စာမိတ်ဆက်
စာရေးသူတို့ သူငယ်ချင်း ငါးပါးပါဝင်သော အဖွဲ့သည် ဒကာကြီး ဦးကျော်ဆွေ၏ စပွန်ဆာဖြင့် ၁-၁၀-၂၀၁၁ စနေနေ့က ဆရာကြီး ဦးဂိုအင်ကာ (ဂုရုကြီး) ရှိရာ ဓမ္မဂီရီကမ္မဋ္ဌာန်းဌာနသို့ ရောက်ခဲ့ကြသည်။ ထိုရိပ်သာကြီးသည် ဘုံဘေမြို့မှ ကီလိုမီတာ ၁၄၀ ၀န်းကျင်လောက် ဝေးသည့် အိဂပူရိ (Igapuri) မြို့မှာ တည်ရှိသည်။ ဆရာကြီး ဦးဂိုအင်ကာကို အထူးမိတ်ဆက်ပေးစရာ မလိုဟုထင်ပါသည်၊ အားလုံးသိပြီးဖြစ်ပါသည်။ အိန္ဒိယလူမျိုးမျိုးနွယ် ဖြစ်ပေမဲ့ မြန်မာနိုင်ငံဖွားဖြစ်သည်၊ မြန်မာနိုင်ငံမှ ပိဋကတ်စာပေများကို သင်ယူခဲ့သည်၊ လယ်တီ ကမ္မဋ္ဌာန်းဆရာကြီး ဦးဘခင်ထံမှ ကမ္မဋ္ဌာန်းတရားများကို အထူးသင်ယူထားခဲ့သူ ဖြစ်ရကား ထိုနည်းဖြင့်ပင် အောင်မြင်ကျော်ကြားလာသူ ဖြစ်သည်။
ဓမ္မဂီရိကမ္မဋ္ဌာန်းဖွဲ့စည်းပုံ
ဂုရုကြီး ဦးဂိုအင်ကာသည် ကမ္ဘာအနှံ့ ကမ္မဋ္ဌာန်းဌာနများစွာဖွင့်လှစ်လျှက်ရှိသည်၊ ဟိန္ဒူဘာသာလွမ်းမိုးရာ သူ၏လူမျိုးများကြားတွင်လဲ ကမ္မဋ္ဌာန်းဌာနပေါင်း ၂၀ ကျော် ရှိသည်၊ လက်ထောက် ကမ္မဋ္ဌာန်းဆရာ ၁၂၀၀ ရှိသည်။ ဓမ္မဂီရိ ကမ္မဋ္ဌာန်း (Vipassana International Academy Dhamma Giri) ကြီးသည် ပင်မဌာန (ဌာနချုပ်) ဖြစ်သည်၊ ထိုပင်မဌာနတွင် လက်ထောက် ကမ္မဋ္ဌာန်းဆရာ ၂၀၀ ရှိသည်။ ထိုဌာနကြီးကို အိဂပူရိမြို့၏ အစွန် တောင်ခြေတွင် တည်ရှိသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္မဋ္ဌာန်းဌာနကြီးကို ရောက်နေသည့်အလား မှတ်ထင်မိသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္မဋ္ဌာန်းဌာနကြီး (Sitagu International Vipassana Academy) သည်လဲ စစ်ကိုင်းတောင်ခြေတွင် တည်ရှိသည်။
ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးအတွင်း ၀င်လိုက်တာနဲ့ မြန်မာပြည်က ရိပ်သာကြီးတစ်ခုအတွင်း ရောက်နေသည်ဟု ခံစားရသည်၊ စိတ်ထဲမှာလဲ အရမ်းကြည်နူးပြီး အေးမြသွားသည်။ ကိုယ့်ပြည် ကိုယ့်ဌာနေကို ပြန်ရောက်နေရသလို အလွမ်းပြေမိသည်။ ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးအတွင်း ၀င်ပေါက်မှာ မြန်မာနိုင်ငံရှိ ပိဋကတ်ဆောင် သံဃာတော်များကို ကျေးဇူးဆပ်သောအားဖြင့် မုခ်ဦးကြီးကို မြန်မာမှုမြန်မာဟန်များဖြင့် တန်ဆာဆင်ပြီး မြန်မာစာတမ်းထိုးထားသည်။ အလွန်ထည်ဝါ ခန့်ညားသည့် မုခ်ဦးကြီးဖြစ်သည်၊ ပြည်ကြီးကို အလွမ်းပြေ အားပါးတရ ကြည့်မိခဲ့သည်။
သူ၏ဆရာအရင်း ဆရာကြီးဦးဘခင်ကို ကျေးဇူးဆပ်သောအားဖြင့် ထိုရိပ်သာကြီးအတွင်းမှာပဲ ဦးဘခင်ရွာ (U Ba Khin Village) ဆိုတာကိုလဲ တွေ့ရသည်၊ တိုက်အိမ် ၄၀ ကျော်လောက်ရှိမည်ထင်သည်။
အ၀င်ပေါက်မှာလဲ လုံခြုံရေးဂိတ် ၂ ခုတွေ့ရသည်၊ စာရေးသူတို့အဖွဲ့ ကားနဲ့ ၀င်သွားတော့ တံခါးချက်ချင်းဖွင့်ပေးသည်၊ Registration ဌာနမှာ ဒကာကြီးတစ်ယောက် လာကြိုဆိုသည်၊ ဘုံဘေမြို့ရှိ မြန်မာပြည်ဖွား အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်သည့် ဆရာကြီး ဦးဂိုအင်ကာ၏ တပည့်တစ်ယောက်က စာရေးသူတို့အဖွဲ့လာမည့်အကြောင်း ကြိုတင်သတင်းပို့ထားသဖြင့် အားလုံးအဆင်ပြေသည်။ မန်နေဂျာများနဲ့လဲ မိတ်ဆက်ပေးသည်။ ထိုလာကြိုသည့်ဒကာကြီးကပဲ ကမ္မဋ္ဌာန်းရိပ်သာကြီးနဲ့ပတ်သက်တာ အကုန်ရှင်းပြသည်။ သူ၏ အင်္ဂလိပ်စကားလဲ တော်တော်ကောင်းသည်။
ဘုရား ၃ ဆူ
ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးအတွင်း ရွှေတိဂုံပုံစံတူ ဘုရား သုံးဆူရှိသည်၊ ထူးခြားသည်မှာ ထိုစေတီ၏ အတွင်းပိုင်းသည် လှိုဏ်ခေါင်းသဏ္ဌာန်ရှိပြီး တစ်ဆူတစ်ဆူ၏အတွင်းမှာ ယောဂီတစ်ယောက်ထိုင် Cells- 229 ခန်း ပါရှိသည်။
စေတီတစ်ဆူစီမှာလဲ ကိုယ်စီ ရည်ရွယ်ချက်တွေရှိကြသည်၊ တစ်ချို့စေတီက Long course အတွက် ဖြစ်သည်၊ ကာလသည် ရက်ပေါင်း ၆၀ ဖြစ်သည်၊ သို့သော်လည်း Long course တက်သူမှာ နဲသည်။ ဒုတိယ စေတီကတော့ Long course ဆိုပေမဲ့ ရက်ပေါင်း ၄၅ မှ ၁၀ ရက်ထိ ပဲ ရှိသည်။ တတိယစေတီသည်လဲ short course အတွက် ဖြစ်သည်၊ ကာလမှာ ၁၀ ရက် ဖြစ်သည်။ ၁၀ ရက် သင်တန်းတက်သူတွေကတော့ အလွန်များပြားသည်။ ရာနှင့်ချီရှိသည်။ စာရေးသူတို့ သွားသည့် အချိန်သည် ၁၀ ရက်စခန်းနှင့် သင်တန်းပြီးလို့ အထွက်နေ့ဖြစ်သည်၊ မေတ္တာအခါတော်နေ့ဟု ဆိုသည်၊ စာရေးသူတို့မြန်မာပြည်မှာတော့ ၀ါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဆိုပေမဲ့ ဆရာကြီးဦးဂိုအင်ကာ၏ ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနကြီးကတော့ သီတင်းကျွတ်လန်း (၄) ရက်နေ့ ဖြစ်နေသည်။ ဒါလဲ ထူးခြားမှုပင်ဖြစ်သည်။ စာရေးသူတို့သွားတဲ့ အချိန်ယောဂီတွေ ထွက်တဲ့ အချိန်ဖြစ်သည်၊ မှတ်တမ်းဌာနမှာ ကိုယ့်ရဲ့ အကြံဥာဏ်များကို စာရွက်ဖြတ်ပိုင်းလေးအပေါ်မှာ ရေးနေကြသည်။ အတုယူစရာပင်ဖြစ်သည်၊ ရိပ်သာကြီးမှာ ဘာလိုအပ်နေသလဲ? ဘာတွေ ဖြည့်ဆည်းပေးသင့်လဲ? ဆရာအခြေအနေ စသည်ဖြင့် မိမိ၏ အတွေ့အကြုံအရ အကြံပေးစာများ ရေးသားရသည်။ ဒီကနေ့ အမျိုးသား အမျိုးသမီးယောဂီ ၆၀၀ ကျော်ရှိသည်ဟု ဆိုသည်။
ရိပ်သာအတွင်းက မြန်မာ့ ခေါင်းလောင်းကြီးနှင့် စမ်းရေများ
ဘုရားအတွင်းက စည်းကမ်းချက်များ
နောက်တစ်ခုက စာရေးသူ လှည့်လှည်ကြည့်ရင်း အကဲခတ်မိသည့် တစ်ခုမှာ ရုပ်ပွားဆင်းတုတော်ကို စေတီတော်ကြီးမှာရော ကမ္မဋ္ဌာန်းပေးရာ ခန်းမဆောင်မှာရော သင်တန်းဆောင်တွေမှာပါ မတွေ့ရခြင်းဖြစ်သည်။ တစ်ဆက်တည်း စဉ်းစားမိသည်မှာ- ထိုရိပ်သာကြီး၏ စနစ်နှင့် ရည်ရွယ်ချက်က ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ စသည်ဖြင့် မည်သည့် ဘာသာမဆို ၀င်ရောက်ပြီး ကမ္မဋ္ဌာန်းအားထုတ်ဖို့နိုင်ဖို့ပဲ ဖြစ်သည်၊ ဓမ္မကို မည်သည်ဘာသာဝင်များမဆို ရှာဖွေ အားထုတ်နိုင်အောင် ရုပ်ပွားဆင်းတုတော်ကို မထားလေသလား၊ ရုပ်ပွားဆင်းတုတော် ထားရှိလျှင် တခြားဘာသာဝင်တွေအတွက် အနှောက်ယှက်ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဆရာကြီး၏ ကမ္မဋ္ဌာနကြီးက ထိုလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက် လေ့လာ အားထုတ်နေကြသည်၊ အီရန်၊ အစ္စရေးတို့လို နိုင်ငံတွေက လူတွေတောင် လာရောက်အားထုတ်နေသည်ကို တွေ့ရသည်။
နေ့စဉ် အချိန်ဇယား
တရားစခန်းထွက် ယောဂီများ
စာရေးသူအကြိုက်
၁။ စာရေးသူ သဘောကျသည်မှာ ရိပ်သာကြီးသည် ကမ္မဋ္ဌာန်းတရားပေးရုံသာ မက သင်တန်းတွေ ပေးခြင်း၊ သုတေသနဌာကြီးဖွင့်ပြီး ၀ိပဿနာသုတေသနလုပ်ခြင်း၊ ထုတ်ဝေခြင်း။ ပရိယတ်အခြေခံသော ပဋိပတ်ဌာနကြီးဖြစ်သည့်အတွက် အခြေခံ အုဋ္ဌ်မြစ်ကောင်းသည့် ဌာနကြီးဖြစ်သည်။
၂။ စေတီကြီး၏၀မ်းဗိုက်တွင်း ယောဂီတစ်ယောက်ထိုင် ကမ္မဋ္ဌာန်း cells ၂၂၉ ခန်းပါရှိခြင်း။ ထိုခန်းများသည်လဲ senior, junior အလိုက် အဆင့်ဆင့်ရှိသည်။
၃။ အမျိုးသား အမျိုးသမီး မှတ်ပုံတင်ဌာနရုံးခန်း ၂ဆောင်၊ အမျိုးသား အမျိုးသမီး ထမင်းစားခန်း ၂ဆောင်၊ လုံခြုံရေးဌာန၊ ဆရာဆောင်များ၊ အမျိုးသား အမျိုးသမီးယောဂီများအတွက် တစ်ယောက်နေဆောင်၊ ၂ ယောက်နေဆောင်၊ ၄ ယောက်နေဆောင်၊ ၁၀ ယောက်နေဆောင် စသည်ဖြင့်ပါရှိခြင်း။ စာသင်ခန်း၊ ပြခန်း၊ သုတေသနခန်၊ မှတ်တမ်းတင်ခန်း၊ ဂုရုကြီးနေသည့် အဆောင်များနှင့် ရိပ်သာကြီးကို လှပစွာတည်ဆောက်ထားခြင်း။
၎။ ကျေးဇူးတရားကို အလေးထားခြင်း၊ မြန်မာသံဃာတော်များနှင့် ဆရာကြီး ဦးဘခင်ကို အလေးဂရုပြုနေသော မြန်မာမုခ်ဦးနှင့် ဦးဘခင်ရွာက ကျေနပ်စရာပင်ဖြစ်သည်။
စာရေးသူက ၂၀၀၄ ခုနှစ်၊ အိန္ဒိယကို ပညာတော်သင် မလာသေးခင်က သီတဂူဆရာတော်ကြီးနှင့်အတူ သူငယ်ချင်း ၆ ပါး၊ လိုက်ပို့သည့် အိန္ဒိယဒကာနှင့် သီတဂူဦးဇင်း ၂ ပါး အပါအ၀င် ၁၁ ယောက် အဖွဲ့သည် အိန္ဒိပြည်ကြီး တစ်ပတ်ပတ်ခဲ့စဉ်က ထိုကမ္မဋ္ဌာန်းဌာနသို့ ရောက်ခဲ့သေးသည်။ အခုခေါက်သည် ၂ ကြိမ်မြောက်ဖြစ်သည်။
တာဝန်ရှိသူတစ်ဦးက စာရေးသူတို့အဖွဲ့အား ရှင်းလင်းပြသစဉ်
အိန္ဒိယဗုဒ္ဓဘာသာ ကျေးဇူးရှင်နှစ်ဦး
ကွယ်ပျောက်နေပြီ ဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းပေးနေသူ ၂ ယောက်ရှိသည်။ ကွယ်လွန်သွားပြီ ဖြစ်သော ဒေါက်တာအမ်ဘေဒကာနှင့် ယခုလက်ရှိ အသက် ၈၀ ကျော် ၀ိပဿနာဖြင့် သာသနာပြုနေသော ဆရာကြီး ဦးဂိုအင်ကာ တို့ဖြစ်ကြသည်။ ဒေါက်တာအမ်ဘေဒကာနဲ့ ပတ်သက်ပြီး စာရေးသူ၏ဆိုက် ဒီနေရာ နှင့် ဤနေရာများ တွင် ဖော်ပြပြီးဖြစ်သည်။ ယနေ့ အိန္ဒိယနိုင်ငံ အထူးသဖြင့် အိန္ဒိယ အနောက်ပိုင်း သို့မဟုတ် တောင်ဘက်ခြမ်းရှိ မဟာရဋ္ဌပြည်နယ်အတွင်းက ၁၀ သိန်းကျော်သော ဗုဒ္ဓဘာသာတို့သည် ဒေါက်တာအမ်ဘေဒကာ၏ တပည့်များဖြစ်ကြသည်။ နောက်ပိုင်း ဆရာကြီးဦးဂိုအင်ကာ၏ ၀ိပဿနာနည်းကြောင်း ဗုဒ္ဓဘာသာဝင်ဦးရေ တိုးပွားလာသလိုဗုဒ္ဓဘာသာ၏အနှစ်ကို ဘာမှ မသိသေးသော ဗုဒ္ဓဘာသာဝင်တို့၏အတွေးသည်လည်း ပိုမိုတောက်ပြောင်လာသည်။ ယခုဆိုရင် အိန္ဒိယပြည်တွင်း ၀ိပဿနာ ဌာနပေါင်း ၂၀ ကျော်ရှိသည်။ ဘုံဘေမြို့ရှိ့ ကမ္ဘာ့ရွှေတိဂုံစေတီတော်ကြီးက ဆရာကြီးဦးဂိုအင်ကာ၏ ဗုဒ္ဓသာသနပြုရာတွင် အကြီးမားဆုံး မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ အိန္ဒိယဗုဒ္ဓသာသနာ ပြန်လည်ရှင်သန်လာရေးအတွက် အားထုတ်နေကြသော ထို ပုဂ္ဂိုလ်ထူး ၂ ယောက်အတွက် ကျေးဇူးတင်ခြင်း ဂုဏ်ယူခြင်းများဖြင့် သတိတရဖြစ်သင့်သည်။
ကင်မရာပိုးရှိသော စာရေးသူ
စာရေးသူတို့အဖွဲ့ ဘုံဘေက မနက် ၈နာရီလောက်က စထွက်ရာ အိဂပူရိမြို့ရှိ ဓမ္မဂီရိကမ္မဋ္ဌာန်းဌာနသို့ မနက် ၁၀-၃၀ လောက် ရောက်သည်။ စာရေးသူတို့အတွက် နေ့လည်စာအတွက် ပြင်ဆင်ပေးပါသည်၊ သို့သော် ဒကာကြီးဦးကျော်ဆွေက အပြင်စားသောက်ဆိုင်မှာပဲ ကပ်ချင်သည်ဖြစ်၍ လှည့်လည်ကြည့်ရှု့ပြီး မြို့ပြင်က စားသောက်ဆိုင်ကောင်းကောင်းမှာ နေ့လည်စာ ၀င်စားကြသည်။ ထိုစားသောက်ဆိုင်သည် အလွန် သပ်သပ်ရပ်ရပ်ရှိသည်၊ အဆင့်မြင့်သည်။ နေ့လည်စာ ပြီးတာနဲ့ နာဆစ်ခ် (Nasik) မြို့ဘက်သို့ ခရီးဆက်ခဲ့ကြသည်၊ ထိုမြိုရှိ ဗုဒ္ဓဘာသာ လှိုဏ်ဂူများကို သွားရောက်လေ့လာခဲ့ကြသည်။ ထိုမြို့ရှိ လေ့လာရေး ခရီးမှတ်တမ်းကို အပိုင်း (၂) တွင် ဖော်ပြပါမည်။
လိုက်ပို့ပေးသော ဒကာကြီး ဦးကျော်ဆွေ အား အထူးကျေးဇူးတင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂-၁၀-၂၀၁၁
04 October 2011
ဤဘလော့ဂ် ရေးသားသူသည်

စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။
သီတဂူစတား သို့ဆက်သွယ်ရန်---
အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
Phone: 09-7956-30013/09-250 790 483
အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com
2009 ခုနှစ် အတွက် အကယ်ဒမီဆု
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com
ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။
မမေ့သင့်ရာ
“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂
သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။
ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။
ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။
လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ
Popular Posts
-
ဒီနေ့ သင်တန်းစတင်ပိတ် ********* ၂၀၁၆ B.A နောက်ဆုံးနှစ် ကျောင်းသားများနှင့် အမှတ်တရ။ (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်) မကြာမီ နေရာအသီး...
-
ဘွဲ့နှင်းသဘင်ခန်းမဆောင် အုဌ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ************ သီတဂူ ၂၀၁၆ အောက်တိုဘာ ၄ ကျေးဇူးတော်ရှင် သီတဂူဆရာ...
-
ဗိုလ်ချုပ်မှူးကြီး သီတဂူအဓိပတိအား လာရောက် ဖူး ********** သီတဂူ ၂၀၁၆ သြဂုတ် ၂၁ မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြ...
-
သီတဂူ Study Tour အင်ဒိုနီးရှား ********** သီတဂူ ၂၀၁၆ နိုဝင်ဘာလ ၆ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး၊ တပည့် စာချ ဆရာတော်များနှင...
-
သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ ******** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၃ မနေ့က (12-9-2016) အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး...
-
အစ္စရေးနိုင်ငံ သမ္မတအိမ်တော်ရောက် သီတဂူအဓိပတိ *********** သီတဂူ ၂၀၁၆ စက်တင်ဘာလ ၁၂ အစ္စရေးနိုင်ငံရောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရာြး...
-
“ကမ္ဘာ့ကိုးကွယ်ရာဘာသာကြီးများ၏ နိဒါန်း” စာအုပ် ထွက်ပြီ ************************ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)မှာ သီတဂူအဓိပတိဆရ...
-
တွေ့ဆုံမေးမြန်းဓမ္မလမ်း မကြာမီထွက်မည် ********** အောက်ပါအလှူရှင်များဖြင့် မကြာမီ သီတဂူစတား စာစဉ် (၄)စာအုပ်ကလေး တစ်အုပ်ထွက်မ...
-
အမျိုးသမီးစွမ်းဆောင်ရှင် (အပိုင်း-၈) Equanimity ဘဝဆိုတာ ဒီလိုပဲကိုဗျ၊ ဟုတ်လား၊ တစ်ဘက်ကတော့Pushout လုပ်ပြီးတော့၊ တစ်ဘက်ကတော့ Wellcomeေ...
Vistors (1-1-2012)
တိုက်ကြီးများရှိ အချိန်
!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>!-end>!-local>
2 comments:
နောင်ကြီးရဲ့ ခရီးသွားမှတ်တမ်းကို ဖတ်ပီး အဲ့ဒီရိပ်သာကို ရောက်ဖူးချင်တယ် မြန်မာပြည်မပြန်ခင်တော့ ရောက်အောင် လာခဲ့ဦးမယ်
အီဂတ်ပူရီရိပ်သာအကြောင်း ဖတ်ရတာပြည်းစုံကောင်းမွန်လှပါတယ်။ စာရေးဆရာ ဘလော့ဂါပီပီ သုတ ရသ ၂မျိုးလုံးပါအောင် ခြယ်မှုန်းထားတာ ဓါတ်ပုံတွေလဲ ဝေေ၀ဆာဆာ။
Post a Comment