ရှေးဟောင်းအမွှေတစ်ခု ပြပွဲသို့ ဖိတ်ပါသည်
----------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်
မနက်ဖန် (၁၀-၁၂-၂၀၁၅)နေ့ (နံနက်၇း၀၀နာရီမှ ညနေ ၃း၃၀အထိ) တွင် ရှေးဟောင်းအမွှေအနှစ်တစ်ခုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သန္နိပါတခန်းမဆောင်တွင် ပြသသွားမည်ဖြစ်ပါသည်။

မည်သူမဆို လာရောက်လေ့လာနိုင်ပါသည်။ အထူးသဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)တွင် ပညာသင်ကြားနေကြသော ဘီအေ၊ ဒီပလိုမာကျောင်းသားများနှင့်
ဗုဒ္ဓဓမ္မပါဒက ကျောင်းတော်သူကျောင်းတော်သား အားလုံး တက်ရောက် လေ့လာကြပါရန်
နှိုးဆော်အပ်သည်။
ရှေးဟောင်းအမွှေနှစ်ဟူသည်
----------------
အေဒီ (၁၀၀)လောက်က ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည် ဗုဒ္ဓနိုင်ငံတော်များဖြစ်ခဲ့ကြသည်။ ဆုန်ဂမင်းဆက်ဖြစ်သည့် Kanishka ဘုရင်၏အထောက်အပံ့ဖြင့် အိန္ဒိယနိုင်ငံတွင် ဆန်စခရစ်အက္ခရာများဖြင့် ပါဠိပိဋကတော်တွေကို စတုတ္ထသံဂါယနာတင်ပွဲကျင်းပခဲ့သည်။
ထိုသံဂါယနာမှ အိန္ဒိယအင်ပါယာဖြစ်သော ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့ဆီသို့ ဗုဒ္ဓသာသနာပြန့်ပွားခဲ့သည်။ သာသနာထွန်းကားခဲ့ရာ ထိုဒေသသည် ဂန္ဓာရတိုင်းဟုထင်ရှားခဲ့ပြီး ဗုဒ္ဓဆင်းတုတော်စသော ရုပ်ထုပညာ ပန်းပုပညာ ထွန်းကားခဲ့သော နိုင်ငံလည်းဖြစ်သည်။
ထို သာသနာထွန်းကားချိန်က တည်ထားကိုးကွယ်ခဲ့ကြသော စေတီတော်များ၊ ရုပ်ပွားဆင်းတုတော်များ၊ ဘုရားကျောင်းတော်များကို ဘာသာရေးအစွန်းရောက်တို့၏လက်ချက်ဖြင့် အဖျက်ဆီးခံခဲ့ရသည်။
အဖျက်ဆီးခံ ပိဋကတ်တော်တိုက်ထဲက ပေစာများကို လေမှုတ်စက်များဖြင့် မှုတ်ထုတ်ကာ မီးရှို့ခဲ့ကြသည်၊ ထိုမှုတ်ထုတ်လိုက်သော ပေစာ အပိုင်းအစများကို ဗုဒ္ဓစာပေကိုမြတ်နိုးသော ရှေးဟောင်းအမွှေအနှစ်များကို တန်ဖိုးထားတတ်သော လူ့ပညာရှိတို့က ရသမျှစုစည်း သိမ်းထားကြသဖြင့် ယနေ့ ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည် ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ကြောင်း အထောက်အထား အခိုင်းအမာရရှိကြသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Wednesday, December 09, 2015
sitagustar

Posted in:
0 comments:
Post a Comment