Wednesday, September 04, 2013
sitagustar
No comments
ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ
၁၃၇၅ ခုနှစ် ၀ါခေါင်လကွယ်နေ့
(၄-၉-၂၀၁၃) နေ့၊ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ သီတဂူအလှူတော်မင်္ဂလာပွဲကြီး
ကျင်းပပြုလုပ်ခဲ့သည်။
ထိုအလှူမင်္ဂလာပွဲကြီးက အလှူရှင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ကျောင်းအမကြီး ဒေါ်ယဉ်ထွေး၏ ၇၅ နှစ်ပြည့် စိန်ရတု
မွေးနေ့ပွဲပဲ ဖြစ်ပါသည်။
ကျောင်းအမကြီး၏ မွေးနေ့ပွဲမှာ သီတဂူအပြည်ပြည်ဆိုင်ရာ
ဝိပဿနာ အကယ်ဒမီတွင် လက်ထောက် ကထိကဆောင်အတွက် ကျပ်ငွေ သိန်း ၂၀၀၀ (နှစ်ထောင်)၊
မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွက် ကျပ်ငွေ သိန်း ၂၀၀ (နှစ်ရာ)၊ သီတဂူဆရာတော်ကြီး၏
န၀ကမ္မအလှူတော်ငွေအတွက် ကျပ် သိန်း ၃၀၀ (သုံးရာ) နှင့် ပင့်သံဃာ အပါး ၁၀၀ တို့အား
တစ်ပါးလျှင် တစ်သိန်းကျပ်စီ ကျပ်သိန်း ၁၀၀ (တစ်ရာ) တို့ကို
လှူဒါန်းခဲ့ပါသည်။
ပင့်သံဃာနှင့် အထူးဖိတ်ကြားထားသူ ပရိသတ်အပေါင်းအား
အစာအာဟာရတို့ဖြင့် ဆက်ကပ်ခြင်း ကျွေးမွေးခြင်းများကို ဆီဒိုးနားဟိုတယ်မှာပဲ
ပြုလုပ်ခဲ့ပါသည်။
ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ရွှေအိုးမြုပ်သူများအကြောင်းကို
ဟောထားသည်မှာ အလွန့်အလွန်ကို ကောင်းမွန်လှသည်၊ ငယ်ငယ်က ထိုတရား ခဏခဏ
နာကြားခဲ့ဖူးပေမဲ့ ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များနှင့် ဟောကြားအပ်သော
တရားတော်ကို တဖန် နာကြားရသူမှာ ပီတိမျက်ရည်ကျမတတ် အရသာရှိလှသည်၊ အလှူရှင်တွေရဲ့
မျက်လုံးတွေမှာလဲ ပီတိမျက်ရည်တွေ ဖုံးလွမ်းလို့နေသည်ကို တွေ့ရသည်။ အလှူရှင်များ
ပီတိမျက်ရည်ကျအောင် ဟောစွမ်းနိုင်သော ဆရာတော်ကြီး၏ မေတ္တာတော်ကလဲ
ထူးခြားလို့နေသည်။
ဆရာတော်ကြီးသည် အခမ်းအနားပြီးပြီးချင်းပဲ သီရိလင်္ကာနိုင်ငံသို့
ဗုဒ္ဓနှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် ဗုဒ္ဓဘာသာညီလာခံပွဲသို့ တစ်ပတ်ခရီး
ကြွသွားတော်မူသည်။
မှတ်ချက်။ ။ ထိုတရားဗီဒီယိုခွေကို မကြာမှီ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဖြန့်ချီပါလိမ့်မည်။ နာဖြစ်အောင် နာကြပါရန်
သတင်းကောင်းပါးလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၃
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီကနေ့ လာဘ်ရွှင် ------------ ဘုံဘေကနေ ရန်ကုန်ပြန်ရောက်ရောက်ခြင်းပဲ ကောင်းခြင်းများက ကြိုဆို။ ဆရာတော် ဦးကောဝိဒ (သီတဂူစတား) အတွက်ဆု...
-
သီတဂူမျက်စိအလှူတော်များ ---------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၇ ရက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ၄-၉-၂၀၁၅ နေ့ကစပြီး ကယားပြည်နယ်၊ ...
-
သီတဂူဆရာတော်ကြီး စင်္ကာပူကြွမည် --------- --------- သီတဂူဆရာတော်ကြီးသည် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀ရက်၊ (စနေ၊ တနင်္ဂနေ့)များတွင...
-
ရခိုင်ရောက် သီတဂူဆရာတော် ၂၆-၈-၂၀၁၅ pm ---------------- ရခိုင်ပြည်နယ်ရောက် သီတဂူဆရာတော်ကြီးသည် ရေဘေးသင့်ဒေသများဖြစ်သော စစ်တွေ၊ မောင်ေ...
-
ဖူး၍မကုန်သော ဂုဏ်ရည် By ညခင်း (၂၀၀၃ခုနှစ်က ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူ (D.Litt) ဖြင့် ပူဇော်စဉ်) သဗ္ဗညုမြတ်စွာဘုရား...
-
သီတဂူရေဘေးအလှူတော် ၂၁-၈-၂၀၁၅ am -------------------- “သီတဂူ ရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ထောက်ပံ့ရေးအဖွဲ့” ၏ (၁၈)ရက်မြောက် အလှူ...
-
သီတဂူရေဘေးကူညီရေး အလှူတော်သို့ ------------------------- မနေ့က (၃-၈-၂၀၁၄) ---------------- အလှူတော်ငွေ ကျပ်သိန်း (၁၁၅၀)၊ ဆန်အိတ...
-
ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနား ဖိတ်ကြား --------------------------------- ဗုဒ္ဓသာသနာနှစ် ၂၅၅၈-၂၅၅၉ မြန်မာနှစ် ၁၃၇၇ ကဆုန်လပြည့်နေ့ (၂-၅-၂...
-
စာနာစိတ်နဲ့ လက်ပံတန်းသို့ ------------------- မနေ့က (၉-၁၀-၂၀၁၅) က ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဦးဆောင်၍ သီတဂူရေးဘေးသင့်ပြည...
0 comments:
Post a Comment