သီတဂူဆရာတော်ကြီးအားPh.D. ဘွဲ့ကပ်
(၆-၂-၂၀၁၅) နေ့လည် ကမ္ဘောဒီးယားနိုင်ငံစံတော်ချိန် ၂း၃၀မှ ၅း၀၀ နာရီအထိ သီတဂူဆရာတော်ဘုရားကြီးသည် " PEACE & HARMONY " ခေါင်းစဉ်ဖြင့် Paññāsāstra University of Cambodia တွင် ဟောပြောခဲ့ပါသည်။
တက်ရောက်နားထောင်သူများ၏ မေးခွန်းကို သီတဂူဆရာတော်ဘုရားကြီးက ၂နာရီခန့် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် သီတဂူဆရာတော်ဘုရားကြီးအား ထိုတက္ကသိုလ် က Ph.D စာပေပါရဂူ ဒေါက်တာဘွဲ့ကို ဆက်ကပ်သည်။
သီတဂူဆရာတော်အား-
(က) ရန်ကုန်တက္ကသိုလ် (မြန်မာ)က D.Litt ဘွဲ့
(ခ) မဟာချူလာလောင်ကွန်တက္ကသိုလ် (ထိုင်း) က Ph.D ဘွဲ့
(ဂ) မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ် (ထိုင်း) က Ph.D ဘွဲ့
(ဃ) နာလန္ဒာတက္ကသိုလ် (အိန္ဒိယ)က Ph.D ဘွဲ့
(င) Paññāsāstra တက္ကသိုလ် (ကမ္ဘောဒီးယား)က Ph.D ဘွဲ့တို့ကို အသီးအသီး ပူဇော်ဆက်ကပ်ပြီးဖြစ်သည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၇-၂-၂၀၁၅
www.sitagustar2020.net

0 comments:
Post a Comment