
Friday, October 02, 2009

သီတဂူစတား (sitagustar)
No comments
နေ့လည်စာအလှူရှင်
တရားပွဲပြီးသောအခါ နေ့လည်စားစားရန်နှင့် တရားဟောရန် အခြားတစ်နေရာသို့ ကားဖြင့် ပင့်ဆောင် သွားကြပြန်သည်။ နေ့လည်စာကို ဥပါသကာ သတိသဝန်တိ အိမ်တွင် စားသောက်ရသည်။ နေ့လည်စာကို ချပါတီ ပူရီတို့ဖြင့် ကျွေးမွေးဧည့်ခံသည်။ ဦးစွာ ရေသန့်နှစ်ခွက်လာချသည်။ ထို့နောက် ချပါတီ ပူရီ အာလူး ထည့်ထားသော ပုဂံပြားတစ်ချပ်စီ ချသည်။ ထို့နောက် ဟင်းရေသောက်၊ နွားးနို့၊ ခရမ်းသီးချက်ပုဂံများ အသီးသီးလာရောက်ချပေး သည်။ အဆင့်သင့်ဖြစ်လျှင် စားသောက်ကြသည်။ ချပါတီကို အာလူးဖြင့် စားရပြီး ဒူရီကိုမူ နို့ဖြင့် တို့စားရသည်။ ထမင်းကြော်နှင့် ရိုးရိုးထမင်းကိုလည်း လိုအပ်လျှင် စားသုံးရန် အနီးတွင် ချထားပေးထားသည်။ နေ့လည်စာ စားပြီးလျှင် ဆွမ်းဒကာ မိသားစုအား ဆုတောင်း မေတ္တာပို့သောအားဖြင့် မေတ္တာသုတ်ပရိတ်ချီးမြှင့်ကြသည်။
ခေတ္တအနားယူ
နေ့လည်စာ စားပြီးလျှင် အနီးရှိ မစ်စ် သရတိ တို့ အိမ်သို့ သွားရောက် အနားယူကြသည်။ နေ့ ၂ ခွဲလျှင် အခြား အခမ်းအနားသို့ တက်ရောက်ရန် သုံးဘီးကားငယ်ဖြင့် ပင့်ခေါ်သွားကြပြန်သည်။ အခမ်းအနားမှာ ဘုရားဆင်းတုတော်ပင့်ဆောင်ရာတွင် ဘုရားဆင်းတုတော်အား ပူဇော်ရန် အစီအစဉ်ဖြစ်သည်။ ယနေ့သည် အန်ဘေဒကာ၏ ဆောင်ရွက်မှုကြောင့် ဗုဒ္ဓဘာသာဝင်များအဖြစ်သို့ ရောက်ကြသည့် ၅၃ နှစ်ပြည့် အထိန်းအမှတ် နှင့် ဓမ္မစကြာအခါ တော်နေ့ အထိန်းအမှတ်ပွဲတော်ဖြစ်သည့်အားလျှော်စွာ တစ်မြို့လုံးရှိ ရပ်ကွက် အသီးသီးမှ ဗုဒ္ဓဘာသာဝင်များသည် ဘုရားဆင်းတုတော်များကို ကားဖြင့် တင်ဆောင်ပြီး မြို့ကို လှည့်လည် ပူဇော် ကခုန်ကြ မည်ဖြစ်သည်။
Posted in: ခရီးသွားမှတ်တမ်း
Email This
BlogThis!
Share to Facebook
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) KovidaSitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
Popular Posts
-
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်လာသော ဆရာတော်ကြီးများ အမှတ်တရ ပေးစဉ် သံဃာ့ရာဇာဆရာတော်ကြီးက ဖဲကြိုးဖြတ်ဖွင့်ပေးစဉ် လင်းဇာနည်းဇော်၊ အဆိုတော် စိမ်...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
မေတ္တာ၏အကျိုးကျေးဇူးများ စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်… (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။ (၂) ကိုယ်မှာ ဖေ...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
ဤပို့စ်လေးသည် ကိုဝိမုတ္တိသုခ၏ ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပို့စ်ကို အကြံပြုသည့် စာတမ်းဖြစ်ပါသည်။ ပူရင်းပို့စ်ကို ဤနေရာတွင် ကြည့်န...
0 comments:
Post a Comment