Monday, December 21, 2015
sitagustar
No comments
သီတဂူစတား လှည်းတန်း တရားပွဲ
--------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်
မနေ့ (၂၀-၁၂-၂၀၁၅)ည ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်၊ ရန်ကုန်မှာ
သီတဂူဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) တရားချီးမြှင့်သည်။
ဒီကနေ့ည (၂၁-၁၂-၂၀၁၅) ထိုနေရာမှာပဲ သီတဂူဆရာတော်ကြီး တရားချီးမြှင့်မည် ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
Thursday, December 17, 2015
sitagustar
No comments
သီတဂူဓမ္မသဘင် (လှည်းတန်း)
-----------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ( ၁၇)
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉၊၂၀၊ ၂၁ ရက်များတွင် သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့်များက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဦးထွန်းလင်းခြံလမ်းသွယ်ရှိ မိသားစုတို့၏ ဓမ္မသဘင်တွင် တရားဓမ္မများ ဟောကြားမည်ဖြစ်ပါသည်။
၁၉ ရက်နေ့= သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ
၂၀ ရက်နေ့= သီတဂူ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)
၂၁ ရက်နေ့= သီတဂူဆရာတော်ကြီး
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
Wednesday, December 16, 2015
sitagustar
No comments
သီတဂူဆရာတော် ထိုင်းသံဃာ့ရာဇာ ဈာပနပွဲတက်
-------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်
ယနေ့ (၁၆-၁၂-၂၀၁၅)မနက်စောစောက သီတဂူဆရာတော်ကြီးသည် ထိုင်းနိုင်ငံသို့ကြွရောက်သည်။
သီတဂူဆရာတော်ကြီးသည် အထူးပင့်ထားသော နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဆရာတော်ကြီး ၁၉ ပါး၊ မြန်မာနိုင်ငံမှ ဗန်းမော်ဆရာတော်နှင့် အတူ ထိုင်းနိုင်ငံသံဃရာဇာ ဆရာတော်ဘုရားကြီး၏ ဈာပန အခမ်းအနားသို့ တက်ရောက်သည်။
ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့်အဖွဲ့က နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများပြုလုပ်သည်။
ထိုင်းသံဃာ့ရာဇာဆရာတော်ကြီး၏ ဈာပနအခမ်းအနားကို ထိုင်းစံတော်ချိန် ညနေ ၃:၀၀နာရီတွင် ပြုလုပ်သ“ည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
Tuesday, December 15, 2015
sitagustar
No comments
သီတဂူဆရာတော် ခရစ်ယာန်ဘုန်းတော်ကြီးမွေးနေ့ တရားချီးမြှင့်
--------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်
ဒီကနေ့ (၁၅-၁၂-၂၀၁၅) ညနေပိုင်းက သီတဂူဆရာတော်ကြီးသည် ခရစ်ယာန် ကက်သလစ် သာသနာ ( မြန်မာနိုင်ငံ) ပထမဦးဆုံး ရဟန်းမင်းအမတ် ကာဒီနယ်ချားလ်ဘို (ရန်ကုန်ဂိုဏ်းချုပ်ကြီး) သိက္ခာ၂၅ဝါပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက် တရားတော်များ ဟောကြားသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitaguster2020.net
Wednesday, December 09, 2015
sitagustar
No comments
ရှေးဟောင်းအမွှေတစ်ခု ပြပွဲသို့ ဖိတ်ပါသည် ----------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်
မနက်ဖန် (၁၀-၁၂-၂၀၁၅)နေ့ (နံနက်၇း၀၀နာရီမှ ညနေ ၃း၃၀အထိ) တွင်
ရှေးဟောင်းအမွှေအနှစ်တစ်ခုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
သန္နိပါတခန်းမဆောင်တွင် ပြသသွားမည်ဖြစ်ပါသည်။
မည်သူမဆို လာရောက်လေ့လာနိုင်ပါသည်။ အထူးသဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)တွင် ပညာသင်ကြားနေကြသော ဘီအေ၊ ဒီပလိုမာကျောင်းသားများနှင့်
ဗုဒ္ဓဓမ္မပါဒက ကျောင်းတော်သူကျောင်းတော်သား အားလုံး တက်ရောက် လေ့လာကြပါရန်
နှိုးဆော်အပ်သည်။
ရှေးဟောင်းအမွှေနှစ်ဟူသည် ----------------
အေဒီ (၁၀၀)လောက်က ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည်
ဗုဒ္ဓနိုင်ငံတော်များဖြစ်ခဲ့ကြသည်။ ဆုန်ဂမင်းဆက်ဖြစ်သည့် Kanishka
ဘုရင်၏အထောက်အပံ့ဖြင့် အိန္ဒိယနိုင်ငံတွင် ဆန်စခရစ်အက္ခရာများဖြင့်
ပါဠိပိဋကတော်တွေကို စတုတ္ထသံဂါယနာတင်ပွဲကျင်းပခဲ့သည်။
ထိုသံဂါယနာမှ
အိန္ဒိယအင်ပါယာဖြစ်သော ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့ဆီသို့
ဗုဒ္ဓသာသနာပြန့်ပွားခဲ့သည်။ သာသနာထွန်းကားခဲ့ရာ ထိုဒေသသည်
ဂန္ဓာရတိုင်းဟုထင်ရှားခဲ့ပြီး ဗုဒ္ဓဆင်းတုတော်စသော ရုပ်ထုပညာ ပန်းပုပညာ
ထွန်းကားခဲ့သော နိုင်ငံလည်းဖြစ်သည်။
ထို သာသနာထွန်းကားချိန်က
တည်ထားကိုးကွယ်ခဲ့ကြသော စေတီတော်များ၊ ရုပ်ပွားဆင်းတုတော်များ၊
ဘုရားကျောင်းတော်များကို ဘာသာရေးအစွန်းရောက်တို့၏လက်ချက်ဖြင့်
အဖျက်ဆီးခံခဲ့ရသည်။
အဖျက်ဆီးခံ ပိဋကတ်တော်တိုက်ထဲက ပေစာများကို
လေမှုတ်စက်များဖြင့် မှုတ်ထုတ်ကာ မီးရှို့ခဲ့ကြသည်၊ ထိုမှုတ်ထုတ်လိုက်သော ပေစာ
အပိုင်းအစများကို ဗုဒ္ဓစာပေကိုမြတ်နိုးသော ရှေးဟောင်းအမွှေအနှစ်များကို
တန်ဖိုးထားတတ်သော လူ့ပညာရှိတို့က ရသမျှစုစည်း သိမ်းထားကြသဖြင့် ယနေ့
ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည်
ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ကြောင်း အထောက်အထား အခိုင်းအမာရရှိကြသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net
Friday, December 04, 2015
sitagustar
No comments
ဥပဒေဖြင့် ဘာသာရေးကို တည်ဆောက်အံ့
---------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်
ဒီကနေ့ (၄-၁၂-၂၀၁၅) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် Institute for
Global Engagement, USA တို့ ပူးပေါင်းပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည်
၅ရက်မြောက်နေ့ ဖြစ်သည်။
မနက်ပိုင်း
ပထမပိုင်းသင်တန်းတွင် ၁ နာရီကြာသင်တန်းပေးပြီး
ထိုသင်တန်း၏အနှစ်ချုပ်မေးခွန်းနှစ်ခုကို ၅ယောက် သို့မဟုတ် ၆ ယောက်
အုပ်စုဖွဲ့၍ ဘာသာဝင်ပေါင်းစု၍ ဆွေးနွေးအဖြေထုတ်ကြသည်။
ထိုအဖြေများကို ဗုဒ္ဓဘာသာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာဝင် အသီးသီးတို့က မိမိတို့ဘာသာ အမြင်ရှုထောင့်ကနေ ဖြေဆိုကြသည်။
အတုစရာတစ်ခုက သင်တန်းပို့ချအပြီး ချက်ချင်းဆိုသလို သင်တန်းသားများကို
အုပ်စုဖွဲ့၍ အဖြေထုတ်သည့်နည်းပင်ဖြစ်သည်၊ သင်တန်းသားများထံမှ
အတွေးအခေါ်နှင့် အယူဆများကို နှိပ်ယူခြင်းဖြစ်သည်။
မေးခွန်း ၂ခု---
၁။ What does your faith/ religion say about religious freedom?
၂။ Is there any value in forcing people to convert?
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၂-၂၀၁၅
www.sitagustar2020.net
Thursday, December 03, 2015
sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
---------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်
၂၉-၁၁-၂၀၁၅ ရက်နေ့ကစပြီး ကချင်းပြည်နယ်၊ မြစ်ကြီးမြို့နယ်၊
သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့၏ မျက်စိကုသမှု
အစီအစဉ်ကို စတင်ခဲ့သည်။
ထိုအစီအစဉ်မှာ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊
သီတဂူမျက်စိအထူးကုအဖွဲ့နှင့် သူနာပြုအဖွဲ့များလိုက်ပါ ကုသိုလ်ပြုကြသည်။
လေးရက်မြောက်နေ့အဖြစ် ပေးလျက်ရှိရာ
ပြင်ပလူနာပေါင်း (၁၆၁၂) ယောက်ကို စမ်းသပ်စစ်ဆေးပေးသည်။
ခွဲစိပ်ပေးပြီးလူနာပေါင်း ( ၂၆၈)ယောက်ရှိပြီး၊ ဆက်လက်ခွဲစိပ်ပေးရန် စစ်ဆေးပြီးလူနာပေါင်း ၈၃ယောက် ကျန်ပါသေးသည်။
“သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၅
www.sitagustar2020.net
Monday, November 30, 2015
sitagustar
No comments
ဘာသာရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဘာသာရပ်သင်တန်း
(Religion and Rule of Law)
--------------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်
ဒီကနေ့ (၃၀-၁၁-၂၀၁၅) နံနက် (၈း၀၀)နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အထူးခန်းမဆောင်တွင် “Religion and Rule of Law ဘာသာရေးနှင့်
ဥပဒေစိုးမိုးရေးဆိုင်ရာ ဘာသာရပ်သင်တန်း” ခေါင်းစဉ်ဖြင့် (၁၀)ရက်သင်တန်း
ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ထိုဖွင့်ပွဲအခမ်းအနားသို့
သီတဂူဆရာတော်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးနှင့်
Institute for Global Engagement (IGE), Washington DC, USအဖွဲ့၊
သင်တန်းသားများနှင့် လေ့လာသူများတက်ရောက်ကြသည်။
ထိုသင်တန်းဖြစ်မြောက်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် IGE အဖွဲ့တို့က ပူပေါင်းဆောင်ရွက်သည်။
ထိုသင်တန်းကို တက်ရောက်ရန် အထူးရွေးချယ်ထားသော သင်တန်းသား ၃၀တို့သည်
၃၀-၁၁-၂၀၁၅မှ ၉-၁၂-၂၀၁၅နေ့အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ မပျက်မကွက်
တက်ရောက်ကြရမှာဖြစ်သည်၊ သင်တန်းဆင်းလက်မှတ် ပေးမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့ (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၀-၁၁-၂၀၁၅
www.sitagustar2020.net
Saturday, November 28, 2015
sitagustar
No comments
ဘာသာရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာဘာသာရပ် သင်တန်း
---------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်
(၃၀-၁၁-၂၀၁၅)မှ (၉-၁၂-၂၀၁၅)နေ့အထိ အသိမှတ်ပြုလက်မှတ်ပေးသော (၁၀)ရက် သင်တန်းတစ်ခုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ထိုသင်တန်းကို Training on Religion and Rule of Law ခေါင်းစဉ်ဖြင့် (၁၀)ရက်တိုင်တိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် အမေရိကန် နိုင်ငံ Institute for Global Engagement တို့ ပူးပေါင်းပြီး ပြုလုပ်သွားမည် ဖြစ်သည်။
ထိုသင်တန်းဖွင့်ပွဲသို့ သီတဂူဆရာတော်ကြီးနှင့် သာသနာရေးဝန်ကြီး၊ အထူးသင်တန်းတက်ရန် ရွေးချယ်ထားသော စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များမှ စိတ်ပါဝင်စားသူများ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ သာသနာပြုတက္ကသိုလ်မှ စိတ်ဝင်စားသူတို့ တက်ရောက်ကြမည် ဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သင်ကြားစီမံအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၁၁-၂၀၁၅
www.sitagustar2020.net
Wednesday, November 25, 2015
sitagustar
No comments
သီတဂူကျန်းမာရေးအဖွဲ့ (ကလေးမြို့)
----------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံနှင့် ပြည့်သူ့ဆေးရုံတို့၌
သီတဂူဆရာတော်ကြီးလမ်းညွှန်ချက်ဖြင့် သီတဂူကျန်းမာရေးအဖွဲ့က
မျက်စိဝေဒနာရှင်များနှင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များကို
စမ်းသပ်စစ်ဆေး ခွဲစိပ်ကုသပေးလျက်ရှိပါသည်။
၂၂-၁၁-၂၀၁၅မှ ၂၅-၁၁-၂၀၁၅နေ့အထိ (၄)ရက်စာအတွက်
ပြင်ပလူနာပေါင်း (၁၉၅၂) စမ်းသပ်စစ်ဆေးပြီး (၃၀၉) ခွဲစိပ်ပြီးစီးအောင်မြင် အလင်းရကြသည်။
ဆရာဝန်ကြီးများမှာ-
သီတဂူဒေါက်တာမြအောင်၊
ဒေါက်တာ စဂျေလွင်၊ အမေရိကန်မှ ဒေါက်တာစံအေး၊ ဒေါက်တာ စမစ်၊
ဘယ်လ်ဂျီယံနိုင်ငံမှ ပတ်ထရစ်တုန်နာဦးဆောင်သော အဖွဲ့၊ ကလေးမြို့မှ
ဒေါက်တာမောင်မောင်မြင့်၊ ဒေါက်တာအောင်နိုင်ထွန်းတို့ဖြစ်ကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၁၁-၂၀၁၅
www.sitagustar2020.net
Tuesday, November 24, 2015
sitagustar
No comments
သီတဂူစတား ပုသိမ်တရားပွဲ
------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်
မနေ့ည (၂၃-၁၁-၂၀၁၅)က ပုသိမ်မြို့၊ မရမ်းကျောင်းဝင်းအတွင်း ဓမ္မရေစင်အသင်း၏ ၁၂နှစ်ပြည့် ညချမ်းဓမ္မသဘင်မှာ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)က တရားဓမ္မများ ဟောကြားခဲ့သည်။
ဓမ္မဒါနအလှူရှင်များ၊ တရားပွဲဖြစ်မြောက်ရေးအဖွဲ့နှင့် ပုသိမ်တရားပွဲသို့ ကိုယ်တိုင် မော်တော်ယာဉ် မောင်းပို့ပေးပါသော ဦးထွန်းဝင်း+ဒေါ်နွဲ့ (ဆန်ကုန်သည်)တို့အား အထူးကျေးဇူးတင်ရှိပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၄-၁၁-၂၀၁၅
www.sitagustar2020.net
Monday, November 23, 2015
sitagustar
No comments
သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့
-------------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်
သီတဂူဆရာတော်ဘုရားကြီးလမ်းညွှန်မှုဖြင့် မျက်စိ၊ သွား၊ နှုတ်ခမ်းကွဲ-အာခေါင်ကွဲ အထူးကုဆရာဝန်များနှင့် သူနာပြုများပါဝင်သော “သီတဂူကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့”သည် ၂၁-၁၁-၂၀၁၅ကစပြီး ကလေးမြို့ သီတဂူစက္ခုဒါနဆေးရုံနှင့် ကလေးမြို့ပြည်သူ့ဆေးရုံတို့တွင် မျက်စိ၊ သွားနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများကို ကုသပေးမည် ဖြစ်ပါသည်။
မျက်စိအဖွဲ့ အထူးကုဆရာဝန်များ
-------------------
သီတဂူ ဒေါက်တာဦးမြအောင်၊ သီတဂူဒေါက်တာစဂျေလွင်၊ ဒေါက်တာစမစ် (အင်္ဂလန်)၊ ဒေါက်တာဦးစံအေး (အမေရိကား)နှင့်အဖွဲ့။
ပလပ်စတစ်ဆာဂျရီအဖွဲ့
-------------------
ဘယ်လ်ဂျီယံနိုင်ငံမှ ဒေါက်တာပက်ထရစ်တိုးနပ် ဦးဆောင်သော ဆရာဝန်များနှင့် သူနာပြုအဖွဲ့ - ၂၀ယောက်။
သွားဆရာဝန်များအဖွဲ့
-----------------
ဒေါက်တာကိုကို (အင်္ဂလန်နိုင်ငံ) ၏ ပံ့ပိုးဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံမှ သွားဆရာဝန် ဒေါက်တာနိုင်ဂျယ်ပက်ဂျက်နှင့် ဒေါက်တာဂျိန်းမ်ပက်ဂျက်
သီတဂူအုပ်ချုပ်ရေးမှူးဆရာတော် ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင် (လှဆန်းယဉ်)နှင့် သီတဂူထောက်ကူပြုအဖွဲ့ဝင်များလိုက်ပါ ဆောင်ရွက်ပေးကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၁-၂၀၁၅
www.sitagustar2020.net
Thursday, November 19, 2015
sitagustar
No comments
သီတဂူဆရာတော်ကြီး အစည်းအဝေးတက် (စစ်ကိုင်း)
-----------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်
သီတဂူဆရာတော်ကြီးသည် ဒီကနေ့ (၁၉-၁၁-၂၀၁၅) ညနေပိုင်းက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) အစည်းအဝေးခန်းမဆောင်တွင် ကျင်းပသည့် အစည်းအဝေးကို တက်ရောက်ခဲ့သည်။
ထိုအစည်းအဝေးပွဲသို့ ကြွရောက်လာကြသော သီတဂူဆရာတော်ကြီးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သင်ကြားစီမံအဖွဲ့မှ ပါမောက္ခ၊ ကထိက ရဟန်းတော်များက ၂၀၁၆ခုနှစ် ဇန္န၀ါရီလ (၂၃-၂၄)နေ့များတွင် ကျင်းပမည့် “The World Peace Buddhist Conference” အကြောင်း ညှိနှိုင်း ဆွေးနွေးကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၉-၁၁-၂၀၁၅
www.sitagustar2020.net
Wednesday, November 18, 2015
sitagustar
No comments
သီတဂူမျက်စိအလှူတော် (သဲကုန်း)
---------------
၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ်မျက်စိဆေးရုံတွင် ၄ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ မျက်စိကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပါသည်။
ပြင်ပလူနာ စမ်းသပ်စစ်ဆေးမှုလူနာ (၁၇၆၂) ယောက်နှင့်
ခွဲစိပ်ကုသပြီးလူနာ (၅၁၅) ယောက်တို့ဖြစ်သည်။
ကုသိုလ်ပြုမျက်စိအထူးကု ဆရာဝန်ကြီးများ
-------------
သီတဂူဒေါက်တာမြအောင် သီတဂူစဂျေလွင် သီတဂူဒေါ်မိမိခင်နှင့်ဆရာဝန်များ, သူနာပြုများ, အင်္ဂလန်နိုင်ငံမှ ဒေါက်တာ J.S Smith, ဒေါက်တာ Richard နှင့် ပြည်တွင်းမှ ဒေါက်တာ ဒေါ်ဌေးဌေးရီ, သဲကုန်ဆရာဝန်များက ကုသပေးကြသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၈-၁၁-၂၀၁၅
Thursday, November 12, 2015
sitagustar
No comments
သီတဂူဆရာတော်ကြီး သဲကုန်းဆေးရုံ ကြည့်ရှု လူနာများအားပေး
------------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၂)
ဒီကနေ့ (၁၂-၁၁-၂၀၁၅) မိမိမွေးရပ်မြေသို့ ရောက်ရှိနေသော သီတဂူဆရာတော်ကြီးသည် နိုဝင်ဘာလ (၁၇)ရက်နေ့အထိ သီတဂူရွှေဥရာစုသစ် မျက်စိဆေးရုံမှာ မျက်စိဝေဒနာရှင်များကို ကုသပေးလျက်ရှိရာသို့ သွားရောက်ကြည့်ရှုသည်၊ လူနာများကို အားပေးသည်။
မျက်စိကုသမှုအတွက် ပြင်ဦးလွင် ဖားအောက်တောရ ဆရာလေး ဒီပင်္ကရာက ကျပ်သိန်း (၅၀)နှင့် ရွှေဥရာစုသစ်ပိုင်ရှင် သီတဂူဒေါ်ရွှေဥက ကျပ်သိန်း (၅၀)တို့ကို လှူဒါန်းကြသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၅
www.sitagustar2020.net
Thursday, November 12, 2015
sitagustar
No comments
သီတဂူရွှေဥရာစုသစ် မျက်စိအထူးကုစတင်
-------------
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်
သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့၊ သီတဂူရွှေဥရာစ
ုသစ်စက္ခုဒါနဆေးရုံတွင်
(၁၁-၁၁-၂၀၁၅)နေ့က စပြီး (၁၇-၁၁-၂၀၁၅)နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီး
သီတဂူဒေါက်တာမြအောင်နှင့် ပြည်ပဆရာဝန်များ၊ စစ်ကိုင်း သီတဂူအာယုဒါနဆေးရုံမှ
ဆရာဝန်များနှင့် သူနာပြုဆရာ ဆရာမများက မျက်စိ
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၂-၁၁-၂၀၁၅
www.sitagustar2020.net
Wednesday, November 04, 2015
sitagustar
No comments
သီတဂူဆရာတော်ကြီး လန်ဒန်ရောက်
-------------
၂၀၁၅ခုနှစ် နိုဝင်ဘာလ (၄)ရက်
သီတဂူဆရာတော်ဘုရားကြီးသည် ဓမ္မဒူတခရီးအဖြစ်ဖြင့် ထိုင်းနိုင်ငံမှ TG910 လေယာဉ်ဖြင့် အင်္ဂလန်နိုင်ငံ လန်ဒန် မြို့သို့ ၄-၁၁-၁၅ ဗုဒ္ဓဟူးနေ့ မနက် ၆:၃၄နာရီ အချိန်တွင် ရောက်ရှိပါသည်။
သီတဂူဆရာတော်ကြီးကို လေဆိပ်တွင် မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ဦးဆောင်သော သံအမှူးများက လေဆိပ်၏အတွင်းထဲသို့ ဝင်ရောက် ကြိုဆိုကြပြီး အပြင်ဖက်တွင် ဆရာတော်ဘုရား၏ တပည့်များဖြစ်သော ဦးလောကနာထနှင့် ဒေါက်တာခင်မောင်ထွန်း၊ ဒေါက်တာကိုကို၊ ဒေါက်တာ သိန်းမြင့်တို့က ဂါရဝပြုကာ ကြိုဆိုကြပါသည်။
သတင်းဓာတ်ပုံ- ဦးလောကနာထ (အင်္ဂလန်)
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၁-၂၀၁၅
www.sitagustar2020.net
Saturday, October 31, 2015
sitagustar
No comments
ဝါကျွတ်ကန်တော့ပွဲ (ရန်ကုန်)
-------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်
ရှေးဦးစွာ သီတဂူဆရာတော်ကြီးက
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံဆရာများနျှင့် (Fundamental
Buddhism)အတန်းမှ ကျောင်းတော်သူ ကျောင်းတော်သားများအား အာနာပါဿနတိကမ္မဋ္ဌာန်း
သင်တန်း ပို့ချပေပး။
အစီအစဉ်
(၂) သင်တန်းအပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဗုဒ္ဓဓမ္မပါဒက
(Fundamental Buddhism)အတန်းမှ ကျောင်းတော်သူ ကျောင်းတော်သားများက
ဆရာတော်ကြီးနှင့် သင်ကြားစီမံဆရာများအား ၀ါကျွတ်ကန်တော့။
သီတဂူဆရာတော်ကြီး ပြည်ပ ဓမ္မခရီးစဉ်
-------------------
သီတဂူဆရာတော်ကြီး ဒီကနေ့ သင်တန်းပြီး မနက်ဖန် နိုဝင်ဘာလ
(၁-၂ရက်နေ့များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်နှင့်
စူရဋ္ဌာနီနေရာများ တရားတော်များ ဟောကြားမည် ဖြစ်သည်။
နိုဝင်ဘာ (၃)ရက်နေ့ အင်္ဂလန်ဓမ္မဒူတ စပါမည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃၁-၁၀-၂၀၁၅
www.sitagustar2020.net
Saturday, October 31, 2015
sitagustar
No comments
အောင်ဂေဇာတ်ထွက် (ရန်ကုန်)
-------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၃၁)
ဒီကနေ့ (၃၁-၁၀-၂၀၁၅)ပါရက်စွဲဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၁၅-၂၀၁၆ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲ အောင်ဂေဇာတ်များထုတ်ပြန်သည်။
(က) ဘီအေတန်းများ
(ခ) ဒီပလိုမာတန်းများ
(ဂ) ဒီပလိုမာ ၀င်ခွင့်အောင်များ
(ဃ) ဗုဒ္ဓဓမ္မပါဒကအတန်းများ အားလုံး၏ အောင်စာရင်းများကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကြေညာသင်ပုန်းများတွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org
Tuesday, October 27, 2015
sitagustar
No comments
ဒီပလိုမာ ၀င်ခွင့်စာမေးပွဲကျင်းပ
------------
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်
မနေ့ (၂၆-၁၀-၂၀၁၅)နေ့က စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များတွင် ၂၀၁၅၊ ၂၀၁၆ ပညာသင်နှစ်၊ ဒုတိယအကြိမ် ဒီပလိုမာ ၀င်ခွင့်စာမေးပွဲများကို တစ်ပြိုင်တည်း တစ်ချိန်တည်း ကျင်းပသည်။
ဒီပလိုမာဝင်ခွင့်စာမေးပွဲကို (၆)လ တစ်ကြိမ်ကျင်းပပေးလျက်ရှိသည်။
အလားတူ မနေ့က ၂၀၁၅-၂၀၁၆ နှစ်ဝက်စာမေးပွဲများ ဘီအေတန်း နောက်ဆုံးဘာသာရပ်များ ကျင်းပပြီးစီးဖြစ်သည်။
ဒီပလိုမာဝင်ခွင့်ဖြေဆိုလိုသူများအတွက် ဗဟုသုတအဖြစ် လေ့လာရန် ယခုအကြိမ် မေးခွန်းကိုပါ တွဲလျက်တင်ပေးလိုက်ပါသည်။
ဝင်ခွင့်ရသူများသည် အသက် (၃၀)ထက် မကြီးစေဘဲ အနည်းဆုံး ပထမကြီးတန်း၊ သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဖြစ်ရမည်။
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် စာဖြေနေကြစဉ်)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၁၀-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
သီတဂူစတား သြ၀ါဒကထာချီးမြင့် (TTC ရန်ကုန်) -------------------- ၂၀၁၅ခုနှစ်။ အောက်တိုဘာ (၇)ရက် ဒီကနေ့ (၇-၁၀-၂၀၁၅)နေ့ နံနက်ပိုင်း၊ေ...
-
သီတဂူရေဘေးအလှူတော် ချင်းပြည်နယ်အတွက် စတင် ---------------------- ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ရက် (၃၀-၈-၂၀၁၅)နေ့ညက သီတဂူဆရာတော်ကြီးသည် ချင်းပြည်...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
၂ ခုမြောက် ရဟန်းပြုရကျိုး မြတ်စွာဘုရား ထိုထက်အဆင့်မြင့်သော ရဟန်းပြုခြင်းရဲ့အကျိုး ကျေးဇူးကို မိန့်ကြားတော်မူပါအုံး ဆိုတော့ ပရိသတ်ရေ အလွန်ရှ...
-
သီတဂူဆရာတော်ကြီး ဗုဒ္ဓဂယာရောက် သီတဂူဆရာတော်ကြီး ဒီဇင်ဘာ (၁)ရက်နေ့က ဗုဒ္ဓဂယာသို့ ရောက်ရှိလာသည်။ နိုဝင်ဘာ (၃၀)ရက် ည ရန်ကုန် တရားပွဲ...
-
သီတဂူဆရာတော်ကြီး သက်တော်(၇၇)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ သီတဂူဆရာတော်ကြီးသက်တော်(၇၇)နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ၁၃၇၅-...
-
စာနိဒါန်း စာဖတ်ရတာ လွယ်သလောက် စာရေးရတာ မလွယ်ပါလားနော်။ စာရေးသူဖြစ်ဖို့ဆိုတာမလွယ်ဘူးလေ။ ရေးတဲ့အချိန်တွေ၊ စဉ်းစားဖို့အချိန်တွေပေးရပါတယ်။ ဖတ်...