
Thursday, October 01, 2009

သီတဂူစတား (sitagustar)
No comments
အခန်းအနားအစီအစဉ်
နံနက်ပိုင်း အစီအစဉ်
အခမ်းအနားကို နံနက် (၉း၃ဝ) နာရီတွင် စတင်သည်။ ဟောပြောကြမည့်ပုဂ္ဂိုလ်များမှာ စာရေးသူတို့ သုံးပါးနှင့် ဘိက္ခုနီမတို့ဖြစ်ကြသည်။ အခမ်းအနားမှူးမှာ ဥပါသကာ မစ်စတာ စဂါရ် ဖြစ်သည်။ ပရိသတ်မှာ ၅ဝ ခန့်ရှိပြီး အမျိုးသား အမျိုးသမီး ကလေး လူငယ် လူလတ် လူကြီး စုံညီစွာ တက်ရောက်ကြသည်။ အထူးသဖြင့် အမျိုးသားများသည် ဝတ်ဖြူစင်ကြယ် တူညီဝတ်ဆင်ထားကြသည်။ ရှေးဦးစွာ ရုပ်ပွားဆင်းတုတော်မြတ်အား ဖယောင်းမီး နံသာအမွှေးတိုင်များ ထွန်းညှိပူဇော်ရသည်။ ထို့နောက် အန်ဘေဒကာ၏ ဓာတ်ပုံအား ဖယောင်း နံသာတိုင်ဖြင့် ထွန်းညှိရသည်။ ထို့နောက် (နှင်းဆီပန်းများကို ချွေထားသော) ပန်းဖတ်များကို ကြဲဖြန့်လှူဒါန်းရသည်။ ထို့နောက် ဟောပြောကြမည့် စာရေးသူတို့အား ပန်းစည်း လက်ဆောင်များ ပေးကြသည်။ ထို့နောက် ဘုရားရှိခိုး၊ ငါးပါးသီလတောင်း။ မေတ္တာပို့ကြသည်။ ထို့နောက် ဟောပြောပွဲစတင်သည်။ ရှေးဦးစွာ အရှင်ကောဝိဒသိရီ (သီတဂူစတား) ဟောပြောပြီး စာရေးသူ ဦးစန် ဘိက္ခုနီမတို့ အစဉ်အတိုင်း ဆက်လက် ဟောပြောကြသည်။ အရှင်ကောဝိဒသိရီ (သီတဂူစတား) က ဗုဒ္ဓဘာသာရဲ့ အနှစ် (the essence of Buddhism) အကြောင်း၊ စာရေးသူက ဓမ္မစကြာအနှစ်ချုပ်၊ ဦးစန်က the foundation of Buddhism )ငါးပါးသီလ အကြောင်းကို ဟောပြောသည်။ ဟောပြောသောအခါ အင်္ဂလိပ်လိုဟောပြောရပြီး ဘာသာပြန်အဖြစ် ဥပါသကာ ဝိက ကဆောင်ရွက်သည်။ ဘိက္ခုနီမမှာ စောဠပူရမြို့ သူဖြစ်သည့်အားလျှော်စွာ မိခင် မာရတီဘာသာဖြင့် တရားနာ ပရိသတ် ကလေး လူကြီး စိတ်ဓာတ် တက်ကြွလာအောင် မြိုင်မြိုင်ကြီး ဟောပြောသွားနိုင်သည်ကို တွေ့ရသည်။ တရားပွဲအခမ်းအနားသည် ၂ နာရီခန့်ကြာမြင့်သည်။ တရားပွဲပြီးသောအခါ အမျိုးသား အမျိုးသမီးလေးများ စာရေးသူတို့ အနားသို့ ရောက်လာပြီး အရိုအသေပေး ကန်တော့ကြသည်။ အမှတ်တရ အော်တိုများ အရေးခိုင်းကြသည်။
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဆရာကောင်း နည်းကောင်း တွေ့ဖို့လိုတယ် အဲဒီမှာ ဘုန်းကြီး ချက်ချင်း စဉ်းစားမိတယ်။ ''ဒီဥရောပတိုက်သား အမေရိကတိုက်သား လူတွေဟာ ဗုဒ္ဓ ဘာသာ...
-
အင်ဒိုနီးရှာကျောင်းသားများ ပြပွဲမှာ တိုးဝှေ့ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ စာရေးဆရာမဟုတ်သော သီတဂူစတား ဒီကနေ့ ဘာပို့စ်တင်ရမလဲ စဉ်းစ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗုဒ္ဓဘာသာသည် religion မဟုတ် ဒါကြောင့် ဘုန်းကြီးတို့ နယူးဒေလီတရားပွဲမှာ ဒကာတစ်ယောက်က ''အရှင်ဘုရား ဗုဒ္ဓဘာသာကို religion (ရီးလီးဂ...
-
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ ဖိတ်ကြားအပ်ပါသည် ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည်...
-
အီရန်နိုင်ငံအစည်းဝေးမှတ်တမ်းနှင့် အစည်းဝေးထုတ်ပြန်ချက် သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသု...
-
မဟာစည်းခုံကြီးစေတီတော် ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား ပထမဘုံ ထီးတော်တင်လှူနေပုံ သံဃာတော်များ ထီးတော်တင်လှူနေစဉ် စေ...
-
MRTV4 အင်တာဗျူး ****** ဒီနေ့ ၁၉-၈-၂၀၁၆ သဲကုန်းအသင်း ဝါဆိုသင်္ကန်းကပ် အလှူမှာ mrtv4 ရုပ်သံက ဝါဆိုသင်္ကန်းနှင့်ပက်သက်ပြီး ၅မိနစ်လောက် အမ...
-
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ ပူနေးမြို့ ပူနေးတက္ကသိုလ်ကြီးသည် လွန်ခဲ့သော ၈ နှစ်ကထဲက စပြီး အရှိန်အဟုန်နှင့် ကျော်ကြားလာခဲ့ရာ၊ ပြည်တွင်းပြည်...
0 comments:
Post a Comment