သီတဂူစတား

သီတဂူစတား

26 February 2011

ဘိုကလေးသို့ အမှတ်တရ

သိမ်နုတ် သိမ်သမုတ်ရန် ကြွလာသော သံဃာများသိမ်နုတ် သိမ်သမုတ်ရန် ကြွလာသော သံဃာများစာသင်သားသံဃာများက ကြိုဆိုသိမ်နုတ်နေစဉ်သိမ်နုတ်နေစဉ် ၂၄-၂-၂၀၁၁ နေ့ နံနက်စောစော အိပ်ယာထ ဘိုကလေးသို့ သွားဖို့ပြင်ဆင်ရသည်။ ဘိုကလေးမြို့သည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းအထိခံရသည့် မြို့တစ်မြို့ဖြစ်သည်။ ထိုဒေသသို့သွားချင်နေသည်မှာ ကြာပြီဖြစ်သည်။ နာဂစ်မုန်တိုင်းထိ ပြည်သူတွေ ကယ်ဆယ်ရေးလုပ်စဉ်က သီတဂူဆရာတော်ကြီးနှင့် ပြည်တွင်းပြည်ပ အလှူရှင်များက အများဆုံးနှင့် အထိအရောက်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ခဲ့သည်ဖြစ်သည်။ ထိုအချိန်က စာရေးသူက ထိုကယ်ဆယ်ရေးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပြီး မလုပ်နိုင်ခဲ့။ ပြည်ပပညာတော်သင်သွားဖို့ ပြင်ဆင်နေချိန်ဖြစ်သည်။ သို့သော် ကျောင်းကနေပဲ ၀ိုင်းဝန်းလုပ်ပေးနိုင်ခဲ့သည်။...

23 February 2011

ကျွန်မမှတ်မိနေသော ဓမ္မကထိက ဦးဇင်းလေး

စာမိတ်ဆက် ကမ္ဘာ့သာသနာပြု အကျော်အမော် သီတဂူ ဆရာတော်ကြီးသည် ယခုနှစ် ၁၃၇၂ တပေါင်းလပြည့်နေ့ (၁၉-၃-၂၀၁၁) နေ့တွင် သက်တော်(၇၄) နှစ်ပြည့်သည်၊ ထိုမွေးနေ့ပွဲအတွက် ဘုန်းဘုန်းသီတဂူစတားက ဆရာတော်ကြီးအား စာပေများဖြင့် ပူဇော်ကြမည်ဟု သူ၏အင်တာနက်စာမျက်နှာတွင် ကြော်ငြာထားသည်ကို တွေ့ရပါသည်။ မွေးနေ့ပွဲကို တပည့်တွေက စာပေတွေနဲ့ သူတို့နည်း သူတို့ဟန်တွေနဲ့ ပူဇော်ကြမည်၊ ဆရာတော်ကြီးရဲ့ တပည့်အရင်း ကျွန်မကလဲ တတ်သလောက်မှတ်သလောက်လေးနဲ့ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုပါသည်။ ဘုန်းဘုန်းသီတဂူစတားကလဲ ပူဇော်ပေးပါရန် တိုက်တွန်းပါသည်၊ အားပေးပါသည်။ ကျွန်မ၏ဆန္ဒနှင့် ဘုန်းဘုန်းသီတဂူစတား၏ အားပေးမှုတို့ကြောင့် မွေးနေ့ပူဇာပို့စ်ကို ရေးသားပူဇော်ခွင့် ရလိုက်သည်အတွက် အထူး ပီတိဖြစ်မိသည်။ ဓမ္မကထိက...

21 February 2011

ကြီးကျယ်ခမ်းနားသော မွေးနေ့

၁၃၇၂ နှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၁) နေ့ သည် သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) ပြည့်ဖြစ်သည်။ ထိုနေ့ကို နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပ အနယ်အနယ် အရပ်အရပ်ရှိ သီတဂူတပည့်များကား စည်းကားသိုက်မြိုက်စွာ ပူဇော်ကြသည်။ ယခုနှစ်မှာလည်း အလွန်ကြီးကျယ်သော အလှူဒါနပွဲကြီးများ ပြုလုပ်ကာ ဆရာတော်ကြီး၏မွေးနေ့ပွဲကို ပါဝင် ပူဇော်ကြမည်။ ဆရာတော်ကြီးသည် အလှူဒါပြုရာဝယ် မွေ့လျော်သူဖြစ်ရာကား တပည့်များကလည်း ဆရာတော်ကြီးအကြိုက်ကိုသိသည့်အားလျော်စွာ အောက်ပါ အလှူဒါန အမျိုးမျိုးပြုလုပ်ကာ ပူဇော်ကြမည်ဖြစ်သည်။ လှူဒါန်းမှုအစီအစဉ်များ ၁။ တပေါင်းလ္ဆန်း( ၁၃)ရက် ( ၁၇-၃-၂၀၁၁) နံနက် ၅ နာရီအချိန်မှစ၍ သီလရှင် (၁၀၀၀) ကျော်တို့အား မုန့်ဟင်းခါးကျွေးမွေးပြီး အ၀တ်စုံများနှင့် လှူဖွယ်များ လှူဒါန်းမည်။ ထိုလှူဒါန်းစဉ်...

19 February 2011

ထူးခြားတဲ့အိမ်တက်မင်္ဂလာ

၁၃၃၇ ခုနှစ် သပိတ်အိုင်တောရဆောက်တည်စဉ်က သီတဂူဆရာတော်အလှူရှင်၏ အိမ်အသစ်နှင့် အဆိုအမိန့်များ ဒီပို့စ်လေးက အိမ်တက်ဆိုတော့ မထူးဆန်းဘူးဟု ထင်ရပေမဲ့ တကယ်ထူးဆန်းသည့် အိမ်တက်အကြောင်းလေးဖြစ်ပါသည်။ အထူးသဖြင့် လက်ကမ်းစာစောင်လေးမှာ ပါသည့် ဆုံးမစာတွေက မှတ်လောက် သားလောက်သည့် ပြောင်မြောက်သော အတွေးခေါ်များဖြစ်၍ ဝေငှလိုသောဆန္ဒဖြင့် တင်လိုက်ရပါသည်။ ဒီကနေ့ တပိုတွဲလပြည့်ကျော် (၁) ရက်နေ့ (၁၉-၂-၂၀၁၁) သီတဂူ ဦးသန်းလွင်+ဒေါ်ခင်သိန်းမိသားစုတို့က မိမိတို့၏ အိမ်အသစ်ဆောက်လုပ်ပြီး အထိမ်းအမှတ်အဖြစ် အိမ်တက်မင်္ဂလာပြုလုပ်သည်။ အစီအစဉ်များ ၁။ နံက်စောစော ပင့်သံဃာများက အိမ်အသစ်တွင် တည်ထားကိုးကွယ်ထားသော မြတ်ဗုဒ္ဓရုပ်ပွားတော်အား ဗုဒ္ဓါဘိသေက (အနေကဇာ)တင်မင်္ဂလာပြုလုပ်သည်၊ ပရိသတ်များက ပရိတ်တရားတော်များ...

16 February 2011

ဘုန်းဘုန်းထံ ပေးစာ (၉)

(ဒီစာလေးကတော့ သီတဂူဆရာတော်ကြီးနှင့်အတူ ပါသွားသော ကျောင်းအမတစ်ယောက်၏ ခရီးသွား မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ထားဝယ်မြို့ သီတဂူအာရောဂျဒါနဆေးရုံ ဖွင့်ပွဲ အခမ်းအနားခရီးစဉ် မှတ်တမ်းဆိုလည်း မမှားပါဘူ။) ဘုန်းဘုန်းဘုရား အလွန်သာယာအေးမြတဲ့ ဆောင်းရာသီရဲ့ နေ့တစ်နေ့ဖြစ်ပါတယ်ဘုရား။ (၁၁-၂-၂၀၁၁) မနက်စောစော မင်္ဂလာဒုံလေဆိပ်တွင် အောက်မြန်မာပြည် သီတဂူသာသနာပြုအဖွဲ့ဝင်အချို့ စုရုံးရောက်ရှိနေကြပါသည်၊ သီတဂူဆရာတော်ဘုရားရဲ့ လမ်းညွှန်မှု့နဲ့ သီတဂူသာသနာပြုအဖွဲ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ပတ်သက်ပြီး လူမှုရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ သီတဂူအာရောဂျဒါနဆေးရုံတော် ဖွင့်ပွဲကို သွားရောက်ရန် စုရုံးရောက်နေကြပါသည်ဘုရား။ သီတဂူဆရာတော်ကြီးအမှူးပြုသော သီတဂူသာသနာပြုအဖွဲ့ဝင်တချို့နှင့်...

13 February 2011

သီတဂူအာရောဂျဒါနဆေးရုံ (ထားဝယ်)

သီတဂူဆရာတော်ကြီးက သီတဂူအာရောဂျဒါန ဆေးရုံတော်ကို ဖွင့်ရန်သီတဂူဆရာတော်ကြီးကို ဖူးမျှော်ရန် ထားဝယ်သူ ထားဝယ်သားများ ကြိတ်ကြိတ်တိုးနေစဉ်သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီးရှေ့တွင် ဆရာတော်ကြီးအား ၀န်းရံလျက် ဆရာဝန်များ သူနာပြုများနှင့် အမှတ်တရဆရာတော်ကြီးက ခွဲစိပ်ပြီး အဖွားအား ဟာသနော၍ မေးမြန်းနေစဉ်ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ယောက်အား ကြည့်ရှုပေးနေစဉ်ဆရာတော်ကြီးက လူမျိးမရွေး ဘာသာမရွေး အားပေးနေစဉ်ဆရာတော်ကြီးက အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ယောက်အား အားပေးစကား ပြောကြားသီတဂူအာရောဂျဒါန ဆေးရုံတော်အတွင်း ခွဲစိပ်ပြီး မျက်စိဝေဒနာရှင်များခွဲစိပ်ကုသရန် အဆင်သင့်ဖြစ်နေသော မျက်စိဝေဒနာရှင်များဆေးရုံတော်ရှေ့တွင် ဆရာတော်ကြီးနှင့် သီတဂူသာသနာပြုအဖွဲ့ အမှတ်တရ သီတဂူအာရောဂျဒါနဆေးရုံ...

11 February 2011

တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ်

တပေါင်းလပြည့်နေ့ ပိုစ့် ဖိတ်ခေါ် ၁၃၇၂ခုနှစ် တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁) သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) နှစ်ပြည့်မွေးနေ့ပွဲကို စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး အတွင်းမှာပဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မွေးနေ့---- တပေါင်းလပြည့်နေ့ ( ၁၉-၃-၂၀၁၁) အစီအစဉ် မွေးနေ့ပွဲက ရိုးရိုးရှင်းရှင်းလေးနဲ့ အလွန်ခန်းနားထယ်ဝါစွာ ကျင်းပမည်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲအတိုင်းပဲ သံဃာ ၁၀၀၀ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့အား သင်္ကန်း စသည့်လှူပွဲများနှင့် ဆွမ်းဟင်းများ လောင်းလှူကြခြင်းဖြစ်သည်။ ၁။ တပေါင်းလဆန်ုး (၁၂) (၁၆-၃-၂၀၁၁) ရက်နေ့ သီလရှင်ဆရာလေး (၁၀၀၀) တစ်ထောင်တို့အား သီလရှင် အ၀တ်အစုံ၊ အခြားလှူဖွယ်များလှူဒါန်းပြီး မုန့်ဟင်းခါးဆွမ်းဖြင့် ဆက်ကပ်ပါမည်။ ၂။ တပေါင်းလဆန်း...

06 February 2011

သီတဂူဆေးရုံတော်များ

သီတဂူအာယုဒါနဆေးရုံ စစ်ကိုင်း သီတဂူစက္ခုဒါနဆေးရုံ သီပေါမြို့၊ ရှမ်းပြည်နယ်သီတဂူစက္ခုဒါနဆေးရုံ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသသီတဂူတက်လမ်းစက္ခုဒါနဆေးရုံ မင်းတပ်မြို့၊ ချင်းပြည်နယ်သီတဂူဗြဟ္မာယုပြည်သူ့ဆေးရုံ ဆားတောင်၊ စစ်ကိုင်းသီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ နတ်မောက်မြို့၊ မကွေးတိုင်းဒေသ သီတဂူဆရာတော်ကြီး ဦးဆောင်ပဓာနပြုလျက် သီတဂူသာသနာပြုအဖွဲ့ကြီး၏ အဓိက စီမံကိန်းများဖြစ်သော စစ်ကိုင်းတောင် ရေအလှူတော် (1982 ခုနှစ်)၊ သီတဂူအာယုဒါန ဆေးရုံအလှူတော် (1989)နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အလှူ ဟူသော စီမံကိန်းကြီး ၃ ရပ်ကို ပင်မထားကာ ဘာသာရေး လူမှူကယ်ဆယ်ရေးနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများကို မနားမနေ အင်တိုက်အားတိုက် ဆောင်ရွက်လာရာ အလွန်အောင်မြင်လာခဲ့သည်။ သီတဂူသာသနာပြုအဖွဲ့ကြီးကို...

ခင်ပွန်းကြီး ဆယ်ပါး

စာမိတ်ဆက်စီဘောက်ကနေ မေးလာတဲ့ မေးခွန်း ဖြစ်ပါတယ်၊ အမှန်တကယ်တော့ မေးလာတဲ့မေးခွန်းတွေကို ဖြေလေ့ ဖြေထ မရှိခဲ့ပါဘူး၊ မဖြေချင်တာထက် အချိန်သိပ်မပေးနိုင်လို့ ပြောရင် ပိုမှန်ပါတယ်။ သို့သော်လည်း မိမိကိုယ်တိုင်က ခင်ပွန်းကြီးဆယ်ပါးကို ဖတ်ကြည့်ချင်နေတာ အမှန်ပါ၊ လွန်ခဲ့သော ၈ နှစ် လောက်ကဖြစ်မယ်ထင်တယ်၊ ညောင်ရွှေမြို့ ရွှေကျင်သာသနာပိုင် ညောင်ရွှေဆရာတော် ကြီးကျောင်းတိုက်မှာ ၁၅ ကြိမ်မြောက် ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီး ကျင်းပခဲ့တယ်၊ စာရေးသူတို့လည်း သီတဂူဆရာတော်ကြီးက ခေါ်သဖြင့် လိုက်ပါခွင့်ရသည်၊ အဲဒီအစည်းအဝေးမှာ စာရေးသူတို့အဖွဲ့က ပြန်ကြားရေး တာဝန်ယူရခြင်းဖြစ်ပါတယ်။ မှတ်မိပါသေးသည် သီတဂူဆရာတော်ကြီး၊ ယောဆရာတော်ကြီးနှင့် မြစင်္ကြာဆရာတော်ကြီးများက ညစဉ် အလှည့်ကျ တရားတော်များ ဟောကြားခဲ့ကြသဖြင့် တစ်နေရာတည်းမှာ ကမ္ဘာကျော်ဆရာတော်ကြီးများ၏ တရားတော်များကို နာကြားခွင့် ရခဲ့သည်။ ထိုတရားပွဲ တစ်နေ့မှာ မြစင်္ကြာဆရာတော်ကြီးက ခင်ပွန်းကြီးဆယ်ပါးအကြောင်း...

02 February 2011

ဘုန်းဘုန်းထံ ပေးစာ (၈)

ဒီစာလေးက သီတဂူစတားထံ ရောက်လာတဲ့ စာတစ်စောင်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပရှိ သီတဂူ သာသနာပြု စီမံကိန်းကြီးကို စိတ်ဝင်စားသူများ ကြည်ညို သဒ္ဓါပွားနိုင်စေရန် တရားပွဲ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်နဲ့ ဆောင်ရွက်နေသော သီတဂူလှဆန်းယဉ်မိသားစု၏ ပေးစာကို ပို့စ်အဖြစ်တင်ပြီး share လိုက်ပါသည်။ ဘုန်းဘုန်းစတား ဘုန်းဘုန်းတို့ကို ၀မ်းသာသတင်း ပြောရဦးမယ်ဘုရား။ မနေ့ညက (၃၁-၁-၂၀၁၀)က မစပယ်တို့လမ်း (ဦးထွန်းခြံလမ်း) မှာ သီတဂူဆရာတော်ကြီးတရားပွဲ ကျင်းပပါတယ်ဘုရား။ တရားပွဲ၏ ရည်ရွယ်ချက်က သီတဂူစီမံကိန်းများစွာထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာကမ္မဌာန်းဌာနအလှူတော်အတွက် ကျင်းပခြင်းဖြစ်ပါသည်။ (ထိုကမ္မဋ္ဌာန်းဌာနကြီးကို စစ်ကိုင်းတောင်တွင် အင်တိုက်အားတိုက် တည်ဆောက်လျက်ရှိသည်။) တပည့်တော်မတို့...
Page 1 of 22412345Next

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes