သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးနှင့် ကျောင်းဝင်ခွင့် ပုံစံများကို စာဖတ်ပရိသတ်များ တောင်းဆိုမှုအရ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယခုအခါ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးသည် ဒီပလိုမာတန်း (Diploma)၊ ဘီအေ (B.A) တန်းနှင့် အမ်အေ(M.A)တန်းတို့ကို ပုံမှန် အရှိန်အဟုန်ဖြင့် လည်ပတ်လျက်ရှိသည်။ ပီအိခ်ျ (Ph.D) သုတေသန တန်းအတွက်လည်း စတင်လည်ပတ်ဖို့ ပြင်ဆင်လျက်ရှိသည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပညာရေးပုံစံများကို တစတန်းစီ တင်ပြသွားပါမည်။
Diploma Program (ဒီပလိုမာတန်း)
မာတိကာ
၁။ ရည်ရွယ်ချက်၊
၂။ Diploma ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သောပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ Diploma ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း။
၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည့်အားလျော်စွာ Diploma Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။
၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း
(က) အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင် ပြီး၊ (သို့မဟုတ်)
(ခ) ပထမကြီးတန်းအောင်မြင်ပြီး၊ (သို့မဟုတ်)
(ဂ) ဓမ္မာစရိယဘွဲ့ရရှိပြီး၊
(ဃ) ပြည်တွင်းပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးခြင်း၊ သို့မဟုတ် အထက်အတန်းအဆင့် အောင်မြင်ပြီးဖြစ်ခြင်း။
၃။ ၀င်ခွင့်ရယူခြင်း၊
အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင်သွား ရောက်၍ အောက်ပါ အချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျက် ပုံစံသွင်းကြရမည်။
(က) အမှတ်စဉ်-၂-(က, ခ, ဂ, ဃ)ပါ စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) Passport Size ဓာတ်ပုံ (၄)ပုံ၊
(ဂ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) Valid Passport and Visa မူရင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
Diploma သင်တန်းကာလကို ၃-နှစ် သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A.၌ Supplementary or Re-exam လုံးဝမရှိပါ။ Diploma တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Studies စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါသည်။
မှတ်ချက်။ ။ ၀င်ခွင့်ဖြေစဉ်က (test placement exam) တုန်းက Advanced level ရောက်ပါက တစ်နှစ် (one year) ဖြင့် ဒီပလိုမာ Diploma လက်မှတ် (certificate) ရနိုင်သည်။
၅။ Diploma ဘွဲ့ရရှိခြင်း၊
Diploma စာမေးပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြု လုပ်မည်ဖြစ်ပြီး Diploma ဘွဲ့ကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံ သူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) နှစ်စဉ်ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) Diploma သင်တန်းမှ ဘာသာရပ်တိုင်းအတွက် Seminar (သို့) Presentation (သို့) Internal Exam တစ်နှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ကျင်ပးပြီး ထိုမှရသောပျမ်းမျှ အမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်းအမှတ် (၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ်သတ်မှတ်သည်။
၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)ပါဝင်သော အရည်အချင်းများနှင့် ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို Diploma ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်းထုတ်ပေးထားပြီး တက္ကသိုလ်က ကျင်းပသော ဘွဲ့နှင်းသဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်သည်။
ဒီပလိုမာ (Diploma) တန်းအတွက် ဘာသာရပ် (Subjects) များ
(a) Vinaya (သေခိယ၊ ပါတိမောက် စသည်)
(b) Suttanta (ဓမ္မပဒ စသည်)
(c) Abhidhamma (Manual of Abhidhamma)
(d) Patipatti (meditation) မဟာသတိပဋ္ဌာန်သုတ်စသည်
(e) English (Oxford Progressive English)
(f) Missionary (ကိုးတိုင်းကိုးဌာန သာသနာပြု၊ Buddhism in a Nutshell စသည်
Level အတန်းများ
Elementary Level (one year)
Intermediate Level (one year)
Advanced Level (one year)
အထူးမှာကြားချက်။ ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ယူလိုသော သူများသည် အခြေခံအင်္ဂလိပ်စာ ပါလာဘို့ လိုအပ်ပါသည်၊ ဘသာရပ် အားလုံးအတွက် အင်္ဂလိပ်စာ (English) သည် media အဖြစ် အသုံးပြုထားပါသည်။
ဆက်လက်ပြီး Undergraduate B.A Degree on Buddhism (ဘီအေ)နှင် Postgraduate
M.A Degree on Buddhism (အမ်အေ) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၃-၉-၂၀၁၀

4 comments:
တပည့်တော်က ဥပဒေနဲ့ကျောင်းပြီးထားပါတယ်။
Diploma တန်းကိုလူဝတ်နဲ့တက်လို့ရပါသလားဘုရား
ရိုသေစွာမေးမြန်းအပ်ပါသည် ဘုရား
မောင်ရင်ရေ--
ဘွဲ့ရပြီးသူ မည်သူမဆို ဒီပလိုမာတန်းကော ဘီအေတန်းပါ ၀င်ခွင့်ဖြေပြီး တက်ခွင့်ရှိပါတယ်။
ဆရာတော်ဘုရား.............
ဘုရားတပည့်တော်အကူညီတစ်ခုလောက်တောင်းပါ့ရစေ
တပည့်တော်(Elementary)အတန်းသားပါဘုရား
တပည့်တော်တို့အစမ်းစာမေးပွဲများအတွက်မေးခွန်းများ မေးပုံမေးနည်းသိချင်လို့ ဆရာတော်တတ်နိုင်မယ်ဆိုရင် ဘုရားတပည့်တော်တို့အတန်းတွက် မေးခွန်းဟောင်းလေးများတင်ပြပေးစေချင်ပါတယ်ဘုရား.........
(မှတ်ချက်-အပြင်မှာရှာဖွေလို့မရလို့ပါဘုရား)
အရှင်ဘုရား--(Elementary)အတန်းမေးခွန်းဟောင်းတွေကို အရှင်ဘုရားရဲ့ အတိုင်းပိုင်ဆရာကို အကူညီတောင်းရင် မေးခွန်းနမူနာများ ရနိုင်ပါလိမ့်မည်၊ တပည့်တော်က ယခု ပြည်ပမှာ ကျောင်းတက်ဆဲမို့ ဒီလိုအကြံပဲပေးနိုင်တာပါဘုရား။
Post a Comment