
Saturday, June 02, 2012

sitagustar
No comments

လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်နိုင် သည့် နည်းလမ်း ခြောက်သွယ်
၁။ ငါးစားပါတစ်ပတ် ကို တစ်ကြိမ် ပင်လယ် စာ စား တာကြောင့် လေဖြတ် နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျှော့ချနိုင်တယ် လို့ ဟားဗတ်မှ သုတေသီတွေက ဆိုပါတယ်။ ငါးမှာ ပါဝင် တဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေက သွေးကြောတွေကို ပျက်စီးစေတဲ့ရောင် ရမ်းမှုကို လျှော့ချနိုင်လို့ပါ။ သွေးကြော တွေမှာ ရောင်ရမ်းမှုဖြစ်လာရင် သွေးတွေ ပျစ်ခဲပြီး သွေးခဲတုံးဖြစ်လာနိုင်လို့ပါ။
၂။ ရေများများသောက်ပါနေ့စဉ် ရေ ခြောက်ခွက်သောက် တာကြောင့် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင် နှုန်း လျှော့ချနိုင်ပါတယ်။ ရေကြောင့် သွေးကျဲသွားနိုင်ပြီး သွေးခဲတုံးဖြစ်နိုင်ခြေ လျော့သွားတာကြောင့် ဦးနှောက်တွင်းထဲ သွေးခဲပိတ်ဆို့မှုတွေ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။
၃။ အမျှင်ဓာတ်ပြေွါကယ်ဝတဲ့ ပြောင်း ဖူးပေါက်ပေါက်စားပါပြောင်းဖူးပေါက်ပေါက်ကို နေ့စဉ် တစ်ခွက်လောက် စားသုံးတာကြောင့် လေဖြတ်နိုင်ခြေ ၄၃ ရာခိုင်နှုန်းလျှော့ချ နိုင်တယ်လို့ ဘော့စတွန်မှ သူနာပြုတွေရဲ့ လေ့လာမှုအရ သိရပါတယ်။ ပြောင်းဖူး ပေါက်ပေါက်မှာ ပါဝင်တဲ့ အမျှင်ဓာတ် တွေက မကောင်းတဲ့ကိုလက်စထရော အဆင့်တွေ ကျဆင်းနိုင်ပြီး သွေးကြော တွေကို သန့်စင်စေကာ သွေးခဲမှုမဖြစ် အောင် ကာကွယ်နိုင်လို့ပါ။
၎။ စပျစ်သီးခြောက် စားပါပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ် သီးခြောက် ဒါမှမဟုတ် တခြားသစ်သီး ခြောက်တွေကို နေ့စဉ် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ စားသုံးတာကြောင့် လေ ဖြတ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဒါထက်ပိုပြီး လျှော့ချနိုင်ပါတယ်။ ပိုတက် စီယမ်ဟာ သွေးကြောတွေကို ပျက်စီး နိုင်တဲ့ သွေးဖိအားမြင့်တက်မှုမှ ကာကွယ် နိုင်လို့ပါ။
၅။ လမ်းလျှောက်ပါမကြာခင်က အမျိုးသမီးပေါင်း ၃၅၀ဝ၀ ကို လေ့လာမှုအရ တစ်နေ့ကို ၁၇ မိနစ်ခန့် လမ်းလျှောက်သူတွေဟာ လေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျှော့ချ နိုင်တယ်လို့ သိရပါတယ်။ စကားတပြော ပြောနဲ့ လမ်းလျှောက်နိုင်ပါတယ်။ အပြေး အလွှားလမ်းလျှောက်တာလိုမျိုး မိမိကိုယ် ကို တွန်းအားပေးတဲ့ အမျိုးသမီးတွေ အနေနဲ့ ဒီလိုမျိုး လေဖြတ်တာကို ကာ ကွယ်မှုမရနိုင်ဘူးလို့ ဆိုပါတယ်။
၆။ Dandelion လက်ဖက်ရည် သောက်ပါဒီလက်ဖက်ရည်ကို နေ့စဉ် နှစ်ခွက် သောက်တာကြောင့် ခန္ဓာကိုယ်မှ ပိုလျှံ တဲ့အရည် ငါးပေါင်ခန့် ထွက်သွားနိုင်ပြီး သွေးဖိအားလည်း ကျဆင်းနိုင်တယ်လို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး“အာရောဂျံ ပရမံ လာဘံ” အတွက် ကျန်းမာရေးဗဟုသုတကို
ဤနေရာမှ ကူးယူဖော်ပြလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေသီတဂူစတား၂-၆-၂၀၁၂
Posted in: ကျန်းမာရေး
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment