သီတဂူစတား

သီတဂူစတား

01 February 2013

လုမ္ဗိနီကို ကယ်တင်ပါ (Save LUMBINI)

မြတ်စွာဘုရားဖွားတော်မူသည့် လုမ္ဗိနီကို ကယ်တင်ပေးကြပါ
------------------------------------
(၂၀၁၂-ဒီဇင်ဘာက ဂီတဉ္စလီအဖွဲ့နှင့် လုမ္ဗိနီ အမှတ်တရ)

ဗုဒ္ဓအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ကြပါ .....။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေး “ငြိမ်းချမ်းကမ္ဘာသစ်မြို့တော်´´ စီမံကိန်းကြောင့် ကမ္ဘာ့ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော ဗုဒ္ဓဘုရားရှင် ဖွားတော်မူရာဌာန လုမ္ဗိနီမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရပါပြီ။

ထိုကြောင့် မြတ်ဗုဒ္ဓရဲ့အမွေအနှစ်ကို ကာကွယ်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါ လင့်ခ်မှ အသနားခံလွှာတွင် လက်မှတ်ထိုးကြရန်ဖြစ်ပါသည်။
(Please sign the Petition) http://www.save-buddhist-heritage.org/Lumbini/sign-pettion/burmese-petition/ SIGN PETTION

ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်
ဗုဒ္ဓဘုရားရှင်ဖွားတော်မူရာ လုမ္ဗိနီမြေမြတ်မဟာသည် နီပေါနိုင်ငံတောင်ပိုင်း၌ တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြွယ်ဝသော အထွတ်အမြတ်နေရာဒေသတစ်ခု ဖြစ်ပါသည်။ ၄င်းဒေသသည် ဗုဒ္ဓဘာသာဝင်ဘုရားဖူး ခရီးသွားရာ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)တွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။

ဘာသာတရားကိုင်းရှိုင်းလှသော ဘုရားဖူးများသည် ဤအထင်ကရ အရေးပါလှသော လုမ္ဗိနီသို့ ရှေးရာစုနှစ်များစွာကတည်းက ဘုရားဖူးလာခဲ့ကြပြီး ယခုခေတ်တိုင်အောင်လည်း လာဆဲဖြစ်ကြပါသည်။ ဘုရားရှင်ဖွားတော်မူရာ ဤအရပ်၊ ရှေးပေဝေသဏီခေတ်မှ ဗုဒ္ဓဘာသာဘုရားဖူးသွားရာဒေသ၏ သဘောသဘာဝတို့နှင့် စပ်ဆိုင်သော ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ ပြည့်စုံကြွယ်ဝသည့် ဤနေရာဒေသတွင် ဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုသဒ္ဓါပွားကာ ၀တ်ပြုရှိခိုးကြပါသည်။

ဤသို့ ပူဇော်ကြရာတွင် အဆင်ပြေရန်အတွက်
ဂျပန်လူမျိုးဗိသုကာပညာရှင် ကင်ဇိုတင်ဂီ (Kenzo Tange)ရေးဆွဲခဲ့သော လုမ္ဗိနီဖွံ့ဖြိုးတိုးတက်ရေး လွှမ်းခြုံစီမံကိန်းသည်။ ဤဒေသ၏ဘုရားဖူး၊ ၀တ်ပြုခရီးသွားကဏ္ဍကို အသားပေး ရေးဆွဲခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၌ ယင်းစီမံကိန်းကို UN နှင့် နီပေါနိုင်ငံတော်အစိုးရတို့မှ အတည်ပြုလက်ခံခဲ့ပြီးဖြစ်ပါသည်။ ၄င်းတွင် လုမွိနီ၏တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုရန်နှင့် ကာကွယ်ရန်အတွက် ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကြားခံဇုန် (Buffer Zone)ပါဝင်ပါသည်။

၁၉၉၇ခုနှစ်တွင် လုမ္ဗိနီမှာ ၄င်း၏ တမူထူးခြားထင်ရှားအရေးပါမှုကြောင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာဒေသ အဖြစ်ထုတ်ပြန်ကြေညာခံခဲ့ရပါသည်။

ယခုဘာဖြစ်နေပြီလဲ? 
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ တွင် နီပေါနိုင်ငံအစိုးရနှင့် ကိုရီးယားအစိုးရကိုယ်စားလှယ်များသည် လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော် ထိန်းသိမ်းကာကွယ်ရေးနှင့်တိုးတက်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းစီမံကိန်းသစ်အား KWAAK E.S.P.R.I နှင့် ကိုရီးယားနိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) တို့မှ တစ်နှစ်ခွဲအတွင်း စီစဉ်ဆောင်ရွက်ရန်ဟူ၍ ဖြစ်ပါသည်။

လူဦးရေ ၂ သိန်း အခြေချနေထိုင်မည့် ဤကမ္ဘာငြိမ်းချမ်းရေးမြို့တော်ကို ကြားခံဇုန်အတွင်း တည်ဆောက်လိမ့်မည် ဖြစ်ပါသည်။

ဤသဘောတူညီချက်စာချုပ်ကို ယူနက်စကိုသို့ အကြောင်းကြားခြင်းမရှိဘဲ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်ပါသည်။

ဤသဘောတူညီချက် (နီပေါအစိုးရနှင့်….)အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာ Link
1http://thehimalayantimes.com/featured/year2011/inner.php?id=526, Link
2http://newindianexpress.com/opinion/article521534.ece, Link
3http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation_Foundation, PDF
Link3 တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်တည်ဆောက်ပါက မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်မည်နည်း?

(က) ကမ္ဘာ့အမွေအနှစ်နေရာဌာနများ၏ ကမ္ဘာတလွှားထင်ရှားသော တန်ဘိုးများအပေါ် အပျက်သဘောဆောင်သော အကျိုး(အပြစ်)သက်ရောက်မှုများ အထူးသဖြင့် ကိုယ်ပိုင်စရိုက်လက္ခဏာ၊ စစ်မှန်မှုနှင့်ဂုဏ်သိက္ခာများ ထိခိုက်စေနိုင်ပါသည်။

(ခ) လုမ္ဗိနီတွင် လေထု၊ ရေထုနှင့် အသံညစ်ညမ်းမှုများ ကျရောက်နိုင်ပါသည်။

(ဂ) ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကန့်သတ်နှင့်စိုက်ပျိုးရေးကြားခံဇုန် ဆုံးရှုံးမှု၊ လူသားတို့ ချင်းနင်းဝင်ရောက်မှုနှင့် ဂေဟစနစ်အပေါ်မြို့ပြပုံစံသွတ်သွင်းမှုများ ရိုက်ခတ်နိုင်ပါသည်။

(ဃ) အနာဂါတ်လုမ္ဗိနီဖွံ့ဖြိုးရေးတွင် လုမ္ဗိနိအား ဘုရားရှင်ဖွားတော်မူရာ ဒေသအဖြစ်ထက် လူနေထူထပ်သော ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်အဖြစ် ပိုမိုအသားပေးလာခြင်းဖြစ်ပါသည်။ စွမ်းအားအရင်းအမြစ်များကိုလည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ ထိန်းသိမ်းရန်အတွက်သာ အသုံးပြုပြီးလုမ္ဗိနီ၏ သမိုင်းဝင် အထွတ်အမြတ်အရည်အသွေးများကို လစ်လျူရှုလျက်ရှိပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် နီပေါနိုင်ငံတော်အစိုးရအား လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်စီမံကိန်းအား ရုတ်သိမ်းပေးပါရန်နှင့် ကင်ဇိုတင်ဂီး (Kenzo Tange)၏ စီမံကိန်းအား ဆက်လက်ထောက်ပံ့ပေးပါရန် ကျွန်ုပ်တို့မှ ခိုင်မာစွဲမြဲစွာ တိုက်တွန်းအပ်ပါသည်။

ဤလုမ္ဗိနီကမ္ဘာ့အမွေအနှစ် နေရာဌာနကို နောင်လာမည့် အနာဂါတ်မျိုးဆက်သစ်တို့အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည်မှာ ကမ္ဘာ့နေရာဒေသအသီးသီမှ ဗုဒ္ဓဘာသာဝင်တိုင်း၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါသည်။

ဤနေရာတွင်ဆန္ဒမဲ ပေးကြပါ
ထို့ကြောင့် အောက်ပါ လင့်ခ်တွင် ၀င်ရောက်၍ မြတ်ဗုဒ္ဓအမွေအနှစ် ဖွားတော်မူရာနေရာအတွက် အကာအကွယ်ပေးနိုင်ရန် ဆန္ဒမဲ ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။

ဒီလင့်ခ်  SIGN PETTION ကို ကလစ်ပေးပြီး မိမိနာမည်နှင့် မေးလ်လိပ်စာ စာပို့သင်္ကေတအတွက် အဆင်ပြေမည့်နံပါတ် ငါးလုံးခန့် ရိုက်ထည့်ပေးလိုက်ရုံသာ ဖြစ်ပါသည်။ အကျယ်သိလိုပါက ဒီစာမျက်နှာမှာ ၀င်ဖတ်ပါ။

ဤပို့စ်ကို တတ်နိုင်သမျှ share လုပ်ပေးခြင်း၊ ဆန္ဒမဲပေးခြင်းများ ပြုလုပ်ကာ သာသနာ့အမွေအနှစ်ကို ကယ်တင်ပေးကြပါရန် တောင်းပန်တိုက်တွန်းအပ်ပါသည်။

LUMBINI IS IN DANGER!

URBAN DEVELOPMENT – “NEW WORLD PEACE CITY” PLAN -

THREATENS THE BUDDHA’S BIRTHPLACE & ITS WORLD HERITAGE STATUS


Lumbini is the Buddha’s birthplace – an archaeologically rich and sacred site located in southern Nepal. It is one of the four major pilgrimage sites of Buddhism (one of the world’s great religions), which the Buddha himself identified in the Mahaparinibbana Sutta.

At such a significant site, devoted pilgrims have come to Lumbini for the centuries and continue to do so in the present time. Here they pay homage at the place where the Buddha was born – a place that now contains important archaeological evidence about the nature of Buddhist pilgrimage centers from the very earliest times.

A Master Plan for the Development of Lumbini, which was prepared by the Japanese architect Kenzo Tange, emphasizes the pilgrimage aspect of Lumbini. This was approved by the UN and the Government of Nepal in 1978. The plan includes a buffer zone of twenty-two square miles to support the serenity and protection of Lumbini.

In 1997, Lumbini was declared as UNESCO’s World Heritage Site in recognition of its unique importance.

WHAT IS HAPPENING NOW?

On January 20, 2012, the Government of Nepal and the Government of the Rep. of Korea signed a Memorandum of Understanding (MoU) for the preparation of the Lumbini World Peace City Preservation and Development plan. This new plan is to be designed within one and a half years by KWAAK E.S.P.R.I. and Korea International Cooperation Agency (KOICA).

This World Peace City for 200,000 inhabitants will be built inside the Buffer Zone.

This agreement has been signed without informing UNESCO’s World Heritage Centre.
If you would like more information about the agreement between the Nepalese government and ….please read more here: Link 1 Link 2 Link 3 PDF Link 3

WHAT ARE THE CONSEQUENCES OF THE WORLD PEACE CITY BEING BUILT?

A negative impact on the Outstanding Universal Value of the World Heritage site, particularly in terms of identity, authenticity, and integrity. Lumbini could most likely be placed on UNESCO’s danger list, threatening its World Heritage listing.

Lumbini will be affected by increased air pollution, water pollution, and noise pollution.

The loss of twenty-two square miles of a restricted and agricultural buffer zone, with human encroachment and the impact of urbanization on the ecosystem.

An increasing emphasis of the future development of Lumbini as a population centre – “World Peace City” – rather than as the Birthplace of the Buddha. Resources will be directed towards this urban development, and its ongoing infrastructure maintenance needs, neglecting the preservation of the sacred and historic qualities of Lumbini.

We strongly urge the UN Secretary General Mr. Ban Ki-moon and the Government of Nepal to drop the Lumbini World Peace City plan and continue to support Kenzo Tange’s master plan. This Lumbini World Heritage Site must be preserved for future generations.

LUMBINI BELONGS TO THE WORLD, EVERYONE HAS A VOICE IN THIS MATTER, PLEASE SIGN TO SAVE LUMBINI!!!

လုမ္ဗိနီမြန်မာကျောင်းတာဝန်ခံ ရဟန်းတော်တစ်ပါးမှ ပေးပို့သည်ကို ဗုဒ္ဓဘာသာဝင်အားလုံးနှင့် ရှေးဟောင်းအမွေအနှစ်များကို မြတ်နိုးကြကုန်သော သူတော်စင် အသိပညာရှင်များအတွက် ပြန်လည် ဝေငှလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၀၁-၂၀၁၃

1 comments:

Pho Pyant said...

တပည့်တော် ဒီ petition လုပ်တဲ့ပုံစံလေး ပြောပြချင်ပါတယ်…
ကောင်းမကောင်းတော့ ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့…
အနော်တို့ ဗုဒ္ဓနယ်မြေရဲ့ ယှဉ်ကျေးမှုနဲ့ ဗုဒ္ဓမွေးရပ်မြေအတွက်
ဗုဒ္ဓဘာသာဝင်များနဲ့ ရှေးဟောင်းယဉ်ကျေးမှု မြတ်နိုးသူများက
ရှေးဟောင်းပကတိအတိုင်း ပြုပြင်ထိန်းသိမ်းထားစေချင်တဲ့
ဆန္ဒလက်မှတ်ထိုးကြတယ်… ဒီလက်မှတ်ထိုးပွဲမှာ
လက်မှတ်ရေ ၁ သိန်းပြည့်ရမယ်လို့တော့ ပြောထားတယ်…
ဒါကြောင့် သူငယ်ချင်းတွေအနေနဲ့ အင်တာနက်လိုင်းအားကောင်းပြီး
အချိန်ရတဲ့သူတွေ ကူညီချင်စေချင်ပါတယ်… ဒါကတော့ အခြားမဟုတ်ပါဘူး
ကိုယ့်မေးလ်ထဲက ရှိတဲ့သူငယ်ချင်းတွေကိုယ်စား လက်မှတ်ထိုးပေးရအောင်
ဒီနည်းက သူငယ်ချင်းအချို့အတွက် စိတ်ညစ်ရမလားတော့ မသိဘူးနော်…
အနော်ပြောမယ်နည်းကတော့ သူငယ်ချင်းတွေထဲမှာ တွေ့ခဲတဲ့ မထိုင်ဖြစ်တဲ့သူတွေ မေးလ်တွေနဲ့
လက်မှတ်ထိုးစေချင်ပါတယ်… ဘာဖြစ်လို့လဲဆိုတော့ မေးလ်အမြဲတမ်းစစ်တဲ့သူကျတော့
Petition ဆိုက်ဒ်ကနေ လက်မှတ်ထိုးပြီးကြောင်း စာပြန်တဲ့အခါ ကိုယ့်မေးလ်နဲ့ အဲ့ဒီမှာ sign up / log in
ဝင်ထားတယ်ဆိုတာ နားလည်သွားရင် စိတ်ကသိကအောက်ဖြစ်နိုင်တယ်လေ
ဒါကြောင့် ဒီနည်းလေး မသုံးခင်မှာ သေချာတော့ စဉ်းစားစေချင်ပါတယ်…
အခု နည်းလေးပြောပါ့မယ်…
ပထမဦးဆုံး ဒီလင့်လေးကို အရင်ဆုံးဝင်ပါ…
http://www.change.org/petitions/un-secretary-general-ban-ki-moon-nepal-government-preserve-the-world-heritage-lumbini-the-buddha-s-birthplace
ညာဘက်ခြမ်းမှာ ရှိတဲ့
Sign this petition ဆိုတဲ့အောက်မှာ
နာမည် ရှေ့စာလုံး (နာမည်ပေးရမှာ email ကနာမည်ဖြစ်ဖြစ် ကိုယ်သိထားသလို နာမည်ဖြစ်ဖြစ်)
နာမည် နောက်စာလုံး
Email လိပ်စာ (သူငယ်ချင်း မေးလ်လိပ်စာ)
သူငယ်ချင်းရဲ့လိပ်စာ (မြို့နယ် ရေးလိုက်ရင် အော်တို နိုင်ငံတွေ ပေါ်ပါတယ်)
Why is this important to you? မှာ ဖြေပေးပါ (ဘာကြောင့် ကန့်ကွက်တယ်ဆိုတာ အကြောင်းပြချက်ပေးနိုင်ရင် ပိုကောင်းပါတယ်)
(သူငယ်ချင်းတွေဆီက အကောင်းဆုံး အကြောင်းပြချက်ရှိရင်လည်း ရေးပေးစေချင်ပါတယ်)

Keep me updated …. ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖျောက်ပေးပါ…

ပြီးရင်တော့ Sign လုပ်ပေးလိုက်ပါ…
နောက်ထပ် သူငယ်ချင်းတွေကိုယ်စား လုပ်ပေးမယ်ဆိုရင်တော့
ဒီလင့်လေးကို ပြန်သွားပါ
http://www.change.org/petitions/un-secretary-general-ban-ki-moon-nepal-government-preserve-the-world-heritage-lumbini-the-buddha-s-birthplace
အရင်နာမည်နဲ့ log in ဖြစ်နေတာကို log out အရင်လုပ်ပေးပါ…
ပြီးမှ အစကနေ အဆုံး ပြန်လုပ်ပါ…

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes