Tuesday, April 08, 2014
sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)
၂၀၁၄-၂၀၁၅ ပညာသင်နှစ်
လျှောက်ထားနိုင်သူများ
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ၁၃၇၅-ခုနှစ် တန်ခူးလဆန်း ၇ ရက်
(၆-၄-၂၀၁၄) တနင်္ဂနွေနေ့၊ ပညာရေးကော်မီတီ၏ ပညာရေးဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၌ ပညာသင်ကြားခွင့် လျှောက်နိုင်သူများကို (၂) မျိုး
ခွဲခြားထားပါသည်။
(၁) ဗုဒ္ဓဓမ္မဒီပလိုမာတန်း (Diploma in Buddhism)
(၂)
ဘီအေတန်း (B.A)
(၁) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ Diploma ၀င်ခွင့်
သတ်မှတ်ချက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ Diploma တန်းကို
တက်ရောက်သင်ကြားလို၍ လျှောက်လွှာတင်သွင်းသူသည် အောက်ပါ စည်းကမ်းများနှင့် ပြည့်စုံသူ
ဖြစ်ရပါမည်။
၁။ (က) တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဖြစ်ရမည်။
(သို့မဟုတ်)
(ခ)
ပထမကြီးတန်းကို အောင်မြင်ထားသူ ဖြစ်ရမည်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ
စီမံအုပ်ချုပ်ရေးမှူးရုံခန်း (ရန်ကုန်)က ထုတ်ပေးသော လျှောက်လွှာတွင်သာ
လိုအပ်သောအချက်အလက်များကို စနစ်တကျဖြည့် သွင်း၍ စီမံအုပ်ချုပ်ရေးမှူးရုံးသို့
တင်သွင်းရမည်။
၃။ အောင်လက်မှတ်မိတ္တူ (မူရင်းကို ပြရုံသာလိုသည်)
တင်သွင်းရမည်။
၎။ မိမိ၏ အုပ်ထိန်းသူ/မိဘ/ ဆရာ/ ကျောင်းထိုင်ဆရာတော် (တစ်ဦးဦး) ၏
ခွင့်ပြု ထောက်ခံချက်စာ ပါရမည်။
၅။ ယခုအရွယ် ပတ်စပို့ဓာတ်ပုံ (၂) ပုံ။
၆။
သာသနာဝင်၊ (သို့မဟုတ်) သာသနာ့နွယ်ဝင်၊ သို့မဟုတ် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်)
နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ တင်သွင်းရမည်။
၇။
လျှောက်လွှာများတင်သွင်းပြီးနောက် သတ်မှတ်ထားသည့်ရက်တွင် ဒီပလိုမာတန်းအတွက်
အရည်အချင်းစစ် စာမေးပွဲ (Placement Test) ကို ဖြေဆိုရမည်။
၈။ လျှောက်ထားသူသည်
အထက်ဖေါ်ပြပါ စည်းကမ်းချက်များနှင့် ပြီးပြည့်စုံပြီး အရည်အချင်းစစ် စာမေးပွဲ
(Placement Test) ရလဒ်အရ အမှတ်အနည်းအများအလိုက် Elementary, Intermediate နှင့်
Advanced Level တို့တွင် မိမိရရှိသော အဆင့်မှ စတင်၍ တက်ရောက်
သင်ကြားနိုင်သည်။
(၁) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ B.A တန်း ၀င်ခွင့်
သတ်မှတ်ချက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၄-၂၀၁၅
ပညာသင်နှစ်အတွက် B.A ဘီအေ အတန်းအတွက်
လျှောက်ထားနိုင်ပြီ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၏ ဗုဒ္ဓဓမ္မ B.A တန်းကို
အောက်ပါ စည်းကမ်းများနှင့် ညီညွတ်ပါက ရဟန်း ရှင်လူ မည်သူမဆို လျှောက်လွှာ
တင်သွင်းနိုင်ပြီ ဖြစ်ပါသည်။
၁။ တက္ကသိုလ်တစ်ခုခုမှ B.A, B.Sc ကဲ့သို့
ဘွဲ့တစ်ခုခု ရရှိထားသူ (သို့မဟုတ်) သာသနာဓဇဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊
စေတီယင်္ဂဏဓမ္မာစရိယဘွဲ့ တစ်ခုခု ရရှိထားသူ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊
မန္တလေး၊ ရန်ကုန်) တစ်ခုခုမှ ဗုဒ္ဓဒေသနာ ဒီပလိုမာ (Advanced) တန်းကို အောင်မြင်ထားသူ
ဖြစ်ရပါမည်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံး (ရန်ကုန်)က
ထုတ်ပေးသော လျှောက်လွှာတွင်သာ လိုအပ်သောအချက်အလက်များကို စနစ်တကျဖြည့်သွင်း၍
စီမံအုပ်ချုပ်ရေးမှူးရုံး(ရန်ကုန်) သို့ တင်သွင်းရမည်။
၃။ အောင်လက်မှတ်မိတ္တူ
(မူရင်းကို ပြရုံသာလိုသည်) တင်သွင်းရမည်။
၎။ မိမိ၏ အုပ်ထိန်းသူ/မိဘ/ ဆရာ/
ကျောင်းထိုင်ဆရာတော် (တစ်ဦးဦး)၏ ခွင့်ပြု ထောက်ခံချက်စာ ပါရမည်။
၅။ ယခုအရွယ်
ပတ်စပို့ဓာတ်ပုံ (၂) ပုံ။
၆။ သာသနာဝင်၊ (သို့မဟုတ်) သာသနာ့နွယ်ဝင်၊ သို့မဟုတ်
နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ
တင်သွင်းရမည်။
၇။ လျှောက်လွှာများတင်သွင်းပြီးနောက် သတ်မှတ်ထားသည့်ရက်တွင်
ဝင်ခွင့်စာမေးပွဲ (Entrance Test) ကို လျှောက်ထားသူအားလုံး
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များက ကျင်းပသော ဗုဒ္ဓဒေသနာ ဒီပလိုမာ (Advanced) တန်းကို
အောင်မြင်ထားသူမှ အပ) ဖြေဆိုရမည်။
၈။ ၀င်ခွင့်စားမေးပွဲ အောင်မြင်သူများသည်သာ
B.A ပထမနှစ်ကို တက်ရောက်သင်ယူခွင့်ရမည်
ဖြစ်ပါသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
မှတ်ချက်။ ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၊ ၀၁-၅၈၁၈၈၈။ ၀၁-၅၈၁၇၇၇ သို့ စုံစမ်းနိုင်သည်။
Tuesday, April 08, 2014
sitagustar
No comments
၂၀၁၄၂၀၁၅ ပညာသင်နှစ် လျှောက်လွှာများ ထုတ်ယူနိုင်
၂၀၁၄၂၀၁၅ ပညာသင်နှစ်အတွက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ တက်ရောက်ပညာသင်ယူလိုသော ကျောင်းသား/
ကျောင်းသူများ၏ ၀င်ခွင့်လျှောက်လွှာများကို ဧပြီ (၂၁) တနင်္လာနေ့မှ စ၍ ရန်ကုန်မြို့၊
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြန်ကြားရေးဌာန၊ စာအုပ်အရောင်းဆိုင်တွင်
လာရောက်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
သက်ဆိုင်ရာ
အတန်းများအလိုက် လိုအပ်သော အရည်အချင်းနှင့် အချက်အလက်များကို သီးသန့်
ဖေါ်ပြသွားပါမည်။
လျှောက်လွှာပိတ်ရက်၊ ၃၁/၀၅/၂၀၁၄ (နယုန်လဆန်း ၃ - ရက်၊
၁၃၇၆-ခု)
ဝင်ခွင့်ဖြေဆိုချိန်နှင့် နေရာ
ဘီအေအတန်းအတွက် ၀င်ခွင်စာမေးပွဲ
၀၅/၀၆/၂၀၁၄ (နယုန်လဆန်း ၈-ရက် ၁၃၇၆-ခု)
ဒီပလိုမာအတန်းအတွက် ၀င်ခွင့်
၀၆/၀၆/၂၀၁၄ (နယုန်လဆန်း ၉ -ရက် ၁၃၇၆-ခု)
ဌာန- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊
ရန်ကုန်
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
Wednesday, April 02, 2014
sitagustar
No comments
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစည်းအဝေး
စစ်ကိုင်း၊ မန္တလေး၊
ရန်ကုန်မြို့များရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အလုပ်မှုဆောင်အဖွဲ့ (EC)၏
၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရေးအစည်းအဝေးပွဲကို ၃-၄-၂၀၁၄ နေ့တွင် စစ်ကိုင်း
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပမည် ဖြစ်သည်။
ရန်ကုန်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဒေါက်တာအရှင်ကောဝိဒသိရီ
(သီတဂူစတား)၊ ပါမောက္ခ ဒေါက်တာ အရှင်သုတာစာရာလင်္ကာရနှင့် ဆရာကြီး ဦးကျော်စိုးလွင်
(အင်္ဂလိပ်ဆရာ) တို့သည် ဆရာတော်ကြီး၏ ကောင်းမှုဖြင့် ညနေ ပိုင်း ဝေဟင်ခရီးဖြင့်
တက်ရောက်မည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၄-၂၀၁၄
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူစတား သြ၀ါဒကထာချီးမြင့် (TTC ရန်ကုန်) -------------------- ၂၀၁၅ခုနှစ်။ အောက်တိုဘာ (၇)ရက် ဒီကနေ့ (၇-၁၀-၂၀၁၅)နေ့ နံနက်ပိုင်း၊ေ...
-
သီတဂူရေဘေးအလှူတော် ချင်းပြည်နယ်အတွက် စတင် ---------------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ရက် (၃၀-၈-၂၀၁၅)နေ့ညက သီတဂူဆရာတော်ကြီးသည် ချင်းပြည်...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
၂ ခုမြောက် ရဟန်းပြုရကျိုး မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှ...
-
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက် သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲ...
-
သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-...
-
စာနိဒါန်း စာဖတ်ရတာ လွယ်သလောက် စာရေးရတာ မလွယ်ပါလားနော်။ စာရေးသူဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။ ရေးတဲ့အချိန်တွေ၊ စဉ်းစားဖို့အချိန်တွေပေးရပါတယ်။ ဖတ်...