
Thursday, October 01, 2009

သီတဂူစတား (sitagustar)
No comments
နံနက်စာစားပြီးလျှင် အနီးရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းဆောင်သို့ ပင့်ဆောင်ကြ၏။ ကျောင်းဆောင်မှာ သန့်ရှင်းသပ်ရပ်သော ၇ ခန်း ၄ ခန်း နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်သည်။ ကျောင်းဆောင် တည်ရှိရာ ဧရိယာ အကျယ်အဝန်းမှာ နှစ်ဧကခန့် ကျယ်ဝန်းပြီး သီးသန့် ပရိဝုဏ်အရံအတားဖြင့် ထားရှိသည်။ ထောင့်နေရာတွင် ဗောဓိညောင်ပင်တည်ရှိသည်။ ကျောင်းပရိဝုဏ်၏ ဘေးပတ်လည်တွင် ဗုဒ္ဓဘာသာဘာသာဝင်များ နေထိုင်သော အိမ်များကို စနစ်တကျ တည်ဆောက်ထားသည်။ ဤသို့ပင် အခြားရပ်ကွက်များတွင်လည်း ဘုရားကျောင်းဆောင်ကို ဗဟိုထား၍ လူနေအိမ်များကို တည်ဆောက်နေထိုင်ကြကြောင်း သိရသည်။ အဖွဲ့အစည်းတစ်ခုတွင် လူနေအိမ် ၄၅ အိမ်ခန့် ရှိကြောင်းသိရသည်။
ဘုရားဆောင်
ကျောင်းဆောင်အတွင်း ဘုရားခန်းတွင် ဗုဒ္ဓဆင်းတုတော်နှင့် အန်ဘေဒကာ၏ ဓာတ်ပုံများထားရှိသည်။ ဗုဒ္ဓဆင်းတုတော်မှာ ဥာဏ်တော် ၂ ပေခန့်ရှိပြီး ထိုင်းနိုင်ငံမှ လက်ဆောင်ရထားခြင်းဖြစ်ကြောင်း သိရသည်။ဆင်းတု ရုပ်ပွားတော်ကို ပလ္လင်ထက်တွင် ထားရှိပြီး တစ်ဖက်တစ်ချက် နံရံများတွင် အန်ဘေဒကာ၏ ခန်းလုံးပြည့် ဓာတ်ပုံကြီးများကို ထားရှိသည်။ ဆင်းတုတော်၏ နောက်ကပုံမှာ ဗုဒ္ဓဦးခေါင်းတော်နနှင့် အန်ဘေဒကာ၏ ဦးခေါင်းပုံ တစ်ဝက်စီပေါင်းစပ် ရေးဆွဲထားသည်ကို တွေ့ရသည်။ သူတို့သည် အန်ဘေဒကာ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်များဖြစ်လာရသည်ဖြစ်၍ အန်ဘေဒကာကို ကျေးဇူးတင်သောအားဖြင့် ယခုကဲ့သို့ အန်ဘေဒကာကို ဗုဒ္ဓဘုရားနှင့် ထပ်တူပြု ကိုးကွယ်ကြခြင်းဖြစ်ကြသည်။ နေရာတိုင်းတွင် ဘုရားနှင့် အန်ဘေဒကာကို တန်းတူထား၍ ကိုးကွယ်ကြသည်ကို တွေ့ရသည်။
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
0 comments:
Post a Comment