သီတဂူစတား

သီတဂူစတား

16 May 2014

သီတဂူဆရာတော် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး တက်ရောက် မိန့်ခွန်းပြော

သီတဂူဆရာတော် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး တက်ရောက် မိန့်ခွန်းပြော
သာသနာနှစ် ၂၅၅၈နှစ်ပြည့်နှစ်၊ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ ဆဋ္ဌသံဂါယနာလှိုင်ဂူတော်အတွင်း၌ ဂိုဏ်းပေါင်းစုံက ဆရာတော် ၂၅၅၈ပါးတို့က တက်ရောက်ပြီး သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။ ဒုတိယနေ့ မေလ (၁၂)ရက်နေ့ မနက်ပိုင်းမှာတော့ သီတဂူဆရာတော်ကြီး တက်ရောက် မိန့်ခွန်းပြောခဲ့သည်။

ဆရာတော်ကြီး မိန့်ခဲ့သည့်မိန့်ခွန်း အကျဉ်းချုပ်

၁။ ယခုကဲ့သို့ သံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်းရဲ့ စုစည်း၊ ညီညွတ်သည့် အစည်းအဝေးကြီးမျိုး ဘယ်တိုင်းပြည်မှ မရှိခြင်း၊ မြန်မာနိုင်ငံမှာသာ ရှိခြင်း။

၂။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ကို ၁၉၈၀ပြည့်နှစ်က စတင်ဖွဲ့ခဲ့သည်။ ၁၉၈၀ခုနှစ်ရှေ့ပိုင်းတွင် ဆိုရှယ်လစ်ပါတီ တစ်ပါတီစနစ်ဖြင့် သွားနေသည့် အချိန်ဖြစ်သည်အတွက် အငွေ့အသက်တွေ ဤအဖွဲအစည်းတွင် ပါနေခြင်း။

အခြေခံ စည်းမျဉ်းထဲမှာ ပါရှိနေသော သံဃာ့မဟာနာယကအဖွဲ့မှ တစ်ပါး၊ တစ်ခြားအဖွဲ့အစည်းများကို ဖွဲ့ပိုင်ခွင့် မရှိသော အချက်ကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်များက ပြင်ဆင်ပေးကြလိမ့်မည်ဟု မျှော်လင့်ခြင်း။

၃။ ရာထူးဌာန၊ တာဝန်ပေးအပ်သည့်အခါ စွမ်းနိုင်သည့် ပုဂ္ဂိုလ်များကို စွမ်းနိုင်သလိုပေးဖို့ လိုအပ်ကြောင်း လျှောက်ထားခြင်း။ သံဃာ့မဟာနာယက ဖွဲ့စည်းသည့်အခါမှာလည်း ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယကအဖွဲ့က ညီညွတ်စွာ ဒီအချက်ကို ထည့်သွင်း စဉ်းစားရန်၊ ဖွဲ့စည်းရန် လိုအပ်ကြောင်း လျှောက်ထားခြင်း။

၎။ သံဃာ့မဟာနာယကအဖွဲ့အစည်းမှာ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယားတို့ကဲ့သို့ နိုင်ငံခြားရေးရာဌာန၊ ပညာရေးဌာန ထည့်သွင်း၊ ပြင်ဆင် ဖွဲ့စည်းဖို့ လိုအပ်ကြောင်း။

၅။ “သံဃာ့မဟာနာယကအဖွဲ့ရဲ့အချက်က သာသနာသန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးအတွက် အလွန်အရေးကြီးကြောင်း၊ သာသနာကို ထိန်းဖို့ အလွန်အရေးကြီးကြောင်း။

 ဒီကနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ပါလီမန်ဒီမိုကရေစီ စနစ်ဖြင့် ချီတက်နေသည့်အခါ ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ဓမ္မာစရိယအက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ ဗုဒ္ဓသာသနာအဖွဲ့အစည်း အက်ဥပဒေ၊ တောင်တန်းသာသနာပြု အက်ဥပဒေတွေကို စနစ်တကျ ခေတ်နဲ့လျှော်ညီစွာ ပြင်ဆင်ရေးဆွဲပြီး အနာဂတ်သာသနာတော်အတွက် ခိုင်ခိုင်မာမာ ဖြစ်အောင် ဆောင်ရွက်တော်မူကြပါ”ဟု လျှောက်ထားခြင်း။

NEWSWEEK (၁၅-၅-၂၀၁၄) နေ့ထုတ် သတင်းစာမှ ကောက်နုတ်ဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၅-၂၀၁၄

14 May 2014

ကျောင်းသားသစ်ကြိုဆိုပွဲ

ကျောင်းသားသစ်ကြိုဆိုပွဲ
***********************************
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲ (Fresher Welcome)ကို မြန်မာသက္ကရာဇ်၊ ၁၃၇၆ခုနှစ် နယုန်လဆန်း (၁၂)ရက် (၉-၆-၂၀၁၄) တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

ယခုနှစ်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)က ဒီပလိုမာတန်းများ၊ ဘီအေတန်းများနှင့် ဗုဒ္ဓဓမ္မပါဒက (Fundamental Buddha-Dhamma)များကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်
www.thesitagu.org

07 May 2014

ရောက်ခဲ့သည့်နေရာ (၂)

ကိုရီးယားရောက် ဒုတိယနေ့
ဒုတိယနေ့ (၂၅-၄-၂၀၁၄)မှာတော့ မနက်ပိုင်းမှာ Lotus Lantern Festival ပွဲတော်သို့ ပင့်ဖိတ်ထားသော နိုင်ငံ ၉နိုင်ငံမှ ကိုယ်စားလှယ်များကို Imjingak လိုက်ပို့ပေးသည်။ ဆိုးလိုမြို့ပြင် တောင်ကိုးရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်၊ ဆိုးလ်မြို့တော်မှ ကားဖြင့် တစ်နာရီလောက် သွားရသည့် Imjingak သို့ သွားကြသည်။
ထိုနေရာ တောင်ကိုရီးယား မြောက်ကိုရီးယားတို့ စစ်ဖြစ်ပွားခဲ့နေရာဖြစ်သလို တောင်မြောက်ကွဲကွာခဲ့ရာမှ ဆွေတော်မျိုးတော်များ တကွဲတပြား ဖြစ်သွားရာနေရာလည်းဖြစ်၊ တောင်-မြောက် ကိုရီးယား ဆွေတော်မျိုးတော်များ အချင်းချင်း စုံတွေ့ရာ နေရာလည်း ဖြစ်သည်။ စစ်ဖြစ်ပွားချိန်က မြောက်ကိုရီးယားတပ်မှ ပစ်ခက်လိုက် သော ရထားအပျက်အစီး၊ သေကြေသွားကြသော တောင်ကိုရီးယားတပ်များကို ဆုတောင်းပေးရာ နေရာလည်းဖြစ်သည်။
ထို့ပြင် ဆွေတော်မျိုးတော်များ ပြန်လည်စုံစည်းရာ၊ ခေါင်းလောင်းကြီးကို ထုကာ ဆုတောင်းပေးရာ ငြိမ်းချမ်းရေးနယ်မြေလည်းဖြစ်သည်။ ယခုအခါ နိုင်ငံတကာမှ စိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်သည့်အတွက် လည်ပက်စရာတစ်ခုဖြစ်နေသည်။ နေ့လည်စာကို ကိုရီးယား ရိုးရာအစားအစာများဖြင့် Imjingakက ဆိုင်မှာပဲ ဧည့်ခံသည်။

ညနေပိုင်းတွင် ကိုရီးယားနိုင်ငံ မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို သွားရောက်လေ့လာကြသည်။ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် အပြန်အလှန် မိတ်ဆက်ကြခြင်း၊ လက်ဆောင်များ ပေးကြခြင်းဖြင့် ချစ်ချင်ရင်းနှီးမှုများကို ဖန်တီးကြသည်။ ဂိုဏ်းဂဏမတူသော်လည်း မြတ်ဗုဒ္ဓ၏ တစ်ခုတည်းသော ဓမ္မထီးအရိပ်ဝယ် အတူလက်တွဲလျှောက်ကြသည်။
အပိုင်း (၃) မျှော်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၅-၂၀၁၄

02 May 2014

ကိုရီးယားရောက် ပထမနေ့

ကိုရီးယားရောက် ပထမနေ့
ကိုရီးယားရောက် ပထမနေ့ (၂၄-၄-၂၀၁၄)က ညနေပိုင်း ကိုရီးယားနိုင်ငံရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ ဆိုးလ်တာဝါကို စပွန်ဆာပေးသည့် ဂျိုဂဲစ ဗုဒ္ဓဘာသာအဖွဲ့၏ ကောင်းမှုဖြင့် ရောက်ခဲ့။ အလွန်လှပသည့်နေရာလေးတစ်ခုဖြစ်၊ လေးဘက်လေးတန်က ဆိုးလ်တစ်မြို့လုံးကို လွမ်းခြုံ မြင်ရ။ ချစ်သူ စုံတွဲတွေ အများစုလာကြ၊ ထိုနေရာ၏ စွဲဆောင်မှုတစ်ခုကတော့ ချစ်သူစုံတွဲတွေ၊ မိသားစုတွေက သူတို့ရဲ့ သံယောဇဉ်၊ အချစ်တွေ အမြဲတမ်း တွဲနေမယ်၊ တစ်ယောက်နှင့်တစ်ယောက် မခွဲတမ်းဆိုတဲ့ သင်္ကေတနဲ့ သော့တွဲလေးတွေ အပေါ်မှာ အမှတ်တရစာတမ်းလေးရေးပြီး ထိုနေရာမှာ ချိတ်ဆွဲထားသဖြင့် သော့တွဲအပုံကြီးကို ယခုလို တွေ့မြင်ရ။ ထိုဆိုးလ်တာဝါပေါ် စာရေးသူတို့ ပြည်ပအဖွဲ့များအား ညစာဖြင့် ဧည့်ခံ၊ စာရေးသူကတော့ အအေးနဲ့ပဲ ပြီးခဲ့ရ။
မဟာယာနဘုန်းတော်ကြီးများကတော့ ဆိုးလ်မြို့ အလှအပကို ငေးမောရင်း အားရပါးရ ဘုန်းပေးတော်မူကြလေရဲ့။

ဒုတိယနေ့ ပုံရိပ်များမျှော်
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၀၁-၀၅-၂၀၁၄

08 April 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၄-၂၀၁၅ ပညာသင်နှစ် လျှောက်ထားနိုင်သူများ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)
၂၀၁၄-၂၀၁၅ ပညာသင်နှစ် လျှောက်ထားနိုင်သူများ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ၁၃၇၅-ခုနှစ် တန်ခူးလဆန်း ၇ ရက် (၆-၄-၂၀၁၄) တနင်္ဂနွေနေ့၊ ပညာရေးကော်မီတီ၏ ပညာရေးဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်အရ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၌ ပညာသင်ကြားခွင့် လျှောက်နိုင်သူများကို (၂) မျိုး ခွဲခြားထားပါသည်။

(၁) ဗုဒ္ဓဓမ္မဒီပလိုမာတန်း (Diploma in Buddhism)
(၂) ဘီအေတန်း (B.A)

(၁) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ Diploma ၀င်ခွင့် သတ်မှတ်ချက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ Diploma တန်းကို တက်ရောက်သင်ကြားလို၍ လျှောက်လွှာတင်သွင်းသူသည် အောက်ပါ စည်းကမ်းများနှင့် ပြည့်စုံသူ ဖြစ်ရပါမည်။
၁။ (က) တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဖြစ်ရမည်။
(သို့မဟုတ်)
(ခ) ပထမကြီးတန်းကို အောင်မြင်ထားသူ ဖြစ်ရမည်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံခန်း (ရန်ကုန်)က ထုတ်ပေးသော လျှောက်လွှာတွင်သာ လိုအပ်သောအချက်အလက်များကို စနစ်တကျဖြည့် သွင်း၍ စီမံအုပ်ချုပ်ရေးမှူးရုံးသို့ တင်သွင်းရမည်။
၃။ အောင်လက်မှတ်မိတ္တူ (မူရင်းကို ပြရုံသာလိုသည်) တင်သွင်းရမည်။
၎။ မိမိ၏ အုပ်ထိန်းသူ/မိဘ/ ဆရာ/ ကျောင်းထိုင်ဆရာတော် (တစ်ဦးဦး) ၏ ခွင့်ပြု ထောက်ခံချက်စာ ပါရမည်။
၅။ ယခုအရွယ် ပတ်စပို့ဓာတ်ပုံ (၂) ပုံ။
၆။ သာသနာဝင်၊ (သို့မဟုတ်) သာသနာ့နွယ်ဝင်၊ သို့မဟုတ် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ တင်သွင်းရမည်။
၇။ လျှောက်လွှာများတင်သွင်းပြီးနောက် သတ်မှတ်ထားသည့်ရက်တွင် ဒီပလိုမာတန်းအတွက် အရည်အချင်းစစ် စာမေးပွဲ (Placement Test) ကို ဖြေဆိုရမည်။
၈။ လျှောက်ထားသူသည် အထက်ဖေါ်ပြပါ စည်းကမ်းချက်များနှင့် ပြီးပြည့်စုံပြီး အရည်အချင်းစစ် စာမေးပွဲ (Placement Test) ရလဒ်အရ အမှတ်အနည်းအများအလိုက် Elementary, Intermediate နှင့် Advanced Level တို့တွင် မိမိရရှိသော အဆင့်မှ စတင်၍ တက်ရောက် သင်ကြားနိုင်သည်။

(၁) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ B.A တန်း ၀င်ခွင့် သတ်မှတ်ချက်
ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် B.A ဘီအေ အတန်းအတွက် လျှောက်ထားနိုင်ပြီ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၏ ဗုဒ္ဓဓမ္မ B.A တန်းကို အောက်ပါ စည်းကမ်းများနှင့် ညီညွတ်ပါက ရဟန်း ရှင်လူ မည်သူမဆို လျှောက်လွှာ တင်သွင်းနိုင်ပြီ ဖြစ်ပါသည်။

၁။ တက္ကသိုလ်တစ်ခုခုမှ B.A, B.Sc ကဲ့သို့ ဘွဲ့တစ်ခုခု ရရှိထားသူ (သို့မဟုတ်) သာသနာဓဇဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ စေတီယင်္ဂဏဓမ္မာစရိယဘွဲ့ တစ်ခုခု ရရှိထားသူ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်) တစ်ခုခုမှ ဗုဒ္ဓဒေသနာ ဒီပလိုမာ (Advanced) တန်းကို အောင်မြင်ထားသူ ဖြစ်ရပါမည်။
၂။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ စီမံအုပ်ချုပ်ရေးမှူးရုံး (ရန်ကုန်)က ထုတ်ပေးသော လျှောက်လွှာတွင်သာ လိုအပ်သောအချက်အလက်များကို စနစ်တကျဖြည့်သွင်း၍ စီမံအုပ်ချုပ်ရေးမှူးရုံး(ရန်ကုန်) သို့ တင်သွင်းရမည်။
၃။ အောင်လက်မှတ်မိတ္တူ (မူရင်းကို ပြရုံသာလိုသည်) တင်သွင်းရမည်။
၎။ မိမိ၏ အုပ်ထိန်းသူ/မိဘ/ ဆရာ/ ကျောင်းထိုင်ဆရာတော် (တစ်ဦးဦး)၏ ခွင့်ပြု ထောက်ခံချက်စာ ပါရမည်။
၅။ ယခုအရွယ် ပတ်စပို့ဓာတ်ပုံ (၂) ပုံ။
၆။ သာသနာဝင်၊ (သို့မဟုတ်) သာသနာ့နွယ်ဝင်၊ သို့မဟုတ် နိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက ပတ်စပို့မိတ္တူ တင်သွင်းရမည်။
၇။ လျှောက်လွှာများတင်သွင်းပြီးနောက် သတ်မှတ်ထားသည့်ရက်တွင် ၀င်ခွင့်စာမေးပွဲ (Entrance Test) ကို လျှောက်ထားသူအားလုံး (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များက ကျင်းပသော ဗုဒ္ဓဒေသနာ ဒီပလိုမာ (Advanced) တန်းကို အောင်မြင်ထားသူမှ အပ) ဖြေဆိုရမည်။
၈။ ၀င်ခွင့်စားမေးပွဲ အောင်မြင်သူများသည်သာ B.A ပထမနှစ်ကို တက်ရောက်သင်ယူခွင့်ရမည် ဖြစ်ပါသည်။


သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်

မှတ်ချက်။ ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်၊ ၀၁-၅၈၁၈၈၈။ ၀၁-၅၈၁၇၇၇ သို့ စုံစမ်းနိုင်သည်။

၂၀၁၄၂၀၁၅ ပညာသင်နှစ် လျှောက်လွှာများ ထုတ်ယူနိုင်

၂၀၁၄၂၀၁၅ ပညာသင်နှစ် လျှောက်လွှာများ ထုတ်ယူနိုင်

၂၀၁၄၂၀၁၅ ပညာသင်နှစ်အတွက် ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ တက်ရောက်ပညာသင်ယူလိုသော ကျောင်းသား/ ကျောင်းသူများ၏ ၀င်ခွင့်လျှောက်လွှာများကို ဧပြီ (၂၁) တနင်္လာနေ့မှ စ၍ ရန်ကုန်မြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြန်ကြားရေးဌာန၊ စာအုပ်အရောင်းဆိုင်တွင် လာရောက်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

သက်ဆိုင်ရာ အတန်းများအလိုက် လိုအပ်သော အရည်အချင်းနှင့် အချက်အလက်များကို သီးသန့် ဖေါ်ပြသွားပါမည်။

လျှောက်လွှာပိတ်ရက်၊ ၃၁/၀၅/၂၀၁၄ (နယုန်လဆန်း ၃ - ရက်၊ ၁၃၇၆-ခု)

ဝင်ခွင့်ဖြေဆိုချိန်နှင့် နေရာ
ဘီအေအတန်းအတွက် ၀င်ခွင်စာမေးပွဲ ၀၅/၀၆/၂၀၁၄ (နယုန်လဆန်း ၈-ရက် ၁၃၇၆-ခု)
ဒီပလိုမာအတန်းအတွက် ၀င်ခွင့် ၀၆/၀၆/၂၀၁၄ (နယုန်လဆန်း ၉ -ရက် ၁၃၇၆-ခု)
ဌာန- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ရန်ကုန်

02 April 2014

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစည်းအဝေး

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစည်းအဝေး

စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အလုပ်မှုဆောင်အဖွဲ့ (EC)၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာရေးအစည်းအဝေးပွဲကို ၃-၄-၂၀၁၄ နေ့တွင် စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပမည် ဖြစ်သည်။

ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ စီမံအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)၊ ပါမောက္ခ ဒေါက်တာ အရှင်သုတာစာရာလင်္ကာရနှင့် ဆရာကြီး ဦးကျော်စိုးလွင် (အင်္ဂလိပ်ဆရာ) တို့သည် ဆရာတော်ကြီး၏ ကောင်းမှုဖြင့် ညနေ ပိုင်း ဝေဟင်ခရီးဖြင့် တက်ရောက်မည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၄-၂၀၁၄

28 March 2014

လိုကွက်များကို ဖြည့်စွက်ခြင်း (သီတဂူဆရာတော်)

လိုကွက်များကို ဖြည့်စွက်ခြင်း
အရှင်ရဋ္ဌပါလက ကောရဗျမင်းကြီးအား မိန့်ကြားသောစကားတစ်ခွန်း ရှိပါသည်။ ““သဗ္ဗောလောကောဦနော”” ဟူ၍ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ““တစ်လောကလုံးမှာ ယုတ်လျှော့ နေသည်”” သို့မဟုတ် ““တစ်လောကလုံး လိုနေသည်”” သို့မဟုတ် ““တစ်လောကလုံးမှာ လိုကွက် ဟာကွက်တွေခြည်းပဲ””ဟု အဓိပ်္ပါယ်ရပါသည်။ လမ်းပမ်းဆက်သွယ်ရေး ဟာကွက်၊ တယ်လီအော်တိုဆက်သွယ်ရေး ဟာကွက်၊ လေကြောင်း, ရေကြောင်းဆက်သွယ်ရေး ဟာကွက်၊ လျှပ်စစ်ဓာတ်အားလိုကွက်၊ ကျန်းမာရေးလိုအပ်ချက်၊ ပညာရေးလိုအပ်ချက်၊ ဘာသာရေး, သာသနာရေးလိုအပ်ချက်၊ လုံခြုံရေးလိုအပ်ချက်၊ ညီညွတ်ရေး တည်ငြိမ်ရေးလိုအပ်ချက် စသည့်စသည့် ဟာကွက် လိုကွက်တို့မှာ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ နေရာတိုင်းမှာ ရှိနေကြပါသည်။ လောဘလွန်ကဲသူတို့၏လိုအပ်ချက်မှာ ဖြည့်စွက်ရန်မဟုတ်ဘဲ ထိုလွန်ကဲသော လောဘတို့ကို ထိန်းပေးရန်သာ ဖြစ်ပါသည်။ လောဘသံတို့ဖြင့် ဘ၀ဂ်ညံအောင် တောင်းဆိုခြင်း မပြုကြဘဲ ရောင့်ရဲတင်းတိမ် ဆိတ်ငြိမ်စွာဖြင့် ကြေနပ်နှစ်သက်စွာ နေကြကုန်သော သူတို့၏ တောင်ပေါ်ဒေသများနှင့်, နိုင်ငံ့ ခေါင်းဆောင်တို့ အရောက်အပေါက်နည်းသည့် အစွန်အဖျားနှင့် တောတောင်လျှိုမြောင်တို့အကြားက တိုင်းရင်းသား လူမျိုးစုများ၏ လိုအပ်ချက်နှင့် ဟာကွက်တို့မှာ လောဘ, ဒေါသတို့၏ ကြွေးကြော်သံတို့မှကင်းသော အမှန်လိုအပ်သည့် လိုအပ်ချက် ဟာကွက်တို့ ဖြစ်ပေသည်။
သီတဂူ Vision Volunteer အဖွဲ့သည် ချင်း, ကချင်, ကရင်, မွန်, နာဂ, ရခိုင်, ကိုးကန့်, ၀, ကယား, ရှမ်းလူမျိုးစုံတို့၏ ဒေသအသီးသီးသို့ အကြိမ်ကြိမ် အခေါက်ခေါက် ရောက်ဖူးခဲ့ပြီ။ စိတ်ဓာတ်နှင့်အသိဉဏ် ဖွံ့ဖြိုးရေးအတွက် တရားမျက်လုံးဓမ္မစက္ခုကို အကြိမ်ကြိမ် ပေးခဲ့လေသည်။ စိတ်ဓာတ်ရေးနှင့်ပညာရေး လိုအပ်ချက်အတွက် ဗုဒ္ဓတက္ကသိုလ် ၃-ခုကို တည်ထောင်ကာ ဓမ္မဒူတရဟန်းတော်များကို မွေးထုတ်ဖြန့်ချီလျှက် ရှိသည်။ ကျန်းမာရေး လိုအပ်ချက်အတွက် ဆရာဝန်လောင်းလျာ လူငယ်ကလေးများကို ပညာသင်စရိတ် ထောက်ပံ့ပြီး ဆရာဝန်ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့်လည်းကောင်း၊ သီတဂူဆေးရုံများ မြန်မာနိုင်ငံအနှံ့ တည်ဆောက်ပြီး တိုင်းသူပြည်သားတို့ကို ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးခြင်း ဖြင့်လည်းကောင်း၊ ကျန်းမာရေးလိုအပ်ချက်တို့ကို ဖြည့်စွက်ပေးလျှက်ရှိသည်။
မှတ်ချက်-
၁။ သီတဂူပညာသင်စရိတ်ဖြင့် ဆရာဝန်ပေါင်း (၁၃) ယောက် ဖြစ်သွားပြီးဖြစ်သည်။
၂။ သီတဂူပညာသင်စရိတ်ဖြင့် သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်ပေါင်း (၃၈) ယောက် ဖြစ်သွားပြီး ဖြစ်သည်။
၃။ သီတဂူကျန်းမာရေးစီမံချက်ဖြင့် အာရောဂျဒါန, စက္ခုဒါနဆေးရုံပေါင်း (၂၆) ရုံ တည်ဆောက် ခဲ့ပြီးဖြစ်သည်။

သီတဂူ Vision Volunteer အဖွဲ့သည် နိုင်ငံတော်၏ ကျန်းမာရေးလိုအပ်ချက်တစ်ခုကို ဖြည့်စွက်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် သီတဂူဆရာတော် ကိုယ်တိုင် ခေါင်းဆောင်ပြီး ရှမ်းပြည်နယ် ဗဟိုချက် (Central East) ခိုလန်ကုန်းမြေမြင့်သို့ ရောက်ရှိခဲ့သည်။ ထိုအဖွဲ့ကို ဆရာတော်ကိုယ်တိုင်ဦးဆောင်သည်။ ဆရာတော်၏ လက်ထောက် အဖြစ် အရှင်သေဋ္ဌိလ(Ph.D)နှင့် အရှင်ဓမ်္မိက(M.A)တို့က လိုက်ပါခဲ့သည်။ မျက်စိခွဲစိပ် အထူးကုဆရာဝန်ကြီးများအဖွဲ့တွင် အငြိမ်းစားပါမောက္ခ ဒေါက်တာဦးမြအောင်, အငြိမ်းစား ပါမောက္ခဆရာဝန်မကြီး ဒေါက်တာ ဒေါ်မြင့်ခိုင်နှင့် ဒေါက်တာ ဒေါ်ခင်အုန်းဟန်တို့ ပါဝင်ခဲ့သည်။ ထိုမျက်စိအထူးကုအဖွဲ့တွင် တောင်ကြီးမြို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်မိုးထွန်းနှင့် လွိုင်လင်ပြည်သူ့ဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ မြအေးတို့ လာရောက် ဆက်သွယ်ပူးပေါင်း ခွဲစိပ်ခဲ့ကြသည်။ ပြင်ပလူနာဌာနနှင့် ခွဲစိတ်ခန်းဆိုင်ရာ ၀န်ထမ်း ၁၀-ယောက်ပါဝင်သော ကျွမ်းကျင်ပညာရှင်နှင့် သူနာပြုအဖွဲ့ကို သီတဂူဆေးရုံတော် မျက်စိဌာန တာဝန်ခံ ဒေါက်တာမိမိခင်က ဦးဆောင်ခဲ့သည်။ သီတဂူအဖွဲ့ဝင်လူကြီး လေးယောက်တို့လည်း ပါဝင်ကြသည်။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၏ စီမံချက်ဖြင့် ကလောမြို့ စစ်ဦးစီးတက်္ကသိုလ်မှ နေဆွမ်းကပ်, နေ့လည်စာကျွေးပြီး လမ်းမှ ဧည့်ဝတ်ပြုသည်။ စစ်ကိုင်းတောင်ရိုးမှ နံနက် ၆း၃၀ ထွက်သော သီတဂူမျက်စိအထူးကုအဖွဲ့ ကားတန်းကြီးသည် လွိုင်လင်မြို့သို့ ညနေ ၄း၃၀ တွင် ရောက်ရှိခဲ့ကြသည်။ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှုးကြီး အောင်ဌေးနှင့် တပ်မတော်အရာရှိများက ကြိုဆိုပြီး တပ်မတော်အရာရှိရိပ်သာတွင် နေရာချထားပြီးနေရာယူကြသည်။ ခေတ္တမျှအနားယူကြပြီးနောက် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် အရေးပါအရာရောက်လှစွာသော သမိုင်းမှတ်တိုင်ပင်လုံကျောက်တိုင်သို့ ရောက်ကြသည်။ ပင်လုံကျောက်တိုင်မှာ တိုင်းရင်းသား ညီနောင်တို့ ဥမကွဲ သိုက်မပျက် ကမ်္ဘာဆုံးသည့်တိုင် လက်တွဲနေထိုင်သွားကြမည်ဟု စာချုပ်ချုပ်ဆိုရာ ညီညွတ်ရေးကျောက်တိုင်၌ ထိုစာချုပ်ကို လက်မှတ်ထိုးကြသော ခေါင်ဆောင်ကြီး ၂၃ ယောက်တို့အား သီတဂူက ပြုသမျှကုသိုလ်တို့ကို အမျှဝေပြီး ဆုတောင်းမေတ်္တာပို့ခဲ့ကြသည်။
 ထို မတ်လ ၁၇ ရက် ၂၀၁၄ ညတွင် ညီညွတ်ရေးကျောက်တိုင်နှင့် ညီညွတ်ရေး စေတီတော်ကြီး ရင်ပြင်၌ ညီညွတ်ရေး, ငြိမ်းချမ်းရေးနှင့် အတူလက်တွဲနေထိုင်ရေး ဟုသော တရား (ရုက္ခဓမ္မဇာတ်နှင့် နိဂြောဓဇာတ်) တို့ကို ဟောကြားခဲ့သည်။ လွိုင်လင်တပ်စခန်းမှာ တစ်ညအိပ်ပြီး ၂၀၁၄ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက်တွင် လွိုင်လင်မှထွက်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ခိုလန်ကုန်းမြင့် ဒေသသို့ ရောက်သည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ ခိုလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာမျိုးထက်နှင့် ခိုလန်ဆေးရုံအုပ်ကြီး ဒေါက်တာယုဝေတို့က စောင့်ကြိုကြသည်။ ဗရမ်းဗတာ မချမ်းမသာဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်သော ခိုလန်ရွာကလေးကို နိုင်ငံတော်အစိုးရက ခိုလန်မြို့အဖြစ် အဆင့်မြှင့်တည်ဆောက်ခဲ့သည်။ မကောင်းမှုတို့၏ စုဝေးရာ ခိုအောင်းရာ ခိုလန်ကုန်းမြင့် ကလေးကို တပ်မတော်ခေါင်းဆောင်တို့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟု သန့်ရှင်း သပ်ရပ်စွာ တည်ဆောက်ခဲ့သည်။ မိမိတို့တည်းခိုရသော နေရာမှာ စစ်ဌာနချုပ်အရာရှိရိပ်သာဟု ဆိုသော်လည်း တရားနှလုံးကျင့်သုံးဖို့ကောင်းသော တရားရိပ်သာနှင့် တူပေသည်။ ကားသံ, လူသံတို့ဖြင့် ဆူညံခြင်းမရှိဘဲ ငှက်သံ, ဂျီသံတို့ဖြင့် တောရရိပ်သာဟန်ပေါက်နေသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။ ပစ္စန္တရဌ်သဖွယ်ဖြစ်နေခဲ့ရတာ ကြာပြီဖြစ်သော ခိုလန်ရွာကလေးမှာ ကျိုင်းတောင်းရေတံခွန်မှ ထုတ်ယူရရှိသော မီးရောင်တို့ဖြင့် ထိန်ထိန်ညီးလျှက် တောင်ကြီးနှင့် တာချီလိတ်သွား ကားတို့ဖြတ်သန်းရာ, ဆိုက်ကပ်ရပ်နားရာ မြို့ကလေးတစ်ခု ဖြစ်နေပေသည်။ ကမ္မောဇဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေးတို့၏ ကောင်းမှုဖြစ်သော ကုတင် (၁၀၀) ဆေးရုံကြီးမှာလည်း အထွေထွေရောဂါကုအတွက် ခန့်ခန့် ညားညား, ထည်ထည်ဝါ၀ါ, ပြည့်ပြည့် စုံစုံ ရှိလေသည်။ စစ်ကိုင်းသီတဂူဆေးရုံမှ သယ်ဆောင်လာခဲ့သော မျက်စိခွဲစိပ်ခြင်းဆိုင်ရာ စက်ကိရိယာနှင့် ဆေးပစ်္စည်းတို့ကို ခိုလန်ဆေးရုံအုပ် ဒေါက်တာယုဝေ စီမံပေးသည့်အတိုင်း အခန်းအသီးသီးမှာ မတ်လ ၁၈ ရက် ၂၀၁၄ နေ့လည်ခင်းတွင် တပ်ဆင်လိုက်သည်။ တိုင်းမှူးဗိုလ်ချုပ်မင်းနောင် စီမံပေးသော လူနာပေါင်း (၂၁၅၁) ယောက်ထဲက ည ၉း၀၀ နာရီခန့်တွင် (၄၀၀)လောက် ကြည့်ရှုစစ်ဆေးပြီးဖြစ်သည်။ ခွဲစိပ်ရန် (၃၀) ကျော် ရွေးချယ်ရရှိသည်။ တစ်နေ့ (၆၀) နှုန်းဖြင့် (၅)ရက်ခွဲမည်။
အရှေ့အလယ်ပိုင်းဒေသ တိုင်းရင်းသား ညီအကိုမောင်နှမပေါင်း (၃၀၀) မျက်စိမြင်ရမည်ဟု စီမံချက်ကို ချမှတ်လိုက်သည်။ ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းဒေသမှ ရှမ်း, ပအို့, ပဒေါင်, ပလောင်, မြောင်စီး, လီဆူး, ကိုးကန့်, ၀, တရုတ်, ဗမာ လူမျိုးပေါင်းစုံတို့ ကမ္ဗောဇဆေးရုံ သီတဂူအရိပ်ကို ခိုလှုံ စုစည်းမိကြသည်။ တိုင်းရင်းသားပေါင်း (၁၀၀၀) ကျော်ပါဝင်သည်။ သီတဂူအဖွဲ့က မျက်စိကို အထူးစူးစိုက် ကြည့်ရှုစစ်ဆေးပါသည်။ ကမ္ဗောဇဆေးရုံအဖွဲ့က သွေးတိုး, ဆီးချို, နှလုံး, ကျောက်ကပ် , အသည်း, အိပ်ခ်ျအိုင်ဗွီ, အေအိုင်ဒီအက်စ် တို့ကို အသေးစိပ် စစ်ဆေးပေးပါသည်။

