သီတဂူစတား ဓမ္မသဘင်(အင်းစိန် စဥ့်ငူ)
------------
၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၂၈)ရက်
မနေ့က (၂၇-၁-၂၀၁၆)ည အင်းစိန်မြို့၊ စဥ့်ငူရပ်ကွက်မှာ တရားဟောခဲ့ပါတယ်။ အစဉ်ပြေခဲ့သလို စိတ်မောခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ညမှာ ထိုနေရာမှာ သီတဂူဆရာတော်ကြီး ဟောကြားမည်ဖြစ်သည်။
ရွှေတိဂုံစေတီဘုရားဖူးရန် သြစတေးလျဘုန်းတော်ကြီးတစ်ပါးကို လိုက်ပို့၊ ဘုရားပေါ်မှာ ဟိမ၀န္တာတောင်တန်းမှ မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံပွဲနှင့်တိုးမိနေ၊ ဘုရားကို ခဏခဏရောက်ဖူးသော ထိုသြစတေးလျဘုန်းကြီး ဘုရားကို ခဏလေးပဲ ရောက်ရုံပဲဆိုပြီးလာခဲ့ရာ ဓာတ်တော်ဖူးမျှော်ရန်ရောက်လာသော လူအတန်းကိုကြည့်ပြီး တအံ့တသြဖြစ်နေ၊ မပြန်နိုင်ဘဲ ဖြစ်နေသည်။
မကြာမီမှာပဲ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကြွလာသဖြင့် ပရိသတ်တိုးမပေါက် ဖြစ်ရာကနေ ထိုဘုန်းကြီးလည်း ဆရာတော်နဲ့တွေ့ ဆုတောင်းပွဲဝင်ထိုင်နေသဖြင့် ပြန်ဖို့ခက်သွားသည်။
၇း၃၀မှာ အင်းစိန်မှာတရားသွားဟောရမည်၊ မမီမှာကို စိတ်ပူနေသည်။ အချိန်ကလည်း သိပ်ကပ်နေသည်၊ ကားတွေကလည်း ကြောက်ခမန်းလိလိ ကြပ်သိပ်နေသည်၊ ဖုန်းလိုင်းတွေလည်း ဖြတ်ထားသည်၊ ကားကြိုခေါ်ဖို့ခက်နေသည်၊ ဘုရားအောက်ခြေဆင်းပြီး တရားပွဲ လာကြိုမည့်ကားကို ကျောင်းကိုမသွားစေဘဲ ဘုရားကိုပဲ လာဖို့ခေါ်ရသည်။
(ကိုယ်ပိုင်ကားမရှိတဲ့ ဒုက္ခလည်းမသေး၊ နဂိုက ကားမလို၊ တရားလေးဘာလေးစဟောတော့ ကားလေးက လိုလာသည်။ ဝေါမြို့တရားသွားဟောတုန်းက သူငယ်ချင်းကား ငှါးသွားရသည်။) မှတ်ချက်။ ။ စကားညှပ်
ခေါ်တဲ့အချိန်က ညနေ ၆း၃၀၊ အင်းစိန်နဲ့ ဘုရား တနာရီအတွင်း ရောက်ဖို့မလွယ်တော့ ဖုန်းဆက်မေးကြည့်တော့ ကျောက်တော်ကြီးဘုရားနားမှာပဲ ရှိသေးသဖြင့် အင်းယားကန် မာလာဆောင်ရှေ့မှာ အရင်ရောက်ရင် စောင့်နေပါ၊ မိမိက တက္ကစီကားနဲ့ဆင်းလာမည်၊ အဲဒီမှာဆုံကြမည်၊ အင်းယားကန်ဘောင်မှာ ဆုံကြသည်၊ အဆင်ပြေသည်၊ သို့သော် ကားတွေက အလွန်ကြပ်နေသဖြင့် တရားပွဲမီအောင်သွားဖို့ သိပ်မလွယ်၊ ကံကောင်းချင်တော့ မော်တော်ပီကယ်၊ ရဲကားတွေနဲ့ လှိုင်သာယာ တရားပွဲကြွမည့် သီတဂူဆရာတော်ကြီးကားတန်းနဲ့ တွေ့သဖြင့် နောက်ကနေ ကပ်လိုက်သွားရသည်၊ မီးပွိုင့်တွေအားလုံး ကျော်ဖြတ်နိုင်သဖြင့် တရားပွဲ အချိန်မီရုံပဲ၊ ယပ်တောင်တွေတောင် ယူမလာနိုင်ခဲ့ဘဲ ပလ္လင်ပေါ်တန်းတက် တရားဟော ည ၁၀း၀၀နာရီ ထိုးမှာ ပြီးဆုံးခဲ့ပါတယ်။
ကားကြပ်တဲ့ဒုက္ခ သောက တော်တော်လေးကြီးပါတယ်။ နာရီဝက်ခရီးက တစ်နာရီခွဲလောက်သွားနေရတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Friday, January 29, 2016
sitagustar

Posted in:
0 comments:
Post a Comment