ဘ၀ဆိုတာ အိပ်မက်တစ်ခု
“သီတဂူစတား၏ စာတိုပေတို”
“သီတဂူစတား၏ စာတိုပေတို”
အိပ်မက်ထဲက အမှန်တရား
အိပ်မက်ထဲမှာတော့ ရေလဲ ကူးဖူးသည်၊ ကောင်းကင်သို့လဲ ပျံဖူးသည်၊ မြေကြီးထဲလဲ ၀င်ဖူးသည်၊ တောင်ပေါ်ကနေလဲ ခုန်ချဖူးသည်၊ ကြောက်စရာ ထိတ်လန့်စရာတွေနဲ့လဲ တွေ့ဖူးသည်၊ ပျော်စရာ ကြည်နူးစရာလေးတွေနဲ့လည်း ကြုံဖူးသည်၊ ငိုလည်း ငိုဖူးသည်၊ ရယ်လည်း ရယ်ဖူးသည်။ အိပ်မက်ထဲ မတွေ့ဖူးတာ မရှိ၊ အကုန်တွေ့ဖူးသည်၊ မဖြစ်နိုင်တာဆိုတာ မရှိ၊ အကုန်ဖြစ်နိုင်သည်၊ အိပ်မက်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသောကြောင့် အိပ်မက်ထဲက မြင်သမျှ ကြုံသမျှ တွေ့သမျှ ဖြစ်ခဲ့သမျှ အရာအားလုံးသည် အမှန်ချည်းပဲ ဖြစ်သည်။
လူသား သို့မဟုတ် ပုထုဇဉ်လူသားတို့သည် ကိုယ့်ကိုယ်ကို ရှိနေသည်ဟူ၍ ယူဆထားသည်၊ ထင်ထားသည်။ အနောက်တိုင်း အတွေးခေါ်ပညာရှင် ဒေကားစ် (Descartes) ၏ အတွေးနဲ့ တူသည်၊ “I am thinking so I am” or “I am thinking therefore I exist.” ငါ စဉ်းစားသည်၊ ထို့ကြောင့် ငါ ရှိသည်။ ပုထုဇဉ်မှန်သမျှ “ငါ” မရှိဟုသော စကား ဘယ်သောအခါမှ မပြောကြ။ “ငါ” ရှိ၏ ဟုသော အဆို အယူအဆ၊ ယုံကြည်မှုတို့သည် အမှန်ဆိုရင် ငါဟူသော မိမိကိုယ်တိုင် တွေ့ကြုံရသော အရာမှန်သမျှတို့သည်လည်း အမှန်ဟူပင် ဖြစ်မည်။
ထိုအဆိုအရ လောကမှာ ငါ ရှိသည်၊ သူရှိသည်၊ ပုဂ္ဂိုလ်ရှိသည်၊ သတ္တ၀ါရှိသည်၊ ယောက်ျားဆိုတာ ရှိသည်၊ မိန်းမဆိုတာ ရှိသည်၊ အမေဆိုတာ ရှိသည်၊ အဖေဆိုတာ ရှိသည်၊ သားရှိသည်၊ သမီးရှိသည်၊ သူဋ္ဌေးရှိသည်၊ သူဆင်းရဲရှိသည်၊ ရွှေရှိသည်၊ ငွေရှိသည်၊ ကားရှိသည်၊ စသည်ဖြင့် လောကမှာ အရှိတရားတွေ များစွာရှိသည်၊ ထိုအရှိတရားများသည် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံ ခံစား၍ အမှန်ချည်းသာ ဖြစ်သည်၊ အမှားဟူ၍ မရှိ။
အိပ်မက်အပြင်က အမှန်တရား
