
Monday, December 21, 2015

sitagustar
No comments
သီတဂူစတား လှည်းတန်း တရားပွဲ
--------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်
မနေ့ (၂၀-၁၂-၂၀၁၅)ည ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်၊ ရန်ကုန်မှာ
သီတဂူဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) တရားချီးမြှင့်သည်။
ဒီကနေ့ည (၂၁-၁၂-၂၀၁၅) ထိုနေရာမှာပဲ သီတဂူဆရာတော်ကြီး တရားချီးမြှင့်မည် ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Thursday, December 17, 2015

sitagustar
No comments
သီတဂူဓမ္မသဘင် (လှည်းတန်း)
-----------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ( ၁၇)
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉၊၂၀၊ ၂၁ ရက်များတွင် သီတဂူဆရာတော်ကြီးနှင့် သီတဂူတပည့်များက ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဦးထွန်းလင်းခြံလမ်းသွယ်ရှိ မိသားစုတို့၏ ဓမ္မသဘင်တွင် တရားဓမ္မများ ဟောကြားမည်ဖြစ်ပါသည်။
၁၉ ရက်နေ့= သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ
၂၀ ရက်နေ့= သီတဂူ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)
၂၁ ရက်နေ့= သီတဂူဆရာတော်ကြီး
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Wednesday, December 16, 2015

sitagustar
No comments
သီတဂူဆရာတော် ထိုင်းသံဃာ့ရာဇာ ဈာပနပွဲတက်
-------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်
ယနေ့ (၁၆-၁၂-၂၀၁၅)မနက်စောစောက သီတဂူဆရာတော်ကြီးသည် ထိုင်းနိုင်ငံသို့ကြွရောက်သည်။
သီတဂူဆရာတော်ကြီးသည် အထူးပင့်ထားသော နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဆရာတော်ကြီး ၁၉ ပါး၊ မြန်မာနိုင်ငံမှ ဗန်းမော်ဆရာတော်နှင့် အတူ ထိုင်းနိုင်ငံသံဃရာဇာ ဆရာတော်ဘုရားကြီး၏ ဈာပန အခမ်းအနားသို့ တက်ရောက်သည်။
ဆရာတော်ကြီးများအား ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့်အဖွဲ့က နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများပြုလုပ်သည်။
ထိုင်းသံဃာ့ရာဇာဆရာတော်ကြီး၏ ဈာပနအခမ်းအနားကို ထိုင်းစံတော်ချိန် ညနေ ၃:၀၀နာရီတွင် ပြုလုပ်သ“ည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Tuesday, December 15, 2015

sitagustar
No comments
သီတဂူဆရာတော် ခရစ်ယာန်ဘုန်းတော်ကြီးမွေးနေ့ တရားချီးမြှင့်
--------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်
ဒီကနေ့ (၁၅-၁၂-၂၀၁၅) ညနေပိုင်းက သီတဂူဆရာတော်ကြီးသည် ခရစ်ယာန် ကက်သလစ် သာသနာ ( မြန်မာနိုင်ငံ) ပထမဦးဆုံး ရဟန်းမင်းအမတ် ကာဒီနယ်ချားလ်ဘို (ရန်ကုန်ဂိုဏ်းချုပ်ကြီး) သိက္ခာ၂၅ဝါပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက် တရားတော်များ ဟောကြားသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitaguster2020.net

Wednesday, December 09, 2015

sitagustar
No comments
ရှေးဟောင်းအမွှေတစ်ခု ပြပွဲသို့ ဖိတ်ပါသည် ----------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်
မနက်ဖန် (၁၀-၁၂-၂၀၁၅)နေ့ (နံနက်၇း၀၀နာရီမှ ညနေ ၃း၃၀အထိ) တွင်
ရှေးဟောင်းအမွှေအနှစ်တစ်ခုကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
သန္နိပါတခန်းမဆောင်တွင် ပြသသွားမည်ဖြစ်ပါသည်။
မည်သူမဆို လာရောက်လေ့လာနိုင်ပါသည်။ အထူးသဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်)တွင် ပညာသင်ကြားနေကြသော ဘီအေ၊ ဒီပလိုမာကျောင်းသားများနှင့်
ဗုဒ္ဓဓမ္မပါဒက ကျောင်းတော်သူကျောင်းတော်သား အားလုံး တက်ရောက် လေ့လာကြပါရန်
နှိုးဆော်အပ်သည်။
ရှေးဟောင်းအမွှေနှစ်ဟူသည် ----------------
အေဒီ (၁၀၀)လောက်က ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည်
ဗုဒ္ဓနိုင်ငံတော်များဖြစ်ခဲ့ကြသည်။ ဆုန်ဂမင်းဆက်ဖြစ်သည့် Kanishka
ဘုရင်၏အထောက်အပံ့ဖြင့် အိန္ဒိယနိုင်ငံတွင် ဆန်စခရစ်အက္ခရာများဖြင့်
ပါဠိပိဋကတော်တွေကို စတုတ္ထသံဂါယနာတင်ပွဲကျင်းပခဲ့သည်။
ထိုသံဂါယနာမှ
အိန္ဒိယအင်ပါယာဖြစ်သော ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့ဆီသို့
ဗုဒ္ဓသာသနာပြန့်ပွားခဲ့သည်။ သာသနာထွန်းကားခဲ့ရာ ထိုဒေသသည်
ဂန္ဓာရတိုင်းဟုထင်ရှားခဲ့ပြီး ဗုဒ္ဓဆင်းတုတော်စသော ရုပ်ထုပညာ ပန်းပုပညာ
ထွန်းကားခဲ့သော နိုင်ငံလည်းဖြစ်သည်။
ထို သာသနာထွန်းကားချိန်က
တည်ထားကိုးကွယ်ခဲ့ကြသော စေတီတော်များ၊ ရုပ်ပွားဆင်းတုတော်များ၊
ဘုရားကျောင်းတော်များကို ဘာသာရေးအစွန်းရောက်တို့၏လက်ချက်ဖြင့်
အဖျက်ဆီးခံခဲ့ရသည်။
အဖျက်ဆီးခံ ပိဋကတ်တော်တိုက်ထဲက ပေစာများကို
လေမှုတ်စက်များဖြင့် မှုတ်ထုတ်ကာ မီးရှို့ခဲ့ကြသည်၊ ထိုမှုတ်ထုတ်လိုက်သော ပေစာ
အပိုင်းအစများကို ဗုဒ္ဓစာပေကိုမြတ်နိုးသော ရှေးဟောင်းအမွှေအနှစ်များကို
တန်ဖိုးထားတတ်သော လူ့ပညာရှိတို့က ရသမျှစုစည်း သိမ်းထားကြသဖြင့် ယနေ့
ပါကစ္စတန်မြောက်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့သည်
ဗုဒ္ဓနိုင်ငံတော်ဖြစ်ခဲ့ကြောင်း အထောက်အထား အခိုင်းအမာရရှိကြသည်။
သင်ကြားစီမံအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

Friday, December 04, 2015

sitagustar
No comments
ဥပဒေဖြင့် ဘာသာရေးကို တည်ဆောက်အံ့
---------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်
ဒီကနေ့ (၄-၁၂-၂၀၁၅) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)နှင့် Institute for
Global Engagement, USA တို့ ပူးပေါင်းပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည်
၅ရက်မြောက်နေ့ ဖြစ်သည်။
မနက်ပိုင်း
ပထမပိုင်းသင်တန်းတွင် ၁ နာရီကြာသင်တန်းပေးပြီး
ထိုသင်တန်း၏အနှစ်ချုပ်မေးခွန်းနှစ်ခုကို ၅ယောက် သို့မဟုတ် ၆ ယောက်
အုပ်စုဖွဲ့၍ ဘာသာဝင်ပေါင်းစု၍ ဆွေးနွေးအဖြေထုတ်ကြသည်။
ထိုအဖြေများကို ဗုဒ္ဓဘာသာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာဝင် အသီးသီးတို့က မိမိတို့ဘာသာ အမြင်ရှုထောင့်ကနေ ဖြေဆိုကြသည်။
အတုစရာတစ်ခုက သင်တန်းပို့ချအပြီး ချက်ချင်းဆိုသလို သင်တန်းသားများကို
အုပ်စုဖွဲ့၍ အဖြေထုတ်သည့်နည်းပင်ဖြစ်သည်၊ သင်တန်းသားများထံမှ
အတွေးအခေါ်နှင့် အယူဆများကို နှိပ်ယူခြင်းဖြစ်သည်။
မေးခွန်း ၂ခု---
၁။ What does your faith/ religion say about religious freedom?
၂။ Is there any value in forcing people to convert?
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၎-၁၂-၂၀၁၅
www.sitagustar2020.net

Thursday, December 03, 2015

sitagustar
No comments
သီတဂူစက္ခုဒါနဆေးရုံ (မြစ်ကြီးနား)
---------------------
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်
၂၉-၁၁-၂၀၁၅ ရက်နေ့ကစပြီး ကချင်းပြည်နယ်၊ မြစ်ကြီးမြို့နယ်၊
သီတဂူစက္ခုဒါနဆေးရုံတွင် သီတဂူကျန်းမာရေးစောင့်ရှောက်အဖွဲ့၏ မျက်စိကုသမှု
အစီအစဉ်ကို စတင်ခဲ့သည်။
ထိုအစီအစဉ်မှာ သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊
သီတဂူမျက်စိအထူးကုအဖွဲ့နှင့် သူနာပြုအဖွဲ့များလိုက်ပါ ကုသိုလ်ပြုကြသည်။
လေးရက်မြောက်နေ့အဖြစ် ပေးလျက်ရှိရာ
ပြင်ပလူနာပေါင်း (၁၆၁၂) ယောက်ကို စမ်းသပ်စစ်ဆေးပေးသည်။
ခွဲစိပ်ပေးပြီးလူနာပေါင်း ( ၂၆၈)ယောက်ရှိပြီး၊ ဆက်လက်ခွဲစိပ်ပေးရန် စစ်ဆေးပြီးလူနာပေါင်း ၈၃ယောက် ကျန်ပါသေးသည်။
“သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၃-၁၂-၂၀၁၅
www.sitagustar2020.net
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...