ဝါဆိုသင်္ကန်းပွဲနှင့် ရေဘေးအလှူတော်
--------------
ဒီကနေ့ (၃၁-၇-၂၀၁၅) ၀ါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့မှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာချ စာသင် သံဃာတော်အရှင်မြတ် အပါး (၃၀၀)တို့အား “ကျော်” အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး မိသားစု ၀ါဆိုသင်္ကန်းကပ်သည်။
ထိုပွဲသို့ ပင့်သံဃာတော်များ စာချ စာသင်ဆရာတော်များ၊ အလှူရှင်များ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများ၊ အထူးဖိတ်ကြားသည့် ဧည့်သည်တော်ကြီးများ (၁၀၀၀)ခန့် တက်ရောက်ကြသည်။
ထိုပရိသတ်အပေါင်းတို့အား သီတဂူဆရာတော်ကြီး ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံ ပြောကြားအပြီး အထူးကြေညာချက် ၃ ခုထုတ်ပြော--
(၁) သီတဂူပညာရေး အလှူတော် အကြောင်း
(၂) အမေရိကရှိ သီတဂူဓမ္မ၀ိဟာရကျောင်းတွင် ရွှေတိဂုံပုံတူ စေတီတည်မည့် အကြောင်း၊ သီတဂူသံဃ၀ိဟာရတွင် လောကနန္ဒာစေတီ ပုံတူ တည်မည့် အကြောင်း။
(၃) ရေးဘေးကယ်ဆယ်ရေး အထောက်ကူအတွက် သွားလှူမည့်အကြောင်း မိန့်ကြားသည်။
ယနေ့ အလှူရှင်မိသားစုနှင့် ဆွေမျိုးအပေါင်းတို့က လှူဒါန်းသော ဓမ္မပူဇာ သိန်း (၁၀၀)ကို ရေဘေးအတွက် လှူမည့်အကြောင်း၊ ကျန်ပုဂ္ဂိုလ်များလည်း လှူဒါန်းနိုင်ကြောင်း၊ ရရှိလာသော အလှူအားလုံးကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့က သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း မိန့်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၇-၂၀၁၅
www.sitagustar2020.net

Friday, July 31, 2015
sitagustar