သီတဂူစတား

သီတဂူစတား

22 February 2015

သီတဂူဆရာတော်ကြီး၏ တပ်မတော်သားများအတွက် အလှူနှင့် သီတဂူရောက် သမ္မတကြီး

သီတဂူဆရာတော်ကြီး၏ တပ်မတော်သားများအတွက် အလှူနှင့် သီတဂူရောက် သမ္မတကြီး

၂၂-၂-၂၀၁၅နေ့ နေ့လည်ပိုင်း၌ သီတဂူဆရာတော်ကြီးက တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ကြသည့် တပ်မတော်သားမိသားစုများအား သိန်း(၃၀၀) လှူဒါန်းရာ ဗိုလ်ချုပ်ကြီး လှဌေးဝင်း လက်ခံယူသည်။

ထို့ပြင် သီတဂူတပည့်ဒကာ ဒကာများကလည်း ဆရာတော်ကြီးနှင့်အတူ လှူဒါန်းကြရာ--
၁။ ဦးမျိုးဇော်ထွန်း+ဒေါ်ဝတ်ရည်ထွေ (ကံ့ကော်မြိုင်ကုမ္ပဏီ မိသားစု) ရန်ကုန်က ကျပ်သိန်း (၅၀)

၂။ ဦးစိုးပိုင်+ဒေါ်မြတ်ဆွေ (ပိုင်ကုမ္ပဏီမိသားစု) ရန်ကုန်က ကျပ်သိန်း (၅၀) လှူဒါန်းကြသည်။

ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်သည် စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ရောက်ရှိလာရာ စစ်ကိုင်းမြို့ သမိုင်းဝင်ထူးပါရုံစေတီတော်ကြီး၏ ငှက်မြက်နှားတော်၊ စိန်ဖူးတော်ကို ဖူးမျှော်သည်။ သီတဂူဆရာတော်ကြီးက သမ္မတကြီးအား ယွန်းရွှေရုပ်ပွားဆင်းတုတော်တစ်ဆူ ပေးလှူသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ဓာတ်ပုံသတင်း- ဘုန်းကြီးဦးကောဝိဒ (သီတဂူ မိုးကုတ်ဆရာတော်)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၂-၂၀၁၅

သီတဂူစတား ပုသိမ် သီတဂူရေအလှူတော် တရားပွဲ

ပုသိမ် သီတဂူရေအလှူတော် တရားပွဲ
---------------------

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ၂၃-၂-၂၀၁၅ ကစပြီး ညစဉ် (၃)ရက်တိုင်တိုင် သီတဂူရေအလှူတော် အထူး ဓမ္မသဘင် ကျင်းပမည်။

ပထမဆုံးရက် (၂၃-၂-၂၀၁၅) တနင်္လာနေ့ညတွင် ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဟောကြားမည်။

ဒုတိယရက်- ဒေါက်တာ အရှင်သုတာစာရာလင်္ကာရ

တတိယ၊ နောက်ဆုံးရက်တွင် သီတဂူဆရာတော်ကြီး

သီတဂူဆရာတော်ကြီးသည် (၂၂-၂-၂၀၁၅)ရက်နေ့တွင် ကျိုက်လက်၊ (၂၃-၂-၂၀၁၅)နေ့တွင် ဖျာပုံမြို၊ (၂၄-၂-၂၀၁၅)နေ့တွင် ဘိုကလေးမြို့၊ (၂၅-၂-၂၀၁၅)နေ့တွင် ပုသိမ်မြို့ များတွင် တရားချီးမြှင့်မည် ဖြစ်သည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၂-၂-၂၀၁၅

21 February 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အောင်စာရင်းများ ထုတ်ပြန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အောင်စာရင်းများ ထုတ်ပြန်

၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) က ကျင်းပပြုလုပ်အပ်သော နောက်ဆုံး စာမေးပွဲများ၏ အောင်စာရင်းကို ဒီကနေ့ (၂၁-၂-၂၀၁၅) ရက်စွဲဖြင့် ထုတ်ပြန်သည်။

(က) ဘီအေတန်းများ
(ခ) ဒီပလိုမာတန်းများ
(ဂ) Fundamental Buddhism အတန်းများ

အတန်းအားလုံး၏ အမှတ်စာရင်းများကို ဘီအေတန်းအတွက် အထူးမှတ်ချက် သတင်းနှင့်အတူ ထုတ်ပြန်လိုက်သည်။

သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၂-၂၀၁၅

19 February 2015

ဒေါက်တာအရှင်ဉာဏိဿရ မြတ်ဆရာအား ဂုဏ်ပြု

ဒေါက်တာအရှင်ဉာဏိဿရ မြတ်ဆရာအား
ဂုဏ်ပြု
(အရှင်စန္ဒရံသီ ရေးသားပူဇော်သည်)

----------------------------------------------

(က)
အသံနှင့်ဟန် - ဉာဏ်နှင့်ကံတို့
လျှင်မြန်ကျော်ကြား - လူသိများလျက်
အကြံအားကောင်း - ဉာဏ်အားကောင်းနှင့်
စိတ်ကောင်း ကြည်ဖြူ - နှလုံးဖြူလျှက်
ပြည်သူ့အတွက် - ရှေ့ကတက်၍ု
အသက်ကိုပေး - စွမ်းအားနွှေးလို့
ဆိုရေးဟောပြ - နှလုံးလှဖြင့်
လမ်းပြရှေ့ဆောင် - အကျိုးဆောင်လျှက်
အိုတောင်မှတည့် - စွမ်းအားရှိကာ
သတိလည်းမြဲ - အသိကဲ၍
ထဲထဲဝင်ဝင် - ဟောပြသင်မို့
မြတ်ရှင်သည်သာ - ဒို့ဆရာတည်း
မြန်မာမက - ကမ္ဘာကျအောင်
လှလှလည်းရေး - ဖွေးဖွေးလည်းလက်
ရောင်စုံထွက်အောင် - သူစွမ်းဆောင်သား
အောင်သူအစစ် - ပြည်ချစ်ဆရာ
ပီသပါသည် -ဆရာမည်သော ဒို့ဆရာပါတကား------

(ခ)
မြတ်ဆရာသည် - ကမ္ဘာတည်သရွေ့
ဘာသာဓလေ့ကို - ချမ်းမြေ့ကြည်သာ
သာထက်သာအောင် - အကျိုးဆောင်လျှက်
ဦတည်မပျက် - ရှေ့သို့တက်၍
ဆက်လက်ကြည်သာ - များချမ်းသာအောင်
သေချာဆောင်ရွက်နိုင်ပါစေသတည်း ။ ။

(အရှင်စန္ဒရံသီ ရေးသားပူဇော်သည်။
19-2-2015)

=====================================

ဒေါက်တာ အရှင်ဉာဏိဿရ ဆရာတော်အား
ဂုဏ်ပြု

------------------------------
နှလုံးသားက နူးညံ့ သန့်ပြန့်တဲ့ စိတ်ထား
စွမ်းအားတွေက ရှင်သန် လျင်မြန်တဲ့ ဆောင်ရွက်ချက်
သူ့အတွက်မဟုတ် အများအတွက် အလုပ်လုပ်
ရွှေနှုတ်တော် ခွန်းချွေ အပန်းမပြေခင်
ရှေ့တစ်လှမ်း လုပ်ငန်းတွေကစုံ ဂုဏ်တွေကပြည့်
လူသိထင်ရှား ကမ္ဘာတစ်ခွင်ကျော်ကြား
အားတယ်ကို မရှိ ပါရမီ့ရှင်မဟာ ကမ္ဘာကအလေးထား
ဘုရားလောင်းပမာ ထင်ရှား ဒို့မြန်မာ ဆရာတော်ဘုရား။ ။

(အရှင်စန္ဒရံသီ ရေးသားပူဇော်သည်။
18-2-2015)

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၂-၂၀၁၅
www.thesitagu.org
www.sitagustar2020.net

16 February 2015

နိုင်ငံတော်အစိုးရသို့ မေတ္တာရပ်ခံခြင်း

နိုင်ငံတော်အစိုးရသို့ မေတ္တာရပ်ခံခြင်း
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ ၁၆.၂.၂၀၁၅(တနင်္လာ)နေ့

 
၁။ နိုင်ငံ့ရင်သွေး ကျောင်းသား၊ ကျောင်းသူကလေးများ၏ ခေတ်မီပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်အစိုးရက အကောင်းဆုံးနှင့် အပြည့်စုံဆုံး ဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါရန် ဆရာတော်မေတ္တာရပ်ခံပါသည်။

၂။ ကျောင်းသား ကျောင်းသူကလေးများသည် နိုင်ငံတော်၏ သားငယ် သမီးငယ်များ ဖြစ်ကြပါသည်။ နိုင်ငံတော်၏ သားသမီးများသည်လည်း နိုင်ငံတော် အစိုးရ၏ သားသမီးများပင်ဖြစ်ကြပါသည်။ မိဘသည် သားသမီးတို့အပေါ်မှာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် သူတို့၏ဘ၀ကို ချီးမြှောက်ရိုးထုံးစံရှိပါသည်။ သို့ဖြစ်ခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ မိဘသဖွယ်ဖြစ်သော နိုင်ငံတော်အစိုးရသည် မိမိ၏သားသမီး ကျောင်းသား ကျောင်းသူများအပေါ် သည်းခံခွင့်လွှတ်၍ သူတို့၏တောင်းဆိုချက်များကို အကောင်းဆုံး လိုက်လျော ပေးပါရန် မေတ္တာရပ်ခံပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”

သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ (Ph.D., D.Litt.)
အဂ္ဂမဟာပဏ္ဍိတ၊ တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်
www.thesitagu.org

15 February 2015

သပိတ်စခန်းများဆီသို့ ရောက်ခဲ့သည်

သပိတ်စခန်းများဆီသို့ ရောက်ခဲ့သည်
--------------------------------
ဆရာတော်ကြီး၏ မေတ္တာရပ်ခံစာများကို ပဲခူးမြို့နှင့် အုပ်ဖိုဖြို့ရှိ ကျောင်းသား သပိတ်စခန်းများစီသို့ အရောက်သွားပေးပို့ခဲ့ပါသည်။ စာရေးသူရယ်၊ အရှင်ဝိသုတနှင့် ကပ္ပိယ သီတဂူ ကိုနိုင်အေးရယ် အတူသွားကြသည်။

ကျောင်းသား ကျောင်းသူများကို တလေးတစား အသိမှတ်ပြုတဲ့ သဘော၊ ဂုဏ်ပြုတဲ့သဘောနဲ့ စာများကို ကျောင်းသားခေါင်းဆောင်တွေဆီ အရောက်ပို့ပေးခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် အလွန်မေတ္တာကြီးသလို အမျှော်အမြင်လည်း ကြီးပါသည်။ တကယ်ဆိုရင် “ကိုယ့်သွေးသားရင်းများ မဟုတ်သလို ကိုယ်နဲ့လည်း ဘာမှ မဆိုင်၊ ကိုယ့်အကျိုးအတွက်လည်း ဘာမှမဟုတ်”ဟု ကြောင်းကျမဲ့စွာ၊ မျက်နှာလွဲခဲပစ် နေလိုက နေနိုင်သည်။ သို့သော် ဆရာတော်ကြီးသည် ကိုယ့်သား ကိုယ့်သမီး ကိုယ့်မြေးများ အရွယ်လောက်ရှိသေးသည့် ကျောင်းသား ကျောင်းသူများကို မေတ္တာ ကရုဏာထားတော်မူသည်။ တလေးတစား အသိမှတ်ပြု ပြောဆိုသည်၊ လမ်းညွှန်သည်။ အောင်မြင်မှုအတွက်လည်း ဂုဏ်ပြုပေးသည်။

ထို့ပြင် ကျောင်းသားများအတွက် ဖြစ်ပေါ်လာမည့်အရေးများစွာကို စိုးရိမ်တော်မူသည်။ အနာဂတ်မြန်မာအတွက် သားကောင်း သမီးရတနာများ အဖြစ် မြင်လိုသည်။ ဆရာတော်ကြီး၏ အသက်အရွယ်၊ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံနှင့် ဘာသာ သာသနာအတွက် အလုပ်များကို ကြည့်မည်ဆိုပါက ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတံ့တို့ကို ကိုယ်တိုင်ခံစား သိရှိ၍ အမျှော်မြင်ကြီးစွာ မေတ္တာစာများကို ကျောင်းသားတွေ လက်ထဲရောက်အောင် ပို့ခြင်း ဖြစ်ပါလိမ့်မည်။

နေ့လည် ၁၁-၃၀ ထွက်သွားသည်။ ည-၁၀ နာရီကျော်မှ ကျောင်းပြန်ရောက်သည်။

စာရေးသူ၏ ကိုယ်ပိုင်ခံစားချက်မျှသာ
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၂-၂၀၁၅

သီတဂူဆရာတော် သပိတ်မှောက်ကျောင်းသားများသို့ မေတ်္တာရပ်ခံခြင်း

သပိတ်မှောက်ကျောင်းသားများသို့ မေတ်္တာရပ်ခံခြင်း
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၂)ရက်
၁၅.၂.၂၀၁၅(တနင်္ဂနွေ)နေ့

သပိတ်မှောက်ကျောင်းသားအပေါင်းတို့-------

သားတို့သမီးတို့သည် အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲဝိုင်း ပေါ်အထိ တွေ့ဆုံဆွေးနွေး ညှိနှိုင်းလျက် အောင်မြင်စေရန် ဆောင်ရွက်ခဲ့ကြသည်ကို သိရှိရသဖြင့် ဂုဏ်ယူမိပါသည်။

နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ NNER နှင့် သပိတ်မှောက်ကျောင်းသားတို့၏ တွေ့ဆုံညှိနှိုင်းသဖြင့် ရရှိလာသော ရလဒ်တို့သည်လည်း ကောင်းမွန်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် စုပေါင်း လက်တွဲ၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်ကြရဦးမည့် လုပ်ငန်းတာဝန်တို့ကိုလည်း ယခုကဲ့သို့ပင် ရင်းနှီး ယုံကြည်စွာ ဆက်လက်၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုပါသည်။ သားသမီးတို့၏ လိုအင်ဆန္ဒကို မိဘများက စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးသလို အကိုကြီး အမကြီးတို့ကလည်း ၀န်းရံအားပေးကြသည်ကိုလည်း တွေ့ရှိရပါသည်။

ယခုအခါ၌ မိမိတို့၏ အောင်မြင်မှုတို့ကို ဂုဏ်ယူလျက် မိမိတို့ဆိုင်ရာ အရပ်ဒေသအသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့ အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂါတ်တိုင်းပြည်အတွက် ပညာရပ် များကို ဆက်လက်ဆည်းပူး သင်ကြားကြပါရန် အထူးမေတ်္တာရပ်ခံလိုက်ပါသည်။

သားတို့ သမီးတို့ . . . . . .
နိုင်ငံတော်အတွင်း အမျိုးမျိုး အဖုံဖုံ ပဋိပက်္ခဆူပူလှုပ်ရှားမှုများ၌ သားတို့သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ (Peace Maker)များအနေအားဖြင့် နိုင်ငံတော်ကို ၀ိုင်းဝန်း ကူညီကြ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏လည်းကောင်း သားလှရတနာ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင် လှပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”


သီတဂူဆရာတော်
ဒေါက်တာအရှင်ဉဏိဿရ (Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊ တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

14 February 2015

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စာမေးပွဲကျင်းပ

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ စာမေးပွဲကျင်းပ
-------------------------


၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် နောက်ဆုံးအကြိမ် စာမေးပွဲများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၁၃-၂-၂၀၁၅ နေ့လည် (၂)နာရီက စပြီး တပြိုင်တည်း ကျင်းပသည်။ ၁၇-၂-၂၀၁၅ နေ့အထိ ကျင်းပမည် ဖြစ်သည်။

ထိုစာမေးပွဲများကို တက္ကသိုလ် (၃)ခုရှိ ကျောင်းသား ကျောင်းသူ (၈၀၀) ခန့်က ၀င်ရောက်ဖြေဆိုကြသည်။

ဒီပလိုမာတန်း
-----------------------
(က) Elementary Level
(ခ) Intermediate Level
(ဂ) Advanced Level

ဘီအေတန်း
-------------------------
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်များ
(မှတ်ချက်။ ။ ရန်ကုန်နှင့် မန္တလေးတွင် တတိယနှစ်အထိသာ)

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၃-၂-၂၀၁၅

10 February 2015

ထပ်ဆင့်အလှူတော် တစ်ခု

ထပ်ဆင့်အလှူတော် တစ်ခု
 ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)က မနေ့ည (၉-၂-၂၀၁၅) ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၊ ဓမ္မသဘင်မှ ရရှိသော ဓမ္မပူဇာ အလှူငွေများမှ ငါးသိန်းကျပ် (၅၀၀၀၀၀)တိတိကို ဦးထွန်းလင်းခြံလမ်း ဓမ္မာရုံ ၀ါတွင်း ၀ါပဆွမ်းလောင်းအသင်းအား လှူဒါန်းခဲ့သည်။

 အားလုံး ကုသိုလ် အမျှဝေပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
 ၁၀-၉-၂၀၁၅

08 February 2015

(၇၈)နှစ်မြောက် သီတဂူဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇာ ဖိတ်ကြားလွှာ

(၇၈)နှစ်မြောက် သီတဂူဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇာ
ဖိတ်ကြားလွှာ

သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ (၇၈)နှစ်မြောက် မွေးနေ့အလှူတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့က ဖိတ်ကြားပါသည်။

(က) ၂၀၁၅ မတ်လ (၃)ရက်နေ့၊ ၁၃၇၆ခု၊ တပေါင်းလဆန်း (၁၄)ရက်
သီလရှင် အပါး(၁၀၀၀) တစ်ထောင် တို့အား ၀တ်စုံ (၁၀၀၀)နှင့် ဆွမ်း ဘောဇဉ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို လောင်းလှူပါမည်။

(ခ) ၂၀၁၅ မတ်လ (၄)ရက်နေ့၊ ၁၃၇၆ခု၊ တပေါင်းလဆန်း (၁၅)ရက်၊ လပြည့်နေ့
စစ်ကိုင်းတောင်ရိုးရှိ သံဃာ အပါး (၁၀၀၀) တစ်ထောင်တို့အား သင်္ကန်း၊ ဆွမ်း ခဲဘွယ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို လောင်းလှူပါမည်။

(ဂ) ၂၀၁၅ မတ်လ (၅)ရက်နေ့၊ ၁၃၇၆ခု၊ တပေါင်းလပြည့်ကျော် (၁)ရက်
ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှ စာချ၊ ကထိက၊ စာသင်သား သံဃာတော်၊ သီလရှင်များနှင့် အထူးပင့် သံဃာတော် (၁၀၀၀) တစ်ထောင်ခန့်တို့အား သင်္ကန်း၊ ဆွမ်း ခဲဘွယ်စသော ဒါတဗ္ဗ၀တ္ထုတို့ကို လောင်းလှူပါမည်။

သို့ဖြစ်ပါ၍ သီတဂူကို ကြည်ဖြူကြသူ အများပြည်သူ အားလုံးတို့ကို ဤကြေညာစာဖြင့် မွေးနေ့ပူဇော်ပွဲကြီးသို့ တက်ရောက်ကြည်ညိုနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ ။သီးခြား ဖိတ်စာ မပို့တော့ပါကြောင်းလည်း ကြေညာပါသည်။

“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”

စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၂-၂၀၁၅

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes