သီတဂူဗုဒ္ဓ၀ိဟာရသို့ရောက်
သီတဂူသာသနာပြုအဖွဲ့၏အဓိပတိ သီတဂူဆရာတော်ကြီးသည် ၂-၆-၂၀၁၂ စနေနေ့ နေ့လည်(၂) နာရီ အချိန်တွင် အမေရိကန်နိုင်ငံ ဟူစတင်လေဆိပ်သို့ ဆိုက်ရောက်တော်မူသည်။ အမေရိကရှိ တပည့်များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ သီတဂူဗုဒ္ဓ၀ိဟာရသို့ ပင့်ဆောင်လာခဲ့ကြသည်။စိန်ဖူးတော်တင်လှူခြင်း
သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက၊ တက္ကဆက်ပြည်နယ်၊ အော်စတင်)ရှိ တည်ထားကိုးကွယ်အပ်သော ရွှေစည်းခုံစေတီတော်ကြီး လုံးဝ ပြီးစီးသွားပြီဖြစ်၍ ၁၃၇၄ ခုနှစ် နယုလပြည့်နေ့ (၅-၆-၂၀၁၂) က သီတဂူဆရာတော်ကြီး ဦးဆောင်သော အမေရိကရှိ သံဃာတော်များ၊ အမေရိကရှိ သီတဂူတပည့်ဒကာ ဒကာမများက စည်ကားသိုက်မြိုက်စွာ စိန်ဖူးတော်ကြီးကို တင်လှူပူဇော်ခဲ့သည်။အောင်ပွဲအခမ်းအနား
အောင်ပွဲအခမ်းအနားအနေဖြင့် ရွှေစည်းခုံ စေတီတော်ကြီးဖွင့်ပွဲနှင့် အနေကဇာတင်ပွဲတော်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (တန်ဆောင်မုန်းလပြည့်နေ့)တွင် ကျင်းပရန် အမိန့်ရှိတော်မူသည်။(Dear All,
You all are warmly invited to Final International Great Grand Opening Ceremony of Sitagu Shwe Si Khom Pagoda on Saturday & Sunday, November 24 & 25, 2012, 8 am to 9 pm.) ဤနေရာ နှင့် သီတဂူဗုဒ္ဓ၀ိဟာရ တာဝန်ခံဆရာတော် ဒေါက်တာ အရိယဓမ္မတို့ အီးမေးလ် မှ ကိုးကား၍ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၆-၂၀၁၂
1 comments:
the best blog for buddhist.
thanks you.
good luck.
www.thanzhtet.blogspot.com
Post a Comment