သီတဂူဆရာတော်အား
ချူလာလောင်ကွန်း တက္ကသိုလ်ပါမောက္ခ
ဂါရဝပြု
*********
သီတဂူ ၂၀၁၆ မေ ၃၀
ချူလာလောင်ကွန်း တက္ကသိုလ်ပါမောက္ခ
ဂါရဝပြု
*********
သီတဂူ ၂၀၁၆ မေ ၃၀
သီတဂူရာတော်ကြီးသည် ၃၀-၅-၂၀၁၆ ရက်နေ့ နံနက် ၈:၁၅ နာရီအချိန်မှ စတင်၍
ထိုင်းနိုင်ငံ Chulalongkorn University Professor, Dr. Lowell Dean SKAR
ကို လက်ခံတွေ့ဆုံပြီး၊ သိလိုသည့် မေးခွန်းများကို ဖြေကြားပေးခဲ့သည်။
ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်များ၊
လူမှုရေးအကျိုးပြုလုပ်ငန်းများကို ဖတ်ရသောကြောင့် လာရောက် ကိုယ်တိုင်
ကိုယ်ကျ လာရောက် သိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ကြောင်း ပရောဖက်ဆာက
ပြောကြားခဲ့သည်။ ဆရာတော်ကြီးက ဓမ္မတည်းဟူသော လက်နက်ကို ဆုပ်ကိုင်ကာ
နှစ်ပေါင်း ၃၀ ကျော် သာသနာပြု လုပ်ငန်း၊
လူမှုရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်း၊ လုပ်တဲ့နေရာမှာ Missionary
and Ministry ၂ ရပ်ကို လုပ်ဆောင်ပါကြောင်း MIssionary
သာသနာပြုလုပ်ငန်းနေရာမှာ ဘာသာဝင်အသီးသီးဟာ မိမိသက်ဆိုင်သည့် ဘာသာနှင့်
တရားဒေသနာတော်များကို Protect, preserve and promote လုပ်ရပါကြောင်း၊
ဘုန်းကြီးအနေနဲ့ကတော့ ဘာသာအားလုံးဟာ ကိုယ့်ဘာသာအသီးသီး၏ အနှစ်သာရကို
သိပြီး ငြိမ်းချမ်းစွာ အတူနေထိုင်ရေးကိုလည်း အားပေးလျှက်ရှိပါကြောင်း၊
အထောက်အပံ့ဖြစ်စေသည့် အစည်းဝေးများ၊ ဆီမီနာများ အခါအားလျှော်စွာ
လုပ်ပေးလျှက်ရှိပါကြောင်း၊ သို့သော်လည်း ပညာမတတ်သည့်၊ ဆင်းရဲ နိမ့်ပါသည့်
အောက်ခြေလူတန်းစားများ များစွာရှိပါကြောင်း၊ အထူးသဖြင့် တဖက်နိုင်ငံမှ
အခြေအနေအရပ်ရပ်ကြောင့် မြန်မာနိုင်ငံသို့ တရားမဝင်
ဝင်ရောက်လျှက်ရှိပါကြောင်း၊ ထိုသူများကြောင့် မလိုလားအပ်တဲ့ ပြဿနာများ
ဘုန်းကြီးတို့နိုင်ငံမှာ တက်လျှက်ရှိပါကြောင်း ဆရာတော်ကြီးကရှင်းပြသည်။
ဆရာတော်ကြီးက နိုင်ငံတစ်ခုဟာ စီးပွားရေး၊ လူမှုရေး
ဖွင့်လွန်းအားကြီးလျှင်လည်း မကောင်း၊ ပိတ်လွန်းအားကြီးလျှင်လည်း မကောင်းဟု
မြင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနှင့် ကိုက်ညီသည့် ပေါ်လစီ၊
မူဝါဒများသာ ချမှတ်ကာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု
ထင်မြင်မိပါကြောင်း ဆရာတော်ကြီးက ရှင်းပြဆွေးနွေးသည်။
ပညာနှင့်
ပတ်သက်၍ ပြောကြားလိုသည်မှာ ဗုဒ္ဓသာသနာတော်အတွက် ခေတ်မီနည်းပညာများ
ထွန်းကားလာခြင်း၊ လူမှုရေးတွေ ပြောင်းလဲလာခြင်းသည် ဗုဒ္ဓဘာသာကို
ရေရှည်ထိန်းသိမ်းဖို့ အခက်အခဲ တစ်ခုဖြစ်လာနိုင်ပါကြောင်း၊ ဆရာတော်ကြီးက
ရဟန်းသံဃာတော်တွေ၊ ခေတ်လူငယ်တွေ မိမိတို့ဘဝ ပန်းတိုင် မပျောက်အောင်၊
ပန်းတိုင်ရောက်အောင် ခေတ်မီ နည်းပညာ၊ ဆိုရှယ်မီဒီယာတွေနဲ့ဘဲ မိမိတို့
ဘဝအသီးသီးကို အဆုံးမသတ်သင့်ကြောင့်ဟု မြင်မိကြောင်း၊ ခေတ်မီ နည်းပညာ၊
စက်ပစ္စည်းများကို ကောင်းကောင်းအသုံးချပါက ကောင်းစွာအသုံးဝင်ကြောင်းကို
အသိမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာနှင့်
ဒီမိုကရေစီအကြောင်းအရာကို မေးရာမှာတော့ ဒီနေရာမှာတော့ ဆရာတော်ကြီးက
နာမည်ကြီး သီဟိုလ်ဆရာတော်ကြီး စကားကို ကိုးကားလိုပါကြောင်း
ထိုဆရာတော်ကြီးက ပြောကြားသည်မှာ Buddhism is democratically constitued
and communally contribute ဗုဒ္ဓဘာသာဟာ ဒီမိုကရေစီနည်းနည်းကျကျ
ဖွဲ့စီးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ဘုန်းကံအသီးသီးကြောင့်
ဖြစ်ပေါ်လာသော ဒကာ၊ ဒကာမတွေ လှူဒါန်းသည့် ပစ္စည်းများကို အချင်းချင်း
ပြန်လည်ဝေငှသုံစွဲကြောင်း ဆရာတော်ကြီး ရှင်းပြသည်။
ဆရာတော်ကြီးက
ဘာသာအသီးသီးမှာ လူငယ်၊ လူရွယ်များသည် ဘာသာရေးနဲ့ ဝေးလိုရာကို
သွားနေကြောင်း၊ အရှေ့အလယ်ပိုင်းဆို ဘာသာရေးအစွန်းရောက်တွေ
အလွန်များနေကြောင်း၊ လူတွေဟာ မိမိတို့ ကိုးကွယ်သည့် ဘာသာရေးတွေ
ကွယ်ပျောက်လျှင် အဖွဲ့အစည်း၊ နိုင်ငံအတွက် အသီးသီးအတွက်
အန္တရာဖြစ်ပါကြောင်း၊ မိမိအတွေ့အကြုံကို ပြောရလျှင် လွန်ခဲ့တဲ့ နှစ်ပေါင်း
၃၀ ဝန်ကျင်းက အင်္ဂလန်မှာ အင်္ဂလိပ်စာ သင်ဖို့သွားခဲ့ပါကြောင်း Church
ကျောင်းကြီးတွေမှာ လူငယ်တွေ မလာရောက်ပုံ၊ ခရစ်ယာန်ဘုန်းကြီးနဲ့
ဆွေးနွေးစဉ် လူငယ်တွေ ဘာသာရေးနဲ့ ဝေးရာသို့ သွားနေပုံကို
ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်လည်း ထိုနည်းတူစွာဖြစ်နေကြောင်း
ဘာသာရေးကျောင်းများကို လူမှုရေးလုပ်ငန်းလုပ်နေသည့်နေရာ၊
သီချင်းများဆို၊ အကများ တီးခုံရာ နေရာဟု ထင်မှတ်နေပါကြောင်း၊
ထိုအယူအဆတွေဟာ အရှေ့နိုင်ငံများသို့လည်း ဝင်ရောက်လာပါကြောင်း၊
ထို့ကြောင့် မိမိတို့ ဘာသာကို မဖြစ်နေ ကာကွယ်၊ ထိန်းသိမ်း၊
စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ ထိုအယူအဆနဲ့ဘဲ မိမိသည် တက္ကသိုလ်
သုံးခု၊ ဆေးရုံ ၃၂ ရုံ၊ ကျောင်းခွဲများကို တည်ထောင်ကာ နိုင်ငံနှင့်
လူမျိုးအတွက် Missionary and ministry သာသနာပြုခြင်း၊ တိုင်းပြည်နဲ့
လူမျိုးအတွက် တတ်နိုင်သည့်ဘက်မှ အကျိုးပြုလုပ်ငန်းများကို
လုပ်ဆောင်လျှက်ရှိပါကြောင်း မိန့်ကြား။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
www.thesitagu.org
ဓါတ်ပုံ - သီတဂူအောင်သန်းဝင်း၊ သီတဂူအရှင်ဝိသုတ
ရွှင်လန်းချမ်းမြေပါစေ
သီတဂူစတား
သီတဂူစတား
0 comments:
Post a Comment