
Saturday, October 03, 2009

သီတဂူစတား (sitagustar)
1 comment

ဒီနေ့သည် သီတင်းကျွတ်ပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အလေးမြတ်ထားရာ နေ့လည်းဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် တာဝတိံသာနတ်ပြည်ဝယ် မိခင်အားကျေးဇူးဆက်သည့်အနေအားဖြင့် အဘိဓမ္မာတရားများဟောကြားပြီး လူ့ပြည်လူလောကသို့ပြန်ကြွသည့်နေ့ဖြစ်ပါသည်၊ မြန်မာပြည်သူတွေသည် ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ်သက်မှတ်ကာ မြတ်ဗုဒ္ဓအား ဆီးမီးများဖြင့်ပူဇော်ကြသည်။ ဒါ့ပြင် ရတနားသုံးပါးအား ပူဇောကန်တော့ကြသည်၊ အသက်ကြီးရွယ်အိုး အဘိုးအဖွားတို့အား ပူဇော်ကြသည်၊ ကန်တော့ကြသည်၊ အလွန်ချစ်စရာကောင်းသည့် မြန်မာပြည်သူတွေရဲ့ ဓလေ့ဖြစ်ပါသည်။ ဤနေ့သည် သံဃာတော်များသည် လှောင်အိမ် (အချုပ်)ထဲမှ လွတ်သည့်နေ့လည်းဖြစ်ပါသည်၊ ၀ါတွင်းသုံးလပတ်လုံး အချုပ်မိနေသည်၊ ဒီနေ့ရောက်ရင် ဘာရယ်မသိ အလိုလို စိတ်ထဲမှာ ပေါ့ပါးသလိုခံစားရသည်၊ ကိုယ့်အဖြစ်ကိုပမာပြုပြီး အခြားသူတွေမှာလဲ လွတ်မြောက်မှုကို မျော်နေကြမှာ အမှန်ဖြစ်သည်ဟု တွေးတောမိပါသည်။
လွတ်မြောက်မှုကိုတမ်းတ၊ မျော်လင့်နေကြတဲ့ မြန်မာပြည်သူအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး မိမိတို့မျော်လင့်နေတဲ့ လွတ်မြောက်မှုကို ရယူပိုင်ဆိုင်နိုင်ပါစေလို့ သီတင်းကျွတ်မှာ အကုန်လုံးလွတ် ကျွတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူစတား
၃-၁၀-၂၀၀၉

Saturday, October 03, 2009

သီတဂူစတား (sitagustar)
No comments
ဒေါက်တာအမ်ဘေဒကာ ရုပ်ထု
လမ်းဆုံအနီးတွင် လက်တစ်ဖက်က စာအုပ်ကိုင် လက်တစ်ဖက် ပင့်မြှောက်ပြီး လက်ညှိုးထိုးပြနေသော အန်ဘေဒကာ ရုပ်တုကြီးကို ထုဆစ်ပြထားသည်။ ရုပ်တုကို ပန်းခြံအတွင်း ခုံမြင့်နေရာတွင် ထားရှိပြီး လူအများအပြား တက်ရောက်၍အရိုအသေပြုကြသည်ကို တွေ့ရသည်။ စာရေးသူတို့လည်း အများနည်းတူတက်ရောက် ကြည့်ရှုကြသည်။ ရုပ်တုပေါ်သို့ စာရေးသူတို့ ရောက်လျှင် စာရေးသူတို့နှင့် ဓာတ်ပုံတွဲရိုက်လိုသူများ များပြားသဖြင့် ပန်းခြံထဲမှ အတော်နှင့် ထွက်ခွင့်မရခဲ့ပေ။ ပန်းခြံမှထွက်ခဲ့ပြီးနောက် သုံးဘီးဖြင့် ဟော်တယ်သို့ ပြန်လာခဲ့ကြသည်။ ဟော်တယ်သို့ ရောက်လျှင် ည (၁၁) နာရီထိုးပြီ။
၂ဝဝ၉ နိုဝင်ဘာလ ၂၉ နေ့ နံနက် ၆ နာရီခွဲ ရထားဖြင့် ပူးနေးမြို့သို့ပြန်လည်ထွက်ခဲ့ကြသည်။ ဘုရားပွဲတော် ပြီးစီးချိန်ဖြစ်၍ဘုရားပွဲတော်ပြန်များဖြင့် ရထားတွဲတိုင်းတွင် ပြည့်ကျပ်နေတော့သည်။ နေ့လည် (၁ဝး၃ဝ) နာရီတွင် ပူနေးဘူတာသို့ ရထားဆိုက်ရောက်သည်။ ။

Saturday, October 03, 2009

သီတဂူစတား (sitagustar)
No comments
လှည့်လည်ကြည့်ရှု
တရားပွဲပြီးလျှင် အားလုံးကို နှုတ်ဆက်ပြီး ဥပါသကာ ဝိက ၏ ဦးဆောင်မှုဖြင့် ဘုရားလှည့်ပွဲကြည့်ရှုရန် ကားဖြင့် မြို့လယ်သို့ ထွက်ခွါခဲ့ကြသည်။ ထိုအချိန်သည် ည ၈ နာရီခွဲပြီဖြစ်သည်။ မြို့လယ် လမ်းမပေါ်တွင် လူအ များဥဒဟို သွားလာနေကြသည်ကို တွေ့ရသည်။ ဆင်းတုရုပ်ပွားတော်များကို တင်ဆောင်ထားသော ကားများ။ ၄င်းကား များ၏နောက်တွင် စီးဝါးနှင့်အညီ ကခုန်နေသော လူငယ်များ။ ကြည့်ရှုနေသော ပရိတ်သတ်များဖြင့် မြို့လယ်တွင် စည်ကား နေတော့သည်။ ဗုဒ္ဓသာသနာစတင်ခဲ့သော နေရာတွင် သာသနာတော် ပြန်လည်နိုးထလာမည့် အနေအထားများကို တွေ့ရသဖြင့် ဝမ်းသာကြည်နူးမှုဖြစ်ရသည်။
ကခုန်မြူးတူး
စာရေးသူတို့သည် လမ်းဆုံရှိ အဝိုင်းပေါ်သို့ တက်၍ လာသမျှ အကအလှအဖွဲ့များကို အားပါးတရ ကြည့်ရှု ဓာတ်ပုံရိုက်ကြသည်။ စာရေးသူတို့အားမြင်လျှင် လူအများစု အနီးသို့ လာရောက်နှုတ်ဆက်ကြသည်။ အရိုအသေပေးကြသည်။ အရိုအသေပေးပုံမှာ စာရေးသူတို့၏ ခြေထောက်ကို (ခြေဖမိုးကို) လက်ဖြင့် ထိပြီး သူတို့၏ ရင်ဘတ်ကို ထိ၍ အရိုအသေပေးကြ၏။ အမျိုးသမီးများက ဝန္ဒာမိ ဘန္တေ ( အရှင်ဘုရား ရှိခိုးပါ၏) ဟု ပြောပြီးလက်အုပ်ချီသွားကြ၏။သူတို့သည် ဗုဒ္ဓသားတော်ရဟန်းတော်များကို ရုတ်တရက် မြင်တွေ့ရသဖြင့် အံ့သြဝမ်းသာနေကြ၏။ စဉ်မြင့်တစ်ခုမှ လာရောက်ခေါ်သဖြင့် လိုက်ပါသွားပြီ ထိုစဉ်မြင့်ထက် ထိုင်ခုံတွင် ထိုင်ပြရ၏။ ပန်းစည်းများလက်ဆောင်ပေးကြ၏။ ဘယ်ကြွလာပါသလဲ မေးကြ၏။ ကခုန်သူများကို လက်ပြ အားပေးရ၏။ ထို့နောက် မြို့လယ်လမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး အလှည့်ကားများကို ကြည့်ကြ၏။ နောက်ဆုံးရောက် က လိုက်ပါလာသည့်အဖွဲ့မှာ လူငယ်အဖွဲ့ဝင် တစ်ထောင်ဖြင့် ဖွဲ့စည်းထားသည့် အကြီးဆုံးအဖွဲ့ဖြစ်ကြောင်း သိရသည်။ ထိုအဖွဲ့နှင့်အတူ စာရေးသူတို့သည် နောက်ကြောင်းပြန်လှည့်ခဲ့ကြသည်။ သို့သော် မြို့လယ်လမ်းဆုံသို့ ရောက်သောအခါ ထိုအဖွဲ့မှာ ကခုန်ခွင့် မရတော့ပေ။ ရှိနှင့်သော အခြားအဖွဲ့များလည်း ကခုန်မှုမရှိ အသံချဲ့စက်များလည်း တိတ်နေသည်ကို တွေ့ရသည်။ အကြောင်းမှာ ကခုန်ပူဇော်မှု အချိန် ပြည့်သွားပြီဖြစ်ကြောင်း သိရသည်။ လမ်းဆုံနှင့် အခြားနေရာများတွင် ရဲများ စစ်သားများ အဆင်သင့် နေရာယူထားသည်ကို တွေ့ရသည်။

Friday, October 02, 2009

သီတဂူစတား (sitagustar)
No comments

ညနေပိုင်းတရားပွဲ
မစ်စ် သရတိတို့ ဘုရားကျောင်းသည် အဝတ်များဖြင့် တန်ဆာဆင်ထားသဖြင့် မိုးရွာသောအခါ မိုးရေများဖြင့် စိုစွတ်နေ၏။ ထို့ကြောင့် သန့်ရှင်းရေးလုပ်ဆောင်နေရသည်မှာ အချိန်အတော်ကြာမြင့်သွားသဖြင့် ညနေ ၆ နာရီလောက်မှ အခမ်းအနားစဖြစ်သည်။ ကလေး လူကြီး ၃ဝ ခန့်တက်ရောက်သည်။ ဘုရားရှိခိုး၊ ငါးပါးသီလယူ၊ ပန်းပေး၊ မိတ်ဆက်၊ တရားဟော။ ဦးကောဝိဒ ဟောပြောပြီးလျှင် စာရေးသူအလှည့်။ စာရေးသူ ဟောပြောနေစဉ် ရုတ်တရက် မိုးရွာလာသဖြင့် အခမ်းအနားကို ခေတ္တရပ်နားပြီး မစ်စတာ သတိဝန်တိ အိမ်ထဲသို့ ရွှေ့ပြောင်းပြု လုပ်ကြသည်။ အိမ်ထဲရောက်သောအခါ ဦးစန်နှင့် ဘိက္ခုနီမတို့ ဆက်လက်ဟောပြောကြသည်။

Friday, October 02, 2009

သီတဂူစတား (sitagustar)
No comments
ဘုရာပင့်
စာရေးသူတို့ ရောက်လျှင် ဆင်းတုတော်တင်ဆောင်ထားသော ကားပေါ်သို့ တက်ရောက်ရန် ပင့်ဆောင်ကြ၏။ အကအဖွဲ့မှာ ကားရှေ့ ခပ်လှမ်းလှမ်းနေရာတွင် အားပါးတရ ကခုန်နေကြသည်ကို တွေ့ရသည်။ ကားပေါ်တွင် တင်ဆောင် ပူဇော်ထားသည့် ဆင်းတုတော်မှာ ဥာဏ်တော် ၇ ပေခန့်ရှိပြီး ဖိုင်ဘာဖြင့် ဖန်တီးထားသည် ဟုသိရသည်။ အမှတ်တမဲ့ ကြည့်လျှင် ကြေးနီရောင် အဆင်းရှိသဖြင့် ကြေးဆင်းတုတော်ဟု ထင်မှတ်ရသည်။ ကားထွက်ခွါရန် အချိန်ရောက်ပြီဖြစ်သော်လည်း စွမ်းအင်ဝန်ကြီး၏ သမီး အခမ်းအနားသို့ တက်ရောက်လာမည်ဖြစ်၍ သူမအား စောင့်စားနေခြင်းဖြစ်ကြောင်း ပြောပြသည်။ ထို့ကြောင့် သည့်ခံပြီး စောင့်စားပေးပါရန် တောင်းပန်စကား ဆိုကြသည်။ ထို့နောက် တာဝန်ခံ ရဲအရာရှိ တစ်ဦးရောက်လာပြီး စာရေးသူတို့အား နှုတ်ဆက်စကားဆိုသည်။ ထို့နောက် ဆင်းတုတော်ကြီးကို ထုဆစ်ပုံဖော်သော ဗိသုကာဆရာရောက်လာပြီး စာရေးသူတို့အား မိတ်ဆက် စကားဆိုလာသည်။ ခဏကြလျှင် စာရေးသူတို့သည် ရုပ်ပွားတော်အား ဖယောင်း နံသာထွန်း ညှိပူဇော်ကြရသည်။ထိုအချိန်တွင် ရုတ်တရက် မိုးသက်လေပြင်းကျလာသဖြင့် မိုးလွတ်ရာ တိုက်ခန်းတစ်ခုသို့ ဝင်ရောက်နားခိုကြရသည်။ ကခုန်သူများသည် မိုးရွာထဲတွင် အရှိန်အဟုန်မပျက် ဆက်လက် ကခုန်နေကြဆဲဖြစ်သည်။ မိုးတိတ်လျှင် ဘုရားလှည့်အဖွဲ့အား နှုတ်ဆက်ပြီး မစ်စ်သရတိ တို့ ဘုရားကျောင်းဆောင်သို့ ကားဖြင့် ပြန်လာခဲ့ကြသည်။ မစ်စ် သရတိတို့ ဘုရားကျောင်းဆောင်တွင် ညနေ ၄ ခွဲတွင် တရားဟောဘို့ စောစီးစွာကပင် စီစဉ်ထားသဖြင့် ဘုရားလှည့်ရာသို့ လိုက်ပါနိုင်ခြင်း မရှိတော့ပေ။ ထို့ပြင် လူအများစု တက်ရောက်သော ညနေ ၆ နာရီပွဲနှင့် တခြားအခမ်းအနားတစ်ခုတို့က ပင့်ဖိတ်ထားသော်လည်း အချိန်လောက်ငခြင်း မရှိသဖြင့် ပင့်ဖိတ်မှုကို လက်မခံလိုက်ကြောင်း ဥပါသကာ ဝိက က ပြောပြသည်။

Friday, October 02, 2009

သီတဂူစတား (sitagustar)
No comments
နေ့လည်စာအလှူရှင်
တရားပွဲပြီးသောအခါ နေ့လည်စားစားရန်နှင့် တရားဟောရန် အခြားတစ်နေရာသို့ ကားဖြင့် ပင့်ဆောင် သွားကြပြန်သည်။ နေ့လည်စာကို ဥပါသကာ သတိသဝန်တိ အိမ်တွင် စားသောက်ရသည်။ နေ့လည်စာကို ချပါတီ ပူရီတို့ဖြင့် ကျွေးမွေးဧည့်ခံသည်။ ဦးစွာ ရေသန့်နှစ်ခွက်လာချသည်။ ထို့နောက် ချပါတီ ပူရီ အာလူး ထည့်ထားသော ပုဂံပြားတစ်ချပ်စီ ချသည်။ ထို့နောက် ဟင်းရေသောက်၊ နွားးနို့၊ ခရမ်းသီးချက်ပုဂံများ အသီးသီးလာရောက်ချပေး သည်။ အဆင့်သင့်ဖြစ်လျှင် စားသောက်ကြသည်။ ချပါတီကို အာလူးဖြင့် စားရပြီး ဒူရီကိုမူ နို့ဖြင့် တို့စားရသည်။ ထမင်းကြော်နှင့် ရိုးရိုးထမင်းကိုလည်း လိုအပ်လျှင် စားသုံးရန် အနီးတွင် ချထားပေးထားသည်။ နေ့လည်စာ စားပြီးလျှင် ဆွမ်းဒကာ မိသားစုအား ဆုတောင်း မေတ္တာပို့သောအားဖြင့် မေတ္တာသုတ်ပရိတ်ချီးမြှင့်ကြသည်။
ခေတ္တအနားယူ
နေ့လည်စာ စားပြီးလျှင် အနီးရှိ မစ်စ် သရတိ တို့ အိမ်သို့ သွားရောက် အနားယူကြသည်။ နေ့ ၂ ခွဲလျှင် အခြား အခမ်းအနားသို့ တက်ရောက်ရန် သုံးဘီးကားငယ်ဖြင့် ပင့်ခေါ်သွားကြပြန်သည်။ အခမ်းအနားမှာ ဘုရားဆင်းတုတော်ပင့်ဆောင်ရာတွင် ဘုရားဆင်းတုတော်အား ပူဇော်ရန် အစီအစဉ်ဖြစ်သည်။ ယနေ့သည် အန်ဘေဒကာ၏ ဆောင်ရွက်မှုကြောင့် ဗုဒ္ဓဘာသာဝင်များအဖြစ်သို့ ရောက်ကြသည့် ၅၃ နှစ်ပြည့် အထိန်းအမှတ် နှင့် ဓမ္မစကြာအခါ တော်နေ့ အထိန်းအမှတ်ပွဲတော်ဖြစ်သည့်အားလျှော်စွာ တစ်မြို့လုံးရှိ ရပ်ကွက် အသီးသီးမှ ဗုဒ္ဓဘာသာဝင်များသည် ဘုရားဆင်းတုတော်များကို ကားဖြင့် တင်ဆောင်ပြီး မြို့ကို လှည့်လည် ပူဇော် ကခုန်ကြ မည်ဖြစ်သည်။

Thursday, October 01, 2009

သီတဂူစတား (sitagustar)
No comments

Thursday, October 01, 2009

သီတဂူစတား (sitagustar)
No comments
နံနက်စာစားပြီးလျှင် အနီးရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းဆောင်သို့ ပင့်ဆောင်ကြ၏။ ကျောင်းဆောင်မှာ သန့်ရှင်းသပ်ရပ်သော ၇ ခန်း ၄ ခန်း နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်သည်။ ကျောင်းဆောင် တည်ရှိရာ ဧရိယာ အကျယ်အဝန်းမှာ နှစ်ဧကခန့် ကျယ်ဝန်းပြီး သီးသန့် ပရိဝုဏ်အရံအတားဖြင့် ထားရှိသည်။ ထောင့်နေရာတွင် ဗောဓိညောင်ပင်တည်ရှိသည်။ ကျောင်းပရိဝုဏ်၏ ဘေးပတ်လည်တွင် ဗုဒ္ဓဘာသာဘာသာဝင်များ နေထိုင်သော အိမ်များကို စနစ်တကျ တည်ဆောက်ထားသည်။ ဤသို့ပင် အခြားရပ်ကွက်များတွင်လည်း ဘုရားကျောင်းဆောင်ကို ဗဟိုထား၍ လူနေအိမ်များကို တည်ဆောက်နေထိုင်ကြကြောင်း သိရသည်။ အဖွဲ့အစည်းတစ်ခုတွင် လူနေအိမ် ၄၅ အိမ်ခန့် ရှိကြောင်းသိရသည်။
ဘုရားဆောင်
ကျောင်းဆောင်အတွင်း ဘုရားခန်းတွင် ဗုဒ္ဓဆင်းတုတော်နှင့် အန်ဘေဒကာ၏ ဓာတ်ပုံများထားရှိသည်။ ဗုဒ္ဓဆင်းတုတော်မှာ ဥာဏ်တော် ၂ ပေခန့်ရှိပြီး ထိုင်းနိုင်ငံမှ လက်ဆောင်ရထားခြင်းဖြစ်ကြောင်း သိရသည်။ဆင်းတု ရုပ်ပွားတော်ကို ပလ္လင်ထက်တွင် ထားရှိပြီး တစ်ဖက်တစ်ချက် နံရံများတွင် အန်ဘေဒကာ၏ ခန်းလုံးပြည့် ဓာတ်ပုံကြီးများကို ထားရှိသည်။ ဆင်းတုတော်၏ နောက်ကပုံမှာ ဗုဒ္ဓဦးခေါင်းတော်နနှင့် အန်ဘေဒကာ၏ ဦးခေါင်းပုံ တစ်ဝက်စီပေါင်းစပ် ရေးဆွဲထားသည်ကို တွေ့ရသည်။ သူတို့သည် အန်ဘေဒကာ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်များဖြစ်လာရသည်ဖြစ်၍ အန်ဘေဒကာကို ကျေးဇူးတင်သောအားဖြင့် ယခုကဲ့သို့ အန်ဘေဒကာကို ဗုဒ္ဓဘုရားနှင့် ထပ်တူပြု ကိုးကွယ်ကြခြင်းဖြစ်ကြသည်။ နေရာတိုင်းတွင် ဘုရားနှင့် အန်ဘေဒကာကို တန်းတူထား၍ ကိုးကွယ်ကြသည်ကို တွေ့ရသည်။

Wednesday, September 30, 2009

သီတဂူစတား (sitagustar)
2 comments
နံနက်စာအလှူရှင်
၂ဝဝ၉ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် (၈း၃ဝ) နာရီအချိန်တွင် ဥပါသကာ မစ်စတာ ဝိကနှင့် သူ၏ သူငယ်ချင်းတို့ ရောက်လာကြပြီး နံနက်စာ စားရန်နှင့် အခမ်းအနားတက်ရောက်ရန် ကားဖြင့် ပင့်ဆောင်ကြသည်။ အိမ်တစ်အိမ်ရှေ့တွင် ကားရပ်လိုက်ပြီး အိမ်ထဲသို့ ကြွရန်ပင့်ဆောင်သဖြင့် လိုက်ပါသွားကြရာ အိမ် ဧည့်ခန်းတွင် သင်္ကန်းရောင်ဝတ်ဆင်ထားသော အမျိုးသမီး (ဘိက္ခုနီ) တစ်ဦးနှင့် အသက် ၆ဝ အရွယ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦးကို တွေ့ရသည်။ ဘိက္ခုနီမ၏ အမည်မှာ သုနီတိ ဖြစ်ပြီး သူသည် လွန်ခဲ့သော သုံးနှစ်က ဘုံဘေမြို့ရှိ ဆရာတစ်ယောက် ထံတွင် ဘိက္ခုနီဝတ်ခဲ့ကြောင်း ပြောပြသည်။ အမျိုးသမီးကြီး၏ အမည်မှာ့Miss amdatai ဖြစ်ပြီး စောဠပူမြို့ ဗုဒ္ဓဘာသာဦးဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။ ဗုဒ္ဓပူဇနိယပွဲများတွင် တရားပွဲများဖြစ်မြောက်ရန် အတွက် ဘိက္ခုနီမနှင့်တွဲဖက်လျက် ဆောင်ရွက်နေသူဖြစ်သည်။
အိမ်ဧည့်ခန်းတွင်ထိုင်နေခိုက် အိမ်ထဲမှ အိမ်ရှင်အမျိုးသမီးနှင့် သမီးဖြစ်သူတို့ထွက်လာပြီး အရိုအသေပေး ကန်တော့ကြသည်။ ထို့နောက် အိမ်ထဲသို့ ပြန်ဝင်သွားပြီး သမီးဖြစ်သူသည် စတီးလင်ဗန်းငယ်ဖြင့် သောက်ရေများ ယူဆောင်လာပြီး တစ်ပါးတစ်ခွက် ဆက်ကပ်သည်။ ခဏကြာလျှင် ထမင်းကြော်များ ယူဆောင်လာပြီး တစ်ပါး တစ်ခု ဆက်ကပ်ပြန်သည်။ ပြီးလျှင် ရေတစ်ခွက်စီ။ ထို့နောက် နွားနို့တစ်ခွက်စီ ဆက်ကပ်သည်။ စာရေးသူတို့၏ နံနက်စာသည် ခဏချင်းမှာပင် ပြီးစီးအောင်မြင်သွား၏။

Wednesday, September 30, 2009

သီတဂူစတား (sitagustar)
No comments
အရှင်ကုသလ (ကောင်းမွန်) မှတ်တမ်းတင်သည့် ဓမ္မဒူတခရီးသွားမှတ်တမ်းကို ဆက်လက်လေ့လာနိုင်ရန်ဖော်ပြပါသည်။
စောဠပူရမြို့ ဗုဒ္ဓဘာသာအကျိုးတော်ဆောင်များအဖွဲ့မှ ဓမ္မစကြာအခါတော်နေ့နှင့် ဗုဒ္ဓဘာ သာခေါင်း ဆောင် အန်ဘေဒကာ၏ (၅၃) နှစ်မြောက် အထိန်းအမှတ်ပွဲတော်သို့ တက်ရောက်ရန် ပင့်ဖိတ်ချက်အရ ၂ဝဝ၉ ခု နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ညနေ (၆း၃ဝ) နာရီ ရထားဖြင့် စောဠပူရမြို့သို့ ထွက်ခွါခဲ့ကြသည်။ စောဠပူရသို့ ခရီးသွား အဖွဲ့တွင် အရှင်ကုသလ( M.A Part i) ၊ အရှင်ကောဝိဒသိရီ (M.A Part ii သီတဂူစတား)၊ အရှင်စန္ဒာဝရ (M.A Part i) နှင့် အကျိုးတော်ဆောင် ဥပါသကာ မစ်စတာ ဝိကတို့ပါဝင်သည်။ ဥပါသကာ မစ်စတာ ဝိကသည် ဗုဒ္ဓဘာသာဝင် စောဠပူရ မြို့သားဖြစ်ပြီး ယခုအခါ ပူနေးမြို့ ပူနေးတက္ကသိုလ်တွင် အမ်အေ ကျောင်းတက်နေသော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ပူနေးတွင် ကျောင်းတက်နေသော မြန်မာ ထိုင်း သီရိလင်္ကာ ရဟန်းတော်များနှင့် ရင်းနှီးကျွမ်းဝင်ပြီး စောဠပူရမြို့တွင် တစ်နှစ်တစ်ခါ ကျင်းပသော ဗုဒ္ဓဘာသာပွဲတော်သို့ မြန်မာရဟန်းတော်များကို တရားစကားပြောရန် ပင့်ဖိတ်လေ့ရှိသည်။
စောဠပူရမြို့သည် အိန္ဒိယနိုင်ငံ တောင်ဘက်ပိုင်း မဟာရဋ္ဌပြည်နယ်၏ ခြောက်ခုမြောက်မြို့တော်ဖြစ်ပြီး ပူနေးမြို့၏ တောင်ဘက် ကီလိုမီတာ (၂၅ဝ) ဝေးကွာသော အရပ်တွင် တည်ရှိသည်။ ရထားဖြင့် လေးနာရီ ကြာသွားရောက်ရသည်။ ဗုဒ္ဓဘာသာဝင် လေးဆယ့်ခြောက်ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် ဒုတိယအများဆုံး မြို့တော်အဖြစ်ထင်ရှားသည်။ အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်အများဆုံးမြို့တော်မှာ နာဂပူရမြို့တော်ဖြစ်ပြီး စောဠပူရမြို့သည် ဒုတိယ၊ ပူနေးမြို့သည် တတိယအများဆုံးဖြစ်ကြောင်း သိရသည်။
စာရေးသူတို့ စီးနင်းလိုက်ပါလာသော ရထားသည် ည (၁ဝး၃ဝ) နာရီအချိန်တွင် စောဠပူရမြို့သို့ ဆိုက်ရောက်သည်။ ရထားဆင်းလျှင် လာရောက်ကြိုဆိုကြသူများနှင့် အဆင်သင့်တွေ့ရပြီး တည်းခိုရမည့် မြို့လယ်ရှိ မဟာရှီရဝ (မင်္ဂလာ) ဟော်တယ်သို့ ကားဖြင့် ပင့်ဆောင်ကြသည်။ ဟော်တယ်တွင် စာရေးသူတို့အား နေရာချ ထားပေးပြီး လိုအပ်သည်များကို မှာကြားရန်နှင့် နက်ဖြန် နံနက်ပိုင်းတွင် တက်ရောက်ရမည့် အခမ်းအနားများကို ပြောပြပြီး ဥပါသကာ ဝိကတို့အဖွဲ့ ပြန်သွားကြသည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဖေ့ဘုတ်အပေါ်က လူအကြိုက်များဆုံး ဓာတ်ပုံ တစ်ပုံ စာမိတ်ဆက် စာရေးသူ၏ ဖေ့ဘုတ်တွင် ပုံများစွာတင်ထားသည်။ ရောက်လေရာရာနေရာတွေက အမှတ်တရပုံတွေကော ဆရာေ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
သိကြားမင်းရဲ့လျှောက်ထားချက် အသားမည်းတဲ့ ဒီရသေ့ဟာ မည်းတဲ့မြေကွက် ပေါ်မှာ နေနေတယ်။ မည်းတဲ့အဝတ်ကိုဝတ်တယ်။ မည်းတဲ့ အစားအစာကို စားတယ်။ ဒီတော့ ...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
-
သီတဂူဆရာတော် ဂျေရုစလင် မိန့်ခွန်း *********** Your Venerable Your Excellency Mr. President / Prime Minister of Israel Excellencies ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...