သီတဂူစတား

သီတဂူစတား

31 January 2016

သုံးရက်တိုင်တိုင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံပွဲကြီးအလွန်

သုံးရက်တိုင်တိုင်ကျင်းပခဲ့သော ငြိမ်းချမ်းရေးညီလာခံပွဲကြီးအလွန် ----------------  စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးထဲမှာ ၂၀၁၆ခုနှစ် ဇန္န၀ါရီလ ၂၂ ၂၃ ၂၄ရက်နေ့တွေမှာ သုံးရက်တိုင်တိုင်ကျင်းပသွားတဲ့ The World Buddhist Peace Conference ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲကြီးကတော့ အံ့မခန်း ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ ထိုပွဲကြီးသို့ တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၅၁နိုင်ငံမှ ကိုယ်စားလှယ်၊ လေ့လာသူပေါင်း ၂၀၀ ကျော်နှင့် ပြည်တွင်းရှိ ပညာရှင်ပေါင်း ၂၀၀ ကျော်၊ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ကြပါတယ်။ သုံးရက်တိုင်တိုင် စာတမ်းများတင်သွင်းကြခြင်း၊ ဆွေးနွေးကြခြင်းများကို မနက်ပိုင်း ၈ နာရီကနေ ညနေ ၇နာရီအထိ ကျင်းပသွားတာဖြစ်ပါတယ်။...

29 January 2016

မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံ အလှူငွေ မှတ်တမ်း

မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံ အလှူငွေ မှတ်တမ်း ----------------------   သီတဂူအဓိပတိဆရာတော်ကြီး၏ စီစဉ်မှုဖြင့် ဇန်န၀ါရီလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ (၈)ရက်တိတိ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ် လဒတ်ခရိုင် လေးမြို့မှ ဒေသစာရီ ကြွချီတော်မူလာသော မြတ်ဗုဒ္ဓ၏ သရီရဓာတ်တော်များ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ လှည့်လည်အပူဇော်ခံစဉ်အတွင်း ဒေသ အသီးသီးမှ လှူဒါန်းပူဇော်သော နဝကမ္မအလှူတော်ငွေများအားလုံးကို ဒေသအသီးသီးသို့ ပြန်လည်လှူဒါန်းခြင်း မှတ်တမ်း ---------------------- ၁။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တစ်ညတာ အပူဇော်ခံစဉ်အတွင်း အလှူငွေ လက်မခံခဲ့ပါ ။ ၂။ စစ်ကိုင်းတိုင်း ကောင်းမှုတော်စေတီတော်တွင် အပူဇော်ခံစဉ် လှူဒါန်းသည့် အလှူတော်ငွေ ကျပ်(၅၂)...

သီတဂူစတား ဓမ္မသဘင်(အင်းစိန် စဥ့်ငူ)အတွေ့ကြုံ

သီတဂူစတား ဓမ္မသဘင်(အင်းစိန် စဥ့်ငူ) ------------ ၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၂၈)ရက် မနေ့က (၂၇-၁-၂၀၁၆)ည အင်းစိန်မြို့၊ စဥ့်ငူရပ်ကွက်မှာ တရားဟောခဲ့ပါတယ်။ အစဉ်ပြေခဲ့သလို စိတ်မောခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ညမှာ ထိုနေရာမှာ သီတဂူဆရာတော်ကြီး ဟောကြားမည်ဖြစ်သည်။ ရွှေတိဂုံစေတီဘုရားဖူးရန် သြစတေးလျဘုန်းတော်ကြီးတစ်ပါးကို လိုက်ပို့၊ ဘုရားပေါ်မှာ ဟိမ၀န္တာတောင်တန်းမှ မြတ်ဗုဒ္ဓဓာတ်တော် အပူဇော်ခံပွဲနှင့်တိုးမိနေ၊ ဘုရားကို ခဏခဏရောက်ဖူးသော ထိုသြစတေးလျဘုန်းကြီး ဘုရားကို ခဏလေးပဲ ရောက်ရုံပဲဆိုပြီးလာခဲ့ရာ ဓာတ်တော်ဖူးမျှော်ရန်ရောက်လာသော လူအတန်းကိုကြည့်ပြီး တအံ့တသြဖြစ်နေ၊ မပြန်နိုင်ဘဲ ဖြစ်နေသည်။ မကြာမီမှာပဲ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကြွလာသဖြင့်...

28 January 2016

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးဆုတောင်းဆီသို့

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးဆုတောင်းဆီသို့ -------------- ၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၂၈)ရက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)မှာ ၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ ၂၂-၂၃-၂၄ ရက်များက ကျင်းပသွားတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲမှာ ၅၁နိုင်ငံသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် ၂၀၀ ကျော်တို့အပါဝင် အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်း၊ လာဒတ်ပြည်မှာ သီတင်းသုံးနေသော မြတ်ဗုဒ္ဓ၏အရိုးဓာတ်တော်လည်း ကြွရောက်လို့လာပါတယ်။ ထိုညီလာခံကြီးက ငြိမ်းချမ်းရေးမူ (၁၄)ချက်ကို တညီတညွတ်ထဲ လက်မှတ်ထိုး ကြေညာခဲ့ကြသည်။ ထိုရပ်များတွင် စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီးမှာ အပူဇော်ခံသည်၊ ဘုရားဖူးပြည်သူများ လှူဒါန်းသော သိန်း (၆၀)ကို...

