
Monday, March 30, 2015

sitagustar
No comments
ဘုန်းတော်ကြီး သီတဂူစတား ပြန်လာ
------------------
ဒီကနေ (၃၀-၃-၂၀၁၅) ဘုံဘေမြို့(အိန္ဒိယ)မှ ဘန်ကောက် (ထိုင်း)သို့ ပြန်၊ (၃၁-၃-၂၀၁၅) ဘန်ကောက်လေဆိပ်မှ ရန်ကုန်သို့ ပြန်လာမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၃-၂၀၁၅

Saturday, March 28, 2015

sitagustar
No comments
သီတဂူဆရာတော်၏ တပ်မတော်နေ့ အလှူတော်
၂၇.၃.၂၀၁၅ (တပ်မတော်နေ့) တွင် သီတဂူဆရာတော်ကြီးက သုခကုသိုလ်ဖြစ် မျက်စိဆေးရုံအတွက် အမေရိကန်ဒေါ်လာ (၃၀၀၀၀) သုံးသောင်း ( ကျပ်ငွေ သိန်းသုံးရာကျော်) တန်ဖိုးရှိ မျက်စိခွဲစိပ်ရာ အသုံးပြုသော Operation Microscope တစ်စုံကို လှူဒါန်းသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပသော ထိုအလှူတော်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဖေ၊ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ လှမောင်ဒင်နှင့် အလုပ်အမှုဆောင်အဖွဲ့များက လာရောက် လက်ခံကြသည်။
ဓာတ်ပုံသတင်း = Kyaw thu ဖေ့ဘုတ်မှ
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၃-၂၀၁၅
www.sitagustar2020.net

Friday, March 27, 2015

sitagustar
No comments
သီတဂူ စက္ခုဒါနဆေးရုံတော် (ဥတိုမြို့သစ်)
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဥတိုမြို့သစ်ရှိ သီတဂူစက္ခုဒါနဆေးရုံတော်တွင် ဒုတိယအကြိမ် အဖြစ် (၂၇-၃-၂၀၁၅)နေ့ကစပြီး မျက်စိ စမ်းသပ် ခွဲစိပ် ကုသခြင်း လုပ်ငန်းများကို စတင် ဆောင်ရွက်နေပါသည်။
မျက်စိအထူးကုဆရာဝန်ကြီး သီတဂူကပ္ပိယ ဒုတိယ ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဦးမြအောင်၊ သီတဂူကပ္ပိယ မျက်စိဆရာဝန်ကြီး ဒေါက်တာ စဂျေလွင်တို့ ဦးစီးသော ဆရာဝန်များအဖွဲ့ ပါဝင်သည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၃-၂၀၁၅

Thursday, March 19, 2015

sitagustar
No comments
သီတဂူ စာသင်ကျောင်းအလှူတော်
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဖားကန့်ဒေသတွင် ဓမ္မခရီးရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် ၁၉-၃-၂၀၁၅ နေ့က ဖားကန့်မြို့နယ်၊ လုံးခင်အုပ်စု ကန်ဆီးဟော် (ဒူးဝါး)ရွာတွင် စာသင်ကျောင်း ဆောက်လုပ်ရာဝယ် ကျပ်သိန်းပေါင်း (၁၀၀) တစ်ရာကို လှူဒါန်းခဲ့သည်။
ထိုဒေသရှိ ပြည်သူများအား ရပ်ပေါင်းများစွာ နေ့ရော ညပါ တရားဓမ္မများ ဟောကြားလျက်ရှိပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၃-၂၀၁၅

Thursday, March 19, 2015

sitagustar
No comments
အောင်မြင်သော Viva-voce
---------------------
ဒီနေ့ (၁၈-၃-၂၀၁၅) နေ့ လည် ၁၂ နာရီက ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား) Ph.D Viva-voce နှုတ်ဖြေကို ဘုံဘေမြို့၊ စောမယကောလိပ်၊ ဆန်စခရစ်ဌာနမှာ ပြုလုပ်ပေးသည်။
ထိုနှုတ်ဖြေစမ်းသပ်ပွဲကို ပြင်ပဆရာအဖြစ် အခြားတက္ကသိုလ်မှ ပါမောက္ခနှစ်ယောက်၊ စောမယကောလိပ် ဆန်စရစ်ဌာနမှ ဒါရိုက်တာနှင့် ဌာနမှူး၊ စာရေးသူ၏ Supervisor ပူနေးတက္ကသိုလ် ဆန်စခရစ်ဌာနမှ ပါမောက္ခ တို့တက်ရောက်ကြသည်။
Power-point ဖြင့် Presentation လုပ်ရသည်။ ၁၅ မိနစ်လောက် အခန်းနှစ်ခန်းမျှကို တင်ပြပြီးရုံမျှဖြင့် ကိုယ့် ငါးပိအသံ အင်္ဂလိပ်ကိုပဲ နားပူလို့ပဲလား မပြောတတ် ဒီလောက်ဆို လုံလောက်ပြီ၊ သိပ်ကောင်း အလွန်ကောင်း၊ အလွန်ပြီးပြည့်စုံကြောင်း ပြောပြီး Congratulation ပြုလုပ်ပေးသည်။
သုတေသနကျောင်းသားတာဝန်
--------------------------
တက္ကသိုလ်ကို မိမိ၏ သုတေသနစာအုပ် ကော်ပီ၊ စီဒီနှစ်ချပ်ပါ ရိုက်ပေးရသည်။ ပါဝါပွိုင့်ဖြင့် တင်ပြရန် ကြိုတင်ပြင်ဆင်ရသည်။ ပြင်ပ စာစစ်ဆရာနှစ်ယောက်အတွက် အသွားအပြန် လေယာဉ်လက်မှတ်ကို ကျောင်းသားကပဲ ပေးရသည်။ စာရေးသူမှာ အမေရိကန် ဒေါ်လာ ၄၀၀ ခန့် ပေးလိုက်ရသည်။ မိမိ၏ ရန်ကုန် ဘုံဘေ လေယာဉ်စရိတ်က ၉၀၀ ကျော်ဆိုတော့ တော်တော်လေး အီသွာသည်။
တကယ်တော့
------------------------
Ph.D Viva-voce ဆိုတာ ကြောက်စရာမဟုတ်၊ မိမိ၏ကျမ်းစာကို အောင်မြင်ပြီးဆုံးကြောင်း ဆရာများစုပြီး လက်မှတ် ထိုးပေးရသည့် ပွဲသာဖြစ်သည်။ အပြင်ပစာစစ်ဆရာလဲ ကိုယ့်ကျမ်းစာကို အချိန်ကုန် အပင်ပန်းခံပြီး ဖတ်ထားမည် မထင်။ လာခါနီးရောက်မှ မေးချင်တဲ့ မေးခွန်းအတွက် ဟိုလှန် ဒီလှန်နေပုံရသည်။
ဘာပဲပြောပြော လုံးဝပြီးသွားသည့်အတွက် ကျေးဇူးတင်ရမည်၊ စိတ်အေးရမည်၊ တချို့ ကျမ်းတင်ပြီး ၂ နှစ်တောင် ကျော်နေပြီ Ph.D Viva-voce မခေါ်သေးသူတွေလည်း ရှိနေသေးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၁၅

Sunday, March 08, 2015

sitagustar
No comments
ဘုံဘေ (အိန္ဒိယ) သွားမည် -------------------
သီတဂူစတားသည် Ph.D
Viva-voce အတွက် အိန္ဒိယ၊ Mumbai (Bombay) သို့ ၁၂-၃-၂၀၁၅ နေ့တွင် TG
လေကြောင်းဖြင့် သွားရမည် ဖြစ်ပါသည်။ ၃၁-၃-၂၀၁၅ နေ့ ရန်ကုန် ပြန်ရောက်ပါမည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၃-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...