ဖေ့ဘုတ် သင်းဂြိုင်း
စာမိတ်ဆက်
အရင်ကတော့ မြန်မာ့သတင်းစာ ဖတ်ရင် အရင်ဆုံး နာရေးသတင်းတွေကိုပဲ အရင်ဆုံးသွားဖတ်မိတယ်။ နောက်မှ တခြား ပါနေကျ သတင်းတွေကို ဖတ်မိတယ်။ နာရေးသတင်းတွေကို ဖတ်ရင်း သံဝေဂယူပြီး ကုသိုလ်စိတ်တွေ ဖြစ်မိသေးတယ်။ အခုတော့ အလွန်မြန်ဆန်တဲ့ ဖေ့ဘုတ်ပေါ်က သတင်းအစုံတွေ ဖတ်ခွင့်ရသည်။ ဖေ့ဘုတ်သတင်းသည် စက္ကန့်ပိုင်းတွင်းမှာပဲ သတင်းမျိုးစုံ တက်နေသည်၊ ထိုသတင်းတွေမှာ ကားတိုက်၊ ဆိုင်ကယ်တိုက်အစရှိတဲ့ ယာဉ်အက်ဆီးဒင့်တစ်ခုခုကြောင့် သေတဲ့သူတွေ တိုက်ပေါ်က ခုန်ချလို့သေတဲ့သူတွေ၊ မီးလောင်လို့သေတဲ့သူတွေ၊ ရေနှစ်လို့ သေတဲ့သူတွေ၊ တိုက်ပွဲတွေကြောင့် သေတဲ့သူတွေ၊ ရောဂါကြောင့်သေတဲ့ သူတွေ၊ သက်တမ်းကုန်လို့ သေတဲ့သူတွေ စသည်အားဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေနေကြတဲ့ နာရေးတွေအကြောင်းတွေကလဲ တဖွဲဖွဲနဲ့ အွန်လိုင်းပေါ်တက်လာသည်။ အခုလဲ သေပြန်ပြီ တစ်ယောက်၊ လူအသိများထဲသူတစ်ယောက်ပဲ အသက်က ၅၉ တဲ့။ လူ့ဘ၀ရဲ့ တစ်ဝက်မျှသာ နေခဲ့ရသည်။ တစ်ယောက်ကတော့ တိုက်ပေါ်က ခုန်ချသတဲ့ အသက်က ၂၃ နှစ်တဲ့။ ထိုသတင်းတွေ ဖတ်ပြီး သံဝေဂပို့စ်လေးတစ်ခု ရေးချင်စိတ် ပေါက်လာသည်။
မသာတစ်ခေါက်
ကျောင်းဆယ်ခေါက်
အရင်ကတော့ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဆိုတာလို နာရေးအသုဘ သွားလိုက်တဲ့ အချိန်လေးမှာပဲ သံဝေဂစိတ်တွေဖြစ်သည်၊ ကျန်ချိန် နုပျိုစိတ်တွေ မာန်မာနစိတ် ဖြစ်မြဲဖြစ်ပြီး ဘ၀ရဲ့ သဘောသဘာဝကို မေ့နေတတ်သည်။ ဘုန်းကြီးကျောင်းရောက်တဲ့ အချိန်မှာက သာသနာရဲ့ အေးချမ်းတဲ့ဘ၀ကို မြင်ပြီး ဘ၀ရဲ့ အနှစ်သာရကို ခံစားမိသည်၊ ဘုန်ကြီးကျောင်းကို ရောက်သူက အအေးဓာတ်ရသလို အသုဘ သုသာန်ကို ရောက်တော့လဲ ဘ၀ရဲ့ ဒုက္ခတွေကို ဒီနေရာမှာပဲ ပိုပြီး ထင်ထင်ပေါ်ပေါ် မြင်ရသည်၊ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ၀င်လာတဲ့ ယာဉ်တန်းတွေ နောက်ဆုံး မီးသင်္ဂြိုစက်ထဲမှာ ဘ၀တစ်ခု အဆုံးသတ်ကြရသည်၊ တပြိုင်တည်းမှာပဲ မွေးဖွားရတဲ့ ဒုက္ခကို ရင်ဆိုင်ရပြန်သည်။ ချစ်ခင်နှစ်သက်သူတွေနဲ့ ခွဲခွါရခြင်းရဲ့ ဒုက္ခအသွင်ပြင်ကလဲ ထိုနာရေးတွေမှာ ပိုပြီး မြင်သာထင်သာ ရှိလှသည်။ ရင်ဘက်စည်တီးပြီး ဥပါယာသမီး အလောင်မြိုက်ခံရသူများကို မြင်ရသူအဖို့ သောကဆိုတဲ့ ဒုက္ခသည်လည်း ပီပြင်လှသည်။ “ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်၊ တကယ့်အရေး တကယ်ဘေး ဘယ်သွေး ဘယ်သား မကယ်မည်။” ဟူသော တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သံဝေဂလင်္ကာသည်ကား ပို၍ပို၍အသက်ဝလာတော့သည်။
အရင်ကတော့ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဆိုတာလို နာရေးအသုဘ သွားလိုက်တဲ့ အချိန်လေးမှာပဲ သံဝေဂစိတ်တွေဖြစ်သည်၊ ကျန်ချိန် နုပျိုစိတ်တွေ မာန်မာနစိတ် ဖြစ်မြဲဖြစ်ပြီး ဘ၀ရဲ့ သဘောသဘာဝကို မေ့နေတတ်သည်။ ဘုန်းကြီးကျောင်းရောက်တဲ့ အချိန်မှာက သာသနာရဲ့ အေးချမ်းတဲ့ဘ၀ကို မြင်ပြီး ဘ၀ရဲ့ အနှစ်သာရကို ခံစားမိသည်၊ ဘုန်ကြီးကျောင်းကို ရောက်သူက အအေးဓာတ်ရသလို အသုဘ သုသာန်ကို ရောက်တော့လဲ ဘ၀ရဲ့ ဒုက္ခတွေကို ဒီနေရာမှာပဲ ပိုပြီး ထင်ထင်ပေါ်ပေါ် မြင်ရသည်၊ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ၀င်လာတဲ့ ယာဉ်တန်းတွေ နောက်ဆုံး မီးသင်္ဂြိုစက်ထဲမှာ ဘ၀တစ်ခု အဆုံးသတ်ကြရသည်၊ တပြိုင်တည်းမှာပဲ မွေးဖွားရတဲ့ ဒုက္ခကို ရင်ဆိုင်ရပြန်သည်။ ချစ်ခင်နှစ်သက်သူတွေနဲ့ ခွဲခွါရခြင်းရဲ့ ဒုက္ခအသွင်ပြင်ကလဲ ထိုနာရေးတွေမှာ ပိုပြီး မြင်သာထင်သာ ရှိလှသည်။ ရင်ဘက်စည်တီးပြီး ဥပါယာသမီး အလောင်မြိုက်ခံရသူများကို မြင်ရသူအဖို့ သောကဆိုတဲ့ ဒုက္ခသည်လည်း ပီပြင်လှသည်။ “ရသည့် ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်၊ တကယ့်အရေး တကယ်ဘေး ဘယ်သွေး ဘယ်သား မကယ်မည်။” ဟူသော တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သံဝေဂလင်္ကာသည်ကား ပို၍ပို၍အသက်ဝလာတော့သည်။
ထိုနေရာ ထိုအချိန်မှာပဲ ငါလဲ သေရမှာပါလား၊ ငါလဲ ဒီလမ်းကို လာရမှာပါလားဆိုတဲ့ သတိ တဒင်္ဂတော့ ရကြသည်။ ကိုယ့်ကိုယ်ကို ပြုပြင်စိတ်တွေ၊ ကောင်းအောင် နေချင်စိတ်တွေ ထိုအချိန်မှာ ပိုဖြစ်မိကြသည်။ ကျောင်းကို ဆယ်ခေါက် ရောက်လို့ ရတဲ့ ကုသိုလ်စိတ်က နာရေးက တစ်ကြိမ် တစ်ခါ ရလိုက် သတိသံဝေနှင့် ကုသိုလ်စိတ်တို့ ညီမျှသည်ဟု ဆိုဟန်ရှိသည်။
ကျော်သူ့ တစ်ခေါက် ကျောင်းဆယ်ခေါက်
ယနေ့ အင်တာနက်ခေတ်ဆိုတော့ မသာတစ်ခေါက် ဆိုတာထက် “ကျော်သူ့ဆီ တစ်ခေါက် ကျောင်းဆယ်ခေါက်” လို့ ပြောရမလို ဖြစ်နေသည်။ ဦးကျော်သူ ဖေ့ဘုတ်ကို မကြာမကြာ ရောက်မိသည်။ သေလိုက်တဲ့ လူတွေ၊ ပုံစံအမျိုးမျိုးနဲ့ကို သေနေလိုက်ကြတာ၊ “အင်တာနက် သင်္ဂြိုင်း” ဟုပင် ခေါ်ရမလို ဖြစ်နေသည်။ မွေးခါစ ငယ်တဲ့လူတွေလဲ သေကြသည်၊ ကျောင်းသား ကျောင်းသူဘ၀တွေလဲ သေနေကြသည်၊ အိမ်ထောင်ရှင်တွေလဲ သေနေကြသည်၊ အဖိုအဖွားတွေလဲ တဖြုတ်ဖြုတ်နဲ့ သေနေကြသည်။ မီးစာကုန် ဆီခမ်း အသက်တမ်းကုန်လို့ သေကြသည်၊ ကံကုန်လို့ သေကြသည်၊ နေဒဏ် လေဒဏ်ကြောင့် အချိန်မတန်ဘဲ တဖြုတ်ဖြုတ် ကြွေလွင့်သည့် ပန်းမျာလို မတော်တဆပေါ့ဆမှုကြောင့်ပဲ ဖြစ်ဖြစ်၊ တမင်တကာ ကြောင့်ပဲ ဖြစ်ဖြစ်၊ အချိန်မတိုင်ဘဲ တဖြုတ်ဖြုတ် သေကြသည်။ ဒီကနေ့ခေတ် သံဝေဂရချင်လို့ပဲဖြစ်ဖြစ်၊ မရဏဿတိဘာဝနာ ရချင်လို့ပဲဖြစ်ဖြစ်၊ ဒါ့ပြင် သေခြင်းတရားကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတဲ့ အသိလေး ရချင်လို့ပဲ ဖြစ်ဖြစ် သုသာန် သွားစရာမလိုဘဲ ကျော်သူဖေ့ဘုတ်ကဲ့သို့ အင်တာနက်မှ နာရေးသတင်းများကို သွားလည်ရင် ရနိုင်ပါသည်။
Unexpected Conditions
လောကမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မျော်လင့်မထားတဲ့ အန္တရာယ်တွေ Unexpected conditios) ဆိုတာ ရှိတတ်သည်။ ဝေဟင်မှာ သူ့ဘာသာ ပျံနေတဲ့ ကျီးကန်းတစ်ကောင် အမျိုးသမီးတစ်ယောက် ထမင်းဟင်းချက်ရာ မီးဖိုကနေ ကောင်းကင်တက်လာတဲ့ မီးကွင်း လည်ပင်းစွတ်မိပြီး သေရတဲ့ အဖြစ်တစ်ခု။ လူတစ်ယောက် “လူယုတ်မာပဲ”ဆိုပြီး မြစ်လည်ခေါင်မှာ ရေနှစ်အသတ်ခံရတဲ့ ဖြစ်ရပ်တစ်ခု။ ဘုရားဖူးကြွလာကြတဲ့ ရဟန်း ၇ ပါး၊ လမ်းခရီး ဘုန်းကြီးကျောင်းတစ်ကျောင်း ၀င်ခိုသည်၊ နေစရာ လှိုဏ်ဂူတစ်ခုထဲသို့ အတူဝင် နားခိုစဉ် တောင်ပေါ်က လိမ့်ဆင်းလာတဲ့ ကျောက်တုံးကြီးတစ်ခု လှိုဏ်ဂူအပေါက်ကို ပိတ်မိရက်သား ဖြစ်သွားသည်။ ထိုကဲ့ မမျှော်လင့်ဘဲ ရုတ်ရက် ရင်ဆိုင်လိုက်တဲ့ အန္တရာယ်တွေ ယနေ့ခေတ် ပိုလို့ပင် ရင်ဆိုင် တွေ့ကြုံနေကြရသည်။ “လှံထမ်းလာတာကို မြင်နိုင်သည်၊ ကံထမ်းလာတာကို မမြင်နိုင်” ဆိုတာလိုပဲ သူတို့ရဲ့ မမြင်နိုင်တဲ့ အတိတ်က ကံတွေကို ဘုရားရှင်က လွဲ၍ မည်သူမျှ မမြင်နိုင်၊ သူတို့ရဲ့ မျှော်လင့်မထားတဲ့ အန္တရာယ်တွေ (Unexpected coditions)ကို ဘုရားရှင်ပဲ မြင်နိုင်သည်။ ထို့ကြောင့် လောကမှာ ကျွန်ုပ်တို့တတွေအတွက် မမြင်နိုင်တဲ့ ကံတရားတွေ၊ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မျှော်လင့်မထားတဲ့ အခြေအနေတွေ ရှိနေသည်ကို သတိပြုကြရမှာ ဖြစ်သည်။ သတ္တ၀ါတွေ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။
ကြို မသိနိုင်တဲ့ အရာ ၅ မျိုး
၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။ (ကံကုန်လို့လဲ သေနိုင် (ကမ္မက္ခယ)၊ ရုတ်တရက်မတော်တဆ (ဥပစ္ဆေဒက)ကြောင့်လဲ သေနိုင်၊ သက်တမ်းကုန်၍လည်း သေနိုင်(အာယုက္ခယ)။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့
တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)
Confidence ယုံကြည်ချက်
ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေဟာ “ဇာတဿ အမရဏံ နာမ နတ္ထိ”အရ ခန္ဓာရလာလို့ သေရမည်ဆိုပေမဲ့ ဥပစ္ဆေဒကကံလို မမျှော်လင့်ဘဲ ဖြစ်လာမည့် အန္တရာယ် (Unexpected conditios) တွေကို ကာကွယ်နိုင်ရန် မိမိမှာ (Confidence) ယုံကြည်ချက် ရှိဖို့လိုသည်။ ယုံကြည်ချက် ရှိနေသူတစ်ယောက် ဘယ်သွားသွား၊ ဘယ်ရောက်ရောက်နေ၊ သူ့အတွက် “ထိတ်လန့်စရာ မရှိ၊ ကြောက်စရာ မရှိ၊ စိုးရွံ့စရာမရှိ” ယုံကြည်စိတ်ချစွာ သွားလာနိုင်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ဖို့လိုသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟူသည် ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းပဲ ဖြစ်သည်။ ကိုယ်ကိုယ်တိုင် ယုံကြည်နိုင်အောင် စွမ်းရည်၊ အရည်အချင်း၊ တန်ဖိုးများကို ရရှိနေသူသည် ကိုယ့်ကိုယ်ကို အားကိုးနိုင်သည်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။ ထိုစွမ်းရည်၊ အရည်အချင်း၊ တန်ဖိုးများဟူသည် စရဏပင် ဖြစ်သည်။ ကိုယ့်သန္တာန်မှာ စရဏ-အကျင့်တစ်ခုခု လက်ကိုင်ထားလျှင်ပင် ကိုယ့်ကိုယ်ကို ယုံကြည်သည်။ ကိုယ့်နှလုံးသားမှာ ဘုရားရှိနေရင်၊ တရားရှိနေရင်၊ သံဃာရှိနေရင် ထိုကဲ့သို့သော အန္တရာယ်တွေအတွက် ပူပန်မှုကင်းသည်။ အရဟံ၊ သမ္မာသမ္ဗုဒ္ဓ၊ သုဂတစတဲ့ ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှာ ဘုရားတည်ထားရင် အန္တရာယ်သည် ကြောက်စရာဟူ၍ မထင်၊ “မရဏံ မေ ဘ၀ိဿတိ- ငါသည် တစ်နေ့ မုချ သေရမည်”ဟုသော မရဏဿတိကဲ့သို့သော ဘာဝနာတစ်ခုခုကို ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှ ဓမ္မတည်နေလျှင် သေဘေးကို ရဲရဲကြီး ရင်ဆိုင်ရဲသည်။ သုပ္ပဋိပ္ပန္နလာ အစဖြာသည့် ကိုးဖြာသော သံဃာ့ဂုဏ်တော် ပွားများခြင်းဖြင့် ကိုယ့်နှလုံးသားမှာ သံဃာတည်းဟုသော အားကိုးရာ ရှိနေလျှင် ဘ၀မှာ နေရဲ သေရဲသည်။
မမြဲသုံးချက် မြဲသုံးချက်
ဘာပဲပြောပြော နောက်ဆုံးတော့လဲ “ကမ္မက္ခယ-ဒီဘ၀ဒီမျှအတွက် ကံကုန်ခြင်း၊ အာယုက္ခယ-ရုပ်သက်တမ်း၊ နာမ်သက်တမ်းကုန်ခြင်း”ဟူသော သဘာဝတရားကို မည်သူမျှ မလွန်ဆန်နိုင်ကြ။ ဘာတွေနဲ့ပဲ တားဆီးတားဆီး၊ မည်သည့်အရာတွေနဲ့ပဲ ကာကွယ် စောင့်ရှောက်စေကာမူ အိုမြဲ နာမြဲ သေမြဲဆိုတဲ့ ထာဝရ၊ “မြဲခြင်း သုံချက်” ကိုတော့ မကျော်လွန်နိုင်ကြ။ အားလုံးသော အရာ၊ အားလုံးသော သတ္တ၀ါတွေသည် ထိုမြဲခြင်းအောက်မှာ လက်မြောက် အရှုံးပေးကြရသည်။ “ဇရံ အနတီတော၊ ဗျာဓိံ အနတီတော၊ မရဏံ အနတီတော” ဟူသော အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်တော်အရ လောကမှာ ထိုသုံးမျိုးကလွဲ မြဲတာ ဘာမှမရှိ။ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်က ယခု နာယကချုပ်ဆရာတော် ဆုံးမလေ့ရှိသည့် “မမြဲသုံးချက် မြဲသုံးချက်” ဆိုတဲ့ ဆောင်ပုဒ် တစ်ခုကို အမှတ်ရမိသည်။
၁။ ပျိုခြင်းမမြဲ အိုခြင်းမြဲ ငါလည်း အိုရမှာပါ တကား။
၂။ မာခြင်းမမြဲ နာခြင်းမြဲ ငါလည်း နာရမှာပါ တကား။
၃။ နေခြင်းမမြဲ သေခြင်းမြဲ ငါလည်း သေရမှာပါ တကား။
နုပျိုခြင်း၊ ကျန်းမာခြင်း၊ အသက်ရှင်ခြင်းတို့သည် မြဲသည်ဟူ၍ မရှိ။ အိုခြင်း နာခြင်း သေခြင်းတို့သည်သာ မြဲသည်ဟူ၍ ရှိ၏။ ရလာတဲ့ အဖိုးမဖြတ်နိုင်တဲ့ လူ့ဘ၀၊ ကောင်း၏ မကောင်း၏၊ အပြစ်မရှိ အပြစ်ရှိ၏ ဟုသော ကုသိုလ် အကုသိုလ်ကို သိနိုင်တဲ့ သာသနာနဲ့လည်း ကြုံခိုက်၊ မမြဲတာကို မမြဲမှန်းသိ၊ မြဲတာကို မြဲမှန်းသိနိုင်တဲ့ ခေတ်နဲ့ကြုံခိုက် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော သူတော်သူမြတ်ကျင့်စဉ်ကို လက်လှမ်းမှီသမျှ ကျင့်နိုင်ကြပါစေကုန်သတည်းးးးးးးး။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၀၂-၂၀၁၃
0 comments:
Post a Comment