သီတဂူဆရာတော်ကြီး ဦးဆောင်သော သီတဂူသာသနာပြု အဖွဲ့၏ ပဉ္စမအကြိမ်မြောက် သီတဂူ မေတ္တာ ကရုဏာ အလှူတော်ကို မန္တလေးဗဟို အကျဉ်းထောင်နှင့် ထုံးဘို ကျောက်ထုစခန်းတို့တွင် ၂၀၁၀ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ထိုလှူဒါန်းပွဲတွင် မန္တလေးအကျဉ်းထောင်တွင် အကျဉ်းသူ/သား(၄၈၅၃)ဦးနှင့် ထုံးဘိုကျောက်ထု စခန်းတို့တွင် ၀န်ထမ်းနှင့် အကျဉ်းသူ/သား (၂၇၄၁)ဦးတို့ကို နေ့လည်စာ ကြက်သား ဒန်ပေါက်နှင့် ညနေစာ ကြက်သားကြော် ထမင်းတို့ကို ကျွေးမွေးလှူဒါန်း နိုင်ခဲ့သလို အကျဉ်းသူ/သားများ အတွက် အခြားလိုအပ်သော စားစရာများ နှင့်အသုံးအဆောင် အမျိုးပေါင်း (၂၁)မျိုး တို့ကို အလှူငွေ (၈၉၄)သိန်းခန့် လှူဒါန်းနိုင်ခဲ့ ပါသည်။
ဆရာတော်ကြီးသည် အကျဉ်းထောင်အတွင်း ၀င်ရောက်ကာ အကျဉ်းသူ/သားများအား ကိုယ်တိုင်ကိုယ်ကျ ဝေငှလှူဒါန်းကာ မေတ္တာပို့ ဆုတောင်းပေးခဲ့ပါသည်။ ထို့နောက် ဆရာတော်ကြီးသည် ထောင်အတွင်းရှိ ဆေးရုံ၊စာသင်ကျောင်း၊ တရားစခန်းနှင့် သေဒဏ်ကျခံနေကြရသော အကျဉ်းသားများအဆောင်နှင့် အကျဉ်းသူ/သားများ၏ အလုပ်ရုံ တို့ကို လှည့်လည် ကြည်ရှု့ ခဲ့ပါသည်။
ထောင်တွင်းတရား
အားလုံး ကျွေးမွေး လှူဒါန်းပြီး သီတဂူ ဆရာတော်ကြီးသည် နေ့လည်(၁)နာရီ ခန့်တွင် ထောင်အတွင်း အလုပ်ရုံခန်းမ၌ ထောင်ဝန်းထမ်းများ၊ အကျဉ်းသူ/သားများနှင့် လိုက်ပါလာသော အလှူရှင်များတို့ကို ချမ်းသာစွာ အိပ်စက်နိုင်ပါစေ တရာတော်းဖြင့် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးခဲ့ကာ လှူဒါန်းမှု့ အခန်းအနားကို ညနေ(၃)နာရီခန့် တွင်အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့လေသည်။
ထိုအလှူတော်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါခွင့်ရ၍ ပီတိဖြစ်ခံစား ရသကဲ့သို့ မလိုက်ပါနိုင်သော သူများလဲထပ်တူ ပီတိလေးတွေ ရရှိစေရန်အတွက် မျှဝေလိုက်ရပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
အလှူတော်အတွက် သာဓုခေါ်ရင်း မျှဝေပေးသော မပန်းစပယ်အား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၀

Saturday, October 23, 2010
sitagustar
Posted in:
0 comments:
Post a Comment