သီတဂူစတား

သီတဂူစတား

21 May 2013

နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များ ညီလာခံ

တတိယအကြိမ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့၏ အစည်းအဝေးပွဲကြီး
(Conference of the Association of Theravāda Buddhist Universities)
သီတဂူဆရာတော်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ထိုင်းနိုင်ငံမှာ ကျင်းပ ပြုလုပ်နေစဉ်

===============

ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့
(Association of Theravāda Buddhist Universities)

ဒီအဖွဲ့ကို သီတဂူဆရာတော်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ၂၀၀၇ မတ်လမှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒသာသနာပြုတက္ကသိုလ် (ရန်ကုန်) မြန်မာနိုင်ငံမှာ စတင်ဖွဲ့စည်းသည်။
ပထမအကြိမ် (ပိတ်ပွဲ၊ ပုပ္ပားတောင်၊ မြန်မာ)

၁။ ထိုနှစ်မှာပဲ ပထမအကြိမ်အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ အစည်းအဝေး (ATBU International Conference)ကြီး၏ ဖွင့်ပွဲကို ထိုတက္ကသိုလ်နှင့် ပိတ်ပွဲကို ပုပ္ပါးတောင်ရှိ ဟိုတယ်တို့တွင် ကျင်းပခဲ့သည်။
(The initial conference of the Association of Theravāda Buddhist Universities at International Theravada Buddhist Missionary University Yangon & Poppa Mountain, Myanmarယ9-11-3-2007)
ဒုတိယအကြိမ်၊ (စစ်ကိုင်း၊ မြန်မာ)

 ၂။ ဒုတိယအကြိမ်ကိုတော့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း၊ မြန်မာတွင် ၂၀၀၉၊ မတ်လမှာ နိုင်ငံပေါင်း ၃၀ ကျော်တက်ရောက်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
(The 2nd Bi-Annual International Conference The Association of Theravada Buddhist Universities (ATBU) held at Sitagu International Buddhist Academy
Sagaing Hills, Myanmar 4-8 March 2009)
တတိယအကြိမ်၊ (နခွန်ပထွန်၊ ထိုင်းနိုင်ငံ)

 ၃။ တတိယအကြိမ်မှာတော့ မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ်၊ နခွန်ပထွန်၊ ထိုင်းနိုင်ငံတွင် မေ ၁၆-၁၈-၂၀၁၃ မှာ ကျင်းပသည်။
(The 3rd ATBU International Conference on “Buddhist Education, Life Education” 16-18 May 2013 at Mahamakut Buddhist University, Salaya, Nakhon Pathom, Thailand) 

နိုင်ငံတကာထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့ လင့်ခ် http://atbu.org/ လင့်ခ်ကို ကိုးကားသည်။

နှိုင်းယှဉ်စိတ်ဖြစ်ပေါ်
နိုင်းငံတကာဗုဒ္ဓတက္ကသိုလ် အစည်းဝေးပွဲကြီးကို မြန်မာနှင့်ထိုင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပရာ မြန်မာနိုင်ငံက နှစ်ကြိမ်၊ ထိုင်းနိုင်ငံက တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် ကျင်းပပြီး ထိုအစည်းအဝေး၏ အခမ်းအနားအတွက် အခင်းအကျင်း ပြင်ဆင်မှု ဧည့်ခံမှု၊ ကြိုဆိုမှု၊ လှူဒါန်းမှုတွေကို ကြည့်ပြီး စာရေးသူ၏ အသိစိတ်ထဲမှာ အလိုလို နှိုင်းယှဉ်စိတ်ဖြစ်ပေါ်လာခဲ့သည်။

မြန်မာနှင့်ထိုင်း
ထိုင်းနိုင်ငံသည် အလွန်ချမ်းသာ ကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အားလျှော်စွာ ထိုနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များ၏ အသွင်အပြင် အဆောက်အဦးတွေသည်လည်း ကြီးကျယ် ခန်းနားသည်ကို တွေ့ရသည်။ စာရေးသူသည် ၂၀၀၆ ခုနှစ်က ဘန်ကောက် “ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံပွဲကြီး”ကို တက်ရောက်ခဲ့ဖူးသည်။ လမ်းတွေ တံတားတွေ၊ အဆောက်အဦးတွေ၊ ကြည့်လိုက်ရင် စာရေးသူတို့နိုင်ငံနှင့် အတော်ကို ကွာဟနေသည်ကို တွေ့ခဲ့ရသည်၊ လျပ်စစ်မီး သုံးစွဲမှု၊ နည်းပညာ အခင်းအကျင်းတွေက အစ အလွန်ခန်းနားသည်။

စာရေးသူတို့နိုင်ငံမှာတော့ စီးပွားရေး နိမ့်ကျသည့် နိုင်ငံဖြစ်နေရကား ဗုဒ္ဓတက္ကသိုလ်တွေရဲ့ အဆောက်အဦးတွေမှာလည်း ထိုနိုင်ငံနှင့် ယှဉ်က သေးငယ်သွားသည်ဟု ထင်ရသည်။ ကြံဖန်ပြီးတော့ ဂုဏ်ယူရရင်တော့ အဆောက်အဦးတွေ လမ်းတွေ တံတားတွေ နိမ့်ကျစေကာမူ ပညာအရည်အချင်းမှာတော့ အဆများစွာသာသည်ဟု ယူဆမိပါသည်။ “ရဟန်းတော်ပညာရေးမှာတော့ မြန်မာပြည် ရဟန်းတော်များ၏ ဗုဒ္ဓစာပေအသိ၊ ဗုဒ္ဓစာပေအဆင့်အတန်းကို ဘယ်နိုင်ငံကမှ ယှဉ်နိုင်မည်မဟုတ်”ဟုဆိုက ဘယ်နိုင်ငံကမှလဲ ငြင်းမည်မထင်။

ထိုင်းနိုင်ငံ၏ရဟန်းတော်ပညာရေးသည် ခေတ်ပညာဘက်ကို ဦးတည်နေသည်၊ ဗုဒ္ဓစာပေသည် တဖြည်းဖြည်း အားနဲလာသည်။ ထိုင်းရဟန်းတော်များသည် ချမ်းသာကြွယ်ဝသော နိုင်ငံမှ ဖြစ်၍ အမေရိက၊ အင်္ဂလန်တက္ကသိုလ်များကဲ့သိုသော နည်းပညာထိပ်ဆုံးရှိ တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ကြသည်။ မြန်မာနိုင်ငံမှ ရဟန်းတော် တချို့သာ တက်နိုင်ကြသည်၊ အများစုက သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယရှိ တက္ကသိုလ်များကိုသာ တက်နိုင်ကြသည်။

ခေတ်ပညာနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်း ပေါက်ရောက်မှုတွင် ထိုင်းရဟန်းတော်များက မြန်မာရဟန်းတော်များထက် တဖြည်းဖြည်းနဲ့ ပိုမို ရှေ့ရောက်လာနိုင်ဖွယ်ရှိသည်။ နိုင်ငံတကာရောက် ပညာတော်သင် မြန်မာရဟန်းတော်များ၏ ပညာရေးသည် တိုင်းပြည်ရှိ ပြည်သူများကိုသာ အမှီပြုကြရသည်၊ အစိုးရကို အမှီပြုနေရသည်မဟုတ်။ ထို့ကြောင့် နိုင်ငံချမ်းသာဖို့ထက် နိုင်ငံရှိ ပြည်သူများ တစ်ယောက်ချင်းအလိုက် ချမ်းသာကြွယ်ဝဖို့ကိုပဲ မျှော်လင့်ရသည်။

ရဟန်းတော်များ၏ ပညာရေးကို ဆိုလိုက်သဖြင့် တိုင်းပြည်ရှိ ကျောင်းသား ကျောင်းသူ အားလုံး၏ ပညာရေးမြင့်မားမှု၊ နိုင်ငံတကာ ၀င်ဆန့်မှုသည်လည်း အလာတူပင် ဖြစ်ပါလိမ့်မည်။ ဟားဗက်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ်စတဲ့ ကမ္ဘာကျော် တက္ကသိုလ်များတွင် ထိုင်းနိုင်ငံကျောင်းသားများနဲ့ ယှဉ်လျှင် မြန်မာကျောင်းသားများ အရေအတွက် အလွန်နဲနေသည်ကို တွေ့ရပါလိမ့်မည်၊ မြန်မာကျောင်းသားတွေ မညံ့ကြပါ၊ သို့သော် တခြားနိုင်ငံကျောင်းသားတွေလောက် ငွေကြေး မသုံးစွဲနိုင်ကြ။ နိုင်ငံရေးအကြောင်း နားမလည်ပါ၊ စီးပွားရေးအကြောင်း မသိပါ၊ မြင်နေရ တွေ့နေရသည့် အတွေ့အကြုံအရ တိုင်းပြည် စီးပွားရေးနိမ့်ကျမှုကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေသော ပညာရေးကို လိုက်မမှီကြဘဲ ဖြစ်နေသည်၊ ပညာရေးနိမ့်ကျမှုကြောင့်လည်းပဲ စီးပွားရေး နိမ့်ကျနေသည်။ စီးပွားရေး ပညာရေးတို့သည် အပြန်အလှန် ထောက်ပံ့နေကြသည်။ ထိုအထဲတွင် ကျန်းမာရေးကလဲ ပါရပြန်သည်။ ထိုသုံးခုလုံးကို ဟန်ချက်ညီညီ ထောက်ပံ့နိုင်သည်ကား မှန်ကန်သော နိုင်ငံရေးမူဝါဒဖြစ်မည် ထင်ပါသည်။

ဓာတ်ပုံများကို သီတဂူထိန်လင်းဦး၊ အရှင်ဝိသုတတို့ ဖေ့ဘုတ်နှင့် Sitagu International Buddhist Academy ဖေ့ဘုတ်တို့ထံမှ ရယူသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၅-၂၀၁၃

1 comments:

Anonymous said...

I am not sure where you are getting your information, but
great topic. I needs to spend some time learning more
or understanding more. Thanks for wonderful info I was looking for this info for my mission.


Feel free to surf to my site: vakantievilla frankrijk

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes