
Monday, February 18, 2013

sitagustar
No comments
ဘွဲ့နှင်းသဘင် ဖိတ်ကြားလွှာ
ဖိတ်ကြားအပ်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
သုံးနှစ်အတွင်း
B.A, M.A, Ph.D Degree ကို အောင်မြင်ပြီးသူများအား ဘွဲ့လက်မှတ်
ပေးအပ် ချီးမြှင့်မည် ဖြစ်ပါ၍ ၂၀၀၉/၂၀၁၀ခုနှစ် B.A အောင်ပြီး (၁၅)ဦး၊ ၂၀၁၀/၂၀၁၁
ခုနှစ်၌ B.A အောင်ပြီး (၁၅)ဦး၊ ၂၀၁၁/၂၀၁၂ခုနှစ်၌ B.A အောင်ပြီး (၁၁) ဦး
စုစုပေါင်း ကျောင်းသား/သူ (၄၁)ဦးနှင့် ၂၀၁၃ ခုနှစ် M.A အောင်ပြီး (၂) ဦး၊ Ph.D
အောင်ပြီးသူ (၁)ဦးတို့အား ဘွဲ့လက်မှတ် အပ်နှင်းမည် ဖြစ်သည်။
ဘွဲ့လက်မှတ်
အပ်နှင်းသည့် အခမ်းအနားကို
၁၃၇၄ ခုနှစ် တပေါင်းလဆန်း (၁၅)ရက်၊ ၂၆-၀၃-၂၀၁၃
ရက်နေ့၊ နံနက် ၈း၀၀ နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
ဘွဲ့နှင်းသဘင် ခမ်းမကြီးအတွင်း၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံအုပ်ချုပ်ရေးအဖွဲ့က
ဘွဲ့ပုံလက်မှတ် အပ်နှင်းမည်ဖြစ်ရာ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကိုယ်တိုင်
မပျက်မကွက် တက်ရောက်ပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။
တက္ကသိုလ်
သင်ကြား/စီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
+++++++++++++++++++++++++
အရှင်ဘုရား
အကြောင်းကြား
လျှောက်ထားပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုးတွင်
ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေါ်ပြပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍
အရှင်ဘုရား ကိုယ်တိုင်တက်ရောက်နိုင်ခြင်း ရှိ/မရှိ။
ကိုယ်စားတက်ရောက်ခိုင်းခြင်းရှိ/မရှိ နှင့် ပျက်ကွက်မှု ရှိ/ မရှိတို့ကို
အရှင်ကုမာရ ukuphd@gmail.com ထံ သို့မဟုတ် ဒေါက်တာကိတ္တိဗလ
(မော်ကွန်းထိန်းလက်ထောက်)၊ မော်ကွန်းန်းထိန်းရုံးခန်း (ဖုန်း ၀၉၂၀၂၄၂၀၁) ကို
အကြောင်းကြားရန်နှင့် ဘွဲ့နှင်းသဘင် အခမ်းအနားအစီအစဉ်အသေးစိတ်ကို တိကျစွာ
သိနိုင်ရန် မတ်လ (၂၀) ရက် ဝန်းကျင်တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုး
ဧည့်ခံကြိုဆိုရေးဌာနရှိ ကြော်ငြာ သင်ပုန်း တွင် ဖော်ပြပေးပါမည်ဘုရား။
နိုင်ငံခြားရောက် ဘီအေ အောင်မြင်ပြီးသူ
ရဟန်းတော်များနှင့် သီလရှင်များကို ဤအီမေးလ်ဖြင့် အကြောင်းကြား ဖိတ်ကြားပါသည်။
နိုင်ငံခြားမှ လာရောက်၍ ဘွဲ့နှင်းသဘင်တက်ရောက်မည့်သူများအတွက် သီတဂူဆရာတော်ကြီးက အပြန်အသွား လေယာဉ်လက်မှတ် လှူပါမည်။ မိမိတို့ သိသော အခြားဘွဲ့ရ
ကျောင်းသားများ၏ အီးမေးလ်များသို့လည်း Forward လုပ်ပေးပါရန်
မေတ္တာရပ်ပါသည်။
အရှင်ကုမာရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း
Posted in: တက္ကသိုလ် သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
0 comments:
Post a Comment