
Wednesday, September 04, 2013

sitagustar
No comments
ဆီဒိုးနားဟိုတယ်မှာ ရွှေအိုး ငွေအိုးမြုပ်သူများ
၁၃၇၅ ခုနှစ် ၀ါခေါင်လကွယ်နေ့
(၄-၉-၂၀၁၃) နေ့၊ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ သီတဂူအလှူတော်မင်္ဂလာပွဲကြီး
ကျင်းပပြုလုပ်ခဲ့သည်။
ထိုအလှူမင်္ဂလာပွဲကြီးက အလှူရှင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ကျောင်းအမကြီး ဒေါ်ယဉ်ထွေး၏ ၇၅ နှစ်ပြည့် စိန်ရတု
မွေးနေ့ပွဲပဲ ဖြစ်ပါသည်။
ကျောင်းအမကြီး၏ မွေးနေ့ပွဲမှာ သီတဂူအပြည်ပြည်ဆိုင်ရာ
ဝိပဿနာ အကယ်ဒမီတွင် လက်ထောက် ကထိကဆောင်အတွက် ကျပ်ငွေ သိန်း ၂၀၀၀ (နှစ်ထောင်)၊
မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွက် ကျပ်ငွေ သိန်း ၂၀၀ (နှစ်ရာ)၊ သီတဂူဆရာတော်ကြီး၏
န၀ကမ္မအလှူတော်ငွေအတွက် ကျပ် သိန်း ၃၀၀ (သုံးရာ) နှင့် ပင့်သံဃာ အပါး ၁၀၀ တို့အား
တစ်ပါးလျှင် တစ်သိန်းကျပ်စီ ကျပ်သိန်း ၁၀၀ (တစ်ရာ) တို့ကို
လှူဒါန်းခဲ့ပါသည်။
ပင့်သံဃာနှင့် အထူးဖိတ်ကြားထားသူ ပရိသတ်အပေါင်းအား
အစာအာဟာရတို့ဖြင့် ဆက်ကပ်ခြင်း ကျွေးမွေးခြင်းများကို ဆီဒိုးနားဟိုတယ်မှာပဲ
ပြုလုပ်ခဲ့ပါသည်။
ထိုပွဲတွင် သီတဂူဆရာတော်ကြီးက ရွှေအိုးမြုပ်သူများအကြောင်းကို
ဟောထားသည်မှာ အလွန့်အလွန်ကို ကောင်းမွန်လှသည်၊ ငယ်ငယ်က ထိုတရား ခဏခဏ
နာကြားခဲ့ဖူးပေမဲ့ ဆရာတော်ကြီး၏ ထူးခြားသော အတွေးအမြင်များနှင့် ဟောကြားအပ်သော
တရားတော်ကို တဖန် နာကြားရသူမှာ ပီတိမျက်ရည်ကျမတတ် အရသာရှိလှသည်၊ အလှူရှင်တွေရဲ့
မျက်လုံးတွေမှာလဲ ပီတိမျက်ရည်တွေ ဖုံးလွမ်းလို့နေသည်ကို တွေ့ရသည်။ အလှူရှင်များ
ပီတိမျက်ရည်ကျအောင် ဟောစွမ်းနိုင်သော ဆရာတော်ကြီး၏ မေတ္တာတော်ကလဲ
ထူးခြားလို့နေသည်။
ဆရာတော်ကြီးသည် အခမ်းအနားပြီးပြီးချင်းပဲ သီရိလင်္ကာနိုင်ငံသို့
ဗုဒ္ဓနှစ်၂၆၀၀ ပြည့် အထိမ်းအမှတ် ဗုဒ္ဓဘာသာညီလာခံပွဲသို့ တစ်ပတ်ခရီး
ကြွသွားတော်မူသည်။
မှတ်ချက်။ ။ ထိုတရားဗီဒီယိုခွေကို မကြာမှီ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှ ဖြန့်ချီပါလိမ့်မည်။ နာဖြစ်အောင် နာကြပါရန်
သတင်းကောင်းပါးလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၉-၂၀၁၃
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
အောင်မြင်သော ခရီးသည် ဘ၀သောတံ ဘေ၀၀ါဟံ၊ တိဏ္ဏော ပါရင်္ဂတော အဟု။ ဧတေန သစ္စ၀စ္စေန၊ ဂမနံ မေ သမိဇ္ဈတု။ မြတ်ဗုဒ္ဓသည် ဘ၀သံသရာတည်းဟု ရေပင...
-
အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈) Equanimity ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcomeေ...
-
နှစ်ဘက်လှဖို့ အရေးကြီး သီဟိုဠ်ဘုန်းကြီးတွေကို စကားနိုင်အောင်သာ အဲဒီလို ပြောလိုက်တာပါ၊ တကယ်တော့ ပိဋကတ်စာပေ တတ်ဖို့လိုသလို အင်္ဂလိပ်စာစတဲ့လော...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
I was together with rector of SIBA at Second International Theravada Buddhist Universities Conference in Sagaing, Myanmar. In the conference...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
စတင်တည်ဆောက်ဖို့ အကြံဖြစ်ခြင်း ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်းေ...
-
ဒဿနိကဗေဒ ဌာနမှ စာမေးပွဲ အချိန်ဇယား ပရိသတ်တို့ရေ-- သီတဂူစတားတို့ ဒဿနိကဗေဒ (Philosophy) ဌာန၏ စာမေးပွဲများကို ဧပြီလ (၂၉)ရက်နေ့မှ မေလ (၈)ရက...
-
0 comments:
Post a Comment