
Wednesday, January 22, 2014

sitagustar
No comments

သီတဂူစတား တရားဟောပြီ
၁၇-၁-၂၀၁၄ နေ့က မြောက်ဒဂုံ၊ ၃၄ ရက်ကွက်မှာ ဟောသည်။
နယ်တွေမှာ အကြိမ်များစွာ ဟောခဲ့ဖူးပေမဲ့ ရန်ကုန်မြို့မှာတော့ ပထမဆုံးပဲ ဖြစ်သည်။
အသံနှင့် ဗီဒီယိုဖိုင် တင်မရဖြစ်နေသည်၊ ဓာတ်ပုံတွေပဲ တင်လိုက်ရပါသည်။ မြန်မာပြည်ရဲ့
အင်တာနက်က ဓာတ်ပုံတောင် resolution အောက်ဆုံးထိ လျှော့တင်ရင်တောင် တစ်နာရီ
အနဲဆုံးတင်ရသည်။ ဒါတောင် မိုးရွာ မိုးအုံ့ရင် လိုင်းတောင်
တက်မလာတော့။
“ဓာတ်ပုံလေးတွေနဲ့ပဲ ကြည်ညို အားရ
ကျေနပ်တော်မူကြပါကုန်။”
ဆက်သွယ်ရန်
www.sitagustar2020.net
Facebook =
သီတဂူစတား
ဖုန်း-၀၉-၃၁-၆၆၆၁၁၁
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
ရွှင်လန်းချမ်းမြေ့ပါစေသီတဂူစတား၂၀-၂၀၁...

Monday, January 20, 2014

sitagustar
No comments

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
၁၉-၁-၂၀၁၄ ရက်နေ့က “အပြန်အလှန်
ယုံကြည်မှုနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း၊ ဘာသာရေးသည် လူမှုကွန်ယက်ရဲ့
ညီညွတ်မှုဖြစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် Park Royal Hotel, Yangon တွင် ဘာသာကြီး
၎ဘာသာမှ ဘာသာရေး ခေါင်းဆောင်များ စာတမ်းဖတ်ခြင်း၊ ဆွေးနွေခြင်းများ
ပြုလုပ်သည်။
ထိုပွဲကို အမမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်၊
လူ့အခွင့်ရေးဆိုင်ရာဌာနနှင့် မြန်မာနိုင်ငံ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အစ္စလာမ်အဖွဲ့
ုမြန်မာ၊ Myanmar Institute of Theology, Judson Research Centre တို့ ပူးပေါင်း
ပြုလုပ်ကြသည်။ တက်ရောက်သူ ကိုယ်စားလှယ် ၇၀ ခန့်ရှိပြီး၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ...

Thursday, January 16, 2014

sitagustar
No comments

သီတဂူသာသနာပြုအဖွဲ့၏ နာဂတောင်တန်း ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်ဖြင့်
လဟယ်မြို့ ပြည်သူ့ဆေးရုံ၌ ၁၁/၀၁/၂၀၁၄ မှ ၁၃/၀၁/၂၀၁၄ နေ့ အထိ
၁။ မျက်စိအထူးကု
ဆရာဝန်ကြီး ပါမောက္ခဦးမြအောင် ခေါင်းဆောင်သောသီတဂူမျက်စိ အထူးကု အဖွဲ့မှ
ပြင်ပလူနာပေါင်း ၆၆၆ ဦးကို ကြည့်ရှုစစ်ဆေးပြီး မျက်စိဝေဒနာရှင်ပေါင်း ၆၉
ယောက်ကို ခွဲစိတ်ကုသကာ မျက်စိအလင်းဒါန ပြုခဲ့သည်။
၂။ ဘယ်လ်ဂျီယံနိုင်ငံမှ
အထူးကုဆရာဝန်ကြီးဒေါက်တာ ပက်ထရစ်တိုးနက် ဦးဆောင်သောဆရာဝန်/သူနာပြုအဖွဲ့က
နှုတ်ခမ်းကွဲဝေဒနာရှင်ပေါင်း ၄၃ ယောက်ကို ခွဲစိတ်ကုသပေးခဲ့သည်။
၃။ ဒေါက်တာ
ဦးကိုကိုခေါင်းဆောင်သော အင်္ဂလန်နိုင်ငံမှ သွားအထူးကုဆရာဝန်အဖွဲ့က
ပြင်ပလူနာပေါင်း ၃၉၈ ဦးကို ကြည့်ရှုစစ်ဆေးပြီး...

Saturday, January 11, 2014

sitagustar
No comments

သီတဂူဆရာတော်၏ လက်တွေ့ကျသော အမှန်တရားနှင့် ငြိမ်းချမ်းရေး
၈-၁-၂၀၁၄ နေ့က အသက်
၇၅နှစ်အရွယ်ရှိ ရွာသားလယ်သမားကြီးတစ်ယောက် သူ၏ သားတစ်ယောက်ဖြင့်
သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့ ဟုမ္မလင်းသို့ ရောက်လာခြင်း၊
သီတဂူစက္ခုဒါနဆေးရုံကို ဖွင့်လှစ်ခြင်းတို့ကို ကြားသိရသဖြင့် ထော်လာဂျီဖြင့် ၂
ကြာစီးရသည့် ဟုမ္မလင်းမြို့နယ် ရွာတစ်ရွာမှ လာရသည်။
သူသည်
အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်သည်၊ ဆရာတော်ကြီးသည် ပြတင်းပေါက်ကနေ ထိုသားအဖနှစ်ယောက်
စိတ်ရှည်စွာ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည်ကို မြင်တွေ့ရသည်။ ဆရာတော်ကြီးသည်
မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအောင်ကို ခေါ်ပြီး ဒီမွတ်ဆလင်ဒကာကြီးကို
ဒီအခွင့်ရေး လွတ်မသွားစေရန် ညွှန်ကြားတော်မူသည်။ သူ၏ ညာဘက်မျက်လုံးတွင်
ရေတိမ်များကို...

Wednesday, January 08, 2014

sitagustar
No comments

သီတဂူစက္ခုဒါနဆေးရုံ (ဟုမ္မလင်း)ဖွင့်လှစ်
သီတဂူသာသနာပြုအဖွဲ့၏ မြန်မာပြည်အနှံ့
တည်ဆောက်ပြီး ဆေးရုံများတွင် (၂၆)ရုံမြောက် ဆေးရုံးဖြစ်သော
သီတဂူစက္ခုဒါဆေးရုံတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် ၂၀၁၄၊ ဇန်န၀ါရီ
(၇)ရက်နေ့၊ နံနက် (၉)နာရီက ဖွင့်လှစ်လှူဒါန်းသည်။
ထိုဆေးရုံဖွင့်ပွဲသို့
သီတဂူအဓိပတိဆရာတော်၊ ယဉ်ကျေးမှု၊ အားကစားနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရ
ဦးအေးမြင့်နှင့်အဖွဲ့၊ သီတဂူအလှူရှင်များ၊ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ သီတဂူဆရာဝန်
ဆရာမများ၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံနိုင်ငံများမှ အထူးကုဆရာဝန်များနှင့် ဒေသခံပြည်သူများ
စုစုပေါင်း အင်အား (၅၀၀၀)ကျော် တက်ရောက်သည်။
ဆေးရုံတော်ကြီး၏ကုန်ကျစရိတ်မှာ
ကျပ်သိန်းပေါင်း (၃၀၀၀) သုံးထောင်ရှိပြီး၊...

Sunday, January 05, 2014

sitagustar
No comments

ဓမ္မမိတ်ဆွေ အပေါင်းတို့------
သီတဂူစတား ၏ ဒုတိယမြောက် သီတဂူစတားစာစဉ် (၂) ထွက်ရှိလာပြန်ပါပြီ၊
“ဗုဒ္ဓဘာသာတစ်ယောက်၏ ရင်တွင်းစကား”ဟု အမည်ပေးထားပါသည်။ ဤစာအုပ်ကို
ဖတ်လိုက်ရခြင်းဖြင့် ဗုဒ္ဓဘာသာတစ်ယောက်၏ စိတ်နေသဘောထားများကို
အမြင်ရှင်းရှင်း သိနိုင်ပါလိမ့်မည်။ စာမျက်နှာ ၁၉၅ ရှိသည်၊
ဓမ္မဒါနပြုနိုင်ပါသည်။ ပထမအကြိမ် ထွက်ရှိပြီး “အွန်လိုင်းဓမ္မရသစာစု” စာအုပ်ကိုလည်း ဒုတိယအကြိမ် ထပ်မံရိုက်ရှိထားပါသည်။ ၁။ “ဗုဒ္ဓဘာသာတစ်ယောက်၏ ရင်တွင်းစကား” ၂။ “အွန်လိုင်းဓမ္မရသစာစု” (ဒု-အကြိမ်ရိုက်) ဓမ္မဒါန-တရားအလှူများ ပြုလုပ်နိုင်ပါသည်။ ရနိုင်သော ဌာနများ ၁။ မသီသီဆွေ မြိတ်မြို့၊ ဈေးတန်းရပ်၊ ဖုန်း-၀၉-၅၆၄၀၂၆၁ ၂။ ကိုထွန်းမြင့်၊ အမရပူရမြို့၊ ဒန်တပင်ရပ်။ ဖုန်း-၀၉-၄၃၁၇၄၇၂၅။...
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...