
Friday, February 26, 2016

sitagustar
No comments
အင်းမတရားအပြီး လမ်းအတွက် ကျပ်ငါးသိန်းအလှူ
မနေ့က အင်းမမြို့၊ ဘုရားငါးဆူးဝင်း တရားပွဲ၊ ပလ္လင်ပေါ် ည ၈း၁၅တက်၊ ၈း၃၀မှ တရားပွဲစတင်၊ ည ၁၀ နာရီအတိမှာ တရားပွဲပြီး၊ ချက်ချင်းပြန်လာ။
ရန်ကုန်ကို မနက်စောစော ၃း၀၀ နာရီရောက်၊ ရောက်ရောက်ချင်း အိပ်ယာဝင်။
တရားပွဲမှ ဓမ္မပူဇာ ငါးသိန်း လမ်းအလှူ
တရားပွဲအသွား သဲကုန်းမြို့နားက ရွာလေးတွေ လိုက်သွား၊ သဲကုန်းမြို့ လမ်းမကြီးမှ ရွာငါးရွာကို ကူးထားတဲ့ သုံးမိုင်ခန့်လောက် မြေလမ်းမှာ လမ်းကျဉ်း၊ ယခုအခါ တံတားလေးတွေဆောက်၊ ကျောက်သဲမြေတွေ ဖို့၊ မိုးရာသီမှာ သဲကုန်းမြို့ပေါ် ကျောင်းတက်နေသည့် ကလေးတွေအတွက် အဆင်ပြေသလို၊ ရွာငါးရွာမှ ရွာသားများအတွက် အဆင်ပြေရန် လမ်းခင်းအလှူအဖြစ် တရားပွဲ ဓမ္မပူဇာမှ ငါးသိန်းကျပ် လှူဒါန်းခဲ့။
ယခုအကြိမ်အထိ လမ်းအလှူမှာ ကျပ်သိန်း (၂၀)ခန့်ရှိ။

Tuesday, February 23, 2016

sitagustar
No comments
သီတဂူစတား ဓမ္မသဘင် (အင်းမ)
*************
ပဲခူးတိုင်း
အင်းမမြို့ ဘုရားငါးဆူဂေါပကအဖွဲ့က ကျင်းပသော ဓမ္မသဘင်တွင်
တပိုတွဲလပြည့်ကျော် ၂ရက် (25-2-2016)နေ့ည မဟာဂန္ထ၀ါစကပဏ္ဍိတ
ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)က တရားတော်များ ဟောကြားမည်ဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Tuesday, February 23, 2016

sitagustar
No comments
သီတဂူနယ်လှည့်ကျန်းမာရေးအဖွဲ့
(ကရင်ပြည်နယ်)
---------------
သီတဂူဆရာတော်ကြီးလမ်းညွှန်မှုဖြင့်
မျက်စိပါရဂူဆရာဝန်ကြီး ဒေါက်တာမြအောင်၊ ဒေါက်တာသိန်းမြင့် (အမေရိကန်)တို့ဦးဆောင်သော
သီတဂူနယ်လှည့်ကျန်းမာရေးစောင့်ရှောက်အဖွဲ့သည်။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် ၂၀၁၆ခုနှစ်
ဖေဖော်ဝါရီလ (၂၁ရက်နေ့မှ ၂၄ရက်နေ့အထိ) မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးလျက်ရှိသည်။
(၂၂-၂-၂၀၁၆)နေ့ စမ်းသပ်စစ်ဆေးမှုခံယူကြသူပေါင်း (၃၆၆)
ယောက်။ ခွဲစိတ်ကုသမှုခံယူကြမည့်သူပေါင်း
(၂၁၂) ယောက်။ (၂၂-၂-၂၀၁၆)နေ့ နေ့ ခွဲစိတ်ကုသ အလင်းရသူပေါင်း
(၃၃) ယောက်ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

Monday, February 22, 2016

sitagustar
No comments
စာမေးပွဲဖြေဆိုရက် ထုတ်ပြန် (သီတဂူ)
သီတဂူ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေကြသော ရဟန်း သီလရှင် လူ (၁၀၀၀)ကျော်တို့သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုရက်များကို တချိန်တည်း တပြိုင်တည်း ဖြေဆိုရန် တက္ကသိုလ်အသီးသီးတို့တွင် သင်ကြားစီမံအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)အတွက် အောက်ပါဇယားအတိုင်းဖြစ်သည်။
ဘီအေတန်းနှင့် ဒီပလိုမာတန်းများ
(၄-၃-၂၀၁၆) မှ (၇-၃-၂၀၁၆)နေ့အထိ နေ့စဉ် နေ့လည် (၂း၀၀နာရီမှ ၅း၀၀)အထိ ဖြစ်သည်။
ဗုဒ္ဓဓမ္မပါဒက အတန်း (လူပုဂ္ဂိုလ်များအတွက် သီးသန့်)
(၅-၃-၂၀၁၆) နံနက် ၈း၀၀နာရီမှ ၁၀း၀၀နာရီ အထိ ဖြစ်သည်။

Saturday, February 20, 2016

sitagustar
No comments
သီတဂူဆရာတော် သီတဂူအာယုဒါနဆေးရုံ ကြည့်ရှု
စစ်ကိုင်း ၂၀၁၆ခုနှစ် ဖေဖော်ရီလ (၂၀)
ဒီကနေ့ (၂၀-၂-၂၀၁၆)့ နံနက်ပိုင်းတွင် သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရှိ သီတဂူအာယုဒါနဆေးရုံတွင် မျက်စိကုသပေးနေသော အင်္ဂလန်နိုင်ငံမှ မျက်စိအထူးကုအဖွဲ့ကို တွေ့ဆုံနှုတ်ဆက်သည်။
နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကုသမှုအစီအစဉ်
စစ်ကိုင်းတောင်ရိုး သီတဂူအာယုဒါနဆေးရုံတွင် (၂၁-၂-၂၀၁၆) ရက်နေ့မှ စတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံမှ နှုတ်ခမ်းခမ်းကွဲ-အာခေါင်ကွဲ အထူးကု ဆရာဝန်အဖွဲ့တို့ လာရောက်ကုသပေးမည်ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

Thursday, February 18, 2016

sitagustar
No comments
မင်းဗန္ဓုစေတီ ထီတင်ပူဇော်ပွဲ (တော်ဝင်မိသားစု) **************
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်
ဒီကနေ့ (၁၈-၂-၂၀၁၆) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး
ရွှေပြည်သာစက်မှုဇုန်၊ ၀ါးတရာကျေးရွာတွင် တည်ထားကိုးကွယ်ထားသော
မင်းဗန္ဓုစေတီတော်ကို အသစ်တဖန်မွန်းမံ ပြင်ဆင် ထီးတော်၊
စိန်ဖူးတော်တင်လှူပူဇော် အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သည်။
ထိုစေတီတော်ဝင်းတွင် ကြီးကျယ်ခမ်းနားသော ဓမ္မာရုံကြီးကိုလည်း လှူဒါန်းထားသည်ကို တွေ့ရသည်။
ထိုထီးတော်တင်လှူပူဇော်ပွဲသို့ သီတဂူဆရာတော်ကြီးအမှူးပြုသော သံဃာတော်များ၊
ဒေသခံသံဃာတော်များ သံဃာတော် (၁၀၀)ကျော်နှင့် အလှူရှင်
တော်ဝင်မိသားစုကုမ္ပဏီ ဦးကိုကိုထွေး (ဥက္ကဋ္ဌ)+သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးအေးသန်း၊
သမီး-မ၀တ်ရည်ထွေး၊ မသီရိထွေး၊ သား-ကိုမျိုး၊ မြေးဝမကေခိုင်မျိုး၊
မစုသက်မျိုး မိသားစုများနှင့် ဒေသခံပြည်သူများ စည်ကားစွာတက်ရောက်
ပူဇော်ကြသည်။
ထိုပွဲတွင်
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြသော ဦးရဲအောင်၊ မခိုင်သင်းကြည်၊
မခင်လေးနွယ် စသော အနုပညာရှင်များလည်း တွေ့ရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Thursday, February 11, 2016

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (ကျိုက်ထို)ရောက် သီတဂူဆရာတော်
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဓမ္မခရီး ကြွတော်မူသော သီတဂူဆရာတော်သည် ဒီကနေ့ မနက် (၁၁-၂-၂၀၁၆)က ကျိုက်ထိုမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေး စောင့်ရှောက်ရေး နယ်လှည့်အဖွဲ့၏ မျက်စိကုသမှုများကို သွားရောက်အားပေးသည်။
ထိုနေ့ နေ့လည်ပိုင်းတွင် ဘီးလင်းမြို့နယ် မုသင်ကျေးရွာတွင် ရန်ကုန်မြို့ လှည်းတန်း လှဆန်းယဉ်မိသားစု၏ ဓမ္မသဘင် ချီးမြှင့်တော်မူသသည်။

Saturday, February 06, 2016

sitagustar
No comments
သီတဂူဆရာတော်
ဗုဒ္ဓတက္ကသိုလ်များ အစည်းဝေး တက်ရောက်
***************
၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်
ဒီကနေ့ (၅.၂.၂၀၁၆)ည
၈း၀၀နာရီက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ (Myanmar Buddhist
University Association) အစည်အရုံးကို တောင်ကြီးမြု့ Royal Taung Gyi Hotel တွင်
ကျင်းပသည်။
ထိုပွဲသို့
သီတဂူဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခများ, နိုင်ငံတော်
ပရိယတ္တိသာသနတက္ကသိုလ် ပါချုပ်ဆရာတော်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဆရာတော်,
အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်မှ ပါမောက္ခများ, တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ, ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်
စိတ်ဝင်စားသူများ တက်ရောက်ကြသည်။
သီတဂူဆရာတော်ကြီးက
သဘာပတိအဖြစ်ဆောင်ရွက်၍ ကမ္ဘောဇဗုဒ္ဓတက္ကသိုလ် ဆရာတော် ဒေါက်တာဓမ္မသာမိက
အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...