သီတဂူစတား

သီတဂူစတား

13 September 2010

M.A. (အမ်အေ)တန်း Program

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အမ်အေတန်း M.A Program ဖြစ်ပါသည်။ http://www.sitagucenter.org/မှာ ပါရှိပြီး ဖြစ်ပါသည်။

မာတိကာ

၁။ ရည်ရွယ်ချက်
၂။ M.A. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ M.A. ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း၊

၁။ ရည်ရွယ်ချက်

Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချီရန် ရည်ရွယ်သည့်အားလျော်စွာ M.A. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။

၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း၊
(က) S.I.B.A. မှ B.A. ဘွဲ့ရရှိခြင်း။
(သို့မဟုတ်)
(ခ) ပြည်တွင်းပြည်ပရှိ တက္ကသိုလ်ကြီးတစ်ခုခုမှ B.A.ဘွဲ့ကို Philosophical, Historical, Psychological, Cultural, Social, Archaeological နှင် Linguistic အစရှိသော အဓိကဘာသာရပ်များဖြင့် အမှတ် (၅၅%) ထက်မနည်း ရရှိအောင်မြင်ပြီး ဗုဒ္ဓကျမ်းစာ (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ)နှင့် သက်ဆိုင်သော English-ဘာသာဖြင့်ရေးသားသော စာမျက်နှာ (၂၅)ထက် မနည်းသော ကျမ်းစာတစ်ခုကို ရေးသား၍ တက္ကသိုလ်သို့တင်ပြပြီးရေးသားသော ကျမ်းစာနှင့်ပတ်သက်၍ လူတွေ့စစ်ဆေးခြင်းကို ခံယူကာ M.A. သင်တန်းသို့တက်ရောက်ရန် အရည်အချင်း ပြည့်မီသူသည် သတ်မှတ်ရွေးချယ်ခံရခြင်း။
(သို့မဟုတ်)
(ဂ) ပြည်တွင်းပြည်ပရှိ တက္ကသိုလ်ကြီးတစ်ခုခုမှ အထက်ဖော်ပြပါ အဓိကဘာသာရပ်များမှ အခြား (ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်ခြင်းမရှိသော ဘာသာရပ်များဖြင့်) B.A. ဘွဲ့ (သို့) B.Sc. ဘွဲ့ကိုရရှိ ပြီး S.I.B.A. မှ ကျင်းပသော ဗုဒ္ဓကျမ်းစာ (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ)ဆိုင်ရာ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းကို ခံယူကာ M.A. သင်တန်းသို့ တက်ရောက်ရန် အရည် အချင်းပြည့်မီသည်ဟု သတ်မှတ်ရွေးချယ်ခံရခြင်း။

၃။ ၀င်ခွင့်ရယူခြင်း
အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင် သွားရောက်၍ အောက်ပါအချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျှက် ပုံစံဖြည့်သွင်းကြရမည်။
(က) B.A., B.Sc. ဘွဲ့လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) သုတေသန (သို့) သင်ကြားပို့ချမှု အတွေ့အကြုံရှိခဲ့လျှင် ၄င်းထောက်ခံစာ၊
(ဂ) Passport Size-ဓာတ်ပုံ (၄)ပုံ၊
(ဃ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) နိုင်ငံသားမှတ်ပုံတင် (သို့) Valid Passport and Visa မူရင်း၊

၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
M.A. သင်တန်းကာလကို ၂-နှစ်သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A. ၌ Supplementary or Re-exam လုံးဝမရှိပါ။ M.A. တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Study စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှု နိုင်ပါသည်။

၅။ M.A. ဘွဲ့ရရှိခြင်း၊

M.A. Part-I နှင့် Part-II စာမေးပွဲ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး M.A. ဘွဲ့ကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) Part-I နှင့် Part-II နှစ်ခုစလုံး၌ ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) Part-I နှင့် Part-II စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) M.A. သင်တန်းမှ ဘာသာရပ်များအတွက် Seminar (သို့) Presentation (သို့) Internal Exam တနှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ ကျင်းပပြီး ထိုမှရသော ပျမ်းမျှအမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်း အမှတ်(၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ် သတ်မှတ်သည်။

၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)တွင် ပါဝင်သော အရည်အချင်းများနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို M.A. ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်း ထုတ်ပေးထားပြီး တက္ကသိုလ်ကကျင်းပသော ဘွဲ့နှင်း သဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်ကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်ပါသည်။

Post Graduate Courses (M.A)

The SIBA Master of Arts Degree programme runs a combined course of teaching and research. The course is two years programme, after which the candidate is required to submit a thesis within one year. The programme offers nine major subjects. The area chosen by a candidate must be related with Theravada Buddhism.

Major Subject
(a) Vinaya Pali and Commentary
(b) Suttanta Pali and Commentary
(c) Abhidhamma Pali and Commentary
(d) Visddhimagga of Patisambhidamagga Pali and Commentary
(e) Pali grammar
(f) History of Buddhism (East and West)
(g) Myanmar Arts, Culture and Civilization
(h) Buddhist inscriptions
(i) Buddhist Philosophy and Psychology

Minor Subjects

(a) Research Methodology
(b) A Manual of Research
(c) Thesis and assignment writing

1.Vinaya
An Analytical Study of the Theravada Vinaya Pitaka in the light of modern legal philosophy (pali Commentary Sub-commentary)
This course generally introduces students to the Vinaya canonical and its commentarial texts, focusing particularly on the Parajika, Pacittiya, Mahavagga, Parivara Pali and Commentaries.
This course also looks at some developments of Theravara Vinaya Literature by studying three important extra canonical texts i.e. The Khuddha Sikkha, the Mula Sikkha and the Vinaya Vinicchaya.

2. Suttanta - An analytical study of the Suttanta Pitaka
This course analytically studies the prescribed suttas selected from the entire Suttanta Pitaka with a critical approach.

3. Abhidhamma - An analytical study of the Abhidhamma Pitaka,
This course provides the students with a deeper understanding of Abhidhamma Pitaka, It includes the study of Dhammasangani, Vibhanga, Puggala- pannatti, Kathavatthu Pali and their commentaries.

4. Visuddhimagga - An analytical study of Visuddhimagga,
This course is to study and to practice the Samatha and Vipassana meditation, It covers three sections; Silanidesa, Samadhiniddesa and Pannaniddesa. This course is also to be studied the selective part of Patisambhidamagga and its commentary.

5. Pili Grammar - This course covers Kiccayanasara and Rupasiddhi.

6. History of Buddhism (East and West)
This course deals with the emergence and expression of Buddhism in India and various countries and the emergence of various schools and their different interpretations.

7. Myanmar Art, Culture and Civilization

This course concerns with a systematic understanding and practice of the Value system and the normative foundation of the Buddhist arts, culture and civilization and their manifestations among the people.

8. Buddhist inscriptions

This course aimed to study and understand the inscriptions that are related to Buddhism, The inscriptions such as,
(a) Kalyani inscription
(b) Pagan inscription
(c) Asokan Edicts
(d) Inscriptions in Sri Lanka and
(e) Inscriptions in Thailand are to be studied and understood.

9. Buddhist Philosophy and Psychology
In this courses, students are expected to have a good understanding of the fundamental Philosophy of Buddhism and their application, such as the Four Noble Truths, non-soul theory, criterion of good and bad and causality; philosophy related to liberation and the differences among the major present Buddhist schools on liberation and ways to attain it.

10. Research Methodology (Minor Subject)
This course helps students to understand the procedure and method in carrying out research for writhing a thesis or dissertation.
The course includes: the meaning of research, research and day to day life, (way of progress) study of research methods, research methodology and its stages, detailed study of some significant stages finding the problems, collecting data, forming hypothesis, deducing generalization and theories.

Ph.D Degree on Buddhism (သုတေသန) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၂-၉-၂၀၁၀

0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes