
Sunday, February 15, 2015

sitagustar
1 comment
သပိတ်မှောက်ကျောင်းသားများသို့ မေတ်္တာရပ်ခံခြင်း
၁၃၇၆ ခုနှစ်၊
တပို့တွဲလပြည့်ကျော်
(၁၂)ရက်
၁၅.၂.၂၀၁၅(တနင်္ဂနွေ)နေ့
သပိတ်မှောက်ကျောင်းသားအပေါင်းတို့-------
သားတို့သမီးတို့သည်
အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နှင့်အညီ စားပွဲဝိုင်း ပေါ်အထိ
တွေ့ဆုံဆွေးနွေး ညှိနှိုင်းလျက် အောင်မြင်စေရန် ဆောင်ရွက်ခဲ့ကြသည်ကို သိရှိရသဖြင့်
ဂုဏ်ယူမိပါသည်။
နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ NNER နှင့်
သပိတ်မှောက်ကျောင်းသားတို့၏ တွေ့ဆုံညှိနှိုင်းသဖြင့် ရရှိလာသော ရလဒ်တို့သည်လည်း
ကောင်းမွန်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် စုပေါင်း လက်တွဲ၍
ဆက်လက်ညှိနှိုင်းဆောင်ရွက်ကြရဦးမည့် လုပ်ငန်းတာဝန်တို့ကိုလည်း ယခုကဲ့သို့ပင်
ရင်းနှီး ယုံကြည်စွာ ဆက်လက်၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုပါသည်။ သားသမီးတို့၏
လိုအင်ဆန္ဒကို မိဘများက စွမ်းနိုင်သမျှ ဖြည့်ဆည်းပေးသလို အကိုကြီး အမကြီးတို့ကလည်း
ဝန်းရံအားပေးကြသည်ကိုလည်း တွေ့ရှိရပါသည်။
ယခုအခါ၌ မိမိတို့၏ အောင်မြင်မှုတို့ကို
ဂုဏ်ယူလျက် မိမိတို့ဆိုင်ရာ အရပ်ဒေသအသီးသီးရှိ မိဘဆရာသမားတို့၏ ရင်ခွင်သို့
အမြန်ဆုံး ပြန်လည်ခိုဝင်၍ အနာဂါတ်တိုင်းပြည်အတွက် ပညာရပ် များကို ဆက်လက်ဆည်းပူး
သင်ကြားကြပါရန် အထူးမေတ်္တာရပ်ခံလိုက်ပါသည်။
သားတို့ သမီးတို့ . . . . .
.
နိုင်ငံတော်အတွင်း အမျိုးမျိုး အဖုံဖုံ ပဋိပက်္ခဆူပူလှုပ်ရှားမှုများ၌
သားတို့သမီးတို့သည် ငြိမ်းချမ်းရေး တည်ဆောက်သူများ (Peace Maker)များအနေအားဖြင့်
နိုင်ငံတော်ကို ၀ိုင်းဝန်း ကူညီကြ၍ နိုင်ငံတော်၏လည်းကောင်း၊ သာသနာတော်၏လည်းကောင်း
သားလှရတနာ သမီးလှရတနာများအဖြစ် ဒို့များ အမြဲမြင်ချင်
လှပါသည်။
“သီတဂူစန်းလပမာ
ချမ်းမြသာယာရှိကြပါစေ”
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉဏိဿရ
(Ph.D, D.Litt)
အဂ္ဂမဟာပဏ္ဍိတ၊
တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်
Posted in: တက္ကသိုလ် သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
1 comments:
ပညာရှိစကားပါ မှတ်သားလိုက်နာယူနိုင်ရင်ဘေးကင်းမှာ
သေချာပါတယ်ညီငယ်ညီမငယ်ကျောင်းသားများတို့ရယ်
Post a Comment