19 January 2016

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၏ (၃)ရက်အလို

ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီး၏ (၃)ရက်အလို --------------- ၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၁၉)ရက် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ (The World Buddhist Peace Conference)ကြီးလည်း နီးလာပြီ၊ ၂၀၁၆ခုနှစ် ဇန္န၀ါရီလ ၂၂ရက်နေ့ မနက်ပိုင်း စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်၊ နိုင်ငံပေါင်း ၅၀ ကျော်မှ ပညာရှင်ပေါင်း ၂၀၀ကျော်နှင့် ပြည်တွင်းပညာရှင် စုစုပေါင်း ၅၀၀ကျော်တို့ တက်ရောက်ကြမည် ဖြစ်သည်။ အလွန်ကြီးကျယ်သော အခန်းအနားကြီးဖြစ်သဖြင့် ကြိုဆိုရေး၊ လေကြောင်း ကုန်းကြောင်း ပို့ဆောင်ရေး အစီအစဉ်များ နေရာထိုင်ခင်း၊ ဟိုတယ်နှင့် အစားအစာအတွက် စီမံခြင်းများကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးစီးလျက် သီတဂူစီမံအုပ်ချုပ်ရေးအဖွဲ့၊ သီတဂူကပ္ပိယကာရအဖွဲ့တို့က ဆောင်ရွက်လျက်ရှိကြသည်။ အခမ်းအနားသို့...

18 January 2016

သီတဂူစတား (ဝေါ)တရားပွဲ

သီတဂူစတား (ဝေါ)တရားပွဲ ------------- ၂၀၁၆ခုနှစ် ဇန္န၀ါရီလ (၁၈)ရက် မနေ့က (၁၇-၁-၂၀၁၆)ည ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဓမ္မအလင်း ယဉ်ကျေးလိမ္မာသင်တန်းအောင်ပွဲအထိမ်းအမှတ် မဟာဂန္ထ၀ါစကပဏ္ဍိတ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား)က တရားတော်များ ဟောကြားသည်။ ထိုသင်တန်းရေရှည်တည်တန့်ရေးအတွက် ဒေါက်တာအရှင်ကောဝိဒသိရီက အလှူတော်ငွေ သုံးသိန်း (၃၀၀၀၀၀)ကျပ်လှူဒါန်းခဲ့သည်။ ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား www.sitagustar2020.net 09-25079048...

11 January 2016

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ အကြိုအစည်းအဝေး

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံ အကြိုအစည်းအဝေး ---------------- ၂၀၁၆ခုနှင့် ဇန္န၀ါရီလ (၁၁)ရက် ဒီကနေ့ (၁၁-၁-၂၀၁၆)နံနက်ပိုင်း ၉နာရီက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) အထူးဧည့်ဆောင်မှာ သီတဂူဆရာတော်ကြီးအမှူးပြုသော သင်ကြားစီမံအဖွဲ့၊ ကပ္ပိယကာရကအဖွဲ့တို့သည် ၂၀၁၆ခုနှစ် ဇန္န၀ါရီလ (၂၂-၂၃-၂၄-)ရက်များ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တွင် ကျင်းပမည့် (The World Buddhist Peace Conference) ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံပွဲကြီးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ကြသည်။ နိုင်ငံပေါင်း ၅၂မှလာ သော ပညာရှင်ပေါင်း (၁၀၀)ကျော်နှင့် လေ့လာသူပေါင်း (၁၀၀)၀န်းကျင်တို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာရှုထောင့်ကနေ စာတမ်းများဖတ်ကြားခြင်း၊ ဆွေနွေးကြခြင်းများ...

07 January 2016

သီတဂူစတား တရားပွဲ (ဇမ္ဗူသီရိဗိမာန်တော်)

သီတဂူစတား တရားပွဲ (ဇမ္ဗူသီရိဗိမာန်တော်) ----------- ၂၀၁၆ခုနှစ်၊ ဇန္န၀ါရီလ (၇)ရက် မနက်ဖန် (၈-၁-၂၀၁၆) သောကြာနေ့ ည (၇း၀၀)တွင် မဟာဂန္ထ၀ါစကပဏ္ဍိတ ဒေါက်တာအရှင်ကောဝိဒသိရီ (သီတဂူစတား) သည် သာသနာရေးဝန်ကြီးဌာန ဇမ္ဗူသီရိဗိမာန်တော် (တံတားလေးလမ်း၊ မရမ်းကုန်း၊ ရန်ကုန်မြို့)တွင် တရားဟောကြားမည် ဖြစ်ပါသည်။ ၉-၁-၂၀၁၆နေ့ညတွင် ပညာရိပ်သာဆရာတော် ဒေါက်တာအရှင်သုတာစာရာလင်္ကာရ က ဟောကြားမည်ဖြစ်ပါသည်။ တရားပွဲအလှူရှင်များ- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းသား ကျောင်းသူများ။ ရွှင်လန်းချမ်းမြေ့ပါစေ သီတဂူစတား ၇-၁-၂၀၁၆ www.sitagustar2020.ne...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes