
Monday, August 29, 2016

sitagustar
No comments
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည်
အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မည်။
၁။ ဦးအောင်ခိုင်+ ဒေါ်ခင်နွဲ့ မိသားစု မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ ၁၀,၀၀၀၀ ကျပ်
၂။ ဦးဘိုနီ+ဒေါ်ခင်စောငွေ မိသားစု မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ ၁၀,၀၀၀၀ ကျပ်
၃။ ကိုဆွေထွန်းနောင်+မသန်းသန်းလှ သမီး အင်ကြင်းမွှေး မိသားစု အင်းစိန်၊ အောင်ဆန်း ၅,၀၀၀၀ ကျပ်
၎။ ဦးဆန်းမောင်+ဒေါ်တင်ရေ မိသားစု၊ ရေဦးမြို့နယ်၊ မင်းမောင်းကုန်းရွာ ၅,၀၀၀၀
၅။ မိဘနှစ်ပါးကို အမှူးထား၍ ဒေါ်စပယ် (လှဆန်းယဉ်) လှည်းတန်း၊ ကမာရွတ်မြို့၊ ရန်ကုန် ၅,၀၀၀၀ ကျပ်
ဓာတ်ပုံ စင်္ကာပူဓမ္မသဘင် (ဒုတိယအကြိမ်)

Sunday, August 21, 2016

sitagustar
No comments
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး **********
သီတဂူ ၂၀၁၆ သြဂုတ် ၂၁
မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်တန်းအရာရှိကြီးများသည် ကျေးဇူးတော်ရှင်
သီတဂူဆရာတော်ဘုရားကြီးကို ၂၁-၁-၂၀၁၆ ရက်နေ့၊ နံနက်ခင်း ၉း၃၀ နာရီအချိန်
လာရောက်ဖူးမျှော်ကြည်ညိုကြပါသည်။
တပ်ချုပ်ကြီးနှင့်အဖွဲ့ကို သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ
(စစ်ကိုင်း) တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရွှေစည်းခုံစေတီတော်အတွင်းရှိ
ဆင်းတုတော်များနှင့် ဓမ္မာရုံကြီးအတွင်းသို့ သီတဂူဆရာတော်ကြီး
ကိုယ်တော်တိုင် လိုက်လံပြသပေးတော်မူပါသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ရှိ
သိမ်တော်ကြီးအတွင်း သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့်
လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်ကြီးက
ရေစက်ချအနုမောဒနာတရား ချီးမြှင့်ပေးတော်မူခဲ့ပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

Friday, August 19, 2016

sitagustar
No comments
MRTV4 အင်တာဗျူး ******
ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း
ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး
၅မိနစ်လောက် အမိန့်ရှိပေးပါဆိုလို့ မိန့်ကြားပေးလိုက်ပါတယ်။
အရဟတ္တဓဇဖြစ်ပုံ
နိဗဒ္ဓပုညဖြစ်၍ နိဗဒ္ဓဂတိဖြစ်ပုံ
ဝါဆိုသင်္ကန်းဖြစ်လာပုံတို့ကို ၅မိနစ်စာ ချုပ်၍ ပေးလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
19-8-2016

Wednesday, August 17, 2016

sitagustar
No comments
*******
ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား) နှင့် အပ္ပမာဒမဂ္ဂဇင်းတိုက် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာမ မိုးမိုးစောဝင်းတို့ တွေ့ဆုံ မေးမြန်း (ဓမ္မအင်တာဗျူး) ကို ၂၀၁၆ စက်တင်ဘာလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ ပါလာပါပြီ၊ တွေ့ဆုံးမေးမြန်းခန်းအပြင် “ပရဟိတစိတ်” အမည်ရှိ ပို့စ်တစ်ခုလဲ ထိုလထုတ် မဂ္ဂဇင်းမှာပဲ ပါလာပါပြီ။
အားပေးလိုက်ကြပါအုံး၊ ရနိုင်သည့် လိပ်စာပါ ထည့်ပေးထားပါတယ်။

Sunday, August 14, 2016

sitagustar
No comments
စာပေပညာရှင်များအား ဖိတ်ခေါ်ပါသည်
**********
သီတဂူ ၂၀၁၆ သြဂုတ် ၁၄
၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်နေ့ သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့်
မွေးနေ့ဖြစ်ပါသည်။ ယခုနှစ် သက်တော် (၈၀)ပြည့်ပူဇော်ပွဲကို
အထူးအစီအစဉ်များစွာထဲက တစ်ရပ်အနေနဲ့ ၈၀ပြည့်အထူးထုတ်မဂ္ဂဇင်း တစ်စောင်
ထုတ်ဝေ၍ တပည့်များက ပူဇော်လိုကြပါသည်။ သို့ဖြစ်ပါ၍ စာပေပညာရှင်များ
အားလုံးကို အထူးဖိတ်ကြားပါသည်။
(က)
တိုင်းကျိုးပြည်ကျိုး ဘာသာ သာသနာအကျိုးများကို
ထွန်းချွန်စွာဆောင်ရွက်တော်မူသော ပုဂ္ဂိုလ်တို့သည် တစ်ခေတ်တစ်ခါ
ပေါ်ပေါက်ခဲလှပါသည်။
(ခ) တစ်သက်မှာ တစ်ခါသာ ကြုံခွင့်ရသည့်
အထူးအခွင့်ရေးကို လက်မလွတ်စေဘဲ ရသစာပေ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊
ကာတွန်းစသည်တို့ဖြင့် မိမိတို့ စွမ်းရာဘက်က ပူဇော်နိုင်ပါသည်။
(ဃ)
Soft-copy များကို ၃၀-၁၁-၂၀၁၆ (၁၃၇၈၊ နတ်တော်လဆန်း ၁ ရက်)နေ့ နောက်ဆုံးထား၍
ပို့ပေးပါရန်၊ Hard-copy များကိုတော့ ၂၅-၁၁-၂၀၁၆ (၁၃၇၈၊
တန်ဆောင်မုန်းလဆုတ် ၁၁ရက်)နေ့ နောက်ဆုံးထား၍ ပို့ပေးပါရန်။
စာမူများကို ပို့ရန်
-----------------
အီးမေးလ် thesitagu@
gmail.com/ သို့မဟုတ် အောက်ပါ နီးစပ်ရာတက္ကသိုလ်တို့သို့ ပို့နိုင်ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၀၉၂၅၆၂၀၁၅၄၁၊ ၀၉၂၁၁၁၂၄၂
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (မန္တလေး) ၀၉၂၁၃၂၀၆၆
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၀၁-၅၈၁၈၈၈/ ၀၁ ၅၈၁၅၈၂
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
စီမံအုပ်ချုပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

Monday, August 08, 2016

sitagustar
No comments
သီတဂူ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး အထောက်ကူပြု
သီတဂူဆရာတော်ကြီး ဦးစီးသော သီတဂူသာသနာပြုအဖွဲ့ကြီးသည် မြန်မာနိုင်ငံ အနှံ့အပြား ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းများကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်မှာ နာဂစ်မုန်တိုင်းကထဲကစ၍ နှစ်များစွာ ပြုလုပ်ခဲ့သည်၊ ပြည်တွင်းသာမကဘဲ နီပေါလ် မြေငလျင်၊ ပါကစ္စတန် ရေဘေးကဲ့သို့ ပြည်ပနိုင်ငံတွေမှာလည်း အထောက်ကူပြုမှုများ ပါဝင်ခဲ့သည်။
ယခုနှစ် (၂၀၁၆)မှာလည်း မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း ရေဘေးများဖြစ်လျက်ရှိသည်ကိုတွေ့ရပါသည်။ ထိုအတွက်များစွာ စိတ်မသက်မသာဖြစ်ကြရပါသည်။ ဒီနှစ်မှာတော့ အခြေခံစားသုံးကုန် ထောက်ပံ့ရေးအစား ပြန်လည် ထူထောင်ရေးအတွက် ပါဝင်မည်ဖြစ်ပါသည်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော စာသင်ကျောင်းများ၊ ဆေးရုံများအတွက် ပါဝင် ကူညီသွားမည်ဖြစ်ပါသည်။
ယခုလောလောဆယ်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စာသင်ကျောင်း (၂) ကျောင်း၊ ရှမ်းပြည်နယ် အရှေ့တောင်ပိုင် ခိုလန်ဒေသမှာ အထက်တန်းကျောင်း၊ ချင်းပြည်နယ် တောင်ပေါ်ဒေသ မင်းတပ်မှာ စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းလျက်ရှိပါသည်။
“သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ”
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...