
Sunday, April 26, 2015

sitagustar
No comments
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြား
---------------------------------
ဗုဒ္ဓသာသနာနှစ် ၂၅၅၈-၂၅၅၉ မြန်မာနှစ် ၁၃၇၇ ကဆုန်လပြည့်နေ့ (၂-၅-၂၀၁၅)မှာ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် မြတ်ဗုဒ္ဓ၏ ကဆုန်လပြည့်နေ့ ဆု-ဖွား-ပွင့်-စံ အထိမ်းအမှတ် ပူဇော်ပွဲအခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
(က) နံနက် ၇း၀၀ နာရီမှာ သီတဂူဆရာတော်ကြီးက ဗုဒ္ဓနေ့ အခမ်အနား တရားချီးမြင့်မည်။ ညပိုင်း-၇း၀၀နာရီမှာလည်း ဆရာတော်ကြီးက တရားချီးမြင့်မည် ဖြစ်သည်။
(ခ) တရားပွဲအပြီး နံနက် ၉း၀၀ နာရီအချိန်တွင် သီတဂူသာသနာပြုဗိမာန်ရှေ့က မဟာဗောဓိပင် နှစ်ဆူအား ရေဖြင့် ပူဇော် (ညောင်ရေးသွန်း)ကြမည် ဖြစ်သည်။
(ဂ) ညောင်ရေးသွန်းအပြီး စတုဒိသာ အကျွေးအမွေးဖြင့် လာသမျှပရိသတ်ကို ဧည့်ခံကျွေးမွေးမည်ဖြစ်သည်။
(ဃ) လပြည့်နေ့ အကြိုတရားပွဲများ
ဗုဒ္ဓနေ့အကြိုတရားပွဲများကိုလည်း ကဆုန်လဆန်း (၁၁)ရက်၊ ၂၈-၄-၂၀၁၅ အင်္ဂါနေ့ကစပြီး လပြည့်ကျော် (၄)ရက်နေ့အထိ ၉ ညတိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် သီတဂူကပ္ပိယလူကြီးမင်းများ အားလုံးနှင့် တရားချစ်ခင်သူတော်စင်အားလုံးတို့ကို ဗုဒ္ဓနေ့အခမ်းအနား ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဖိတ်မန္တက ပြုပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၆-၄-၂၀၁၅
www.sitagustar2020.net

Thursday, April 23, 2015

sitagustar
No comments
သီတဂူ ဗုဒ္ဓနေ့ အထူးတရားပွဲ (၂၀၁၅)
သီတဂူဆရာတော်ကြီးနှင့်အတူ သီတဂူတပည့်များက “ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့” အထိမ်းအမှတ် မြတ်ဗုဒ္ဓကို ဓမ္မဖြင့် ၂၈-၄-၂၀၁၅ (၁၃၇၇ခုနှစ် ကဆုန်လဆန်း (၁၁)ရက်နေ့ညက စပြီး (၉)ည တိုင်တိုင် ပူဇော်ကြမည် ဖြစ်ပါသည်။
၁။ သီတဂူ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) (၂၈-၄-၂၀၁၅၊ ၁၃၇၇ခုနှစ် ကဆုန်လဆန်း ၁၁)
၂။ သီတဂူ အရှင်တိက္ခသာရ (၂၉-၄-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လဆန်း ၁၂)
၃။ သီတဂူ ဒေါက်တာ အရှင်ကိတ္တိဗလ (၃၀-၄-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လဆန်း ၁၃)
၎။ သီတဂူ ဒေါက်တာ အရှင်ဣန္ဒာစရိယ (၁-၅-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လဆန်း ၁၄)
၅။ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ (၂-၅-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လပြည့်နေ့)
၆။ သီတဂူ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ (၃-၅-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်)
၇။ သီတဂူ ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ (၄-၅-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်)
၈။ သီတဂူ ဒေါက်တာ အရှင်သီဟဥာဏာလင်္ကာရာဘိဝံသ (၅-၅-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်)
၉၊ သီတဂူ ဒေါက်တာ အရှင်ဣန္ဒက (၆-၅-၂၀၁၅ ၊ ၁၃၇၇ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက်)
နေရာ။ ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သန္နိပါတခန်းမဆောင်ကြီး၊ ဒဂုံမြို့မြောက်ပိုင်း၊ ပင်လုံလမ်းမကြီး၊ ရန်ကုန်မြို့။
ညစဉ် (၇း၀၀)နာရီမှ စတင်ဟောကြားမည်ဖြစ်ပါသည်။ စကိုင်းနက်မှ တိုက်ရိုက်ထုတ်လွှင့်ကုသိုလ်ယူမည် ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၄-၂၀၁၅

Sunday, April 19, 2015

sitagustar
No comments
သီတဂူဆရာတော် ပြည်ပ ဓမ္မခရီးကြွမည်
(၁) မော်ရိုကိုနိုင်ငံ
ဧပြီလ ၂၁ ရက်နေ့မှ ၂၅ ရက်ထိ မော်ရိုကို နိုင်ငံ၌ ကျင်းပသော ဘာသာရေးအစည်းဝေးပွဲသို့ ဆရာတော်ကြီးကိုယ်စား ဆရာတော်ကြီးလက်ထောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းအုပ်ကြီး သီတဂူဒေါက်တာ အရှင်ဝေဠုရိယဉာဏာလင်္ကာရ တက်ရောက်ဆွေးနွေးမည်။
(၂) မလေးရှားနိုင်ငံ
သီတဂူဆရာတော်ကြီးသည် ဧပြီလ ၂၄ မှ ၂၇ အထိ မလေးရှားနိုင်ငံဓမ္မခရီး (အရှင်ဓမ္မိက၊ အောင်သန်းဝင်း၊ သီတဂူဒေါက်တာမြတ်သူ(အာရှတော်ဝင်) သီတဂူ ကိုမြင့်အောင် (လှဆန်းယဉ်)တို့ လိုက်ပါမည်)
(၃) သီရိလင်္ကာနိုင်ငံ
သီတဂူဆရာတော်ကြီးသည် မေလ ၂၂ ရက်နေ့မှ ၃၁ အထိ သီရိလင်္ကာနိုင်ငံသို့ (အရှင်ဝိသုတ ပစ္ဆာသမဏအဖြစ်လိုက်ပါမည်) သီတဂူ ပရောက်ဖက်ဆာ ဆရာဝန်ကြီး ဦးမြအောင်အမှူးပြုသော ဆရာဝန်ကြီးများ၊ သီတဂူဆေးရုံးတော်၌ လုပ်သက် ၁၈ နှစ်ကျော် သူနာပြုဆရာကြီး ဆရာမကြီး စုစုပေါင်း (၁၈) ယောက်တို့ကို သီဟိုလ်နိုင်ငံရှိ စေတီပုထိုး၊ ကျောင်းကန်များ လေ့လာ ဖူးမျှော်နိုင်ရန် လိုက်ပို့သော ခရီးစဉ်ဖြစ်သည်)။
(၄) ကိုရီးယားနိုင်ငံ
သီတဂူဆရာတော်ကြီးသည် ဇွန်လ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ ဓမ္မခရီးအဖြစ် (အရှင်ဝိသုတ၊ အရှင်သုနန္ဒ၊ ကိုကျော်ဆန်းဝင်း၊ ကိုထိန်လင်းဦး လိုက်ပါမည်)။ (ကိုရီးယားနိုင်ငံရှိ ကိုရီးယားဆရာတော် အရှင်ပဏ္ဍိစ္စ၏ စီစဉ်မှုဖြင့် ကိုးရီးယားနိုင်ငံရှိ မြန်မာများ၊ ကိုးရီးယားနိုင်ငံသူ၊ နိုင်ငံသားများကို တရားဒေသနာဟောကြားမည့် ခရီးစဉ်ဖြစ်သည်)။
(၅) စင်္ကာပူနိုင်ငံ
၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စင်္ကာပူ ဓမ္မခရီး။
(၆) ရုရှားနိုင်ငံ
၂၈ ရက်နေ့မှ ဇူလိုင် ၅ ရက်နေ့အထိ ရုရှားနိုင်ငံ ဓမ္မခရီး (ဒေါက်တာအရှင်သုန္ဒရနှင့် သီတဂူမန်နေဂျာ ဦးစိုးဝင်းတို့ လိုက်ပါမည်)။ (ဇူလိုင် ၁ ရက်နေ့တွင် မြန်မာဗုဒ္ဓဘာသာသာသနာပြုကျောင်းကို မော်စကိုမြို့၌ ဖွင့်လှစ်မည်။ ကျောင်ထိုင်ဆရာတော်များအဖြစ် သီတဂူဒေါက်တာ အရှင်အစ္ဆရိယ (M.A, Ph.D)နှင့် လက်ထောက်ဆရာတော် အရှင်နန္ဒမာလာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊ သာမဏေကျော်၊ M.A Ph.D (Thesis) တို့ဖြစ်သည်)။
(၇) အမေရိကန်နိုင်ငံ
ဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့ထိ အမေရိကန်နိုင်ငံ ဓမ္မခရီး။
(၈) ဥရောပနိုင်ငံများ
၁၈ ရက်နေ့မှ ၂၆ ရက်နေ့ထိ ဥရောပနိုင်ငံများ ဓမ္မဒူတ (ဂျာမဏီ၊ ဆွစ်ဇာလန်၊ အင်္ဂလန်)။
(၉) ရုရှားနိုင်ငံ
ဇူလိုင် ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ရှရှားနိုင်ငံ ဒုတိယအခေါက် ကြွမည်။
မှတ်ချက်။ ။ ဓာတ်ပုံ အီရန်နိုင်ငံ ခရီး
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၄-၂၀၁၅

Thursday, April 16, 2015

sitagustar
No comments
အထူးကျေးဇူးတင်ရှိပါသည်
မနေ့ (၁၅-၄-၂၀၁၅) သင်္ကြန်အကြတ်နေ့ ညက ဘုန်းတော်ကြီး သီတဂူစတား (ဒေါက်တာ အရှင်ကောဝိဒသိရီ)၏ တရားပွဲ အောင်မြင်စွာ ပြီးစီး။
(က) ၂ နာရီကျော်ကြာအောင် စိတ်ရှည် ဇွဲသန် သည်းငြီးခံပြီး တရားတော်ကို လာရောက် နာယူကြသော သူတော်စင်အပေါင်းတို့အား အထူးကျေးဇူးတင်ပါသည်။
(ခ) တရားပွဲ ပင်မ အလှူရှင်များဖြစ်ကြသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဗုဒ္ဓဓမ္မပါဒက ကျောင်းတော်သူ ကျောင်းတော်သားများအားလည်း အထူး ကျေးဇူးတင်ပါသည်။
(ဂ) တရားပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသော သီတဂူကပ္ပိယ ရုံးချုပ်ကြီးနှင့် သီတဂူအထောက်အကူပြုအဖွဲ့တို့အားလည်း အထူးကျေးဇူးတင်ပါသည်။
(ဃ) တပြည်လုံး တရားတော်နာယူနိုင်ရန် တိုက်ရိုက်ထုတ်လွှင့်ပေးပါသော စကိုင်းနက်မိသားစုအားလည်း အထူးကျေးတင်ပါသည်။
“နှစ်ဟောင်းကုန်ကြူးနှစ်ဦးမင်္ဂလာမှာ ကောင်းခြင်းမင်္ဂလာများနှင့်သာ ယဉ်ပါးနိုင်ကြပါစေ၊ တွေးကြုံနိုင်ကြပါစေ၊ ဆုံးစည်းနိုင်ကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၄-၂၀၁၅

Tuesday, April 14, 2015

sitagustar
No comments
သီတဂူ မိုးကုတ်မြို့အလှူတော်
သီတဂူဆရာတော်ကြီး သင်္ကြန်အတွင်း မိုးကုတ်မြို့ သီတဂူဓမ္မ၀ိဟာရတွင် သီတင်းသုံးတော်မူသည်။
ဒီကနေ့ (၁၄-၄-၂၀၁၅)သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မိုးကုတ်မြို့၊ သီတဂူဓမ္မဝိဟာရကျောင်းတိုက်အတွင်း တည်ထားပူဇော်အပ်သော ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ရွှေင်ထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်သည်။
ဘုရားအလှူတော်နှင့်အတူ ကျောင်းလွတ်ပူဇော်ပွဲပါ ကျင်းပသည်။
ထိုပွဲသို့ သီတဂူဆရာတော်ကြီးနှင့်အတူ ပင့်သံဃာတော်များ၊ အလှူရှင်-ဒေါက်တာကျော်ခိုင်+ဒေါ်စိန်ထွေးမိသားစုနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ တက်ရောက်ပူဇော်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၄-၂၀၁၅

Thursday, April 09, 2015

sitagustar
No comments
သီတဂူ သင်္ကြန် အထူးတရားပွဲ
----------------------
နှစ်စဉ်နှစ်တိုင်း မြန်မာ့နှစ်သစ်ကူးအခါသမယမှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ ညပိုင်းတွင် အထူးတရားပွဲများ ကျင်းပလေ့ရှိသည်။
ယခုနှစ် ၁၃၇၆-၇ခုနှစ်၊ ၂၀၁၅ ခုနှစ်မှာလည်း သီတဂူဆရာတော်ကြီး၏ တပည့်များ ဖြစ်ကြသော အောက်ပါ အရှင်မြတ်များက (၆)ညတိုင်တိုင် ညစဉ် (၇း၀၀)နာရီကစပြီး တရားတော်များ ဟောကြားပေးမည်ဖြစ်ပါသည်။
(၁) အရှင်တိက္ခသာရ (၁၃-၄-၂၀၁၅) သင်္ကြန်အကြိုနေ့
(၂) အရှင်ဒေ၀ိန္ဒာဘိဝံသ (၁၄-၄-၂၀၁၅) သင်္ကြန်အကျနေ့
(၃) ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) (၁၅-၄-၂၀၁၅) သင်္ကြန် အကြတ်နေ့
(၄) ဒေါက်တာ အရှင်ကိတ္တိဗလ (၁၆-၄-၂၀၁၅) သင်္ကြန်အတက်နေ့
(၅) ဒေါက်တာ အရှင်ဣန္ဒာစရိယ (၁၇-၄-၂၀၁၅) နှစ်ဆန်းတစ်ရက်နေ့
(၆) ဒေါက်တာ အရှင်ဣန္ဒက (၁၈-၄-၂၀၁၅) နှစ်ဆန်း နှစ်ရက်နေ့
နေရာ=သန္တိပါတခန်းမဆောင်ကြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ပါရမီလမ်းထိပ်၊ ပင်လုံလမ်း၊ မြောက်ဒဂုံ၊ ရန်ကုန်မြို့
အချိန်- ညစဉ် ၇း၀၀ နာရီ
မှတ်ချက်။ ။ စကိုင်းနက်မှ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ် ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၄-၂၀၁၅

Wednesday, April 08, 2015

sitagustar
1 comment
သီတဂူဆရာတော်ကြီး စင်္ကာပူကြွသီတဂူဆရာတော်ကြီးသည် ၇-၄-၂၀၁၅ နေ့ ညနေပိုင်းက စင်္ကာပူနိုင်ငံသို့ ကြွသွားပြီ ဖြစ်ပါသည်။
ဆရာတော်ကြီးသည် စင်္ကာပူတွင် ဧပြီလ ၁၁-၁၂ ရက်များတွင် တရားတော်များ ဟောကြားမည်ဖြစ်ပါသည်။ ၁၀ ရက်နေ့တွင် အရှင်တိက္ခသာရက ဦးစွာ ဟောကြားမည် ဖြစ်သည်။
နေရာ=The Arena Country Club, Singapore
အချိန်= ညစဉ် ၇း၃၀ မှ ၉း၀၀နာရီအထိ
ဆရာတော်ကြီးနှင့်အတူ ပစ္ဆာသမဏအဖြစ် အရှင်ဓမ္မိကနှင့် အရှင်တိက္ခသာရတို့လိုက်ပါသည်။
ဆရာတော်ကြီးသည် စင်္ကာပူရောက်ခိုက် ကျန်းမာရေး စစ်ဆေးမှုများပါ ပြုလုပ်မည် ဖြစ်သဖြင့် ဒေါက်တာခင်မောင်ဆွေ (အာရှတော်ဝင်)၊ သီတဂူ ဒေါက်တာမြတ်သူ (အာရှတော်ဝင်)နှင့် ဒေါက်တာသန်းထိုက်အောင်တို့ လိုက်ပါသွားပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၄-၂၀၁၅
www.sitagustar2020.net

Monday, April 06, 2015

sitagustar
No comments
သီတဂူဆရာတော်ကြီး နာဂတောင်တန်းမှ ပြန်ကြွလာ
သီတဂူဆရာတော်ဘုရားကြီးသည် နာဂတောင်တန်းဒေသ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်သည်။
စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ကထိက နှစ်ပါးကို နွေရာသီ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ဗုဒ္ဓဓမ္မသင်တန်းများ ပို့ချပေးရန် နာဂတောင်တန်းသို့ စေလွတ်သည်။
ထို့ပြင် ဆရာတော်ကြီးနှင့်အတူ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများ၊ ကိုးရီးယားဆရာတော် (ဆင်ဖြူတော်ဖေါင်ဒေးရှင်း) အဖွဲ့၊ မျက်စိဆရာဝန်ကြီး ဒေါက်တာဦးမြအောင်၊ ဒေါက်တာဦးစံအေးနှင့် သီတဂူအာယုဒါနဆေးရုံမှ သူနာပြုတို့သည် မျက်စိစမ်းသပ်လူနာ ၂၇၃ ဦးနှင့် ခွဲစိပ်လူနာ ၃၇ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
ယခုအခါ ဆရာတော်ကြီးသည် (၅-၄-၂၀၁၅) တွင် နာဂတောင်တန်းဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုများ ပြီးဆုံးပြီးသဖြင့် စစ်ကိုင်းသို့ပြန်ရောက်ပြီ ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၆-၄-၂၀၁၅

Friday, April 03, 2015

sitagustar
No comments
သီတဂူစတား ဖန်တီးထားသည်
----------------------
(၁) ဘလော့ဂ် အမျိုးစား https://www.sitagustar2020.net သီတဂူစတား
(၂) ဖေ့စ်ဘုတ် https://www.facebook.com/sitagustar.myanmar သီတဂူစတား ရန်ကုန်
(၃) Like Page ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/thitagustar သီတဂူစတား
(၄) Group Page အဖွဲ့ဝင်စာမျက်နှာhttps://www.facebook.com/groups/Thesitagu သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(က)အထက်ပါ စာမျက်နှာများသည် သီတဂူစတား ကိုယ်ပိုင်ဖန်တီးထားသဖြင့် ကိုယ်ပိုင်ခံစားချက်ဖြင့် တင်ထားသော ပို့စ်များလည်း ပါရှိသည်။ တခါတရံ အမှားရှိကောင်းရှိမည်။ အမှားရှိက သီတဂူစတား၏ တာဝန်သာ ဖြစ်ပါသည်။
(ခ) များသောအားဖြင့် သီတဂူသာသနာပြုအဖွဲ့၏ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်သည့် သတင်းများကို ဦးစားပေးတင်သည်။
ဘလောဂ့် (သီတဂူစတား)ကို ဖန်တီးခြင်း
--------------
https://www.sitagustar2020.net သီတဂူစတား ဘလော့ဂ် အမျိုးစားကိုတော့ ၂၀၀၉၊ အိန္ဒိယနိုင်ငံ၊ ပူနေးတက္ကသိုလ် အမ်အေတန်း (ဒဿနိကဗေဒ)ဖြင့် ပညာသင်စဉ်က ဖန်တီးထားသော ဘလော့ဂ်ဖြစ်သည်။
ထိုဘလော့ဂ်တွင် တက္ကသိုလ်တက်စဉ်က အတွေ့ကြုံများ၊ တက္ကသိုလ်ဘ၀၏ ပုံရိပ်များ၊ အွန်လိုင်းပေါ်က မေးလာသည့် ဘာသာရေးပျဿနာများ၊ ဆောင်းပါး ပို့စ်များနှင့် သတင်းများကို တင်လေ့ရှိသဖြင့် “သီတဂူစတား”ဟု လူသိများကာ ပြင်သစ်အခြေစိုက် အဖွဲ့တစ်ဖွဲ့မှ ပေးသော “သာသနာနှင့်ဆိုင်သော စာပေဆု” ဘလောဂါဆုကို ရရှိခဲ့ဖူးသည်။
ထိုဘလော့ဂ်တွင် တင်သမျှသော ပို့စ်တို့ကို မပျောက်ပျက်အောင် စာအုပ်အဖြစ် ဖန်တီးနေပါသည်၊ စာအုပ်နှစ်အုပ် ထွက်ပြီးဖြစ်ပါသည်။
သီတဂူဆရာတော်ကြီး ကိုယ်တိုင်ကပင် မိမိအား “သီတဂူစတား”ဟူ၍ပင် အသိအမှတ်ပြု ခေါ်ဝေါ်သဖြင့် အထူးအားရ ၀မ်းသာမိသည်။
ဖေ့စ်ဘုတ်ကို ဖန်တီးခြင်း
---------------------------
၂၀၁၁ခုနှစ်မှာတော့ ဖေ့ဘုတ်စာမျက်နှာတွေ ခေတ်စားလာသည်နှင့်အမျှ ဘလော့ဂ်တွေကို စိတ်ဝင်စားမှု နဲလာကြသည်ကို တွေ့ရသည်။ ထိုကြောင့် လူမှုကွန်ယတ်တွင် အသုံးပြုများသည့် ဖေ့ဘုတ်ကို ၂၀၁၁ခုနှစ်က ဖန်တီးလိုက်သည်။ ဖေ့စ်ဘုတ် နာမည်ကတော့ “//www.facebook.com/sitagustar.myanmar သီတဂူစတား ရန်ကုန်” ပဲဖြစ်သည်။
Like Page (လိုက်ခ်ပေ့ဂ်ျ)ကို ဖန်တီးခြင်း
----------------------
၂၀၁၃ ခုနှစ်မှာတော့ မိမိ၏ “သီတဂူစတား ရန်ကုန်”အမည်ရှိ ဖေ့ဘုတ်မှာ လူပေါင်း ၅၀၀၀ ပြည့်သွားသဖြင့် လိုက်ခ်ပေ့ဂ်ျ Like page ကို ဖန်တီးလိုက်ရသည်။ ထိုပေ့ဂ်ျတွင် သီတဂူသာသနာပြုအဖွဲ့ သတင်းများကိုသာ ဦးစားပေးတင်သဖြင့် လူအများ စိတ်ဝင်စားကြသည်၊ Like လုပ်ပြီး ကုသိုလ်ယူသူပေါင်း ၂၄၀၀၀ ကျော်သွားပြီဖြစ်သည်။ ထိုအတွက် များစွာ ကျေးဇူးတင်ပါသည်။
Group Page (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) ကို ဖန်တီးခြင်း
-----------------
https://www.facebook.com/groups/Thesitagu သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် Group Page ကိုတော့ ၂၀၁၄ခုနှစ်ကမှ စတင်ထားသည်။ သီတဂူကျောင်းတော်သူ ကျောင်းတော်သားများ စုံစည်းရာနေရာတစ်နေရာအတွက် ဖန်ထီးထားခြင်းသာ ဖြစ်သည်။ ကျောင်းတော်သူ ကျောင်းတော်သားများ မိမိတို့ အသိ၊ ပညာ၊ အတွေ့ကြုံ၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ခြင်းတို့ကို ဖလှယ်နိုင်ရန် ဖန်တီးထားသည်။
မည်သူမဆို အဖွဲ့ဝင်နိုင်ပါသည်။ (၃-၄-၂၀၁၅)နေ့ထိ ၂၈၁၄၁ ယောက် အဖွဲ့ဝင်လာကြသည်အတွက် အထူးကျေးဇူးတင်ပါသည်။
ထိုအဖွဲ့ဝင် အားလုံးတို့၏ ဘာသာရေး ပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတို့ ရှေ့ရှုသော ပို့စ်များ၊ ဓာတ်ပုံများနှင့် ကိလေသာကို ပွားစေသော လိင်ပိုင်းဆိုင်ရာများမှ လွဲ၍ အမျိုးဘာသာ သာသနာ၊ အသိပညာအတွက် ပေးသော ဗဟုသုတများကိုတော့ လက်ခံ Approve ပေးသည်။
အထူးကျေးဇူးတင်ခြင်း
--------------
သီတဂူစတား ၏ စာဖိတ်ပရိသတ်၊ အဖွဲ့ဝင်အားလုံး၊ သီတဂူစတား စာမျက်နှာကို လိုက်ခ်လုပ်ပေးသူ၊ ရှယ်ပေးသူ၊ မှတ်ချက်ရေးပေးကြသူ အားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၄-၂၀၁၅

Wednesday, April 01, 2015

sitagustar
No comments
ဒီကနေ့ လာဘ်ရွှင်
------------
ဘုံဘေကနေ ရန်ကုန်ပြန်ရောက်ရောက်ခြင်းပဲ ကောင်းခြင်းများက ကြိုဆို။
ဆရာတော် ဦးကောဝိဒ (သီတဂူစတား) အတွက်ဆိုပြီး ဂျာမနီနိုင်ငံမှ ဦးလှဆိုး+ဒေါ်သိန်းမြင့် သားသမီးတစ်စုက မမိခင်ကြီး ဒေါ်အေးကြည်၏ အသက် (၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျပ်တစ်သိန်း လှူဒါန်း။ စာရေးသူ ဂျာမနီရောက်ခဲ့စဉ်က လာရောက်ဖူးမျှော်ကြသော မိသားစုဖြစ်သည်။
သူတို့ကိုယ်စား ဦးမောင်ရွှေ၊ ဒေါ်မြင့်မြင့်အောင်၊ ဒေါ်တင်တင်မြင့်၊ ဒေါ်မြင့်မြင့်ထွေး မောင်နှမတစ်စုက (၁-၄-၂၀၁၅)နေ့ ညနေပိုင်း လာရောက်လှူဒါန်း။
အလားတူ ဒီနေ့ပဲ သီတဂူကျောင်းသူ (ဒုတိယနှစ်ပြီး) ဒေါ်ကလျာ ကလည်း ဘုံဘေ (အိန္ဒိယ) ခရီးစရိတ်အတွက် ငါးသောင်းကျပ် လာလှူသွား။
ကောင်းမှုပြုသူတို့၏ ကုသိုလ်သည် ဗောဓိဥာဏ်၏အထောက်အပံ့ ဖြစ်စေသတည်းးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၅
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...