သို့သော် အိပ်မက်ကနေ နှိုးထလာသောအခါ အိပ်မက်ထဲက တွေ့သမျှ၊ မြင်သမျှ၊ ခံစားဖူးမှန်သမျှတို့သည် အမှားချည်းဖြစ်သွားသည်၊ တကယ် အစစ်၊ တကယ့်အမှန်တရား မဟုတ်တော့ချေ၊ ထိုသို့ တကယ်အမှန်အစစစ် မဟုတ်သည်ကိုလည်း မိမိကိုယ်တိုင် နှိုးလာခြင်းအတွေ့အကြုံက ကိုယ်တိုင် ရလိုက်ခြင်းကြောင့် အစစ်မဟုတ်၊ အမှန်မဟုတ်သည်ကို တွေ့ကြုံ ခံစား သိလိုက်ရခြင်းကလည်း အမှန်တရားပင် ဖြစ်တော့သည်။ ထိုအမှန်တရား အားလုံးကို မည်သူ့ မည်ဝါထံမှ တဆင့်စကား တဆင့်သိရခြင်း တွေ့ကြုံရခြင်းမဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံရခြင်းဖြစ်သည်။ ငါ၊ မိမိ၊ ကိုယ် ဟူသော အမှန်တရားရှိနေလျှင် အိပ်မက်ထဲက အတွေ့အကြုံရော၊ အိပ်မက်အပြင်က အတွေ့ကြုံ မှန်သမျှတို့သည် အမှန်တရားများ ဖြစ်ကြသည်။
သို့သော် အိပ်မက်ကနေ နှိုးထလာသောအခါ အိပ်မက်ထဲက တွေ့သမျှ၊ မြင်သမျှ၊ ခံစားဖူးမှန်သမျှတို့သည် အမှားချည်းဖြစ်သွားသည်၊ တကယ် အစစ်၊ တကယ့်အမှန်တရား မဟုတ်တော့ချေ၊ ထိုသို့ တကယ်အမှန်အစစစ် မဟုတ်သည်ကိုလည်း မိမိကိုယ်တိုင် နှိုးလာခြင်းအတွေ့အကြုံက ကိုယ်တိုင် ရလိုက်ခြင်းကြောင့် အစစ်မဟုတ်၊ အမှန်မဟုတ်သည်ကို တွေ့ကြုံ ခံစား သိလိုက်ရခြင်းကလည်း အမှန်တရားပင် ဖြစ်တော့သည်။ ထိုအမှန်တရား အားလုံးကို မည်သူ့ မည်ဝါထံမှ တဆင့်စကား တဆင့်သိရခြင်း တွေ့ကြုံရခြင်းမဟုတ်ဘဲ ကိုယ်တိုင်တွေ့ကြုံရခြင်းဖြစ်သည်။ ငါ၊ မိမိ၊ ကိုယ် ဟူသော အမှန်တရားရှိနေလျှင် အိပ်မက်ထဲက အတွေ့အကြုံရော၊ အိပ်မက်အပြင်က အတွေ့ကြုံ မှန်သမျှတို့သည် အမှန်တရားများ ဖြစ်ကြသည်။
ပရမတ္ထ အမှန်တရား
အိပ်မက်ထဲက အသိ အမှန်တရားများသည် နှိုးကြားလာသော အခါ အမှန်တရားတွေက တကယ်မဟုတ်ဖြစ်သွားသည်။ အိပ်မက် အသိကို နှိုးကြားခြင်း အသိက ချေဖျက်ပြစ်လိုက်သည်။ အလားတူပဲ အိပ်မက်ပမာ ပုထုဇဉ်ဘ၀မှာ မှန်ကန်နေသည့် အမှန်တရားတွေသည် နှိုးကြားလာသော အခါ (သို့မဟုတ်) ပုထုဇဉ်ဘ၀တည်းဟူသော အိပ်မက်မှ နှိုးထလာတဲ့ အရိယာအသိ ဖြစ်လာသော အခါ ပုထုဇဉ်ဘ၀က အသိတွေသည် အမှန်မဟုတ်တော့ချေ၊ အမှားချည်း ဖြစ်သွားတော့သည်၊ ထိုအခါ ငါစဉ်းစားနေ၏ ထို့ကြောင့် ငါ ရှိ၏ဟူသော အမှန်တရား၊ အလားတူ သူရှိ၏၊ ပုဂ္ဂိုလ်ရှိ၏၊ သူဋ္ဌေး၊ ဆင်းရဲရှိ၏ ဟူသော အမှန်တရားတို့သည်လည်း အမှားချည်း ဖြစ်သွားတော့သည်၊ အိပ်မက်မှ နှိုးထလာခြင်းကြောင့် ဖြစ်သည်။
အရိယာအသိ၊ အရိယာ နယ်ပယ်သို့ ရောက်သွားသော အခါ ပုထုဇဉ်ဘ၀က ကိုယ်ကိုယ်တိုင် တွေ့ကြုံခဲ့သော အမှန်တရားတို့သည် အိပ်မက်ပမာ ပျောက်ကုန်သည်။ ယောက်ျားဆိုတာ မရှိ၊ မိန်းမဆိုတာ မရှိ၊ ပုဂ္ဂိလ်၊ သတ္တ၀ါဆိုတာ မရှိ။ ထိုသို့ ပုဂ္ဂိုလ် သတ္တ၀ါ မရှိတော့လျှင် သူဋ္ဌေး၊ ဆင်းရဲသားဆိုတာလဲ မရှိတော့။ ထိုကဲ့သို့ ဘာမှ မရှိတာကိုပဲ အမှန်တရားလားဆိုတော့၊ အဲဒါလဲ မဟုတ်ပြန်၊ တကယ့်အမှန်တရား၊ အရှိတရားကား ရုပ် သဘောတရားနှင့် နာမ်သဘောတရားမျှသာ ရှိသည်။
ပုထုဇဉ်ဘ၀တုန်းကတော့ ငါသိသည်၊ ငါ့မှာ ရှိသည်၊ ငါမှ ငါပဲ ဟု မိမိကိုယ်ကိုပင် မာနတွေ၊ ဣဿာစိတ်တွေ မစ္ဆရိယစိတ်စတဲ့ အဖျက်တရားတွေ အမှောင်တရားတွေ နဲ့ ရူးနေကြသေးသည်၊ ပုထုဇ္ဇနော ဥမ္မတ္တကော-အရိယာနယ်ပယ်ထဲ မရောက်သေးမှီမှာတော့ အားလုံးဟာ ထိုကဲ့သို့ အမှားကို အမှန်ထင် အမှန်ကို အမှားထင်နေကြတဲ့ အရူးဘ၀နဲ့ သံသရာလည်ကြရဦးမည်။ အရူးဘ၀မှ လွတ်မြောက်လိုသူ၊ အိပ်မက်ကနေ နှိုးထလိုသူတို့သည် အမှန်တရား (ပရမတ္ထ) ကို ရှာဖွေကြရမှာ ဖြစ်သည်၊ ထိုသို့ ရှာဖွေရာ၌ နည်းလမ်းသည် အပ္ပမာဒ (သတိ) ပင်ဖြစ်သည်။
သတိသည် ထိုမျှ အရေးကြီးသည်၊ ကုသိုလ်ကို ကုသိုလ်မှန်း သတိရှိသည်၊ အကုသိုလ်စိတ်ပေါ်လာပါက အကုသိုလ်စိတ်ပေါ်မှန်း သတိရှိနေသည်၊ ထိုသတိကြောင့် ကုသိုလ်ကောင်းမှု (ဒါန) အမှုကိုလဲ ပြုနိုင်သည်၊ အကုသိုလ်အမှုမှ ရှောင်ကြည်ခြင်း (သီလ)ကိုလဲ ပြုလုပ်နိုင်သည်။ ထိုမှတဆင့် သမာဓိ၊ ပညာထိရောက်ကာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘောတရားတွေကို စူးစိုက်မိလာသည်၊ အတွင်းကျကျ သိလာသည်၊ ဘ၀ကို ကြောက်လာသည်၊ ငြီးငွေ့လာသည်၊ ဘ၀ကို လိုချင်တဲ့ လောဘ၊ တဏှာ (သမုဒယသစ္စာ) သေမှ နိဗ္ဗာန် (နိရောဓသစ္စာ) ရပြီး အရူးသံသရာမှ လွတ်မြောက်ကြမည် ဖြစ်သည်။
မှတ်ချက်။ ။ပျင်းပျင်းနဲ့ ဆရာကြီး ဦးရွှေအောင်၏ အတွေးများကို ဖတ်ရင်း စာရေးချင်စိတ်ပေါက်၊ “သီတဂူစတား၏ စာတိုပေတို”အဖြစ် ဖန်တီးလိုက်ရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၃-၂၀၁၃
0 comments:
Post a Comment