သီတဂူ ရွှေဥရာစုသစ် စက္ခုဒါန ဆေးရုံတော် ဖွင့်လှစ်
ပြည်ခရိုင် သဲကုန်းမြို့တွင်
၁၃၇၅ခုနှစ် တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄)က သီတဂူရွှေဥရာစုသစ် စက္ခုဒါန
ဆေးရုံတော်ဖွင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
ထိုဆေးရုံးဖွင့်ပွဲသို့ သီတဂူအဓိပတိဆရာတော်ကြီးအမှူးပြုသော ပြည်၊ သဲကုန်းဒေသမှ ဆရာတော် သံဃာတော်များ၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥိးလှထွန်းအမှူးပြုသော အရာရှိများ၊ ဒေသခံမြို့မှ သီတဂူအထောက်ကူအဖွဲ့များ၊ အထက်-အောက် မြန်မာပြည်ရှိ သီတဂူကပ္ပိယများ၊ ဆေးရုံတော် အလှူရှင် ရွှေဥရာစုသစ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ရွှေဥနှင့် ဖိတ်ကြားထားအပ်သော ဧည့်သည်တော်များ၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ စည်းကားစွာ တက်ရောက်ကြသည်။
ထိုဆေးရုံကြီးဖွင့်ပွဲအခမ်းအနားမှာပဲ သဲကုန်းမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံးပစ္စည်းများကိုလည်း သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းသည်။
ဆေးကုသခြင်း
၁၂-၂-၂၀၁၄ ရက်နေ့မှ ယနေ့ ၁၆-၂-၂၀၁၄ နေ့အထိ မျက်စိဝေဒနာရှင်ပေါင်း ၂၅၀၀ ကျော်တို့ကို စမ်းသပ် စစ်ဆေးပေးသည်။ ၃၀၀ ကျော်သော လူနာများကိုတော့ ခွဲစိပ်ကုသပြီး အလင်းရောင်းများ ပေးလှူခဲ့သည်။ ၂၀-၂-၂၀၁၄ နေ့အထိ ခွဲစိပ်ကုသပေးမည်ဖြစ်သည်။ လူနာရှင်များမှာ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်၊ သက်ပုပ်၊ ပေါင်းတည် စသော အနီးတစ်ဝိုက်မြို့နယ်များ၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုပ်ဖိုစသောမြို့နယ်များအပြင် ရခိုင်၊ သထုံ၊ မကွေး၊ အောင်လံ၊ ရေး၊ အဆင် စသော ဝေးလံသော မြို့နယ်များမှ လူနာများ လာရောက် ကုသကြပါသည်။

သီတဂူစတား
၁၆-၂-၂၀၁၄
0 comments:
Post a Comment