အတွင်းတိမ် , ရေတိမ် စွဲကပ်သည်မှာ နှစ်ပေါင်းကြာညောင်းကာ အချိန်လွန်၍ ခွဲစိတ်ကုသ မရနိုင် တော့သည့် လူနာပေါင်းများစွာ ပြန်လွှတ်လိုက်ရပါသည်။ အားလုံး စိတ်မကောင်းကြပါ။ ရေတိမ်နှင့် သွေးတိုးအလွန်တက်သဖြင့် မျက်ကြည်လွှာပေါက်သည့် လူနာများ ပြန်လွှတ်လိုက်ရ သည်လည်း ရှိပါသည်။ အဆုပ်ရောဂါ, အသည်းရောဂါ, နှလုံးရောဂါ, သွေးတိုးရောဂါ, လွန်ကဲစွာ ဖြစ်နေခြင်းကြောင့် မျက်စိခွဲမရသည့် လူနာများလည်း ရှိပါသည်။ ““သဗ္ဗောလောကော ဦနော”” တစ်လောကလုံးမှာ လိုနေသည်ဟူသော ဒေသနာတော်သည် ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်း ဒေသတွင်လည်း တစ်ထပ်တည်းပင် ဖြစ်ပါသည်။ တိုင်းမှူး, မြို့နယ်အုပ်ချုပ်ရေးမှူး, ကမ္ဗောဇဆေးရုံအဖွဲ့, သီတဂူအဖွဲ့ လေးဦးလေးရပ်တို့ စုပေါင်း၍ လေးချောင်းထောက်သဖွယ် ၁၈-ရက်မှ ၂၃-ရက် နေ့အထိ (၆) ရက်တိုင် ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့ကြသည်။ အကျိုးကျေးဇူးမှာ လူနာပေါင်း ၂၁၅၁ ယောက်တို့ကို မှတ်ပုံတင်စာရင်း ပြုစုနိုင်ခဲ့သည်။ အပြင်လူနာအဖြစ် စမ်းသပ်စစ်ဆေး ကုသပေးလိုက်သော လူနာပေါင်းမှာ ၂၀၉၃ ယောက် ရှိသည်။ ခွဲစိပ်ခန်းတွင်းသွင်းပြီး ခွဲစိပ်ကုသခြင်းဖြင့် မျက်စိနှစ်ကွင်း အလင်းရသူပေါင်းမှာ ၂၃၇ဩယောက် ရှိပါသည်။ ကျယ်ပြန့်လှစွာသော လိုကွက်, ဟာကွက်ကြီးတစ်ခုမှာ ကွက်လပ်လေးတစ်ခုကို သီတဂူက ဖြည့်စွက်လိုက်နိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ကုသိုလ်ဝေစုကို အားလုံးဝေငှယူဖို့ သတင်းစကားပါးအပ် ပါသည်။

အများစုသောလူတို့၏ သဘာဝမှာ အလုပ်တစ်ခုသည် ကောင်းလည်းမကောင်း, အကျိုးလည်းမရှိ, သို့သော် လွယ်ကူ၏။ ထိုအလုပ်မျိုးကို လုပ်တတ်ကြသည်။

လူအနည်းစုတို့သည် အကျိုးရှိ၏၊ ကောင်း၏၊ လုပ်ဖို့ရန်ခက်၏၊ ထိုအလုပ်မျိုးကို လုပ်တတ်ကြ၏။
ကျွန်ုပ်တို့သည် ထိုလူနည်းစုကို လူအများစုဖြစ်အောင် ကြိုးပမ်းရမည်။ အလွယ် ကြိုက်သော လူအများစုကိုမူကား လူအနည်းစုဖြစ်အောင် ကြိုးပမ်းရမည်။

မိမိ၏အချိန်ကို သူတပါးတို့အတွက် ပေးနိုင်ရမည်။ မိမိ၏သက်သာမှုကို စွန့်လွှတ်ပြီး သူတပါးတို့အား ထိုသက်သာမှုကို ပေးနိုင်ရမည်။ မိမိ၏ ကာယသုခကို ၀န်မတိုရ။ ကာယ မစ္ဆရိယကင်းသော ၀ီရဓာတ်နှင့်ပြည့်စုံသော သူသည် သူတပါးတို့၏အကျိုးကို ဆောင်ရွက်နိုင်၏။ ဤခိုလန်ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းခရီး၌ နာဂတောင်တန်း ခရီးလောက် အခက်အခဲမရှိပေ။ နာဂတောင်တန်းဒေသ၌ တစ်တောင်ခြားလျှင် ဘာသာစကားတစ်မျိုး ခြားနားသောအဖြစ်နှင့် ကြုံတွေ့ခဲ့ရသည်။ ရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းမှာမူကား ၀တ်စားဆင်ယင်ပုံ တစ်မျိုးလျှင် ဘာသာစကားတစ်မျိုး ပြောရတော့မည်ဟု စိတ်ထဲတွင်တွေး၍ ငေးမိပါသည်။ ပအို့ဘာသာပြန်, ပလောင်ဘာသာပြန်, ၀ ဘာသာပြန်, လီဆူးဘာသာပြန်, ရှမ်းဘာသာပြန်, မြောင်စီး ဘာသာပြန်, ပဒေါင်ဘာသာပြန်, ကိုးကန့် ဘာသာပြန်ဟူ၍ ဘာသာပြန် (၇)ယောက်နှင့် အလုပ်လုပ်ရပါသည်။ ဆက်သွယ်ရေး လိုကွက်အမျိုးမျိုးကြောင့် ရင်းနှီးမှုမရကြ။ အနီးကလေးမှာပင် အဝေးကြီးဖြစ်ကာ ကျောခြင်းကပ် လမ်းလျှောက် နေကြရသည့် အဖြစ်မျိုးကို မြင်ရသည်မှာ ၀မ်နည်းဖွယ်ရာ ကောင်းလှပေသည်။

မွေးရာပါမျက်စိနှစ်လုံး မမြင်သည့် ၁၀-နှစ် ၁၂-နှစ်အရွယ် ကလေးငယ် ၅-ယောက်ခန့် ရောက်လာကြသည်။ အချို့မှာ မျက်စိသူငယ်အိမ်ကို ပါမလာကြသဖြင့် အလင်းရအောင် မကုသနိုင်တော့ပေ။ အချို့မှာ မျက်စိသူငယ်အိမ် ကြုံ့သွားသည်မှာ ဇီးသီးချောက်သဖွယ် ဖြစ်နေသဖြင့် ကုမရနိုင်ခဲ့ပေ။ အချို့မှာ မျက်ကြည်လွှာ ပေါက်သွားခဲ့လေပြီ။ ဤကလေးငယ်တို့၏ ဘ၀အမြင် ဟာကွက် လိုကွက်တို့ကို ကျွန်ုပ်တို့ ဖြည့်စွက်ခြင်းငှာ မတတ်နိုင်ခဲ့။ သို့အတွက် သူတို့လေးများ၏ ဒုက္ခကို တွေးယူခံစားရင်း စိတ်နှလုံး ပင်ပန်းစွာဖြင့် ဤကလေးတို့ နောင်တစ်ဖန် ဤဘ၀မျိုး မကြုံကြရပါစေနှင့်ဟု ကရုဏာပို့ရုံမျှသာ ကုသိုလ်ပြု ခဲ့ရပါသည်။ မွေးရာပါ နှစ်ဖက်မမြင်သော ကလေးနှစ်ယောက်ကို မေ့ဆေးပေးပြီး တစ်ချိန်တည်းမှာပင် မေ့ဆေး စွမ်းရည်မကုန်ခမ်းမီ ကာလအတွင်း တစ်လုံးပြီးတစ်လုံး ခွဲစိပ်ကုသပေးနိုင်ခဲ့သဖြင့် ရှမ်းနှင့် ပလောင် သမီးငယ်နှစ်ယောက်တို့ အတော်အသင့် မြင်သွားကြပြီ။ လွန်ကဲသော ၀မ်းသာပီတိကြောင့် ဆရာဝန်, ဆရာမ, သူနာပြုများအားလုံး မျက်ရည်ဝဲခဲ့ကြရသည်။ သို့သော် ၀မ်းနည်းမှုတစ်မျိုးကို အံကြိတ်၍ ထိန်းခဲ့ရသည်မှာ သူတို့၏ အသက်နှင့်အမျှ (၁၀-နှစ် ၁၂-နှစ်ခန့်) မမြင်ခဲ့ရဖူးသော ဤလောကကြီးကို ဘာတွေပဲပြောပြပြ ဘာမှန်းမသိသည်မှာ ၀မ်းနည်းဖွယ်ကောင်းလှသော အချက်ဖြစ်ပေသည်။ ဤသည်ကား အဖေ, ဤသည်ကား အမေဟူ၍ အသံသာကြားဖူးခဲ့သော်လည်း ရုပ်အဆင်းကို ယခုမှမြင်ရသည်။ ဟုတ်မှ ဟုတ်ရဲ့လား၊ ဘယ်လိုလူတွေလဲဟု တွေးငေးနေသော ကလေး၏ မျက်နှာမှာ စူးစမ်းလိုစိတ်တို့ဖြင့် ကြည်လင်ဝင်းပ နေသော်လည်း ကျွန်ုပ်တို့သီတဂူအဖွဲ့နှင့် ကမ္ဗောဇဆေးရုံ အဖွဲ့တို့၏ မျက်နှာများမှာ ကြည်လင်နိုင်ခြင်း မရှိပေ။ သူတို့လေးတွေမှာ ပျက်နေသည့် မှတ်ဥာဏ်ကို ဘယ်လိုနည်းနှင့် ပြန်လည်ဖြည့်စွက် ပေးနိုင်အံ့နည်းဟု တွေးငေး၍ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ရပါသည်။
ဆရာဦးမြအောင် ပြောပါသည်။ “ဆရာတော် Physical Eye အသားမျက်လုံးကတော့ ကောင်းသွားပါပြီ၊ သို့သော် The Eye of Memory ကိုတော့ တစ်နှစ် နှစ်နှစ်ခန့် လေ့ကျင့်ရပါဦးမည်။ အဲဒီလောက် လေ့ကျင့်မှ လူ, ကျွဲ, နွား, ခွေး , ကြောင်, ကြက် စသည့် အမည်နှင့် ပုံသဏ္ဍာန်၊ အစိမ်း, အနီ, အ၀ါ, အပြာ အရောင်နှင့် အရိပ်တို့ကို နားလည် လာပါလိမ်မည်” ဟု လျှောက်ထားပါသည်။ ဆရာကြီး ဦးမြအောင်ပြောတော့မှ သြော်- Eye Operation တစ်ခုတည်းနှင့် ကိစ္စမပြီး Operation များစွာလုပ်မှ အလုံးစုံ ပြီးမည်။ လိုအပ်ချက်မှာ အလွန်ကြီးပေစွတကားဟု သံဝေဂပွားလျှက်, မဖြည့် မစွက်နိုင်သော လိုကွက် ဟာကွက်ပေါင်း များစွာအတွက် မဆုံးနိုင်သော အတွေးအမျှင်တန်းကြီးဖြင့် စဉ်းစား တွေးတောရင်း, “ပရေသံ ဟိတ မိစ္ဆေယျံ”” ဟုသာဆုတောင်းမိပါသည်။

ဤရှမ်းကုန်းမြေမြင့် အရှေ့အလယ်ပိုင်းခရီး၌ ဓမ္မ Operation အနေအားဖြင့် ဩ
၁။ ပင်လုံ၌ ငြိမ်းချမ်းရေး, ညီညွတ်ရေး, အတူလက်တွဲနေထိုင်ရေး တရားတော်
၂။ ခိုလန်မြို့၌ လူတို့၏ စရိုက်လက်္ခဏာကောင်းများသည် လူ့ဘ၀၏ တန်ဘိုးနှင့် တန်ခိုးတရားတော်
၃။ ကျိုင်းတောင်းမြို့တွင် မေတ္တာတရားတော်
၎။ မိုးနဲမြို့တွင် အပ္ပမာဒတရားတော်
၅။ လဲချားမြို့တွင် အဆင်သင့်ပြင်ထား တရားတော်
၆။ ကွန်ဟိန်းမြို့တွင် လူသားတို့၏ ဘ၀တန်ဘိုး တရားတော် တို့ကို ဟောကြားခြင်းဖြင့် စာရိတ်္တ, စိတ်ဓာတ်, အသိဉဏ် တို့ကို ခွဲခြမ်း စိပ်ဖြာသည့် ဓမ္မဒါန (Dhamma Operation) ကောင်းမှုကို ကောင်းစွာ ပြုလုပ်ခဲ့ပါသည်။

မတ်လ ၂၄-ရက်, ၂၀၁၄ နေ့တွင် ခိုလန်ကုန်းမြင့်ရိပ်သာ၌ အနားယူလျှက် ဤစာတန်းကို ရေးသားပါသည်။ ၂၅-ရက် နံနက် ၇း၀၀ နာရီတွင် ခိုလန်မြို့မှ နမ့်ပန်မြစ်, သံလွင်မြစ်နှင့် နမ့်ဆင်မြစ်တို့ကို ဖြတ်သန်းပြီး ကျိုင်းတုံနှင့် တာချီလိတ်နယ်ခြားဒေသသို့ ဓမ္မခရီးတစ်ခုကို ဆက်လက်၍ခရီးထွက်ခဲ့ပါသည်။

သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉဏိဿရ
(ခေတ္တ-အရှေ့အလယ်ပိုင်း ရှမ်းကုန်းမြေမြင့်)
ခိုလန်
(၂၄၊၃၊ ၂၀၁၄)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၃-၂၀၁၄
www.thesitagu.org

25 March 2014

သီတဂူ၏ ခိုလန် (ရှမ်းတောင်) နောက်ဆုံး ကုသမှု အခြေအနေ

သီတဂူ၏ ခိုလန် (ရှမ်းတောင်) နောက်ဆုံး ကုသမှု အခြေအနေ

ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ သီတဂူမျက်စိအထူးကုအဖွဲ့၏ ၅ ရက်မြောက်နေ့ ၁၈-၃-၂၀၁၄ရက်မှ ၂၂-၃-၂၀၁၄ရက်နေ့အထိ ရပ်ဝေး ရပ်နီးမှ ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသော မျက်စိဝေဒနာရှင်ပေါင်း (၁၅၅၅)ယောက်ကို စမ်းသပ်စစ်ဆေးခဲ့သည်။ ထိုအထဲမှ (၂၃၄)ယောက်ကို ခွဲစိပ်ပေးပြီး မျက်စိအလင်း အလှူများ ပြုခဲ့ပါသည်။

သီတဂူ မျက်စိအထူးကုအဖွဲ့တွင် မျက်စိအထူးကု ဆရာဝန်ကြီးများ
၁။ ပရော်ဖက်ဆာ ဒေါက်တာ ဦးမြအောင်(ငြိမ်း)၊ ၂။ ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မြင့်ခိုင်(ငြိမ်း)၊ ၃။ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ ၄။ ဒေါက်တာ ဒေါ်ခင်အေးသီ၊ ၅။ သူနာပြုဆရာမကြီး ဒေါ်ခင်ကြူ၊ ၆။ လွိုင်လင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအေး၊ ၇။ ဒေါက်တာသော်တာဝင်း၊ ၈။ တောင်ကြီးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး အောင်မိုးထွန်း၊ ၉။ သီတဂူအာယုဒါနဆေးရုံတော်မှ ဒုဆေးရုံအုပ် ဒေါက်တာဒေါ်မိမိခင်နှင့် သီတဂူ အထူးသူနာပြု(၁၀)ဦး တို့က ပါဝင်လုပ်အားဒါနပြုခဲ့ပါသည်။

လိုက်ပါသွားသော သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများ
သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများဖြစ်ကြသော ၁။ ဦးတင်အေး(အတွင်းရေးမှူး(၂))၊ ၂။ ဦးမြင့်အောင်(အတွင်းရေးမှူး(၃))၊ ၃။ ဦးသန်းလွင်(ဘဏ္ဍာရေးမှူး)၊ ၄။ ဦးအောင်သောင်း (ထရန်စဖော်မာ)။

သီတဂူရဲ့ ကျေးဇူးတင်စကား
သီတဂူမျက်စိအထူးကုအဖွဲ့တွင် ပါဝင်ကြသော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများနှင့် သီတဂူမျက်စိအထူးကုအဖွဲ့ကို စားဝတ်နေရေးအတွက် အစစအရာရာလိုလေသေးမရှိ ဆောင်ရွက်ပေးပါသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နှင့် ဇနီး၊ အရာရှိ၊ အရာခံ အကြပ်တပ်သားများ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။

ဆေးရုံကုသရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ခိုလန်မြို့၊ ကုတင်(၁၀၀)ဆံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးယုဝေနှင့် အထူးကုဆရာဝန်များ၊ သူနာပြု ဆရာ/ဆရာမများ၊ ခိုလန်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်ဒေသရှိ အဖွဲ့အစည်း များကလည်း ပါဝင်လုပ်အားဒါနပြုခဲ့သည်ကို သီတဂူမျက်စိအထူးကု အဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။

ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်း၊ မျက်စိအထူးကုအစီအစဉ်မှာ မွေးရာပါ မျက်စိနှစ်ကွင်း အလင်းမရရှာကြသည်ကို ပရော်ဖက်ဆာဒေါက်တာ ဦးမြအောင် (ငြိမ်း)၏ လမ်းညွှန်ချက်ဖြင့် သီတဂူအဖွဲ့က ခွဲစိပ်ကုသရာ ကလေးငယ်(၂)ဦး မအီနေနှင့် မသဇင်ထွန်း မျက်စိနှစ်ကွင်း အလင်းရရှိသွားခဲ့ကြလေသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၄
www.thesitagu.org

24 March 2014

သီတဂူ ကျန်းမာရေးနှင့် ပညာရေးအလှူတော်

သီတဂူ ကျန်းမာရေးနှင့် ပညာရေးအလှူတော်
-------------
 ပညာရေးအလှူတော်
၂၃-၃-၂၀၁၄ နေ့က ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ အမှတ် (၂၃) အခြေခံပညာ မူလတန်းကျောင်းဆောင်သစ်ကို ကျပ်သိန်းပေါင်း ၂၅၀ အကုန်ကျခံ၍ ဆောက်လုပ် လှူဒါန်းခြင်းအခမ်းအနားကို ပြုလုပ်ခဲ့သည်။

ကျန်းမာရေးအလှူတော်

ထိုနေ့မနက် အခမ်းအနားမှာပဲ ခိုလန်မြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော ဆေးရုံးသုံး ပစ္စည်းများကိုလည်း လှူဒါန်းခဲ့သည်။

မြို့နယ်ပညာရေးမှူး၊ တပ်ခွဲမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ၀မ်းသာစကား၊ ကျေးဇူးတင်စကားများ ပြောကြသည်။

ထို့နောက် ကျောင်းအလှူရှင်များဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ဝင် လူကြီးမင်း အလှူရှင်များအား တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

အစီအစဉ်အားလုံးအပြီးမှာ သီတဂူဆရာတော်ကြီးက အလှူရှင်များ၊ ဒေသခံပြည်သူများ၊ အစိုးရလူကြီးမင်းများအား ပညာတန်ဖိုးအကြောင်း ဟောကြားခဲ့သည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၃-၂၀၁၄
www.thesitagu.org

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes