သီတဂူစတား

သီတဂူစတား

28 June 2010

ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂)


ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် အပိုင်း(၂)

All men are my children. What I desire for my own children, and I desire their welfare and happiness both in this world and the next, that I desire for all men. You do not understand to what extent I desire this, and if some of you do understand, you do not understand the full extent of my desire.

လူသားအားလုံးတို့သည် ငါဘုရင်မင်းမြတ်၏ သားသမီးများဖြစ်ကြသည်။ ငါ၏သားသမီးရင်းများ အပေါ်၌ ထားရှိသော စိတ်စေတနာကောင်းကဲ့သို့၊ ပစ္စုပ္ပန်တမလွန် နှစ်ခုစလုံး၌ ၄င်းတို့၏ ချမ်းသာသုခနှင့် ကောင်းကျိုးစီးပွားကို ငါဘုရင်မင်းမြတ် အလိုရှိတော်မူသကဲ့သို့ လူသားအားလုံးအတွက် ငါဘုရင်မင်းမြတ် အလိုရှိတော်မူသည်။ ဤကိစ္စကို ငါဘုရင်မင်းမြတ် မည်မျှ အလိုရှိတော်မူသည်ကို သင်တို့ နားမလည်ကြပေ၊ အကယ်၍ သင်တို့ထဲ တွင် တချို့က နားလည်သည်ပင် ရှိစေဦး၊ ငါဘုရင်မင်းမြတ်၏ အလိုဆန္ဒကို ပြည့်ပြည့်ဝဝ နားလည်မည် မဟုတ်ပေ။
You must attend to this matter. While being completely law-abiding, some people are imprisoned, treated harshly and even killed without cause so that many people suffer. Therefore your aim should be to act with impartiality.
သင်တို့သည် ဤကိစ္စကို သတိပြုကြရမည်၊ စည်းကမ်းဥပဒေတို့ကို လုံးဝ လေးစားလိုက်နာကြပါ လျှက် အချို့သောလူတွေကို ထောင်သွင်းအကျဉ်းချကြသည်၊ အချို့ကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြသည်။ တချို့ကိုတော့ သတ်စရာ အကြောင်းမရှိပါပဲ သတ်ပစ်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ဆင်းရဲဒုက္ခရောက်ကြရသည်။ ထို့ကြောင့် သင်တို့၏ ရည်ရွယ်ချက် ဆောင်ရွက်ချက်တို့သည် သမာသမတ်ရှိသင့်သည်။
It is because of these things -- envy, anger, cruelty, hate, indifference, laziness or tiredness -- that such a thing does not happen. Therefore your aim should be: "May these things not be in me." And the root of this is non-anger and patience.
မနာလိုခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ မုန်းတီးခြင်း၊ ခွဲခြမ်းစိတ်ဖြာမှု မရှိ ခြင်း၊ ပျင်းရိထုံထိုင်းခြင်း တည်းဟူသော ဤအကြောင်းများကြောင့် ဖြစ်ကြရသည်ဖြစ်၍ ဤကဲ့သို့ အဖြစ် အပျက်များ (နောင်အခါ) မဖြစ်ရတော့ပါ။ ထို့ကြောင့် ''ဤအဖြစ်အပျက်များ ငါကြောင့် မဖြစ်စေရပါ'' လို့ စိတ်ထားမျိုး ရှိသင့်သည်။ စိတ်မဆိုး ဒေါသမထွက်ခြင်း၊ သည်းခံခြင်းသည် (ဤကဲ့သို့ ''စိတ်ထားမျိုး'' ထားနိုင်ခြင်း၏) အဓိက အခြေခံအကြောင်းတရားဖြစ်သည်။
Those who are bored with the administration of justice will not be promoted; (those who are not) will move upwards and be promoted. Whoever among you understands this should say to his colleagues: "See that you do your duty properly. Such and such are Beloved-of-the-Gods' instructions."
''တရားမျှတသော အုပ်ချုပ်ရေး''နှင့် ငြီးငွေ့ကြသောသူတို့ကို ရာထူးတိုးပေးမည် မဟုတ်ပေ၊ မငြီးငွေ့ သောသူတို့ကိုသာ အထက်ရာထူးများကို တိုးပေးမည်။ သင်တို့တွင် ဤသဘောတရားကို နားလည်ကြသူ မည်သူမဆို မိမိ၏ လုပ်ဖော်ကိုင်ဘက်များကို ''သင်၏တာဝန်ကို သင် မှန်မှန်ကန်ကန် ဆောင်ရွက်သလား၊ ဤအရာ ထိုအရာတို့သည် ဒေဝါနံပိယ (နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော) မင်းတရားကြီး၏ ညွှန်းကြားချက်များ ဟုတ် မဟုတ် ကြည့်ကြပါ''ဟု ပြောပြသင့်သည်။
Great fruit will result from doing your duty, while failing in it will result in gaining neither heaven nor the king's pleasure. Failure in duty on your part will not please me. But done properly, it will win you heaven and you will be discharging your debts to me.
ကြီးမြတ်သောအကျိုးအမြတ်တို့သည် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်းမှ ရရှိဖြစ်ပေါ်လာသည်။ တာဝန်ဝတ္တရား ပျက်ကွက်ပါက ကောင်းရာသုဂတိကိုလည်း မရနိုင်သလို မင်းတရားကြီး၏ ကျေနပ် သဘော ကျမှုကိုလည်း ရမည် မဟုတ်ပါ။ သင်တို့၏တာဝန်ဝတ္တရား ပျက်ကွက်မှုသည် ငါဘုရင်မင်းမြတ်ကို နှစ်သက်စေ လိမ့်မည် မဟုတ်ပါ။ မှန်မှန်ကန်ကန် ဆောင်ရွက်ကြပါ၊ ဤသို့ဆောင်ရွက်ခြင်းသည် ကောင်းရာ သုဂတိကို လည်း ရယူအောင်နိုင်သလို ငါမင်းတရားကြီးနှင့်ပတ်သက်၍ သင်တို့အပေါ်၌ အြေ<ွကးတင်ခြင်းမရှိပါ။ Beloved-of-the-Gods, King Piyadasi, conquered the Kalingas eight years after his coronation. One hundred and fifty thousand were deported, one hundred thousand were killed and many more died (from other causes). ဒေဝါနံပိယ (နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရသော) ပိယဒဿီ ဘုရင်သည် အဘိသိက် သွန်းပြီး (၈) နှစ်အကြာ 'ကလိင်္ဂ'သားတွေကို အနိုင်ယူတော်မူခဲ့သည်။ လူတစ်သိန်ငါးသောင်းကို ဖမ်းဆီးနှင်ထုတ်ပစ်ခဲ့ရသည်။ တစ်သိန်းကိုကား သုတ်သင်ရှင်းလင်းခဲ့ရသည်။ စစ်ပွဲနှင့်ဆက်စပ်သော တခြားအကြောင်းတွေကြောင့် လူပေါင်းများစွာ သေဆုံးကြရသည်။ After the Kalingas had been conquered, Beloved-of-the-Gods came to feel a strong inclination towards the Dhamma, a love for the Dhamma and for instruction in Dhamma. Now Beloved-of-the-Gods feels deep remorse for having conquered the Kalingas. 'ကလိင်္ဂ'နိုင်ငံသားတွေ အနိုင်ယူပြီးနောက် ဒေဝါနံပိယ မင်းတရားကြီးသည် 'တရားဓမ္မ'၌ ထက်ထက် သန်သန် စိတ်ညွတ်လာခဲ့သည်၊ တရားဓမ္မနှင့် တရားဓမ္မ ၏ သွန်သင်ဆုံးမမှုတို့ကို နှစ်သက်မြတ်နိုးတော်မူလာခဲ့သည်။ ယခုအခါ ဒေဝါနံပိယ မင်းတရားကြီးသည် 'ကလိင်္ဂ' စစ်ပွဲဖြစ်ရခြင်းကို ယူကျုံးမရ ဝမ်းနည်းတော်မူသည်။ Indeed, Beloved-of-the-Gods is deeply pained by the killing, dying and deportation that take place when an unconquered country is conquered. ''မသိမ်းပိုက်နိုင်ဘူးသောတိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်အနိုင်ယူရသောအခါ လူသားတို့ကို သတ် ဖြတ် သုတ်သင်ရခြင်း၊ အသက်တွေဆုံးရှုံးရခြင်းနှင့် ဖမ်းဆီးချုပ်နှောင် နှင်ထုတ်ရခြင်းတို့ကြောင့် ဒေဝါနံပိယ မင်းတရား ကြီးသည် အမှန်တကယ် အလွန်အမင်း စိတ်ထိခိုက် ကြေကွဲရသည်''။ But Beloved-of-the-Gods is pained even more by this -- that Brahmans, ascetics, and householders of different religions who live in those countries, and who are respectful to superiors, to mother and father, to elders, and who behave properly and have strong loyalty towards friends, acquaintances, companions, relatives, servants and employees -- that they are injured, killed or separated from their loved ones. ဒေဝါနံပိယ မင်းတရားကြီးသည် ဤ (ဖေါ်ပြပါ) အဖြစ် အပျက်တို့ကြောင့် အတိုင်းထက်အလွန် နာကျင်ခံစားရသည်-- ကြီးမြတ်သောသူများကို၊ အမိအဘကို၊ ဆရာများနှင့် အသက် ကြီးသူများကို ရိုသေလေးစားကြသောသူတို့သည်လည်းကောင်း၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော် ကိုင်ဘက်များ၊ ဆွေမျိုးများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများအပေါ် အင်မတန် သစ္စာစောင့်သိကြသောသူတို့ သည်လည်းကောင်း၊ ဤတိုင်းနိုင်ငံတို့၌ မှီတင်းနေထိုင် ကြလျှက် ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးရှိသော ရပ်မိရပ်ဖများ၊ ရသေ့ ရဟန်းများနှင့် ဂုဏ်သရေရှိ လူကြီး သူကောင်းတို့သည်လည်းကောင်း (ဤစစ်ပွဲကြောင့်) ထိခိုက်ဒဏ်ရာ ရကြသည်၊ အသတ်ခံကြရသည်၊ ချစ်ခင်မြတ်နိုးသော သူတို့နှင့် အခွဲခံကြရသည်။ Even those who are not affected (by all this) suffer when they see friends, acquaintances, companions and relatives affected. These misfortunes befall all (as a result of war), and this pains Beloved-of-the-Gods. ဤဆင်းရဲဒုက္ခနှင့် တိုက်ရိုက် မတွေ့ကြုံကြရသောသူတို့သည်ပင် သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်ဘော်ကိုင်ဘက်များနှင့် ဆွေမျိုးများ ဆင်းရဲဒုက္ခရောက်ကြသည်ကို တွေ့မြင်ရသောအခါ စိတ်ဆင်းရဲကြ ရကုန်သည်။ ဤကြမ္မာဆိုးတို့သည် စစ်ပွဲ၏ အကျိုးဆက်အနေဖြင့် သက်ရှိအားလုံးတို့အပေါ် ကျရောက်ဒုက္ခပေး လေသည်။ ဤအဖြစ်အပျက်များက ဒေဝါနံပိယ မင်းတရားကြီးကို နာကျင်စွာ ခံစားရစေသည်။ There is no country, except among the Greeks, where these two groups, Brahmans and ascetics, are not found, and there is no country where people are not devoted to one or another religion. ဂရိလူမျိုးများမှ အပ ''(၁) လေးစားမြတ်နိုးထိုက်သူများ၊ (၂) တရားကျင့် ရသေ့ရဟန်းများ'' ဟု ဆိုအပ်သော ဤနှစ်မျိုး မရှိသော တိုင်းနိုင်ငံဟူ၍ မရှိ။ ¤င်းအပြင် ဘာသာတရား တစ်ခုခုကို မကိုးကွယ် မလေးစားသော လူများ နေထိုင်သော တိုင်းနိုင်ငံ ဟူ၍ မရှိ။ (ဘာသာတရား မလေးစားသော ပုဂ္ဂိုလ်ဟူ၍ မရှိ-ဟုဆိုလိုသည်) Therefore the killing, death or deportation of a hundredth, or even a thousandth part of those who died during the conquest of Kalinga now pains Beloved-of-the-Gods. Now Beloved-of-the-Gods thinks that even those who do wrong should be forgiven where forgiveness is possible. ထို့ကြောင့် 'ကလိင်္ဂ' စစ်ပွဲအတွင်း သေဆုံးကြရသောသူတို့၏ တစ်ရာပုံလျှင် တစ်ပုံမျှ၊ သို့မဟုတ် တစ်ထောင်ပုံလျှင် တစ်ပုံမျှပင် အသတ်ခံရခြင်း၊ သေဆုံးရခြင်း၊ တနယ်တကျေးနှင်ထုတ်ခံရခြင်းသည် ဒေဝါနံပိယ မင်းတရားကြီးကို နာကျင်စွာခံစားရစေသည်။ ယခုအခါ ဒေဝါနံပိယ မင်းတရားကြီး စဉ်းစားသည်မှာ ''အမှား ပြုလုပ်သောသူများကိုပင်လျှင် ခွင့်လွှတ် ထိုက်လျှင် ခွင့်လွှတ်ကြရမည် ဖြစ်သည်''။ Even the forest people, who live in Beloved-of-the-Gods' domain, are entreated and reasoned with to act properly. They are told that despite his remorse Beloved-of-the-Gods has the power to punish them if necessary, so that they should be ashamed of their wrong and not be killed. Truly, Beloved-of-the-Gods desires non-injury, restraint and impartiality to all beings, even where wrong has been done. ဒေဝါနံပိယ မင်းတရား၏ အချုပ်အခြာပိုင် နယ်မြေအတွင်း၌ မှီတင်းနေ ထိုင်ကြသော တောတွင်းနေ လူများကိုပင် သင့်တင့်လျှောက်ပတ်သော အပြုအမူဖြင့် မေတ္တာရပ်ခံကြရမည်၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြကြရမည်။ သူတို့ကို ပြောထားသင့်သည်မှာ ''ဒေဝါနံပိယ မင်းတရားကြီးသည် စိတ်မချမ်းမသာဖြစ်သော်လည်း အကယ်၍လိုအပ်လျှင် အပြစ်ပေးခွင့်အာဏာ ရှိတော်မူသည်။ သို့ဖြစ်၍ အပြစ်ကျူးလွန်သူတို့သည် မိမိတို့၏ အမှားများအတွက် အရှက်ရသင့်သည်၊ သို့သော်လည်း မသတ်ပစ်သင့်ပါ။ အမှန်တကယ်အားဖြင့် ဒေဝါနံပိယ မင်းတရားကြီးသည် သက်ရှိအားလုံးတို့ကို (သူတို့သည်) အမှားများ ကျူးလွန်ထားမိကြစေကာမူ ဒဏ်ရာအနာတရ မဖြစ်စေလိုပါ၊ ဖမ်းဆီးချုပ်နှောင် မထားလိုပါ၊ မတရားသဖြင့် မဖြစ်စေလိုပါ (သမာသမတ်ကျလိုသည်)။ Now it is conquest by Dhamma that Beloved-of-the-Gods considers to be the best conquest. And it (conquest by Dhamma) has been won here, on the borders, even six hundred yojanas away, where the Greek king Antiochos rules, beyond there where the four kings named Ptolemy, Antigonos, Magas and Alexander rule, likewise in the south among the Cholas, the Pandyas, and as far as Tamraparni. ဓမ္မဖြင့် အောင်မြင်သောယခုအခါ၌ ဒေဝါနံပိယ မင်းတရားကြီးသည် ''(ဓမ္မဖြင့် အောင်မြင်ခြင်းသည်သာ) အကောင်းဆုံး အောင်မြင်ခြင်း ဖြစ်သည်'' ဟု စိတ်၌စွဲမှတ်တော်မူလေသည်။ ဤအရပ်ဒေသ၌သော်လည်းကောင်း၊ နယ်စွန်နယ်ဖျား အရပ်ဒေသများ၌ သော်လည်းကောင်း၊ ဂရိဘုရင် ဗညအငသခ့သျ အုပ်ချုပ်သည့် ယူဇနာ ခြောက်ရာ ဝေးသောအရပ်ဒေသ၌သော်လည်းကောင်း၊ ထို့ထက်အလွန် Ptolemy, Antigonus, Magas, ဟူ၍ အမည်ရှိကြသည့် ဘုရင်လေးပါးအုပ်ချုပ်သော တိုင်ပြည်အသီးသီး၌သော်လည်းကောင်း၊ ထို့နည်းတူစွာ တောင်အရပ်၌ ရှိကြသော ဃ့သျူေ တိုင်းပြည်၊ Pandyasတိုင်းပြည်၊ ဝေးလံခေါင်းသီးသော တမ္ဗပါဏိတိုင်းပြည် (သီရိလင်္ကာ) ၌ သော်လည်းကောင်း ဓမ္မဖြင့် အောင်မြင်ပြီးတော်မူလေသည်။ Here in the king's domain among the Greeks, the Kambojas, the Nabhakas, the Nabhapamkits, the Bhojas, the Pitinikas, the Andhras and the Palidas, everywhere people are following Beloved-of-the-Gods' instructions in Dhamma. ဘုရင့်နိုင်ငံများဖြစ်ကြသော ဂရိပြည်၊ ကမ္ဗောဇပြည်၊ နဘကပြည်၊ နဘပန်ကတိပြည်၊ ဘောဇပြည်၊ ပိတိနိကပြည်၊ အန္တရပြည် နှင့် ပါလိဒပြည်တို့၌ ရှိကြကုန်သော လူတို့သည် ဒေဝါနံပိယ မင်းတရားကြီး၏ ဓမ္မ လမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးကြသည်။ Even where Beloved-of-the-Gods' envoys have not been, these people too, having heard of the practice of Dhamma and the ordinances and instructions in Dhamma given by Beloved-of-the-Gods, are following it and will continue to do so. ဒေဝါနံပိယ မင်းတရားကြီး၏ တမန်တော်များ မရောက်နိုင်ကြသောအရပ်၌ ရှိကြသောလူတို့သည်ပင် ဒေဝါနံပိယ မင်းတရားကြီး ပေးအပ်သော ဓမ္မကျင့်စဉ်များ၊ ကျင့်ဝတ်သီလသိက္ခာများ၊ ဓမ္မလမ်းညွှန်ချက်များကို ကြားရသည်ဖြစ်၍ လိုက်နာကျင့်သုံးနေကြသည်၊ ထိုကဲ့သို့ ဆက်လက်၍ လိုက်နာကျင့်သုံးနေကြအုံးမည်။ This conquest has been won everywhere, and it gives great joy -- the joy which only conquest by Dhamma can give. But even this joy is of little consequence. Beloved-of-the-Gods considers the great fruit to be experienced in the next world to be more important. ဤအောင်မြင်မှုကို နေရာအသီးသီး၌ ရယူပိုင်ဆိုင်ထားလေပြီ၊ ဤအောင်မြင်မှုသည် အလွန်နှစ်သက် ကျေနပ် ဆောင်ကျဉ်းပေးသည်။ ဓမ္မဖြင့် အောင်မြင်ခြင်းသည်သာ ထိုနှစ်သက်ကျေနပ်ကို ပေးနိုင်စွမ်းရှိသည်။ သို့သော် ဤ နှစ်သက်ကျေနပ်မှုသည် သေးငယ်သောအကျိုး ရလဒ်မျှသာ ဖြစ်သည်။ ''နောင်တမလွန်လောက၌ တွေ့ကြုံစံစားရမည့် ကြီးမားသောအကျိုးဆက်သည်သာ ပိုမို အရေးကြီးကြောင်း'' ဒေဝါနံပိယ မင်းတရားကြီး နားလည်သဘောပေါက်တော်မူသည်။ I have had this Dhamma edict written so that my sons and great-grandsons may not consider making new conquests, or that if military conquests are made, that they be done with forbearance and light punishment, or better still, that they consider making conquest by Dhamma only, for that bears fruit in this world and the next. May all their intense devotion be given to this which has a result in this world and the next. ငါမင်းတရားသည် ဤ''ဓမ္မကျောက်စာ''ကို ရေးသားထားပြီး ဖြစ်ခြင်းကြောင့် ငါမင်းတရား၏ သားတော်တို့သည်လည်းကောင်း၊ မြေးတော်တို့သည်လည်းကောင်း ''နောက်ထပ်အသစ် အသစ်သော အနိုင် ယူမှုကို မစဉ်းစားမိကြပါစေသတည်း''၊ ''အကယ်၍ စစ်ရေး စစ်ရာဖြင့် အနိုင်ယူမှုကို ပြုလုပ်ငြားအံ့၊ ထို အနိုင်ယူခံထား ရသောသူများကို စာနာသည်းခံနိုင်ပါစေသတည်း၊ သေးငယ်သောပြစ်ဒဏ်ဖြင့်သာ ဒဏ်ခတ်နိုင်ပါစေသတည်း၊ သို့မဟုတ် ထို့ထက်ကောင်းမွန်စွာ ဆက်ဆံနိုင်ကြပါစေသတည်း၊ ဓမ္မဖြင့်သာ အောင်မြင်မှုကို ပြုလုပ်မည် ဟု စဉ်းစားနိုင်ကြပါစေသတည်း၊'' အကြောင်းမူကား - ထိုသို့ပြုမူခြင်းသည် ဤလောက နှင့် နောင်တမလွန်လောကတို့၌ ကောင်းကျိုးကို ဖြစ်ပေါ်စေသည်။ ''ဤလောက နှင့် နောင် တမလွန်လောကတို့၌ ကောင်းကျိုးပေးသော ဤလုပ်ဆောင်ချက်အတွက် သူတို့အားလုံး၏ မြဲမြံခိုင်မာသော လုံးလဝီရိယ အချိန်ကာလတို့ကို ပေးစွမ်းနိုင်ကြပါစေသတည်း။'' စာဖတ်ပြီးလို့ စာအုပ်ကလေးကို အမြန်ပိတ်ကာ ထလိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သီတဂူအဖွဲ့ဝင် အားလုံး ကားပေါ်ရောက်နေသည်။ အသောက ကျောက်စာကို (၁) မိနစ်မျှ စိုက်ကြည့်ပြီး ''ဤ 'ကလိင်္ဂ' စစ်မြေပြင်ဟောင်း၌ နှစ်ပေါင်း (၂၃ဝဝ) ကျော်သည့် တိုင်အောင် တည်ရှိနေသည့် ဤကျောက်စာ စာရွက်သည် နောင်ထပ် နှစ်ပေါင်းများစွာ တည်ရှိနေအုံးမည် ယုံကြည်မိသည်၊ တိုင်းပြည်နိုင်ငံအသီးသီးတို့ကို အုပ်ချုပ်နေရသော၊ အုပ်ချုပ်လတံ့သော ခေတ်သစ် အမျိုးသား အမျိုးသမီးတို့သည်လည်း အသောက (ဒေဝါနံပိယ) မင်းတရား၏ အမှား အမှန်တို့ကို သင်ခန်းစာယူလျှက် (ဒေဝါနံပိယ၊ အသောကဘုရင် ကဲ့သို့) အဓမ္မမှုများကို စွန့်လွှတ်၍ တရားမျှတမှုများကို ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုပါသည်။ သီတဂူ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) တင်ပြသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၈-၆၂၀၁၀

1 comments:

ဓမ္မဂင်္ဂါ said...

သာဓု ဘန္တေ သာဓု သာဓု။
ဓာရိတံ ဥပလက္ခိတံ။

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes