သီတဂူစတား

သီတဂူစတား

21 February 2011

ကြီးကျယ်ခမ်းနားသော မွေးနေ့



၁၃၇၂ နှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၁) နေ့ သည် သီတဂူဆရာတော်ကြီး၏ သက်တော် (၇၄) ပြည့်ဖြစ်သည်။ ထိုနေ့ကို နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပ အနယ်အနယ် အရပ်အရပ်ရှိ သီတဂူတပည့်များကား စည်းကားသိုက်မြိုက်စွာ ပူဇော်ကြသည်။ ယခုနှစ်မှာလည်း အလွန်ကြီးကျယ်သော အလှူဒါနပွဲကြီးများ ပြုလုပ်ကာ ဆရာတော်ကြီး၏မွေးနေ့ပွဲကို ပါဝင် ပူဇော်ကြမည်။ ဆရာတော်ကြီးသည် အလှူဒါပြုရာဝယ် မွေ့လျော်သူဖြစ်ရာကား တပည့်များကလည်း ဆရာတော်ကြီးအကြိုက်ကိုသိသည့်အားလျော်စွာ အောက်ပါ အလှူဒါန အမျိုးမျိုးပြုလုပ်ကာ ပူဇော်ကြမည်ဖြစ်သည်။

လှူဒါန်းမှုအစီအစဉ်များ

၁။ တပေါင်းလ္ဆန်း( ၁၃)ရက် ( ၁၇-၃-၂၀၁၁)

နံနက် ၅ နာရီအချိန်မှစ၍ သီလရှင် (၁၀၀၀) ကျော်တို့အား မုန့်ဟင်းခါးကျွေးမွေးပြီး အ၀တ်စုံများနှင့် လှူဖွယ်များ လှူဒါန်းမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

နံနက်မုံ့ဟင်းခါးကို ဗိုလ်စိန်မှန်သီတဂူအထောက်ကူပြုအဖွဲ့ ရန်ကုန်မှ လှူဒါန်း။
နေ့ဆွမ်းကို ကျည်တောက်ပေါက်ကျေးရွာ သီတဂူအထောက်ကူပြုအဖွဲ့ စဉ့်ကူး၊ မန္တလေးမှလှူဒါန်း။
သီလရှင်အ၀တ်စုံ (၁၀၀၀) ကို ကျောင်းအမကြီး သီတဂူဒေါ်ညွန့်ညွန့်အေး မန္တလေးမှ လှူဒါန်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၂။ တပေါင်းလ္ဆန်း( ၁၄)ရက် ( ၁၈-၃-၂၀၁၁)

နံနက် ၅ နာရီအချိန်မှစ၍ ပင့်သံဃာ (၁၂၀၀) တို့အား သင်္ကန်း၊ သပိတ်၊ ဆွမ်းဟင်းအပြည့်စုံနှင့် အခြားလှူဖွယ်မျိုးစုံတို့ကို လှူဒါန်းမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

နံနက်အရုဏ် ရွှေတောင်ခေါက်ဆွဲဆွမ်းကို သီတဂူဦးဟန်နှင့် သီတဂူဒေါက်တာမြတ်သူ ရန်ကုန်မှ လှူဒါန်း။
နေ့ဆွမ်းကို ဦးဆန်းဝင်းအောင်+ဒေါ်လှလှဝင်း ကျောက်ပန်းတောင်း၊ မန္တလေးမှလှူဒါန်း။
သင်္ကန်းအစုံ (၁၂၀၀) ကို သီတဂူဆရာတော်ကြီးကလှူဒါန်း။
သပိတ်အလုံး (၁၂၀၀)ကို မန္တလေးသီတဂူကျောင်းအမများက လှူဒါန်း။
ငါးသလောက်များကို (ဦးတီတိုး)+ ဒေါ်နန်းအိစံ မိသားစု ရန်ကုန်မှ လှူဒါန်း။
ဘဲဥအလှူများကို သနပ္ပင်မြို့ သီတဂူတပည့်များက လှူဒါန်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၃။ တပေါင်းလ္ဆန်း( ၁၅)ရက် ( ၁၉-၃-၂၀၁၁) လပြည့်နေ့

နံနက် ၅ နာရီအချိန်မှစ၍ ဆွမ်းဦးပုညရှင်စေတီတော်ရင်ပြင်တော်တွင် ပင့်သံဃာ (၅၀၀)တို့အား သပိတ် သင်္ကန်း ဆွမ်းဘောဇဉ်တို့ဖြင့် ဆွမ်းကြီးလောင်းလှူခြင်း။ ကြွရောက်လာသော ပရိသတ်အားလုံးကို ခိုတောင်မုံ့တီဖြင့် ကျွေးမွေးပြုစုမည်။

ထိုလှူဒါန်းစဉ် အဆိုတော် ဒေါ်ရီရီသန့်နှင့်အဖွဲ့က ဓမ္မဂီတဖြင့် သီဆိုပူဇော်မည်။

ထိုနေ့အလှူရှင်များ

အရုဏ်ခိုတောင်မုံ့တီဆွမ်းကို သီတဂူဦးကံတင်+ဒေါ်ဋ္ဌေးဋ္ဌေးမိသားစု မန္တလေးမှ လှူဒါန်း။
နေ့ဆွမ်းကို ဦးတင်းထွန်း+ဒေါ်မော် မိသားစု မြေနဲရွာ၊ မုံရွာ၊ စစ်ကိုင်းမှ လှူဒါန်း။
သင်္ကန်းအစုံ (၅၀၀) ကို သီတဂူဦးတင်ဦး+ဒေါ်လှလှမြင့် (ရွှေစင်ရတနာရွှေဆိုင်) မိသားစု ရန်ကုန်မှ လှူဒါန်း။

စာတုဒိသာအလှူ

၁။ အရပ် လေး မျက်နှာမှ ကြွရောက်လာသော ပရိသတ်အပေါင်းတို့အား စတော်ဘယ်ရီဖာလူဒါ ကို ကျောင်းအမ သီတဂူဒေါ်ညွန့်ညွှန့်အေး မန္တလေးမှ လှူဒါန်း။
၂။ မုန့်ပြားသလပ်များကို မန္တလေးကျောင်းအမများက လှူဒါန်းကြမည်။
၃။ ဘူးသီးကြော်များကို ဘိုကလေးမြို့မှ သီတဂူတပည့်များက ကျွေးမွေးမည်။
၎။ ထန်းသီးမုန့်များကို ရေစကြိုမြို့မှ သီတဂူတပည့်များက ကျွေးမွေးကြမည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဖျော်ဖြေရေးအစီအစဉ်များ

၁။ နေ့စဉ်နံနက်တိုင်း သီတဂူဂီတဉ္ဇလီအဖွဲ့မှ ဓမ္မတေးများဖြင့် သီဆိုပူဇော်ကြပါမည်။
၃။ တပေါင်းလ္ဆန်း( ၁၄)ရက် ( ၁၈-၃-၂၀၁၁) ညတွင် မြို့မတေးဂီတအဖွဲ့က ဇေယျာကွက်သစ် အားကစားကွင်း၌ ဓမ္မတေးများဖြင့် အထူးဖျော်ဖြေမည်။
၂။ တပေါင်းလ္ဆန်း( ၁၅)ရက် ( ၁၉-၃-၂၀၁၁) ညတွင် သီတဂူဂီတဉ္ဇလီအဖွဲ့မှ ဓမ္မတေးများဖြင့် အထူး သီဆိုပူဇော်ကြပါမည်။ (ဇေယျာကွက်သစ် အားကစားကွင်း)

အားလုံးအားလုံးသော သီတဂူချစ်ခင် ဓမ္မမိတ်အပေါင်းတို့---- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းသို့ ထိုနေ့ ထိုနေရာမှာ ထိုအလှူပွဲကြီးမှာ အတူစုံပြီး ထိုထိုသော စားဖွယ်သောက်ဖွယ်များနှင့် ဖျော်ဖြေရေးများဖြင့် ဧည့်ခံပြုစုမှာ ဖြစ်လို့ ကြွရောက်အားပေးကြပါလို့ ဖိတ်မန်လိုက်ပါသည်။


ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၂-၂၀၁၁



0 comments:

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes