နိုင်ငံတော်အစိုးရသို့ မေတ္တာရပ်ခံခြင်း
၁၃၇၆
ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃)ရက်၊ ၁၆.၂.၂၀၁၅(တနင်္လာ)နေ့
၁။
နိုင်ငံ့ရင်သွေး ကျောင်းသား၊ ကျောင်းသူကလေးများ၏ ခေတ်မီပညာရေး
ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတော်အစိုးရက အကောင်းဆုံးနှင့် အပြည့်စုံဆုံး
ဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါရန် ဆရာတော်မေတ္တာရပ်ခံပါသည်။
၂။ ကျောင်းသား ကျောင်းသူကလေးများသည် နိုင်ငံတော်၏ သားငယ် သမီးငယ်များ ဖြစ်ကြပါသည်။ နိုင်ငံတော်၏ သားသမီးများသည်လည်း နိုင်ငံတော် အစိုးရ၏ သားသမီးများပင်ဖြစ်ကြပါသည်။ မိဘသည် သားသမီးတို့အပေါ်မှာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် သူတို့၏ဘ၀ကို ချီးမြှောက်ရိုးထုံးစံရှိပါသည်။ သို့ဖြစ်ခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ မိဘသဖွယ်ဖြစ်သော နိုင်ငံတော်အစိုးရသည် မိမိ၏သားသမီး ကျောင်းသား ကျောင်းသူများအပေါ် သည်းခံခွင့်လွှတ်၍ သူတို့၏တောင်းဆိုချက်များကို အကောင်းဆုံး လိုက်လျော ပေးပါရန် မေတ္တာရပ်ခံပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ (Ph.D., D.Litt.)
အဂ္ဂမဟာပဏ္ဍိတ၊ တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်
www.thesitagu.org

0 comments:
Post a Comment