
Monday, November 30, 2015

sitagustar
No comments
ဘာသာရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဘာသာရပ်သင်တန်း
(Religion and Rule of Law)
--------------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်
ဒီကနေ့ (၃၀-၁၁-၂၀၁၅) နံနက် (၈း၀၀)နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အထူးခန်းမဆောင်တွင် “Religion and Rule of Law ဘာသာရေးနှင့်
ဥပဒေစိုးမိုးရေးဆိုင်ရာ ဘာသာရပ်သင်တန်း” ခေါင်းစဉ်ဖြင့် (၁၀)ရက်သင်တန်း
ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ထိုဖွင့်ပွဲအခမ်းအနားသို့
သီတဂူဆရာတော်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးနှင့်
Institute for Global Engagement (IGE), Washington DC, USအဖွဲ့၊
သင်တန်းသားများနှင့် လေ့လာသူများတက်ရောက်ကြသည်။
ထိုသင်တန်းဖြစ်မြောက်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် IGE အဖွဲ့တို့က ပူပေါင်းဆောင်ရွက်သည်။
ထိုသင်တန်းကို တက်ရောက်ရန် အထူးရွေးချယ်ထားသော သင်တန်းသား ၃၀တို့သည်
၃၀-၁၁-၂၀၁၅မှ ၉-၁၂-၂၀၁၅နေ့အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မပျက်မကွက်
တက်ရောက်ကြရမှာဖြစ်သည်၊ သင်တန်းဆင်းလက်မှတ် ပေးမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့ (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၅
www.sitagustar2020.net

Saturday, November 28, 2015

sitagustar
No comments
ဘာသာရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာဘာသာရပ် သင်တန်း
---------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်
(၃၀-၁၁-၂၀၁၅)မှ (၉-၁၂-၂၀၁၅)နေ့အထိ အသိမှတ်ပြုလက်မှတ်ပေးသော (၁၀)ရက် သင်တန်းတစ်ခုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ထိုသင်တန်းကို Training on Religion and Rule of Law ခေါင်းစဉ်ဖြင့် (၁၀)ရက်တိုင်တိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် အမေရိကန် နိုင်ငံ Institute for Global Engagement တို့ ပူးပေါင်းပြီး ပြုလုပ်သွားမည် ဖြစ်သည်။
ထိုသင်တန်းဖွင့်ပွဲသို့ သီတဂူဆရာတော်ကြီးနှင့် သာသနာရေးဝန်ကြီး၊ အထူးသင်တန်းတက်ရန် ရွေးချယ်ထားသော စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များမှ စိတ်ပါဝင်စားသူများ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ သာသနာပြုတက္ကသိုလ်မှ စိတ်ဝင်စားသူတို့ တက်ရောက်ကြမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၁၁-၂၀၁၅
www.sitagustar2020.net

Wednesday, November 25, 2015

sitagustar
No comments
သီတဂူကျန်းမာရေးအဖွဲ့ (ကလေးမြို့)
----------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံနှင့် ပြည့်သူ့ဆေးရုံတို့၌
သီတဂူဆရာတော်ကြီးလမ်းညွှန်ချက်ဖြင့် သီတဂူကျန်းမာရေးအဖွဲ့က
မျက်စိဝေဒနာရှင်များနှင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များကို
စမ်းသပ်စစ်ဆေး ခွဲစိပ်ကုသပေးလျက်ရှိပါသည်။
၂၂-၁၁-၂၀၁၅မှ ၂၅-၁၁-၂၀၁၅နေ့အထိ (၄)ရက်စာအတွက်
ပြင်ပလူနာပေါင်း (၁၉၅၂) စမ်းသပ်စစ်ဆေးပြီး (၃၀၉) ခွဲစိပ်ပြီးစီးအောင်မြင် အလင်းရကြသည်။
ဆရာဝန်ကြီးများမှာ-
သီတဂူဒေါက်တာမြအောင်၊
ဒေါက်တာ စဂျေလွင်၊ အမေရိကန်မှ ဒေါက်တာစံအေး၊ ဒေါက်တာ စမစ်၊
ဘယ်လ်ဂျီယံနိုင်ငံမှ ပတ်ထရစ်တုန်နာဦးဆောင်သော အဖွဲ့၊ ကလေးမြို့မှ
ဒေါက်တာမောင်မောင်မြင့်၊ ဒေါက်တာအောင်နိုင်ထွန်းတို့ဖြစ်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၅
www.sitagustar2020.net

Tuesday, November 24, 2015

sitagustar
No comments
သီတဂူစတား ပုသိမ်တရားပွဲ
------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်
မနေ့ည (၂၃-၁၁-၂၀၁၅)က ပုသိမ်မြို့၊ မရမ်းကျောင်းဝင်းအတွင်း ဓမ္မရေစင်အသင်း၏ ၁၂နှစ်ပြည့် ညချမ်းဓမ္မသဘင်မှာ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)က တရားဓမ္မများ ဟောကြားခဲ့သည်။
ဓမ္မဒါနအလှူရှင်များ၊ တရားပွဲဖြစ်မြောက်ရေးအဖွဲ့နှင့် ပုသိမ်တရားပွဲသို့ ကိုယ်တိုင် မော်တော်ယာဉ် မောင်းပို့ပေးပါသော ဦးထွန်းဝင်း+ဒေါ်နွဲ့ (ဆန်ကုန်သည်)တို့အား အထူးကျေးဇူးတင်ရှိပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၁-၂၀၁၅
www.sitagustar2020.net

Monday, November 23, 2015

sitagustar
No comments
သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
-------------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်
သီတဂူဆရာတော်ဘုရားကြီးလမ်းညွှန်မှုဖြင့် မျက်စိ၊ သွား၊ နှုတ်ခမ်းကွဲ-အာခေါင်ကွဲ အထူးကုဆရာဝန်များနှင့် သူနာပြုများပါဝင်သော “သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့”သည် ၂၁-၁၁-၂၀၁၅ကစပြီး ကလေးမြို့ သီတဂူစက္ခုဒါနဆေးရုံနှင့် ကလေးမြို့ပြည်သူ့ဆေးရုံတို့တွင် မျက်စိ၊ သွားနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို ကုသပေးမည် ဖြစ်ပါသည်။
မျက်စိအဖွဲ့ အထူးကုဆရာဝန်များ
-------------------
သီတဂူ ဒေါက်တာဦးမြအောင်၊ သီတဂူဒေါက်တာစဂျေလွင်၊ ဒေါက်တာစမစ် (အင်္ဂလန်)၊ ဒေါက်တာဦးစံအေး (အမေရိကား)နှင့်အဖွဲ့။
ပလပ်စတစ်ဆာဂျရီအဖွဲ့
-------------------
ဘယ်လ်ဂျီယံနိုင်ငံမှ ဒေါက်တာပက်ထရစ်တိုးနပ် ဦးဆောင်သော ဆရာဝန်များနှင့် သူနာပြုအဖွဲ့ - ၂၀ယောက်။
သွားဆရာဝန်များအဖွဲ့
-----------------
ဒေါက်တာကိုကို (အင်္ဂလန်နိုင်ငံ) ၏ ပံ့ပိုးဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံမှ သွားဆရာဝန် ဒေါက်တာနိုင်ဂျယ်ပက်ဂျက်နှင့် ဒေါက်တာဂျိန်းမ်ပက်ဂျက်
သီတဂူအုပ်ချုပ်ရေးမှူးဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင် (လှဆန်းယဉ်)နှင့် သီတဂူထောက်ကူပြုအဖွဲ့ဝင်များလိုက်ပါ ဆောင်ရွက်ပေးကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၅
www.sitagustar2020.net

Thursday, November 19, 2015

sitagustar
No comments
သီတဂူဆရာတော်ကြီး အစည်းအဝေးတက် (စစ်ကိုင်း)
-----------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်
သီတဂူဆရာတော်ကြီးသည် ဒီကနေ့ (၁၉-၁၁-၂၀၁၅) ညနေပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အစည်းအဝေးခန်းမဆောင်တွင် ကျင်းပသည့် အစည်းအဝေးကို တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးပွဲသို့ ကြွရောက်လာကြသော သီတဂူဆရာတော်ကြီးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သင်ကြားစီမံအဖွဲ့မှ ပါမောက္ခ၊ ကထိက ရဟန်းတော်များက ၂၀၁၆ခုနှစ် ဇန္န၀ါရီလ (၂၃-၂၄)နေ့များတွင် ကျင်းပမည့် “The World Peace Buddhist Conference” အကြောင်း ညှိနှိုင်း ဆွေးနွေးကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၁-၂၀၁၅
www.sitagustar2020.net

Wednesday, November 18, 2015

sitagustar
No comments
သီတဂူမျက်စိအလှူတော် (သဲကုန်း)
---------------
၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ်မျက်စိဆေးရုံတွင် ၄ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ မျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပါသည်။
ပြင်ပလူနာ စမ်းသပ်စစ်ဆေးမှုလူနာ (၁၇၆၂) ယောက်နှင့်
ခွဲစိပ်ကုသပြီးလူနာ (၅၁၅) ယောက်တို့ဖြစ်သည်။
ကုသိုလ်ပြုမျက်စိအထူးကု ဆရာဝန်ကြီးများ
-------------
သီတဂူဒေါက်တာမြအောင် သီတဂူစဂျေလွင် သီတဂူဒေါ်မိမိခင်နှင့်ဆရာဝန်များ, သူနာပြုများ, အင်္ဂလန်နိုင်ငံမှ ဒေါက်တာ J.S Smith, ဒေါက်တာ Richard နှင့် ပြည်တွင်းမှ ဒေါက်တာ ဒေါ်ဌေးဌေးရီ, သဲကုန်ဆရာဝန်များက ကုသပေးကြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁၁-၂၀၁၅

Thursday, November 12, 2015

sitagustar
No comments
သီတဂူဆရာတော်ကြီး သဲကုန်းဆေးရုံ ကြည့်ရှု လူနာများအားပေး
------------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၂)
ဒီကနေ့ (၁၂-၁၁-၂၀၁၅) မိမိမွေးရပ်မြေသို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် နိုဝင်ဘာလ (၁၇)ရက်နေ့အထိ သီတဂူရွှေဥရာစုသစ် မျက်စိဆေးရုံမှာ မျက်စိဝေဒနာရှင်များကို ကုသပေးလျက်ရှိရာသို့ သွားရောက်ကြည့်ရှုသည်၊ လူနာများကို အားပေးသည်။
မျက်စိကုသမှုအတွက် ပြင်ဦးလွင် ဖားအောက်တောရ ဆရာလေး ဒီပင်္ကရာက ကျပ်သိန်း (၅၀)နှင့် ရွှေဥရာစုသစ်ပိုင်ရှင် သီတဂူဒေါ်ရွှေဥက ကျပ်သိန်း (၅၀)တို့ကို လှူဒါန်းကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၅
www.sitagustar2020.net

Thursday, November 12, 2015

sitagustar
No comments
သီတဂူရွှေဥရာစုသစ် မျက်စိအထူးကုစတင်
-------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့၊ သီတဂူရွှေဥရာစ
ုသစ်စက္ခုဒါနဆေးရုံတွင်
(၁၁-၁၁-၂၀၁၅)နေ့က စပြီး (၁၇-၁၁-၂၀၁၅)နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီး
သီတဂူဒေါက်တာမြအောင်နှင့် ပြည်ပဆရာဝန်များ၊ စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံမှ
ဆရာဝန်များနှင့် သူနာပြုဆရာ ဆရာမများက မျက်စိ
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၅
www.sitagustar2020.net

Wednesday, November 04, 2015

sitagustar
No comments
သီတဂူဆရာတော်ကြီး လန်ဒန်ရောက်
-------------
၂၀၁၅ခုနှစ် နိုဝင်ဘာလ (၄)ရက်
သီတဂူဆရာတော်ဘုရားကြီးသည် ဓမ္မဒူတခရီးအဖြစ်ဖြင့် ထိုင်းနိုင်ငံမှ TG910 လေယာဉ်ဖြင့် အင်္ဂလန်နိုင်ငံ လန်ဒန် မြို့သို့ ၄-၁၁-၁၅ ဗုဒ္ဓဟူးနေ့ မနက် ၆:၃၄နာရီ အချိန်တွင် ရောက်ရှိပါသည်။
သီတဂူဆရာတော်ကြီးကို လေဆိပ်တွင် မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ဦးဆောင်သော သံအမှူးများက လေဆိပ်၏အတွင်းထဲသို့ ဝင်ရောက် ကြိုဆိုကြပြီး အပြင်ဖက်တွင် ဆရာတော်ဘုရား၏ တပည့်များဖြစ်သော ဦးလောကနာထနှင့် ဒေါက်တာခင်မောင်ထွန်း၊ ဒေါက်တာကိုကို၊ ဒေါက်တာ သိန်းမြင့်တို့က ဂါရဝပြုကာ ကြိုဆိုကြပါသည်။
သတင်းဓာတ်ပုံ- ဦးလောကနာထ (အင်္ဂလန်)
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၁-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...