စိတ်ကူးပေါက် စိတ်ရူးပေါက်၍ ရေးချင်တာတွေ ရေးပြစ်လိုက်သည်။
ချဉ်ပေါင်ကြော်
ဒီနေ့ ကျောင်းက စောစောပြန်လာခဲ့တယ်၊ ဌာနမှာ Ph.D ကျောင်းသားတစ်ယောက်ရဲ့ Viva ရှိသဖြင့် အတန်းတွေ ရပ်ထားသည်။ ကျောင်းသားအားလုံး တက်ရလေ့ရှိသည်။ သီတဂူစတားတော့ ဌာနအပေါက်ဝရောက်တာနဲ့ ထိုင်းသူငယ်ချင်းနှင့်တွေ့တော့ ဒီနေ့ အတန်းတွေ မရှိလောက်ဘူးထင်တယ် ဘာလို့လဲဆိုတော့ viva ရှိနေလို့ပဲ လို့ပြောတော့ သူငယ်ချင်း ကျေးဇူးပဲလို့ နုတ်ဆက်ကာ ချက်ချင်းလှည့်ပြန်ထွက်လာခဲ့တယ်။ ဒီကနေ့ ကျောင်းသိပ်မသွားချင်ဖြစ်နေသည်၊ ချဉ်ပေါင်ကြော် attachment (ရသတဏှာ)ကြောင့်ပဲ ဖြစ်မည်။ တဏှာထဲမှာ ရသတဏှာ အဖြတ်ရ ခက်ခဲဆုံးတဲ့။ ဒီနေ့မနက် မောင်အောင်သန်း (လေယာဉ်မှူး) မြန်မာပြည်က ပါလာတဲ့ ချဉ်ပေါင်ကြော်၊ ငါးကြော်၊ ငါးပိကြော်၊ အုန်းထန်းလျက်နှင့် ကိုယ်တိုင်ချက်ယူလာတဲ့ ၀က်သား တစ်ကေဂျီချက် လာလှူသွားသည်။
သူတို့မိသားစုက မြန်မာ့ဟင်းအစုံ ကြွားရအုံးမယ် ပုဇွန်းကွေးအပါအ၀င်ပေါ့ အပြည့်အ၀ ကပ်သည်၊ ရသာမျိုးစုံ စုံလှသည်၊ မြန်မာပြည်မှာကဲ့သို့ ဖွယ်ဖွယ်ရာရာ ကပ်တတ်သည်။
စိတ္တရူပံ န သုပိံသု
မနက်ဖြန်တော့ Ph.D ကျောင်းသား အရှင်သုန္ဒရ၏ မွေးနေ့ဖြစ်၍ စားရလိမ့်ဦးမည်။ ကျောင်းအမကတောင် လှမ်းနောက်လိုက်သေးတယ်၊ စတားရေ- ၀မ်းသာနုတ်ထားပေတော့တဲ့။ ‘စိတ္တရူပံ န သုပိံသု’ ဆဗ္ဗဂ္ဂီ ၆ ယောက်ထဲက မေတ္တိယနှင့် ဘူမိဇကတို့ ပြောသော စကားလေးပါ။ ပါဠိတွေ မှန်မယ်တော့ ထင်တာပဲ ငယ်ငယ်က ဖတ်လာတဲ့ စာတွေဆိုတော့ နဲနဲတော့ မေ့ကုန်ပြီ။ ဆဗ္ဗဂ္ဂီ ရဟန်းများသည် သီတဂူစတားကဲ့သို့ပင် ဘုန်းကံ နဲပါးသူများဖြစ်ကြသည်။ ဒကာဒကာမတွေက ကျောင်းရောက်ရင် အရှင်သာရိပုတ်၊ အရှင်မောဂ္ဂလာန်၊ အရှင်အနန္ဒာ စသည့် မထေရ်များကိုသာ မေးကြသည်၊ လှူကြသည်၊ ဆွမ်းပင့်ကပ်ကြသည်။ ထို ဆဗ္ဗဂ္ဂီရဟန်းတော်များမှာတော့ မေးသူမရှိ၊ ပင့်သူမရှိ။ တနေ့တော့ ဆွမ်းစားပင့် အလှူပင့်စသည်များကို အလှည့်ကျထည့်ပေးရသည့် တာဝန်ခံ (ဘတ္တုဒ္ဒေသက)အရှင်ဒဗ္ဗမထေရ်က မေတ္တိယ ဘူမိဇကတို့ အား ဆွမ်းစားထည့်လိုက်သည်။ ဆွမ်းစားပင့်တဲ့သူကလဲ သူဌေးဆိုတော့ ထိုမထေရ်တို့မှာ ၀မ်းသာလွန်း၍ ည ကောင်းကောင်းပင် အိပ်မပျော်ဘူးတဲ့၊ အဲဒါကြောင့် စိတ္တရူပံ နသုပိံသု ဆိုတဲ့ စကားပေါ်လာခဲ့သည်။ သီတဂူစတားလဲ မနက် အရှင်သုန္ဒရရဲ့ မွေးနေ့မှာ ဘာတွေ စားရမလဲ တွေးရင်း စိတ္တရူပံ န သုပတိ တော့ ဖြစ်မည်ထင့်။
မောင်အောင်သန်းတို့ မိသားစု
မောင်အောင်သန်းက ပူနေးလေယာဉ်ကွင်းနားမှာ နေသည်၊ ပြည်တွင်းလေယာဉ်မောင်းသည်။ မကြာမကြာ သူ့အိမ်ခန်းမှာ ဆွမ်းပင့်ကပ်လေ့ရှိသည်။ တလောကတောင် သူ့ အမျိုးသမီးနှင့် သူ့ယောက္ခမ ရောက်နေတဲ့အချိန် အိမ်ခန်းမှာ ဆွမ်းပင့်ကပ်ခဲ့သည်။ အမျိုးသမီးက ဗန်မော်သူ၊ နှစ်ယောက်လုံးက အသက်ငယ်ငယ်ရှိသေးသည်၊ သိတဂူစတားထက် ငယ်မည်ထင်သည်၊ သဘောကောင်းကြသည်၊ သဒ္ဓါတရားကောင်းကြသည်။ ပူနေးမြို့မှာ မြန်မာပြည်က လေယာဉ်မှူး ၂ ယောက်ရှိသည်။ ဟိုက်ဒရာဘက်မှာ ၂ ယောက်၊ ကာလကတ္တားမှာလဲ ၂ ယောက်ရှိသည်ဟု သိရသည်။ ထိုကဲ့သို့ မြန်မာပြည်သား လူတော်တွေ အိန္ဒိယပြည်မှာ တွေ့ခွင့်ရတာလဲ ဂုဏ်ယူစရာတစ်ခုပင်။ မောင်အောင်သန်းတို့မိသားစုကို ပူနေးဆေးတက္ကသိုလ်မှာ ကျောင်းတက်နေသော ဗိုလ်ကြီးမင်းသိန်းက မိတ်ဆက်ပေးခဲ့သည်။ ထိုမိသားစုသည် သူ၏ စားအိမ်သောက်အိမ်ဖြစ်သည်။ ပြည်ပမှာ ကိုယ့်လူမျိုးကိုတွေ့တော့ ကိုယ်ဆွေမျိုးလိုပဲ ပိုပြီးခင်တွယ်မိကြသည်၊ ချစ်ခင်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဗိုလ်ကြီးလည်း မကြာမကြာ အဆောင်လာတက်သည်။ သူတို့တစ်တွေရှိနေတော့ ချဉ်ပေါင်ကြော် ပုဇွန်ကြော်၊ ချက် နှင့် မုံ့ဟင်းခါးများ စားခွင့်ကြုံရတက်သည်။
စားရကံပါ
ဒီကနေ့တော့ ကျောင်းမသွားခင် ကိုပညောရေ ချဉ်ပေါင်ကြော်လေးတော့ ချန်ထားဦးနော် ၀က်သားကတော့ မချန်လဲရတယ်ဟု ပြောသွားခဲ့ရသေးသည်။ တောသားဆိုတော့ ချဉ်ပေါင်ကြော်ကြိုက်သည်။ အထူးသဖြင့် မျှစ်နှင့်ရောကြော်တာကို ပိုနှစ်သက်သည်။ ငယ်ငယ်တုန်းကတော့ အမေက ငါးသေးသေးလေးတွေနှင့် ကြော်ကျွေးသည်။ ကံကောင်းချင်တော့ ဒီနေ့ အတန်းတွေကလဲ မရှိ ချဉ်ပေါင်ကြော်ကို သတိရတာနဲ့ Viva ကိုလဲ မတက်ဘဲ ပြန်ခဲ့သဖြင့် ချဉ်ပေါင်ကြော်ရော ၀က်သားချက်ပါ စားရခွင့်ရ။
တောင်မြို့
မှတ်မိပါသေးသည်။ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က နယုန်၊ ၀ါဆိုရောက်ပြီဆိုရင် ကျွန်းတွေပေါ်ရေမြုတ်တော့ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာက ကားကြီး ကားငယ်ဖြင့် ချဉ်ပေါင်ရွက်တွေ ဂန္ဓာရုံကျောင်းသို့ လာလှူလေ့ရှိသည်။ လနှင့်ချီစားရတော့ သွားတွေလဲ ကျိန်းလှပေါ့။ ချဉ်ပေါင်ရွက်ပုံကြီးအပေါ် ခွေးဝဲစားတွေလဲ တခါတရံ တက်အိပ်လေ့ရှိတယ်။ ရေဆေးလိုက်တော့ ပြောင်သွားတယ်ထင်ပါရဲ့။ ရွှေချဉ်ပေါင် တုံးကာမှ မောင်ဘုန်းပြန်လာမယ်ပေါ့ အဆိုတော့ရှိသား၊ ဒါပေမဲ့ သီတဂူစတားတော့ ချဉ်ပေါင်ရွက် အခြေခံပါလာဟန်တူပါရဲ့ ချဉ်ပေါင်ဟင်းနဲ့ဆို စားမြိန်သည်။ ပူနေးမှာ ချဉ်ပေါင်ရွက်ရှားသည်၊ ကန်ဇွန်းရွက် ၅ ပင်ပါ တစ်စီးကို ၁၅ ရူပီး (မြန်မာငွေ-၃၀၀ ခန့်ထင်သည်) ပေးရသည်။ ကုလားက စားရကောင်းမှန်း သိပုံမပေါ်။ ထိုင်းကျောင်းသားတွေတော့ အပြင်အိမ်မှာ စိုက်ခင်းရှိသဖြင့် ကန်ဇွန်းရွက်များ စားရတက်သည်။ နေရာဒေသကွဲသွားတာနဲ့အမျှ ရာသီဥတု၊ အသားအရောင်၊ အစားအစာ၊ လျှာအရသာ၊ ကိုးကွယ်မှု၊ ယုံကြည်မှု၊ အတွေးအခေါ်၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းများစသည်စသည် များစွာ ကွာချင်းတိုင်း ကွာနေကြသည်။
ဒကာ မောင်အောင်သန်းရေ- ကျေးဇူးတင်ပါတယ်။ နောက်လဲ မကြာမကြာ လာကပ်နိုင်ပါစေဗျာ။
သီတဂူဆရာတော် အဘယ့်ကြောင့် အိန္ဒိယပြည်သို့ နှစ်စဉ်ကြွပါသလဲဆိုတဲ့ အမေး ပို့စ် မကြာမီတင်ပါမည်။
သီတဂူစတား
၁၉-၃-၂၀၁၀
20 March 2010
ဤဘလော့ဂ် ရေးသားသူသည်

စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
2009 ခုနှစ် အတွက် အကယ်ဒမီဆု
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။
ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။
ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။
လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
အောင်မြင်သော ခရီးသည် ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။ ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။ မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
ရခိုင်ပြည်နယ်ပဋိပက္ခနှင့်ပတ်သက်၍ သံဃာ့ဆန္ဒကို ကြေငြာချက် ထုတ်ပြန်ခြင်း -------- စစ်ကိုင်းတောင်ရိုး၌ သီတင်းသုံးနေထိုင်လျက် ရှိကုန်သော သံဃာတော...
Vistors (1-1-2012)
တိုက်ကြီးများရှိ အချိန်
!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>
1 comments:
ဘုန်းဘုန်းဘုရား
တပည့်တော်ရဲ့ မတတ်တခေါက်၊ ဟိုမရောက်ဒီမရောက် ဘလော့လေးမှာ အားပေးစကားလေးချီးမြှင့် သွားတာတွေ့ ရလို့ ကျေးဇူးတင်ကြောင်းပြောချင်တာနဲ့ တကူးတက ရောက်လာခဲ့တာဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ဘုန်းဘုန်းရဲ့ အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆုရ ဘလော့ကြီးကိုတွေ့ ရတော့ ရွှေနန်းတော်ထဲရောက်တဲ့ တောသားလို တအံ့တသြ ငေးမောစပ်စုသွားပါတယ်။ အကြိမ်ကြိမ်အခေါက်ခေါက် ရောက်ရောက်နေတော့မယ် ဆိုတာလည်း သေချာပါတယ်ဘုရား။ သံဃာရတနာဖြစ်သည့်အတွက်၊ ဒီအဖိုးမဖြတ်နိုင်တဲ့ ဘလော့ကြီးကို တည်ထောင်ထားတဲ့အတွက်၊ တပည့်တော်ကို အားပေးစကား ချီးမြှင့်သွားတဲ့အတွက်၊ အစစအရာရာအားလုံးအတွက် ကျေးဇူးမှတ်တမ်း တင်ပါတယ် ဘုရား။ လောလောဆယ်တော့ ဒီ ရေးမိရေးရာ(၂) ကို နေ့လည်ခင်းထမင်းစားရင်းဖတ်မိတာကြောင့် သွားရည်အတောင့်လိုက် ကျမတတ်ပါပဲဘုရား။ Singapore မှာလည်း ချဉ်ပေါင်ရွက်ရှားတယ်လေ။
ခြေတော်အစုံကို ဦးခိုက်လျက်
မမင်း
Post a Comment