
Monday, July 28, 2014

sitagustar
No comments
သီတဂူမော်ကွန်းပြတိုက် တည်ဆောက်မည်
ကျေးဇူးရှင် သီတဂူဆရာတော်ကြီး၏ ပြည်တွင်း
ပြည်ပ သာသနာပြုလုပ်ငန်းများကို ကြည်ညိုအားကျ၊ လေးစား၍၎င်း၊ နောင်မျိုးဆက်သစ်များ
ဆရာတော်ကြီး၏စံနမူနာကို အားကျ ကြည်ညို အတုယူ လက်ဆင့်ကမ်းနိုင်ရန် အတွက်၎င်း
သီတဂူသာသနာပြုအဖွဲ့က သီတဂူမော်ကွန်းပြတိုက်ကြီးကို စစ်ကိုင်းတောင်၊
သီတဂူအပြည်ပြည်ဆိုင်ရာ ၀ိပဿနာ သင်တန်းကျောင်းတွင် တည်ဆောက်ပူဇော်မည်
ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးသည် စစ်ကိုင်းတောင် တစ်တောင်လုံးကို
ရေပေးလှူဒါန်းခြင်း ရေစီမံကိန်း၊ ကျန်းမာရေးအတွက် သီတဂူအာယုဒါနဆေးရုံ (စစ်ကိုင်း)၊
မြန်မာပြည်အနှံ့အပြား တောင်တန်းဒေသပါမကျန် သီတဂူဆေးရုံတော် (၂၆)ရုံ ဆောက်လုပ်
လှူဒါန်းပြီးစီးခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်း၊
ပညာရေးအလှူတော်အဖြစ် စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့များရှိ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပြီးစီးခြင်း၊ ပြည်မကြီးနှင့်
တောင်တန်းဒေသများ၌ စာသင်ကျောင်းများ တည်ဆောက်ခြင်း၊ ပညာရေးအထောက်အကူပြု
ပစ္စည်းများလှူဒါန်းခြင်း။ ပြည်တွင်ပြည်ပရှိ သီတဂူဗုဒ္ဓ၀ိဟာရ၊ သီတဂူဓမ္မ၀ိဟာရ၊
သီတဂူသံဃာ့ဝိဟာရ ကျောင်းတိုက်များ တည်ဆောက်ပြီး စာသင်သားများကို
ပြုစုစောင့်ရှောက်ခြင်း၊ သီတဂူသာသနာပြုအဖွဲ့များ ဖွဲ့စည်းလျှက် လူမှုရေး၊
ဘာသာရေးတို့ကို သူမတူအောင် ပြုလုပ်နိုင်ခဲ့သည်။
ယခုအခါ သီတဂူဆရာတော်ကြီးသည်
သက်တော် (၈၀)နီးကပ်လာပြီ ဖြစ်သည်။ ဆရာတော်ကြီး၏ နိုင်ငံတာကာသာသနာပြုလုပ်ငန်းများ၊
နိုင်ငံတကာအစည်းအဝေးများ၊ ပြည်တွင်းပြည်ပ နေရာအနှံ့သာသနာပြုလုပ်ငန်း
ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း၊ စာပေမှတ်တမ်း၊ ရုပ်ထုမှတ်တမ်း စသည်များကို
ပြုလုပ်ပြီး မော်ကွန်းပြတိုက်တွင် ပူဇော်ကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍
ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများကို ကြည်ညို အားကျ ချစ်ခင်ကြသော
တပည့်အပေါင်းတို့က စုပေါင်းပူဇော်ကြမည့် မော်ကွန်းပြတိုက်ကြီး ပေါ်ပေါက်လာရေးအတွက်
အောက်ပါတို့တွင် လှူဒါန်းနိုင်ပါကြောင်း အကျိုးမျှော်၍
တိုက်တွန်းလိုက်ရပါသတည်းးးး။
လှူဒါန်းဆက်သွယ်ရန်
(က) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်) ဖုန်း ၀၁-၅၈၁၇၇၇၊ ၀၁-၅၈၁၈၈၈၊ ၀၁-၅၈၁၉၉၉
(ခ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း) ဖုန်း ၀၇၂-၂၁၆၁၁
(ဂ) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ဖုန်း
၀၉-၂၁၃၂၀၆၆
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၇-၂၀၁၄
Posted in: သတင်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
0 comments:
Post a Comment