သီတဂူ Study Tour အင်ဒိုနီးရှား
**********
သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆
သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင့် တပည့် ကပ္ဗိယကာရက အဖွဲ့တို့သည် အင်ဒိုနီးရှာနိုင်ငံ၌ ကျင်းပမည့် ဗုဒ္ဓဘာသာအစည်းဝေးတက်ရောက်ရန်နှင့် လေ့လာရေး ခရီးအဖြစ် သွားရောက်မည်။
အင်ဒိုနီးရှားနိုင်ငံ Borobudur Temple in Magelang ၌ စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ၏ (IATBU International Theravada Buddhist Universties) အစည်းဝေးများကို နိုဝင်ဘာ ၁၁ မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ထိုအဖွဲ့၏ ဥက္ကဖြစ်တော်မူသော သီတဂူတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့် စာချကထိများနှင့် သီတဂူကပ္ဗိယ ကာရက တပည့်များကို ခေါ်ဆောင်ကာ အစည်းဝေးတက်ရောက်ပြီး၊ တပည့် စာချကထိများကို တစ်ချိန်က ဗုဒ္ဓဘာသာမြေဖြစ်ခဲ့သည် အင်ဒိုနီရှားရှိ အထင်ကရနေရာများနှင့် သမိုင်းဝင် နေရာများကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့မှာဖြစ်ပြီး၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် အခြားမှတ်သားဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ တပည့်များကို ရှင်ပြမှာဖြစ်သည်။
IATBU (International Association of Theravada Buddhist Universities ဆိုတဲ့ အဖွဲ့ကြီး နိုင်ငံတကာရှိ ထေရဝါဒ ဗုဒ္ဓတ္ကသိုလ်များအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုဖြစ်ထွန်းတိုးတက်အောင်၊ သင်ကြားရေးဆိုင်ရာ၊ ကျောင်းသား၊ ဆရာများ အပြန်အလှန် ထိတွေ့ဆက်ဆံမှုရအောင်၊ လဲလှယ်နိုင်အောင်၊ ဗုဒ္ဓဒေသနာတော်များ ကမ္ဘာသို့ ပိုမိုဖြန့်ကျက်နိုင်အောင် စသည့် ရွယ်ရည်ချက်များဖြင့် ၂၀၀၆ ခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာမကုဋ တက္ကသိုလ်မှာ ဖွဲ့စည်းခဲ့ပြီး၊ ထိုအဖွဲ့၏ အကြီးအကဲ ဥက္ကဋ္ဌအဖြစ်ကိုလည်း သီတဂူဆရာတော်ကြီးကို တင်မြှောက်ခဲ့ပါတယ်။
သီတဂူဆရာတော်ကြီး ဦးဆောင်းပြီး IATBU အဖွဲ့အစည်းကြီး၏ ပထမဦးဆုံး အစည်းဝေးကို 2007 မြန်မာနိုင်ငံ ပုပ္ဗါးတောင်၊ Puppa Mountain Resort မှာ ကျင်ပခဲ့ပါတယ်၊ နိုင်ငံတကာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်မျာမှ တတ်သိ ကျွမ်းကျ ပညာရှင်များက သုတေသန စာတမ်းများဖတ်ကြားခြင်း၊ အမြင်ဖလှယ်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒုတိယအကြိမ်မြောက် IATBU အစည်းဝေးကြီးကို ၂၀၀၉ ခုနှစ် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးမှာ ကျင်ပခဲ့ပြီး၊ ဆိုင်ရာကဏ္ဍအသီးသီးလိုက် စာတမ်းများ ဖတ်ကြားတင်သွင်းခဲ့ပြီး၊ ပါဠိစာပေ ပိုမိုရှင်သန်ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတကာ ပါဠိစာတမ်းများဖတ်ကြားခြင်း ပွဲတော်ကို ထည့်သွင်းပြုလုပ်နိုင်ခဲပါတယ်။
တတိယအကြိမ်အဖြစ် IATBU အသင်ကြီး၏ အစည်းဝေးကြီးကို ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဟာမကုဋ တက္ကသိုလ်မှာ ကျင်းပခဲ့ပြီး၊ ဥက္ကဋ္ဌဖြစ်တော်မူသော သီတဂူအဓိပတိ ဆရာတော်ဘုရားကြီးသည် ငွေအင်အား၊ လူအင်အား၊ အကြံအဥာဏ်ပေးပြီး ဦးဆောင် ကျင်းပပေးနိုင်ခဲ့ပါတယ်။
ယ္ခု IATBU အသင်းကြီး၏ စတုတ္ထအကြိမ်မြောက် အစည်းဝေးကြီးကို တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကား တောက်ပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ Borobudur Temple မှာ ကျင်းပမှာဖြစ်ပြီး၊ အစည်းဝေးကြီး အဓိက ဆွေးနွေးမည့် ခေါင်းစဉ်ကလို့ အောက်ပါ အတိုင်း အမည်ပေးထားပါတယ်၊၊၊၊
BUDDHISM IN CONTEMPORARY WORLD:
CHALLENGES AND OPPORTUNITIES
ယ္ခုအကြိမ် အစည်းဝေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိုလည်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်ရေး၊ ရှိပြီးသား ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရား၊ ကျောင်းကန် စေတီပုထိုးများ မပျောက်ပျက်ရေး၊ ဗုဒ္ဓစာပေများ ပိုမိုထွန်းကားရေးတို့ကို ရှေ့ရှူး ရည်သန်ပြီး သီတဂူတက္ကသိုလ်များအဓိပတိ၊ IATBU အသင်းကြီး၏ ဥက္ကဋ္ဌ သီတဂူဆရာတော်ကြီးက အဘက်ဘက်မှ အစွမ်းကုန် ထောက်ပံ့ပေးထားပါသည်။။
အသင်းကြီး၏ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်၊ အစည်းဝေးအခမ်းအနားများကို သိရှိလိုပါက အောင်ပါ အင်တာနက် လင့်ခ်တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါသည်။ http://atbu.org
သတင်း= အရှင်ဝိသုတ
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား