သီတဂူဆရာတော် တက္ကသိုလ်များညီလာခံ မိန့်ခွန်း (၁)
******************
၁-၆-၂၀၁၆နေ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ခန်းမဆောင်တွင် ဒုတိယအကြိမ်ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ ညီလာခံတွင် သီတဂူဆရာတော်မိန့်ကြားသည့် သြ၀ါဒ အပိုင်း (၁)
သီတဂူဆရာတော် သြ၀ါဒ၏
++++++++++++
နှုတ်ခွန်းဆက်
__________
Sitagu International Buddhist Academy (Yangon)မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်များရဲ့ ဒုတိယအကြိမ်၊ ဗုဒ္ဓတက္ကသိုလ်၊ ဗုဒ္ဓအကယ်ဒမီနှင့် ဗုဒ္ဓကောလိပ်ကို တည်ထောင်ဖန်တီးတော်မူကြသော The founder of Buddhist University, the Founder of Buddhist Academy, The founder of Buddhist College, တည်ထောင်တော်မူကြသော ဆရာတော်သံဃာတော် အားလုံးကို တွေ့ခွင့် ဆုံခွင့်ရခိုက် တပည့်တော်ရဲ့ အတွေ့အကြုံ အတွေးအခေါ် အယူအဆများ၊ တပည့်တော်တို့ရဲ့ ဗုဒ္ဓတက္ကသိုလ်ကို ၁၉၉၂ခုနှစ်က စခဲ့တာဆိုတော့ နှစ်ပေါင်း ၂၅ လောက်ရှိသွားပြီ။ ဒါကြောင့် တပည်တော်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံ အယူအဆများကို ဝေငှခွင့်ရတဲ့အတွက် တပည့်တော် အထူးပဲ ၀မ်းမြောက်ပါတယ်။ တပည့်တော်ရဲ့ ပိဋကတ် အတွေ့ကြုံ အယူဆများကိုလည်း ကြွရောက်တော်မူလာကြတဲ့ ဆရာတော် သံဃာတော်များက လက်ခံကြလိမ့်မယ်လို့ မျှော်လင့် ယုံကြည်ပါတယ်။
ဘာ့ကြောင့် ဗုဒ္ဓတက္ကသိုလ်များ တည်ထောင်
+++++++++++++
Buddha College တွေ၊ Buddhist University တွေ တည်ထောင်တာ ဘာလုပ်ဖို့လဲ ဆိုလို့ရှိရင် တပည်တော် နှစ်လုံးလောက် တိုတိုလေး ပြောပါ့မယ်။
တစ်လုံးကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗုဒ္ဓဘာသာပညာရေးစနစ်ဟာ Monastic Buddhist Education System အခုတော့ International ရဲ့ ဆင်မြင့်ပေါ်မှာ involve မဖြစ်တာကို involve ဖြစ်အောင် ၀င်ရောင်ရောက်ခွင့်မရတာကို ၀င်ရောက်ခွင့်ရအောင်။
နောက်တစ်ခုကတော့ သာသနာပြု သာမဏေ ရဟန်း သီလရှင် လူ အစွမ်းကောင်းတဲ့ ပုဂ္ဂိုလ်တွေထွက်လာအောင် တပည့်တော်တို့ ဒီတက္ကသိုလ်၊ ဒီအကယ်ဒမီ ဒီကောလိပ်များကို တည်ထောင်ကြခြင်း ဖြစ်ပါတယ်ဆိုတာကို ရှေးဦးစွာ ပြောလိုပါတယ်။
ကြမ်ထမ်းသောသူကို နှုညံ့စေသူ
+++++++++++++
တပည့်တော်တို့ အရှေ့တောင်အာရှတခွင်မှာ ဗမာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဒီပင်လယ်ပြင်ကြီးတစ်ခုလုံးကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ၁၃၆နှစ်မှာ ဗုဒ္ဓသာသနာရောက်ခဲ့တာ ဒီကနေ့ မြန်မာနိုင်ငံ ရထားတဲ့ ထေရ၀ါဒဗုဒ္ဓသာသနာဟာ တပည့်တော်တို့ ပြောရိုးပြောစဉ် ပြောနေတာကတော့ သီရိဓမ္မာသောက မဟာရာဇာရဲ့ ကျေးဇူးနဲ့ ရတယ်လို့ ဒီလိုပြောတယ်၊ တကယ်ပြောရမှာက အဲဒါမဟုတ်ဘူး၊ အသောကဟာ စဏ္ဍာသောကဖြစ်ကြောင်းကို သံဃာတော်အရှင်မြတ်တွေ အကုန်သိတယ်၊ Very cruel အလွန်တရာကြမ်းတမ်းတယ်၊ အဲဒီစဏ္ဍာသောကကို ဓမ္မာသောကဖြစ်အောင် ဘယ်သူလုပ်တာလဲ၊ အဲဒါကို တပည့်တော်တို့ ကြည့်ရမှာ။
ကမ္ဘာအရပ်ရပ် တိုင်းပြည်အသီးသီးဟာ ဒီလို ကြမ်းတမ်းရက်စက်မှုတွေ များလာပြီ အဲဒီစဏ္ဍာသောကကို ဓမ္မာသောကဖြစ်အောင် လုပ်ပေးတာ နိဂြောဓသာမဏေ။ အသောကမင်းတရား၊ နာမည်ကသာ အသောက တကယ်တော့ sorrow-less မဟုတ်ဘူး sorrowful. သူအာဏာ ရဖို့ ညီအစ်ကို ၉၉ယောက်သတ်ပစ်တယ်၊ လက်အောက်ခံ မဟာရာဇာပေါင်း ၈သောင်း ၄ထောင်လောက် အကုန်လုံး သူ တိုက်ခိုက် သုတ်သင်ပစ်တယ်၊ Originally နော် သူသည် Buddhist မဟုတ်ဘူး၊ ဂျိန်း၊ အဲတော့ ဘာသာခြားဖြစ်နေတယ်၊ ကြမ်တမ်းရက်စက်တယ်၊ ဒီမင်းကို ဓမ္မာသောကမကဘူး သီရိဓမ္မာသောကတွေ ဘာတွေ တပည့်တော်တို့က ၀ိုင်းဂုဏ်ပြုထားတာ၊ ဒီလိုလေး ပြောရင်ကောင်းမယ်၊ အော်- ဗုဒ္ဓဘာသာတွေဟာ မကောင်းမှုအားလုံးကို မေ့ပျောက်တတ်တယ်၊ မေ့ပျောက်လွယ်တယ်၊ မေ့ပျောက်တာကောင်းတယ်၊ အဲဒါကြောင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ ဒီ Forgetfulness ဆိုတဲ့ဟာ သိပ်အရေးပါတာ၊ ဒီကိစ္စတွေကို တပည့်တော်တို့ မေ့နိုင်မှ၊ အဲဒါတွေချည်း ထပ်တလဲလဲ တူးဖော်နေရင် Peace and Harmony မရနိုင်ဘူး၊ ဒါ သာသနာရေးမှာလည်း Peace and Harmony အရေးကြီးတယ်၊ ဒီတော့ အသောက သောက ပရိဒေ၀ ဒုက္ခဒေါမနဿတွေနဲ့ ပြွမ်းနေတဲ့ ဘုရင်၊ တပည့်တော် အကြမ်းစားပြောတာ။
တပည့်တော်တို့ ပါရာဇိကဏ်အဋ္ဌကထာမှာ သင်ထားတဲ့ စာသင်သားဘ၀က လာခဲ့ကြတာ အကုန်လုံးသိတော့ လိုရင်းပြောရမယ်။ ဆင်ခြင် ပင်ပန်း အိပ်မပျော် စားမ၀င် ဒီဘုရင် ပြတင်းပေါက်ထိုင်ပြီးတော့ ဟိုငေး ဒီငေးတာ နန်းတော်ရင်ပြင်မှာ ကိုရင်လေး တစ်ပါး ဖြတ်လျှောက်တာကို လျပ်တပြတ် သူမြင်လိုက်တယ်၊ မိဘအမွေ ထီးမွေ နန်းမွေ ခံယူရုံတင်မကဘူး၊ ဘာသာရေးအမွေပါ ခံယူထားတဲ့ ဒီဘုရင်၊ နန်းတော်ထဲမှာ ဂျိန်းဘုန်းကြီး ၆ သောင်း နေ့တိုင်း ဆွမ်းကြွေးတာ၊ ဘာသာရေးမှာ ဂျိန်းဘုန်းကြီးသည် နန်းတော်ထဲကြွတဲ့နေတုန်းက နန်းတော်ပေါက်ကနေ စောင့်နေတယ်၊ ကိုယ်တော်တို့ ကိုယ့်ဟာကို တော်မည့်နေရာ ကြည့်ထိုင်ကြ၊ ဒီလိုမဟုတ်လား၊ အ၀တ်မရှိတဲ့ ဂျိန်းဘုန်းကြီး၊ ရေမချိုးတဲ့ ဂျိန်းဘုန်းကြီး၊ အချင်းချင်း ခေါင်းချင်းရိုက်ပြီး ဒို့ ဘယ်နားထိုင်ရင် ကောင်းမလဲ၊ အခုလို stage ပေါ်သို့တက်ထိုင်လို့ ကောင်းပါ့မလား၊ ကုလားထိုင်ပေါ်ထိုင်ရင် ကောင်းပါ့မလား၊ သာလွန်တော်ထိုင်ရင် တော်ပါ့မလား၊ တစ်သက်လုံး ရေမချိုးတဲ့ ကိုတော်ကြီးက သာလွန်ပေါ်ထိုင်လို့လဲ မဖြစ်ဘူး၊ တကိုယ်လုံး ရှုပ်ထွေးပွေလိမ်နေတဲ့ အမွှေးတွေ၊ ပိုလေးတွေ သေကုန်မှာစိုးလို့ အမွှေးအမျှင်တွေ တကိုယ်လုံး မရှင်းဘူး၊ အဲဒီလောက် အရုပ်ဆိုးနေတဲ့ ကိုတော်ကြီးတွေ ကော်ဇောပေါ်လဲ ထိုင်လို့ မဖြစ်ဘူး၊ နောက်တော့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချပြီး ကော်ဇောတွေ ကုလားထိုင်တွေ သာလွန်တွေ ဒို့နဲ့ မတော်ဘူး၊ လှေခါးရင်းထိုင်ပြီး စားသွားကြတာ၊ အသောကဘုရင်ရဲ့ ဘာသာရေးခံယူချက်မှာ ဒီလိုလာတာ၊ ကိုယ်နဲ့ တော်မယ့်နေရာနော်၊
ဒီတော့ နိဂြောဓဘက် ပြန်ကြည့်တော့ နန်းတော်ရှေ့ ကိုရင်ဆွမ်းခံထွက်သွားတာ မြင်တော့ ဘုရင်က ခံစားချက်တွေဖြစ်တာ၊ ပါရာဇိကဏ်အဋ္ဌကထာမှာ ပြောထားတာ၊ ကိုရင်ကို မြင်တာနဲ့တပြိုင်တည်း ဘုရင်ကြီးရဲ့ခံစားချက်က “အယံ ပန ဒါရကော အ၀ိက္ခိတ္တစိတ္တော သန္တိန္ဒြိယော သန္တမာနသော”၊ ကိုရင်ကြည့်ပြီးတော့ အော်-ငြိမ်လိုက်တာ၊ ငြိမ်းလိုက်တာ၊ သူ့နှလုံးသားမှာခံစားနေရတာ၊ ဂျိန်းတွေ နန်းတော်ထဲ ကြွပုံနဲ့ မတူဘူး၊ သဗ္ဗော လောကော ၀ိက္ခိတ္တစိတ္တော ဘန္တမိဂသဒိသော- တလောကလုံးက ဘယ်အခြေအနေရှိလဲ၊ ၀ိက္ခိတ္တစိတ္တော-စိတ်ဓာတ်တွေ အကုန်လုံး ဖရိုဖရဲဖြစ်နေတာ၊ နောက်ပြောပုံ ဘယ်လောက်ကောင်းလဲ၊ ဘန္တမိဂသဒိသော-မုဆိုးအလိုက်ခံရတဲ့ သမင်လို ဖြစ်နေတာ၊ နိုင်ငံတော်ရဲ့ အခြေအနေ၊ ကမ္ဘာ့အခြေအနေကို ဆရာတော်သံဃာတော်တို့ သမိုင်းသုံးသပ်တော်မူကြပါ။
အသောကမင်းတရားကြီး မြင်ထားတဲ့ အမြင်စာနှစ်ပိုဒ်နဲ့ ဒီကနေ့ မျက်မှောက်ခေတ် နိုင်ငံအခြေအနေနဲ့ ကမ္ဘာ့အခြေအနေ တပည့်တော်တို့ မြင်ဘို့ ကောင်းတယ်။ စိတ်ဓာတ်တွေ တုန်လှုပ်ခြောက်ခြားပြီးတော့ ဘာဖြစ်ကုန်လဲ မုဆိုးအလိုက်ခံရတဲ့ သမင်လိုဖြစ်နေတယ်၊ အဲဒီအခြေအနေမှာ တပည့်တော်တို့ တက္ကသိုလ်တွေတည်ထောင်ပြီးတော့ သာသနာပြုပုဂ္ဂိုလ်တွေ ဘာလုပ်မလဲ ဗုဒ္ဓဘာသာမဟုတ်တဲ့ အင်္ဂလိပ် အမေရိကန်ကို ဗုဒ္ဓဘာသာအကြောင်း ဟောဖို့တစ်ခုတည်း စဉ်းစားမနေဘဲနဲ့ Peace လည်းမဖြစ် Stabilityလည်းမဖြစ်တဲ့ ဒီလူတွေကို Peace and Stability ဖြစ်အောင်လုပ်ဖို့၊ အလွန်တရာကြမ်းတမ်း ရက်စက်တဲ့မင်းရဲ့ ချစ်ခြင်းကို ရအောင်လုပ်ဖို့၊ အဲဒီကိုရင်ကို ဘယ်ကနေ ဘယ်သူ train လုပ်ပေးလိုက်လဲ၊ ဗုဒ္ဓတက္ကသိုလ်က အဲဒီလို ကိုရင်မျိုး အခုထိ train မလုပ်နိုင်သေးဘူး၊ ထေရ၀ါဒတက္ကသိုလ်ကကော လုပ်နိုင်ပြီလား၊ သိပ်အရေးပါတာ၊ ပါရာဇိကဏ်အဋ္ဌကထာ ဖတ်ပြီးတော့ တပည့်တော် ခံစားကြည့်တယ်၊ အော်--train လုပ်တဲ့ဆရာ တော်လိုက်တာ၊ အဲဒါကြောင့် ဒီ တက္ကသိုလ်၊ ကောလိပ်တွေဟာ ဆရာကောင်းတွေလည်း မွေးထုတ်နိုင်ဖို့၊ တပည့်ကောင်းတွေလည်း မွေးထုတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်ဆိုတဲ့အကြောင်းကို စစချင်း ပြောပါတယ်။
စစ်ဘေးစစ်ဒဏ် ဟူသည်
++++++++++++
သိတော်မူကြတဲ့ စဏ္ဍာသောက သတ်လိုက်တဲ့ ၉၉ယောက်သော မင်းသားထဲမှာ တစ်ယောက်သော မင်းသား၊ သုမနမင်းသား သူ့ဇနီး မင်းသမီးကြီး ကိုယ်ဝန်နဲ့ ထွက်ပြေးတယ်။ စိတ်ဆိုတာနော် အလွန်စပ်ဆုတ်ဖို့ သပ်ကောင်းတာ၊ ဘာ့ကြောင့် စိတ်ပျက်လဲ၊ အဓိကကတော့ အာဏာပဲ၊ ဗိန္ဒုသာရ သေလည်းသေရော သား ၁၀၁ယောက်စလုံးဟာ အာဏာရ မင်းဖြစ်ချင်တာချည်းပဲ၊ အဲတော့ လက်ဦးတဲ့ကောင်ကာ ဖမ်းပြီး အကုန်သတ်ပစ်လိုက်တာ၊ အာဏာယူသွားတာ၊ ညီအစ်ကိုအရင်း တစ်ယောက်ပဲ အသတ်မခံရတာ ၉၉ ယောက်။ စစ်၊ power craving နော်၊ cause of battle . မုဆိုးမ ၉၉ယောက်က ထွက်ပြေးတော့ ဟိုရောက် ဒီရောက်နဲ့ ပြေးကြရတယ်၊ စစ်ဖြစ်ရင် ဒီလိုပဲပြေးနေကြရတာ၊ ဒီကနေ့ ဒီတိုင်းပြည်မှာ ဒီလိုပဲ ပြေးရလွှားရတုန်းပဲ၊ မင်းသမီးကြီး ကိုယ်ဝန်နဲ့ ထွက်ပြေး၊ မုဆိုး တံငါတွေ နေတဲ့ စဏ္ဍာလရွာသွား၊ သူတောင်းစားလေး ယောင်ဆောင် ရွာလည်ခေါင် ဇရပ်ပျက်ပေါ်မှာ နေနေရရှာတာ။ စစ်ဘေး ဘယ်တော့ ငြိမ်းမလဲ၊ အဲဒီဇရပ်ကို ညောင်ပင်းကြီးကမိုးထားတော့ နိဂြောဓ၊ တိုအောင်ချုံး၊ ဇရပ်ပေါ်မှာ မွေးတယ်၊ စဏ္ဍာလရွာမှာ မွေးရတဲ့ မင်းသား၊ မင်းမျိုးမင်းနွယ်တွေ ပြေးရင်းလွှားရင်းနဲ့ စဏ္ဍာလရွာက ဇရပ်ပေါ်မှာ မွေးရတယ်၊ အဲဒါဘာလဲ စစ်။
တပည့်တော်တို့ တက္ကသိုလ် ကောလိပ် အသီးအသီးထောင်ကြတဲ့ ဆရာတော် သံဃာတော်များ အားလုံး ငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်အောင် ဆောင်ရွက်တော်မူကြပါ။ ဒါလည်းတပည့်တော် တိုက်တွန်းပါတယ်။
ဝရုဏမထေရ်သာသနာပြုနည်း
++++++++++++
ဇရပ်ပေါ်မှာမွေးတဲ့ ဒီကလေး၊ စဏ္ဍာလရွာအနီးနား နေ့စဉ် ဆွမ်းခံကြွနေတဲ့ ဆရာတော်ကြီး ၀ရုဏ၊ တိုအောင်ပဲပြောရင် ညောင်ပင်အောက် ဆော့ကစားနေတဲ့ ကလေးကို ကြည့်ပြီးတော့ သိတယ်၊ အကဲခက်တယ်၊ ဒါ ဆင်းရဲသား သူတောင်းစား မုဆိုး တံငါ မဟုတ်ဘူး၊ မင်းသား၊ ဒီကလေး မွေးနိုင်ရင်တော့ သာသနာအတွက် အကျိုးရှိလိမ့်မယ်၊ ဆွမ်းခံသွားတော့ မရပ်မနား ဒီညောင်ပင်အောက်ကချည်း ဖြတ်သွားတာ၊ ကလေးတွေ ကစားနေတာ၊ ဟယ်--သားသားတို့--ဘုန်းဘုန်းလာတယ်၊ ဦးတော်ပေါ့၊ ဒီကနေ့ခေတ်လို ပြောရင်၊ ၀ရုဏမထေရဲ့ Missionary. အဲတော့ ကလေးလေးက ဘုန်းကြီးမော့ကြည့် ရော့ မုန့်လေးပေးလိုက်တယ်၊ ရော့ ကျပါတီလေးပေးလိုက်တယ်။
လောကီဆရာသည် ပညာရင်နို့ သောက်စို့နေတဲ့ ကလေးသူငယ်တွေထံက ပစ္စည်းယူ၍ ပညာသင်တယ်။ လောကုတ္တရာဆရာသည် ပစ္စည်းပေး၍ အစားကျွေး၍ အ၀တ်ပေး၍ ပညာသင်တယ်၊ လောကီကျောင်းနဲ့ လောကုတ္တရာကျောင်း ကွာတာ။ အဲဒါကြောင့် တက္ကသိုလ်အသီးသီး ထောင်တော်မူကြတဲ့ ဆရာတော် သံဃာတော်များ ပေးနိုင်အောင်လည်း ကျိုးစားကြပါ။
တပည့်တော် တက္ကသိုလ်တစ်ခု တည်ထောင်မလို့ စိတ်ကူးတော့၊ man powerဘယ်ကရမလဲ၊ Four M-Man, Material, Money and Mind. Project တစ်ခုမှာ အရေးကြီးတာ Four M-power၊ Man Powerအတွက် တပည့်တော်ရဲ့ န၀ကမ္မတွေနဲ့ ဝေငှပြီးတော့ တပည့်တော် တပည့်တွေ တပည့်တော်ကိုယ်တိုင် ကျောင်းထားတာ၊ တိုအောင်ပဲချုံးလိုက်မယ်၊ ဒီကနေ့ Ph.D ၂၅ ပါးလောက်နဲ့ M.A ၂၅ပါးလောက် ရတယ်၊ ၁၄ပါး လူထွက်တယ်၊ အားလုံး ကြိုထွက်ထားပါ၊ အလျှော့တွက်ကလေးတော့ ရှိပါတယ်။
ညောင်ပင်အောက် ကစားနေတဲ့ ကလေးတွေကို မုန့်ပေးတယ်လေ လောကုတ္တရာဆရာ၊ အဲဒါ ဆွမ်းခံရင်းနဲ့ ဒီကလေး ၇နှစ်အရွယ်ရောက်တာပဲ၊ ၇နှစ်ကြီး သင်ကြားပို့ချထားတဲ့ ဒီ Education နော်၊ ဘာသင်တာလဲ Buddhist Education ပဲ၊ ဒီကလေး ကောက်မွေး၊ ပိဋကတ်သုံးပုံ သင်ပေး၊ ပဋိပတ္တိပြပေး၊ သိပြီးသားတွေ ချုံးလိုက်၊ နိဂြောဓာ ဘာဖြစ်သွားလဲ ရဟန္တာဖြစ်သွားတယ်။ အသောကရဲ့ တူလေ၊ ညီအစ်ကိုဝမ်းကွဲက မွေးတာ၊ အဲတော့ တပည့်တော်တို့ ဘယ်လိုမွေးမလဲ၊ ဘယ်လိုကျွေးမလဲ၊ ဘယ်လိုသင်ပေးမလဲ၊ တပည့်တွေကို ဘယ်လို Organize လုပ်မလဲ၊ အားလုံး ကျောင်းထောင်ဆရာတော်များ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဖို့ တပည့်တော်ရဲ့ experiences တွေကို ဒီကနေ့ Share လုပ်ပါတယ်။ သင်ကြားပြသနေတာ မဟုတ်ပါဘူး၊ Sharing my experience with knowledge with you in these great event.
အပိုင်း (၂) ဆက်လက် ဖော်ပြပါမည်။
မှတ်ချက်။ ။ အသံဖိုင်မှ တဆင့်ကူးယူရသဖြင့် စာလုံး၊ အသံထွက်များ၊ တစုံတရာ အမှားပါက စာကူးယူသူ မိမိ၏ တာဝန်ဖြစ်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
www.sitagustar2020.net

0 comments:
Post a Comment