညီအကိုမောင်နှစ်မစိတ်ဓာတွေ ပိုမိုတိုးပွားလာအောင် မြန်မာပြည်ရဲ့အလှပဆုံး၊ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ ပုဂံခရီးသို့ တပျော်တပါးသွားနိုင်အောင် သီတဂူဆရာတော်၏ ညွှန်ကြားမှုဖြင့် Organizing Committee စီမံပေးပါတယ်။ တချို့က ပုဂံခရီးအပြီး မန္တလေးလေဆိပ်ကနေ အမိမြေကို ပြန်ကြပါတယ်၊ ရန်ကုန်ကနေ ပြန်ကြမည့် နိုင်ငံပေါင်းစုံက ၈၆ ယောက်ကို တော်ဝင်ဂါးဒင်းဟိုတယ် မိသားစုက ၂၉ ရက်နေ့အထိ ပြုစုဧည့်ခံပါတယ်၊ ဟိုတယ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရောက်ပို့ပေးကြရပါတယ်။ တော်ဝင်ဂါးဒင်းဟိုတယ် မိသားစု လူပေါင်း ၈၀ ကျော်ကို အခန်း၊ မနက်၊ နေ့၊ ညစာနှင့် ပို့ဆောင်ရေးတို့အပါဝင် လှူဒါန်းခဲ့ပါတယ်၊ အမေရိကန်ဒေါ်လာ ၉၉၃၂ ကျော် မြန်မာကျပ်ငွေ သိန်းတစ်ရာကျော်ဖိုး လှူဒါန်းခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်းမှ လာဒတ်ရဟန်းတော်များ ပင့်ဆောင်လာတဲ့ မြတ်ဗုဒ္ဓဓာတ်တော် ပူဇော်ပွဲနှင့် ရွှေတိဂုံစေတီမှာ သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲတွေပါ ဆက်တိုက် ပြုလုပ်သွားတာ ဖြစ်ပါတယ်။

အလားတူပဲ စစ်ကိုင်း မန္တလေးအဖွဲ့ဝင်တို့လည်း ပွဲပြီးပေမဲ့ မီးမသေသေးဘဲ နေရာတကျ ပြန်လည်ဖြစ်အောင် ၃ ရက်လောက် ဆောင်ရွက်နေကြရပါတယ်။

ကိုယ်စီတာဝန်ထမ်းဆောင်ခဲ့ကြ
------------------------
ထို့ကြောင့် ညီလာခံကြီး၏ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ညီလာခံကြီးကို အဆင်ပြေချောမွှေ့အောင် ဆောင်ရွက်ပေးကြသော ကား အကြိုအပို့၊ ဟိုတယ်နေရာချထားရေး၊ ပြည်ပဧည့်သည်ကြိုဆိုရေး ရန်ကုန် မန္တလေး၊ နေ့စဉ် လူတစ်ထောင်ခန့်ကို အကျွေးအမွေးတာဝန်ယူကြသောအဖွဲ့၊ သန့်ရှင်းရေးတာဝန်ယူကြသော အဖွဲ့၊ ပြန်ကြားရေးတာဝန်ယူကြသော အဖွဲ့၊ လုံခြုံရေးတာဝန်ယူကြသော အဖွဲ့နှင့် အလှူရှင်များ၊ တော်ဝင်ဂါးဒင်းဟိုတယ်မိသားစုကဲ့သို့သော ဟိုတယ်အလှူရှင်များ အားလုံးတို့က ကိုယ်စီ ကျရာတာဝန်ကို ထမ်းဆောင်ကြသဖြင့် ညီလာခံကြီးပြီးမြောက်အောင်မြင်ခဲ့လေပြီ။

သီတဂူအဓိပတိဆရာတော်ကြီး၏ လမ်းညွှန်မှု၊ စီမံမှုအောက်မှာ Organizing Committee အဖွဲ့ဝင်တွေရဲ့ ညီညီညွှတ်ညွှတ် ကျရာတာဝန်ကို မခိုမကပ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုတွေကလည်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net




29 January 2016

မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံ အလှူငွေ မှတ်တမ်း

မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံ အလှူငွေ မှတ်တမ်း
----------------------
 
သီတဂူအဓိပတိဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ဇန်န၀ါရီလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ (၈)ရက်တိတိ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ် လဒတ်ခရိုင် လေးမြို့မှ ဒေသစာရီ ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်များ
ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ လှည့်လည်အပူဇော်ခံစဉ်အတွင်း ဒေသ အသီးသီးမှ လှူဒါန်းပူဇော်သော နဝကမ္မအလှူတော်ငွေများအားလုံးကို ဒေသအသီးသီးသို့ ပြန်လည်လှူဒါန်းခြင်း မှတ်တမ်း
----------------------

၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တစ်ညတာ အပူဇော်ခံစဉ်အတွင်း အလှူငွေ လက်မခံခဲ့ပါ ။

၂။ စစ်ကိုင်းတိုင်း ကောင်းမှုတော်စေတီတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၅၂) သိန်းတိတိကို ကောင်းမှုတော်စေတီတော်သို့ အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

၃။ မန္တလေးတိုင်း မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၁၀၉ ) သိန်းကို မဟာမြတ်မုနိဘုရားအား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

၎။ မန္တလေးတိုင်း မန္တလေးမြို့ သုဓမ္မာရွှေကျောင်းတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၄၀) ကို သုဓမ္မာရွှေကျောင်းတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

၅။ နေပြည်တော် ဥပ္ဗါတသန္တိစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း(၁၄၀)နှင့် အမေရိကန်ဒေါ်လာ သုံးထောင်ကျော်ကို ဥပ္ဗါတသန္တိစေတီတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

၆။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ရွှေဆံတော် စေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၄၀) ကို ရွှေဆံတော်စေတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

၇။ ပဲခူးတိုင်းဒေသကြီးး အုတ်ဖို ဥတိုမြို့ အောင်ချမ်းသာစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်း (၁၀၀)ကို အောင်ချမ်းသာစေတီသို့ အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

၈။ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံစဉ်အတွင်း လှူဒါန်းသည့် အလှူတော်ငွေ ကျပ်သိန်းပေါင်း (၉ ၆၁)သိန်းကို ရွှေတိဂုံစေတီတော်အား အားလုံး ပြန်လည်လှူဒါန်းခဲ့ပါသည်။

အပူဇော်ခံရာ ဒေသအသီးသီးမှ ရရှိလာသည့် အလှူတော်ငွေများ အားလုံးကို အပူဇော်ခံရာဒေသများအား အားလုံး ပြည်လည်လှူဒါန်းခဲ့ပါသည်။

ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်သည် ဇန်န၀ါရီလ (၂၉ ) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အထူးလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ကြွချီသွားပြီ ဖြစ်ပါသည်။

“သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

သီတဂူစတား ဓမ္မသဘင်(အင်းစိန် စဥ့်ငူ)အတွေ့ကြုံ

သီတဂူစတား ဓမ္မသဘင်(အင်းစိန် စဥ့်ငူ)
------------
၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၂၈)ရက်

မနေ့က (၂၇-၁-၂၀၁၆)ည အင်းစိန်မြို့၊ စဥ့်ငူရပ်ကွက်မှာ တရားဟောခဲ့ပါတယ်။ အစဉ်ပြေခဲ့သလို စိတ်မောခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ညမှာ ထိုနေရာမှာ သီတဂူဆရာတော်ကြီး ဟောကြားမည်ဖြစ်သည်။
ရွှေတိဂုံစေတီဘုရားဖူးရန် သြစတေးလျဘုန်းတော်ကြီးတစ်ပါးကို လိုက်ပို့၊ ဘုရားပေါ်မှာ ဟိမ၀န္တာတောင်တန်းမှ မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံပွဲနှင့်တိုးမိနေ၊ ဘုရားကို ခဏခဏရောက်ဖူးသော ထိုသြစတေးလျဘုန်းကြီး ဘုရားကို ခဏလေးပဲ ရောက်ရုံပဲဆိုပြီးလာခဲ့ရာ ဓာတ်တော်ဖူးမျှော်ရန်ရောက်လာသော လူအတန်းကိုကြည့်ပြီး တအံ့တသြဖြစ်နေ၊ မပြန်နိုင်ဘဲ ဖြစ်နေသည်။

မကြာမီမှာပဲ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကြွလာသဖြင့် ပရိသတ်တိုးမပေါက် ဖြစ်ရာကနေ ထိုဘုန်းကြီးလည်း ဆရာတော်နဲ့တွေ့ ဆုတောင်းပွဲဝင်ထိုင်နေသဖြင့် ပြန်ဖို့ခက်သွားသည်။

၇း၃၀မှာ အင်းစိန်မှာတရားသွားဟောရမည်၊ မမီမှာကို စိတ်ပူနေသည်။ အချိန်ကလည်း သိပ်ကပ်နေသည်၊ ကားတွေကလည်း ကြောက်ခမန်းလိလိ ကြပ်သိပ်နေသည်၊ ဖုန်းလိုင်းတွေလည်း ဖြတ်ထားသည်၊ ကားကြိုခေါ်ဖို့ခက်နေသည်၊ ဘုရားအောက်ခြေဆင်းပြီး တရားပွဲ လာကြိုမည့်ကားကို ကျောင်းကိုမသွားစေဘဲ ဘုရားကိုပဲ လာဖို့ခေါ်ရသည်။

(ကိုယ်ပိုင်ကားမရှိတဲ့ ဒုက္ခလည်းမသေး၊ နဂိုက ကားမလို၊ တရားလေးဘာလေးစဟောတော့ ကားလေးက လိုလာသည်။ ဝေါမြို့တရားသွားဟောတုန်းက သူငယ်ချင်းကား ငှါးသွားရသည်။) မှတ်ချက်။ ။ စကားညှပ်

ခေါ်တဲ့အချိန်က ညနေ ၆း၃၀၊ အင်းစိန်နဲ့ ဘုရား တနာရီအတွင်း ရောက်ဖို့မလွယ်တော့ ဖုန်းဆက်မေးကြည့်တော့ ကျောက်တော်ကြီးဘုရားနားမှာပဲ ရှိသေးသဖြင့် အင်းယားကန် မာလာဆောင်ရှေ့မှာ အရင်ရောက်ရင် စောင့်နေပါ၊ မိမိက တက္ကစီကားနဲ့ဆင်းလာမည်၊ အဲဒီမှာဆုံကြမည်၊ အင်းယားကန်ဘောင်မှာ ဆုံကြသည်၊ အဆင်ပြေသည်၊ သို့သော် ကားတွေက အလွန်ကြပ်နေသဖြင့် တရားပွဲမီအောင်သွားဖို့ သိပ်မလွယ်၊ ကံကောင်းချင်တော့ မော်တော်ပီကယ်၊ ရဲကားတွေနဲ့ လှိုင်သာယာ တရားပွဲကြွမည့် သီတဂူဆရာတော်ကြီးကားတန်းနဲ့ တွေ့သဖြင့် နောက်ကနေ ကပ်လိုက်သွားရသည်၊ မီးပွိုင့်တွေအားလုံး ကျော်ဖြတ်နိုင်သဖြင့် တရားပွဲ အချိန်မီရုံပဲ၊ ယပ်တောင်တွေတောင် ယူမလာနိုင်ခဲ့ဘဲ ပလ္လင်ပေါ်တန်းတက် တရားဟော ည ၁၀း၀၀နာရီ ထိုးမှာ ပြီးဆုံးခဲ့ပါတယ်။

ကားကြပ်တဲ့ဒုက္ခ သောက တော်တော်လေးကြီးပါတယ်။ နာရီဝက်ခရီးက တစ်နာရီခွဲလောက်သွားနေရတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

28 January 2016

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးဆုတောင်းဆီသို့

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးဆုတောင်းဆီသို့
--------------
၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၂၈)ရက်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှာ ၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ ၂၂-၂၃-၂၄ ရက်များက ကျင်းပသွားတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲမှာ ၅၁နိုင်ငံသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် ၂၀၀ ကျော်တို့အပါဝင် အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်း၊ လာဒတ်ပြည်မှာ သီတင်းသုံးနေသော မြတ်ဗုဒ္ဓ၏အရိုးဓာတ်တော်လည်း ကြွရောက်လို့လာပါတယ်။

ထိုညီလာခံကြီးက ငြိမ်းချမ်းရေးမူ (၁၄)ချက်ကို တညီတညွတ်ထဲ လက်မှတ်ထိုး ကြေညာခဲ့ကြသည်။
ထိုရပ်များတွင် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးမှာ အပူဇော်ခံသည်၊ ဘုရားဖူးပြည်သူများ လှူဒါန်းသော သိန်း (၆၀)ကို ကောင်းမှုတော်စေတီတော်ကြီးအား ပြန်လှူဒါန်းခဲ့သည်။

အလားတူပဲ မန္တလေးမြို့ မဟာမြတ်မုနိဘုရားဝန်းမှာ အပူဇော်ခံရရှိသော ကျပ်သိန်း (၁၀၀)ကျော်ကို မဟာမုနိရုပ်ပွားတော်အား ပြန်လည် လှူဒါန်းခဲ့သည်။ ရောက်လေရာ အပူဇော်ခံ ရရှိသော လှူဖွယ်များကို ထိုနေရာ ထိုဒေသမှာပဲ ပြန်လည်လှူဒါန်းလေ့ရှိပါသည်။

ငြိမ်းချမ်းရေးဆုတောင်းပွဲ
-----------------
၂၇-၁-၂၀၁၆နေ့ ညနေပိုင်းမှာတော့ ရွှေတိဂုံစေတေီတော် ရင်ပြင်တော် ဓမ္မာရုံမှာ အပူဇော်ခံရာ ဘုရားဖူးသူပြည်သူများ ကြိတ်ကြိတ်တိုးလျက်ရှိသည်၊ စာရေးသူပင် သြစတေးလျမှ ဘုန်းတော်ကြီးတစ်ပါးကို လိုက်ပြရာ တအံ့တသြဖြစ်နေသည်၊ ဘုရားရင်ပြင်မှာ လူတွေ ဒီလောက် ငြိမ်းချမ်းစွာစုစည်းနိုင်တာကို အံ့သြနေခြင်းဖြစ်သည်။
မကြာမီမှာပဲ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကြွရောက်၍ ငြိမ်းချမ်းရေးတရားများဟောကြားခြင်း၊ ငြိမ်းချမ်းရေးဆုတောင်းပြုလုပ်ပေးခြင်းများပြုလုပ်ပေးခဲ့သည်။
ဒီကနေ့ (၂၈-၁-၂၀၁၆)နေ့အထိ အပူဇော်ခံမည် ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

19 January 2016

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၏ (၃)ရက်အလို

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၏ (၃)ရက်အလို
---------------
၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၁၉)ရက်

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ (The World Buddhist Peace Conference)ကြီးလည်း နီးလာပြီ၊ ၂၀၁၆ခုနှစ် ဇန္န၀ါရီလ ၂၂ရက်နေ့ မနက်ပိုင်း စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်၊ နိုင်ငံပေါင်း ၅၀ ကျော်မှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။

အလွန်ကြီးကျယ်သော အခန်းအနားကြီးဖြစ်သဖြင့် ကြိုဆိုရေး၊ လေကြောင်း ကုန်းကြောင်း ပို့ဆောင်ရေး အစီအစဉ်များ နေရာထိုင်ခင်း၊ ဟိုတယ်နှင့် အစားအစာအတွက် စီမံခြင်းများကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးစီးလျက် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ သီတဂူကပ္ပိယကာရအဖွဲ့တို့က ဆောင်ရွက်လျက်ရှိကြသည်။

အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ပ သံတမန်များ အထူးဧည့်တော်များ တက်ရောက်ကြမည် ဖြစ်သည်။

ဒီကနေ့က စပြီး ပြည်ပအဖွဲ့ စတင်ရောက်ကြမည်ဖြစ်သည်။ တချို့လည်း ကြိုတင်ရောက်နေကြပြီးဖြစ်သည်။
မှတ်ချက်။ စကိုင်းနက်ရုပ်သံ ဗုဒ္ဓလိုင်းနှင့် အင်္ဂလိပ်ဘာသာ လိုင်းတို့မှ တိုက်ရိုက်လွှင့်ပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes