
Tuesday, March 25, 2014

sitagustar
No comments
သီတဂူ၏ ခိုလန် (ရှမ်းတောင်) နောက်ဆုံး ကုသမှု အခြေအနေ
ရှမ်းပြည်တောင်ပိုင်း၊
ခိုလန်မြို့၊ သီတဂူမျက်စိအထူးကုအဖွဲ့၏ ၅ ရက်မြောက်နေ့ ၁၈-၃-၂၀၁၄ရက်မှ
၂၂-၃-၂၀၁၄ရက်နေ့အထိ ရပ်ဝေး ရပ်နီးမှ ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသော
မျက်စိဝေဒနာရှင်ပေါင်း (၁၅၅၅)ယောက်ကို စမ်းသပ်စစ်ဆေးခဲ့သည်။ ထိုအထဲမှ (၂၃၄)ယောက်ကို
ခွဲစိပ်ပေးပြီး မျက်စိအလင်း အလှူများ ပြုခဲ့ပါသည်။
သီတဂူ မျက်စိအထူးကုအဖွဲ့တွင်
မျက်စိအထူးကု ဆရာဝန်ကြီးများ
၁။ ပရော်ဖက်ဆာ ဒေါက်တာ ဦးမြအောင်(ငြိမ်း)၊ ၂။
ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မြင့်ခိုင်(ငြိမ်း)၊ ၃။ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ ၄။ ဒေါက်တာ
ဒေါ်ခင်အေးသီ၊ ၅။ သူနာပြုဆရာမကြီး ဒေါ်ခင်ကြူ၊ ၆။ လွိုင်လင်မြို့မှ မျက်စိအထူးကု
ဆရာဝန်ကြီး ဒေါက်တာမြအေး၊ ၇။ ဒေါက်တာသော်တာဝင်း၊ ၈။ တောင်ကြီးမြို့မှ
မျက်စိအထူးကုဆရာဝန်ကြီး အောင်မိုးထွန်း၊ ၉။ သီတဂူအာယုဒါနဆေးရုံတော်မှ ဒုဆေးရုံအုပ်
ဒေါက်တာဒေါ်မိမိခင်နှင့် သီတဂူ အထူးသူနာပြု(၁၀)ဦး တို့က
ပါဝင်လုပ်အားဒါနပြုခဲ့ပါသည်။
လိုက်ပါသွားသော သီတဂူသာသနာပြု အဖွဲ့ဝင်
လူကြီးများ
သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများဖြစ်ကြသော ၁။
ဦးတင်အေး(အတွင်းရေးမှူး(၂))၊ ၂။ ဦးမြင့်အောင်(အတွင်းရေးမှူး(၃))၊ ၃။
ဦးသန်းလွင်(ဘဏ္ဍာရေးမှူး)၊ ၄။ ဦးအောင်သောင်း (ထရန်စဖော်မာ)။
သီတဂူရဲ့
ကျေးဇူးတင်စကား
သီတဂူမျက်စိအထူးကုအဖွဲ့တွင် ပါဝင်ကြသော အထူးကုဆရာဝန်ကြီးများ၊
သူနာပြုများ၊ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများနှင့် သီတဂူမျက်စိအထူးကုအဖွဲ့ကို
စားဝတ်နေရေးအတွက် အစစအရာရာလိုလေသေးမရှိ ဆောင်ရွက်ပေးပါသော
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နှင့် ဇနီး၊
အရာရှိ၊ အရာခံ အကြပ်တပ်သားများ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က လှိုက်လှိုက်လှဲလှဲ
ကျေးဇူးအထူးတင်ရှိပါသည်။
ဆေးရုံကုသရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း
ခိုလန်မြို့၊ ကုတင်(၁၀၀)ဆံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးယုဝေနှင့်
အထူးကုဆရာဝန်များ၊ သူနာပြု ဆရာ/ဆရာမများ၊ ခိုလန်မြို့၊
အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်ဒေသရှိ အဖွဲ့အစည်း များကလည်း
ပါဝင်လုပ်အားဒါနပြုခဲ့သည်ကို သီတဂူမျက်စိအထူးကု အဖွဲ့က လှိုက်လှိုက်လှဲလှဲ
ကျေးဇူးအထူးတင်ရှိပါသည်။
ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်း၊ မျက်စိအထူးကုအစီအစဉ်မှာ
မွေးရာပါ မျက်စိနှစ်ကွင်း အလင်းမရရှာကြသည်ကို ပရော်ဖက်ဆာဒေါက်တာ ဦးမြအောင်
(ငြိမ်း)၏ လမ်းညွှန်ချက်ဖြင့် သီတဂူအဖွဲ့က ခွဲစိပ်ကုသရာ ကလေးငယ်(၂)ဦး မအီနေနှင့်
မသဇင်ထွန်း မျက်စိနှစ်ကွင်း အလင်းရရှိသွားခဲ့ကြလေသည်။
သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၄
www.thesitagu.org
Posted in: သီတဂူဆေးရုံများ
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment