သီတဂူ ၀င်ခွင့်အောင်ဂေဇာတ် ထုတ်ပြန်
-------------------------
၅/၆-၆-၂၀၁၅ နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ၂၀၁၅-၂၀၁၆ ပညာင်သင်နှစ်အတွက် ဘီအေတန်းနှင့် ဒီပလိုမာတန်းများ ၀င်ခွင့်စာမေးပွဲကို ကျင်းပခဲ့ရာ ၇-၆-၂၀၁၅ နေ့က အောင်ဂေဇာတ် ထုတ်ပြန်လိုက်သည်။
ဘီအေတန်းကို နှစ်စဉ် (၁)နှစ် တစ်ကြိမ် ကျင်းပသည်၊ ဒီပလိုမာတန်းဝင်ခွင့်ကိုတော့ (၆)လ တစ်ကြိမ် ကျင်းပပေးသွားမည် ဖြစ်သည်။

(က) ဘီအေတန်း ၀င်ခွင့် ဖြေဆိုခွင့်ရှိသူ မှာ အသက် ၃၀ အောက်ဖြစ်ပြီး
ဓမ္မာစရိယဘွဲ့တစ်ခုခု သို့မဟုတ် တက္ကသိုလ်တစ်ခုခုက ဘီအေ စသည့် ဘွဲ့တစ်ခုခု
ရရှိထားသူ ဖြစ်ရမည်။
(ခ) ဒီပလိုမာတန်း ၀င်ခွင့်ရရှိသူမှာ အသက် ၃၀ အောက်ဖြစ်ပြီး ပထမကြီးတန်း သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်ပြီးဖြစ်ရမည်။
ယခုနှစ် ဘီအေတန်း (၁)ပါး ၀င်ခွင့်အောင်။ ဘီအေတန်း ၀င်ခွင့်မရသူ (၅)ယောက်ကိုတော့ ဒီပလိုမာတန်းတွင် ပညာသင်ခွင့်ရသည်။
ဒီပလိုမာတန်း တိုက်ရိုက်ဝင်ခွင့်ဖြေဆိုအောင်မြင်သူ (၄၄) ယောက်ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၉-၆-၂၀၁၅
www.thesitagu.org
www.sitagustar2020.net

0 comments:
Post a Comment