သီတဂူစတား

သီတဂူစတား

24 October 2011

ရတနာဂီရိသို့ အမှတ်တရ

စာမိတ်ဆက်
စာရေးသူတော့ အခုတလော ဒကာကြီး ဦးကျော်ဆွေရဲ့ ကောင်းမှုနှင့် ဓမ္မဂီရိ (တရားရှိရာတောင်) ခရီးတွေကို သွားခွင့်ရသည်၊ မှတ်တမ်းများလည်း ကောင်းကောင်းရသည်။ ယခုတစ်ခေါက်တော့ ရတနာရှိရာ သို့မဟုတ် ရွှေတောင် ဟု အဓိပ္ပါယ်ရှိသည့် ရတနာဂီရိ ခရီးဖြစ်သည်၊ ရတနာဆိုတော့ ဘာရတနာရှိမှန်းတော့ မသိ၊ ရွှေရောင်လို မြေရှိနေသည်တော့ အမှန်ဖြစ်သည်။ တောတောင်တစ်ခုလုံး၏ မြေရောင်သည် ရွှေရောင်ပေါက်နေသည်၊ ထို့ကြောင့်ပဲ ရတနာဂီရိဟု ခေါ်လေသလား မပြောတတ်။ နောက်တစ်ခုက စာရေးသူတို့အမျိုး၊ စာရေးသူတို့နိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်း ဦးခေါင်းချရာ နေရာဖြစ်လို့ ရတနာရှိရာမြို့ ရတနာဂီရိဟု အမည်ပေးလိုက်ရင်တော့ ကြွားရာကျနေမလား။ လမ်းခရီးက အလွန်ဝေးပေမဲ့ တစ်ချိန်က ကိုယ့်လူမျိုးတို့ရဲ့ ဥသျှောင် အဖြစ် လေးစားခဲ့ကြတဲ့ ကိုယ့်မင်းရှိရာနေရာသို့ ပင်ပန်းမှုတွေ အသာထားပြီး သွားခဲ့ရတဲ့ ခရီးစဉ်လေးကို အမှတ်တရရှိစေဘို့ မှတ်စုမှတ်ရာအဖြစ် ရေးတင်လိုက်ရပါသည်။

ကျေးဇူတင်ခြင်း

၂၂-၁၀-၂၀၁၁ စနေနေ့က မနက် ၅-၃၀ အိပ်ရာထ၊ မျက်နှာသစ် ရေချိုး၊ ခရီးထွက်ဖို့ ပြင်စရာရှိတာပြင်ဆင်ပြီး အောက်ဆင်းစောင့်နေကြသည်။ ဒကာကြီး၏ကားတစ်စီးနှင့် ဒကာကြီးကပဲ လိုက်ချင်တဲ့ ရဟန်းတော်များ လိုက်လို့ရအောင် ကားတစ်စီး ထပ်လှူသည်၊ ကားအပြင် နံက်စာ နေ့လည်စာဆွမ်းများပါ ခရီးစဉ်အားလုံး အစဉ်ပြေအောင် ဒကာကြီးကပဲ လှူသည်။ ရောက်ဖို့ သိပ်ခက်ခဲတဲ့နေရာကို ပို့ပေးတဲ့ ဒကာကြီး ဦးကျော်ဆွေအား ရဟန်းတော်များကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။
ရတနာဂီရိသို့ ကီလိုမီတာ ၉၀ ကျန်သေးသော နေ့ဆွမ်းစားရာ Makhjan မြို့ကလေးမှာ

ရတနာဂီရိခရီးစတင်ခြင်း

စာရေးသူတို့အဖွဲ့ ဒကာကြီး ဦးကျော်ဆွေ၏ ကောင်းမှု (စပွန်ဆာ) ဖြင့် ရတနာဂီရိ ခရီးသို့ ၂၂-၁၀-၂၀၁၁ စနေနေ့ စာရေးသူတို့နေသည့် စောမယကောလိပ်ရှိ Polytechnic Hostel မှ မနက် ၆ နာရီမှ စတင်ထွက်ခဲ့သည်။ ရတနာဂီရိသည် မဟာရဋ္ဌပြည်နယ်တွင်းမှာပဲ ရှိသည်၊ မဟာရဋ္ဌပြည်နယ်သည် တောတောင် ပေါသည့်ပြည်နယ်ဖြစ်သည့်အပြင် ပင်လယ်တို့ဖြင့်ကာရန်ထားသည်။ ခရီးကား အိန္ဒိယမြေပုံလမ်းညွှန်များအရ ဘုံဘေမှ ရတနာဂီရိ ကီလိုမီတာ ၃၅၆ ရှိသည်၊ ချစ်ဦးညို၏ ရတနာဂီရိအကျဉ်းသား စာအုပ်တွင် မိုင်ပေါင်း ၁၂၀ ဟု ဖော်ပြပေမဲ့ သီပေါမင်းမြေးဖြစ်သူ တော်ဘုရားကလေး (သီပေါမင်းနှင့် စုဖရားလတ်တို့၏ စတုတ္ထသမီးတော်၏ သား) ၏ ရတနာပုံမှ ရတနာဂီရိသို့ ဆိုတဲ့ စာအုပ်မှာတော့ ဘုံဘေ-ရတနာဂီရိ မိုင်ပေါင်း ၂၅၀ ဟုရေးထားသည်။ စာရေးသူတို့ ကိုယ်တွေ့ သွားကြည့်သောအခါ တော်ဘုရားကလေး ပြောသည့် မိုင်ပေါင်း ၂၅၀ က မှန်နိုင်ပါသည်။ အပြန်အသွား မိုင်ပေါင်း ၅၀၀ ခရီးဖြစ်သည့်အပြင် အများစုက တောင်တက်လမ်းဖြစ်သဖြင့် ခရီးကား အချိန်များစွာယူရလိမ့်မည်၊ ထို့ကြောင့် အချိန်တိုနိုင်သမျှတိုအောင် မနက်စာရော နေ့လည်စာအတွက်ပါ ဒကာကြီး၏ကောင်းမှုနဲ့ပဲ အဆောင်မှာကထဲက ပြင်ဆင်သွားခဲ့ကြသည်။

ဘုံဘေမြို့အထွက်ကနေ စိမ်းလန်းစိုပြေနေတဲ့ တောတောင်တန်းတွေ စဖြတ်သည်၊ လမ်းတွေ အရမ်းကောင်းသည်။ ၇ နာရီထိုးတော့ ကားသမားများက မနက်ကထဲ မျက်နှာသစ်ခြင်းစသည့် ကိုယ်လက်သန့်ရှင်းခြင်း ကိစ္စမလုပ်ခဲ့သေးသဖြင့် စားသောက်ဆိုင်တစ်ခုမှာ ခဏ နားကြသည်၊ ပါလာတဲ့ နွားနို့ကိတ်မုန့်တို့ဖြင့် မနက်စာကိစ္စ အဲဒီနေရာမှာ ပြီးခဲ့သည်။ ထိုမှ ခရီးဆက်ခဲ့ရာ တောလမ်းတောင်တက်လမ်း ဆိုပေမဲ့ အရမ်းကောင်းသည်၊ ချောမွေ့နေသည်၊ သို့ပေမဲ့ ပန်း (Pen) မြို့နှင့်ဝန်းကျင်မှာတော့ ချိုင့်ခွက်တွေများသည်၊ ကုန်ကားများ မောင်းနှင်ထားသဖြင့် လမ်းများ ပျက်စီးနေသည်၊ လမ်းခုလပ် တစ်ဝက်လောက်မှာ တစ်နေရာ လမ်းနဲနဲကြမ်းသည်ကိုတွေ့ရသည်၊ ၇ ကီလို ၈ ကီလို ၀န်းကျင်လောက်သာ လမ်းဆိုးတာကလွဲလို့ ကီလိုမီတာ ၃၅၆ ဝေးသည့်ခရီးသည် လမ်းကောင်း လမ်းချောဖြစ်သည်။

ကီလိုမီတာ ၂၀၀ လောက်က တောင်တက်လမ်းဖြစ်သည်၊ တောင်ထိပ်ရောက်လေ S အကွေ့ကောက်တွေ များလာသည်၊ ကားထဲမှာ ခလောက်ဆန်နေသည်၊ သူငယ်ချင်းအချို့လဲ ကားမူးသဖြင့် စားသမျှ အန်ထုတ်ပြစ်ရသည်။ စာရေးသူလဲ အတော်ကို ကြိတ်မိတ်ထားရသည်၊ နေ့လည် ၁၁-၃၀ လောက်ရောက်တော့ ရတနာဂီရိရောက်ဖို့ ကီလိုမီတာ ၉၀ လောက် လိုသေးသည့် မြို့လေးမှာ နေ့လည်စာ စားရန် အနားယူကြသည်၊ မြို့နာမည်က Makhjan ဟု ထင်သည်။ ထိုမြို့လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်တော်တော်များများ ရှိသည်၊ စာရေးသူတို့အဖွဲ့လည်း အဆောင်က ကြက်သားဟင်းချက်လာသဖြင့် Non-Vegetable ဆိုင်ကို ရွေးရသည်။ အဆင်ပြေသည်၊ ထိုဆိုင်မှာပဲ စခန်းချပြီး ဆိုင်မှ တချို့ဟင်းများကို မှာပြီး အဆောင်မှ ချက်ယူလာသော ဆွမ်းနှင့် ဟင်းအချို့တို့ကို ဒကာကြီး ဦးကျော်ဆွေက ကပ်သည်။

ရတနာဂီရိသို့ရောက်ခြင်း

နေ့ဆွမ်းအပြီး ခရီးဆက်ရာ တောင်တက် တောင်ဆင်းတွေ ရှိနေသေးပေမဲ့ အဆင်းလမ်းများသည်။ လမ်းတလျှောက် ငေးမောလာမိသည် တောတွေ တောင်တွေ စမ်းချောင်းတွေဖြင့် အရမ်းလှပါသည်၊ သာယာသည်၊ မြန်မာပြည် သီပေါမြို့ကို သွားသည့် နောင်ချို- ကျောက်မဲလမ်း ခြောက်ထက်ကွေ့ လမ်းပုံစံလဲ တွေ့ရသည်။ တောတွေ တောင်တွေ လမ်းတွေကို ငေးမောကြည့်ရင်း စဉ်းစားလာမိသည်၊ အိန္ဒိယအစိုးရသည် အလွန်တော်ပါသည်၊ သစ်တောတွေကို ကောင်းကောင်းထိမ်းသိမ်းနိုင်သည်၊ တောရောမြို့ရှိ ပြည်သူတွေကို လျပ်စစ်မီး လုံလုံလောက်လောက် ပေးနိုင်သောကြောင့် တောရွာများက ထင်းမီးမသုံး၊ မြို့ပေါ်တွေက လူတွေကလဲ မီးသွေးမသုံးဘဲ လျပ်စစ်နဲ့ ဂက်စ်မီးကိုသာ သုံးနေကြသည်။ ထိုကဲ့သို့ လျပ်စစ် မီးနှင့် ဂက်စ် စနစ်ကောင်းကြောင့် တောတောင်တွေ သစ်ပင်တွေ ယခုကဲ့သို့ တွေ့မြင်ရတာ ဖြစ်နိုင်သည်။ ဤမျှလောက် ဝေလံခေါင်သော နေရာတွေမှာ လမ်းတွေ ကောင်းအောင် တည်ဆောက်ပေးနေသော အစိုးရကို ကျေးဇူးတင်ရမှာ အမှန်ပင်ဖြစ်သည်။ တချို့လမ်းဆိုးသောနေရာတွေမှာ ကားဘီးခွန်ကောက်လျှင် ကားသမားများက မပေးကြ၊ လမ်းတော့ ကောင်းအောင် မပြင်ဘဲ ပိုက်ဆံတော့ တောင်းသည်ဟု ပုံစံမျိုးနဲ့ မပေးသည်ဟု ထင်သည်။ စာရေးသူတို့နိုင်ငံ မန္တလေးမှ မုံရွာ ရွှေဘို၊ ပဲခူးမှ မော်လမြိင်၊ ဘားအံတို့လို၊ ရန်ကုန်မှ မအူပင်၊ ဖျာပုံစတဲ့ ခရီးမျိုးဆိုရင် high way လမ်းဖြစ်သည်၊ အဲဒီလောက်ဝေးသည့် လမ်းခရီးမျိုးဆိုရင် အိန္ဒိယ မဟာရဋ္ဌပြည်နယ်မှာ ရှယ်လမ်းတွေ ဖြစ်သည်။ ၆ လမ်းသွား National high way လမ်းဖြစ်သည်။

တောတွေ တောင်တွေ စမ်းချောင်းတွေ ကွေ့ကောက်နေသော လမ်းတွေကို ငေးမောရင် ပင်လမ်းကမ်းခြေက ရတနာဂီရိမြို့သို့ နေ့လည် ၂ နာရီကျော်လောက်မှာ ရောက်သည်။ အရင်ဆုံး သီပေါမင်း၏ စံအိမ် သို့မေးမြန်းပြီး သွားခဲ့ကြသည်။ စံအိမ်သို့ရောက်ပါပြီ၊ စံအိမ်သမိုင်းနောက်ခံလေးကိုတော့ ဤသို့မှတ်သားရသည်။

သီပေါမင်းနှင့်အိန္ဒိယခရီး
သီပေါမင်းကို ၁၈၈၅ ဒီဇင်ဘာလမှာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထိုလ ၁၀ ရက်နေ့မှာ ရန်ကုန်သင်္ဘောဆိပ်ကနေ အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ချနိုင်းမြို့ (ယခင် မဒ္ဒရစ်မြို့) သို့ ထိုလ ၁၄ ရက်နေ့မှာပဲ ရောက်သည်၊ ပင်လယ်ခရီး ၄ရက်ကြာသည်။ ထိုအချိန်မှာ ဘုရင့်မိဘုရား စုဘုရားလတ်မှာ တတိယသမီးတော် ဖွားခါနီး ကိုယ်ဝန်ရှိနေသည်။ တတိယသမီးတော်ကို ချနိုင်းမှာတွင် မွေးဖွားပြီး မကြာမီမှာပဲ အင်္ဂလိပ်အစိုးရ ပြင်သစ်ကို စိုးရိမ်နေတာကြောင့် ချနိုင်းမြို့မှာ ကြာကြာမထားဘဲ ရတနာဂီရိသို့ ၁၈၈၆ ဧပြီလမှာ ပို့သည်။ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပင်လယ်ခရီး ၆ ရက်ကြာသည်။ ချနိုင်းမြို့သည် ယခုအခါ အိန္ဒိယပြည်ကြီး၏ မြို့တော် ၅ ခုတွင် တစ်ခု အပါအ၀င်ဖြစ်သည်။ အိန္ဒိယမြေပုံအရ အိန္ဒိယပင်လယ်အနီးရှိ ချနိုင်းမြို့မှ အာရဗျပင်ပင်လယ်ရှိ ရတနာဂီရိသည် ပင်လယ်လမ်းကြောအတိုင်း သွားလျင် ရသော်လည်း ကွေ့ကောက် ၀င်ရသည်။ ဘုံဘေမှဆိုလျှင်တော့ ဖြောင့်တန်းလျှက်ရှိသည်။ ကုန်းကြောင်းကသွားရင်တော့ ကားနှင့် ရထား အဆင်ပြေသည်၊ သို့သော တောင်တက် တောင်ဆင်းလမ်းများဖြစ်သည်။


သီပေါမင်းစံအိမ် (သို့) နန်းတော်

သီပေါမင်း စံအိမ်ကား ထိုရတနာဂီရိမြို့ပြင်က ပင်လယ်ကမ်းခြေမှာ တည်ရှိသည်။ ဒီခေတ်မှာတောင် ထိုစံအိမ်ရှိရာ ရတနာဂီရိမြို့သည် အလွန်ဝေးလံခေါင်သည့် ဒေသဖြစ်သည်။ ထိုခေတ်ကဆို ဒိထက်မက ခေါင်ပါလိမ့်မည်။ တောထူထပ်ပြီး တောရိုင်းတိရစ္တာန်တွေ ပေါနိုင်သည်။ ဆိုးခိုး တိုက်ခိုက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ ပုန်းအောင်တဲ့ နေရာဖြစ်သည်၊ မြို့ထဲရွာထဲ ထားလို့ မသင့်တော်တဲ့ နူနာစွဲနေတဲ့ ရောဂါသည်တွေ နေရာဖြစ်သည်။ ထိုနေရာကို အပို့ခံရသော တိုင်ပြည်၏ဥသျှောင်မဆိုထားနဲ့ သာမန်လူတန်းစားတောင် စိတ်ဓာက်ကျစရာ နေရာဖြစ်သည်။ မည်သူမဆို ထိုနေရာ ရောက်သူတိုင်း ကြောက်ရွံ့ ထိတ်လန့် စိုးရိမ်စိတ်တွေနဲ့ပဲ နေကြရလိမ့်မည်။

သီပေါမင်းသည် ထိုရတနာဂီရိ ရောက်ခါစက အင်္ဂလိပ်အစိုးရက ငှါးရမ်းပေးထားသည့် တစ်လုံးနှင့်တစ်လုံး ကိုက် ၄၀၀ လောက်ဝေးသည့် Outram hall နှင့် Baker’s Burgalow အိမ်နှစ်လုံးတို့မှာ ဘုရင်မိဖုရား နေကြရသည်။ ဆယ်နှစ်စာ ငှါးထားသည်ဟုဆိုသည်။ ထိုအငှါးစံအိမ်တော်နှစ်လုံးမှာ ၁၈၈၆ ခုနှစ်ကနေ ၁၉၁၀နှစ်အထိ ၂၄ နှစ်ကြာ အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရသည်ဟုဆိုသည်။ အဲဒီအချိန်မှာ ထိုဒေသရှိလူတွေ ပလိပ်ရောဂါခံစားနေကြရပြီ ဖြစ်သည်။ သီပေါမင်းသည်လည်း အငှါးစံအိမ်ကျဉ်းကျဉ်းလေးမှာပဲ၂၄ နှစ်လုံးလုံး အဲဒီဒဏ်တွေ ခံခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်း ကိုယ်ပိုင် ၁၉၁၀ ခုနှစ်မှာမှ စံအိမ်တော်ကြီးမှာ ၉ နှစ်လောက်သာ နေခွင့်ရပြီး ထိုရောဂါတွေနဲ့ပဲ နတ်ရွာစံသည်ဟုဆိုသည်။

စံအိမ်အသစ်

သီပေါမင်းပါတော်မူခြင်း၊ ထိုစံအိမ်မှာ ပြည်နှင်ဒဏ်ပေးခြင်း စတဲ့ အကြောင်းတွေကို တော်ဘုရားကလေး (အောင်ဇေ)၊ ချစ်ဦးညိုတို့လို စာရေးဆရာတွေ တော်တော်များ ရေးထားကြသည်။ တော်ဘုရားကလေးကတော့ ရတနာဂီရိမှာ ရှိတဲ့ စံအိမ်ကို အိန္ဒိယမီဒီယာနှင့် အင်္ဂလိပ်က သီပေါနန်းတော် (Thibaw Palace) ဟု သုံးထားပေမဲ့ သီပေါမင်းစံအိမ် (Royal residence)။ ဒါ့ပြင် အင်္ဂလိပ်အစိုးရက King thibaw ဟု သုံးရမည့်အစား King ကိုဖြုတ်ပြီး Thibaw ဟု သုံးတာကိုလဲ မကြိုက်။ မှန်ပါသည် ကိုယ်လေးစား ကြည်ညိုတဲ့ ဘုရင်ကို မည်သူမဆို ဒီလိုပဲ ဖြစ်ပါလိမ့်မည်။
မြန်မာဘုရင်ကို အိန္ဒိယမှာ နေအိမ်အကျယ်ချုပ်ချထားသလို အိန္ဒိယ၏ နောက်ဆုံး ဘုရင် ဇဖားရှား (Zafar Shah) ကိုလဲ King ဆိုတဲ့ ဂုဏ်ထူးဆိုတာကို ဖြုတ်ပြီး မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ထားသည်။ ဇဖားရှားလမ်း (zafar shah road) အမည်ပေးကာ လမ်းနာမည်လဲ ထားခဲ့သည်။

အင်တာနက် စာမျက်နှာပေါ်မှာ ‘‘စံအိမ်အသစ် ဧရိယာမမှာ ဧက ၂၃ရှိသည်၊ နန်းတော်ဟု ဆိုသော စံအိမ်အသစ်ကို ကျွန်းသားများ နေရောင်ပြန် အီတလီ ရောင်စုံမှန်ပြတင်းများဖြင့် လှပစွာတည်ဆောက်ထားသည်ဟု ရေးထားတာတွေ့ရသည်။ အိမ်၏ပုံစံသည်လည်း Pagoda style နှင့် ထိုအိမ်၏တည်ဆောက်ရေးကာလသည် ၂ နှစ်ဟု ရေးထားသည်။ Main building ပင်မအဆောက်အဦးကြီးမှာ ပေ-၁၉၇ အလျားရှိပြီး အနံမှာ ၁၄၁ ပေရှိသည်ဟုလဲ ဖော်ပြထားသည်။ သီပေါဘုရင်နှင့် သူ၏မိဘုရားတို့သည် ထိုစံအိမ်မှာ စိတ်ဓာတ်ကျခြင်း ငြီးငွေ့စွာ နေခဲ့ရရှာသည်၊ သိပေါမင်း မန္တလေးကို ပြန်ပို့ဖို့ စာအကြိမ်ကြိမ်ရေးပြီး အာဏာရှင်တွေထံ ပေးခဲ့သည်၊ ဒေလီဒါဘာပွဲသို့ အိန္ဒိယ မင်းသားတွေအနဲ့ အတူတက်ရောက်ဖို့ရန်လည်း မေတ္တာရပ်ခံခဲ့သည်၊ ထိုမေတ္တာရပ်ခံချက်အားလုံး ပယ်ခံရသည်။ နောက်ပြဿနာတစ်ခုက ငွေရေးကြေးရေးပင်ဖြစ်သည်၊ သီပေါမင်းနှင့် စုဘုရားလတ်တို့ ပါလာသည့် ကျောက်မျက်ရတနာတွေလဲ ထုခွဲရောင်းချလို့ ၁၈၉၀ နှစ်လောက်ကထဲက ကုန်နေပြီ။ သူတို့အတွက် ပေးသည့် ပင်စာလစာကလဲ အလွန်နဲသည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရထံ အသုံးစရိတ်ကို အကြိမ်ဖန်များစွာ တောင်းခဲ့ပေမဲ့ မပေးတဲ့အပြင် သူ၏အသုံးစရိတ်ကိုပါ ထိန်းချုပ်ခံရသည်။
၁၉၀၆ ခုနှစ်က သမီးတွေချည်း မွေးထားတဲ့ ဘုရင်ကြီးမှာ စိတ်မကောင်းစရာ သတင်းတစ်ခုကြားလိုက်ရတာ၊ သမီး ၄ ယောက်ထဲက ပထမသမီးတော်သည် ဂိတ်စောင့် အိန္ဒိယလူမျိုး Gopal Bhaurao Sawant နှင့် ကိုယ်ဝန်ရနေခြင်းပဲဖြစ်သည်။ အင်္ဂလိပ်အစိုးရက သမီးတော်လေးပါးကို တိုင်းတပါးသားတွေနဲ့ အိမ်ထောင်ကျအောင် တမင်လွတ်ထားခြင်းဖြစ်သည်ဟု တော်ဘုရားကလေးက ဆိုထားသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့သည်လည်း သမီးတော်လေး လေးယောက်အတွက် တိုင်းတပါးသားတွေရဲ့ ရန်ကြောင့် စိတ်မအေးဖြစ်နေရသည်။
သမီးတော်လေးတို့အကြောင်း အပြည့်အစုံကိုတော့ ရတနာပုံမှရတနာဂီရိ အမည်ရှိ တော်ဘုရားကလေး ရေးတဲ့ စာအုပ်တွင် အပြည့်စုံဖတ်နိုင်ပါသည်၊ သီပေါမင်းရဲ့ မြေးတော် မြစ်တော်များ ဖြစ်ကြတဲ့ တော်ဘုရားကလေးတို့ ကိုယ်တိုင် ရတနာဂီရိကို သွားပြီး မှတ်တမ်းတင်ခဲ့တဲ့ ခရီးသွားမှတ်တမ်း စာအုပ်ကလေးဖြစ်သည်။ အလွန်ကောင်းပါသည်။ ထိုစာအုပ်တွင် ဖတ်နိုင်ပါသည်။ စာရေးသူတို့ကိုယ်တိုင် ရောက်ခဲ့တဲ့ အကြောင်းကိုပဲ ဖော်ပြပါတော့မည်။
သီပေါမင်းစံအိမ် ယနေ့မြင်ကွင်း
စာရေးသူတို့ရောက်သော စံအိမ်အသစ်
ယခုအခါ စာရေးသူတို့အဖွဲ့ Thibaw Palace သီပေါနန်းတော်ဟု ဆိုသည့် တစ်ချိန်က သီပေါမင်း စံအိမ်အသစ်ဆီသို့ ရောက်ခဲ့သည်။ ထိုသီပေါမင်းနန်းတော်သည် နောက်ပိုင်း ရာစုနှစ်တစ်ခုအထိ အစိုးရရုံးတစ်ခု ဖြစ်ခဲ့သေးသည်။ ထို့နောက် ဘုံဘေတက္ကသိုလ်၏ အခွဲ တက္ကသိုလ်တစ်ခုလဲ ဖြစ်ခဲ့သေးသည်။ နောက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့ နှစ်စဉ် အိန္ဒိယရူပီး ၂ သောင်းပေးပြီး ပြန်တောင်းသည်၊ ၁၉၉၉ ခုနှစ်မှ ပိုက်ဆံ မပေးရတော့ဘဲ သုတေသနအဖွဲ့ကနေ ထိမ်းသိမ်းခွင့်ရသည်။ ယခုအခါ ရှေးဟောင်းသုတေသန၏ ထိမ်းသိမ်းရေးအောက်မှာ ရှိသည်။
ပညာရေးစင်တာ တစ်ခုဖြစ်ခဲ့သောကြောင့် ထိုနန်းတော်ထဲမှာ သီပေါမင်းနဲ့ပတ်သက်ပြီး ဘာမှမရှိတော့၊ အဆောက်အုံကြီးသာ ကျန်တော့သည်၊ ယခုမြင်တွေ့နေရသော စံအိမ်ရှိ မျက်နှာစာအလှများသည် ပညာရေးစင်တာဖြစ်တုန်းက ပန်းခင်းအလှများဖြစ်ဟန်တူသည်၊ ဘယ်ညာ နားနေဆောင် ၂ ခုလဲ မပြီးသေးဘဲ ထားခဲ့ပုံရသည်။
သီပေါမင်း အစဉ်အဆက် အသုံးပြုခဲ့သော ဒေါင်းတံဆိပ်

မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့ နားလည်မှုအရ ရှေးဟောင်းသုတေသနအဖွဲ့က ဆက်လက်ထိန်းသိမ်းထားသည်ဟု ဆိုထားသည်။ အခုမြင်တွေ့နေရတဲ့ အဆောက်ဦးကြီးကတော့ နန်းတော်၏ နှစ်ထပ် ပင်မစံအိမ် ဖြစ်သည်၊ ထိုပင်မအဆောင်ကြီးကို ယခုအခါ ပိတ်ထားသည်၊ ဘယ်သူမှ မ၀င်ရ၊ နောက်မှ တွဲထားသည် အခန်း သုံးခန်းပါသည့် အဆောင်ငယ်တစ်ခုကို အပေါ်လှေခါးဖြင့် ဆက်စပ်ထားသည်၊ ထိုအခန်း ၃ ခန်းတွင် ဘယ်ဘက်အခန်းမှာ အိန္ဒိယလူမျိုးများ ကိုးကွယ်သည့် နတ်ဘုရားရုပ်များကိုထည့်ထားပြီး ပြတိုက်အဖြစ်ထားသည်။ အလယ်ခန်းကိုတော့ သီပေါမင်း ဓာတ်ပုံကြီးတစ်ပုံ၊ ကုလားထိုင်များနှင့် ပထမသမီးတော်နှင့်အိန္ဒိယသားနဲ့ ရသောမြေးတော် တုတု ပုံကလွဲ ဘာမှမရှိ။ ညာဘက်အခန်းမှာတော့ ဟိန္ဒူများ ကိုးကွယ်တဲ့ ရှီဝလိင်ကြီး တင်ထားသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ အဆောင်နှစ်ခုအကြား အပေါ်ကနေ အောက်ငုံ့ကြည့်လိုက်ရင် ရေပန်းအလှကန်တစ်ခုကို တွေ့ရသည်။
မီးဖိုဆောင်နှင့် အဆောင် ၂ တွဲ၏အလယ်က ရေပန်းနှင့်ရေကန်
နောက်တွဲအဆောင် အောက်ထက်မှာတော့ ရုံးခန်းအဖြစ်ထားသည်၊ ရှေ့ပင်မအဆောင်၏ အောက်ထက်တစ်ခုလုံးရော အပေါ်ထပ်ပါ ပိတ်ထားသည်။ အမှတ်ရစရာဆိုလို့ အဆောက်ဦးကြီးသာ ကျန်တော့သည်။ မြန်မာ့အဆောက်ဦးပုံစံနဲ့တော့ တူသည်၊ အထူးသဖြင့် လှေခါးများကို ကျွန်းသားများဖြင့် ပြုလုပ်ထားခြင်းပဲ ဖြစ်သည်၊ အိန္ဒိယမှာ များသောအားဖြင့် ကျွန်းသားမသုံးဘဲ သံ စတီးလ် အုဋ္ဌ် အင်္ဂတေများကိုသာ အသုံးများသည်။ ထိုပင်မဆောင်ကြီး၏ အောက်ထက်နှင့်ဆက်သွယ်ထားသော အနောက်ဘေးမှာ မီဖိုဆောင်ရှိသည်။
နောက်ဆက်တွဲ အဆောင် ၃ခန်းမှ တည်ခင်းပြသထားသော ပုံများ
ဓာတ်ပုံနှင့် ကုလားထိုင်များသာကျန်
စိတ်မကောင်းစရာ မြင်ကွင်း


သံဝေဂ

အဆောက်ဦးများကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်ခဲ့မိသည်။ တစ်ချိန်က ကိုယ့်မြေ ကိုယ်ပြည်မှာ စိတ်တိုင်းကျ ခြယ်လှယ်နိုင်တဲ့ဘ၀ကနေ သူတပါး၏ သွားဆိုသွား စားဆိုစား ထားမှနေရ ကျွေးမှ စားရမည့် သူများ၏ ‘‘စေ’’တစ်လုံးအောက်အခြေနေသို့ ရောက်သွားခဲ့ရသည်။ ဘ၀မှာ ဘာမှ ထာဝရပိုင်ဆိုင်တာမရှိ၊ တန်ခိုးအာဏာ စည်းစိမ်တို့သည် ကိုယ့်အလိုသို့ မလိုက်နိုင်ပေ၊ အိန္ဒိယအင်ပါယာကြီးတစ်ခုလုံးကို လွမ်းမိုး ခြယ်လှနိုင်သော ဘုရင်အသောကမင်းသည် သေခါနီးအချိန် ဆီဖြူသီးတစ်ခြမ်းသာ ပိုင်ဆိုင်သွားသည်။ ကိုယ့်နောက် အရိပ်ပမာ ပါနိုင်သည်ကား ချစ်ခင်လေးစားတတ် နုညံ့သော မေတ္တာတရား၊ ကြင်နာတတ် စာနာတတ်သော ကရုဏာ၊ သူတပါး၏အောင်မြင်မှုအပေါ် ၀မ်းသာနိုင်တဲ့ မုဒိတာ စတဲ့ ကောင်းမြတ်တဲ့ စိတ်ထားနဲ့ ကုသိုလ်တရားများပင်ဖြစ်သည်။
သားအဖနှစ်ယောက်၏ အုဋ္ဌ်ဂူ

ထိုစံအိမ်တော်ကြီးနဲ့ မလှမ်းမကမ်းမှာ အသက် ၅၈နှစ်အရွယ်မှာ နတ်ရွာစံသွားတဲ့ သီပေါမင်း အုဋ္ဌ်ဂူနှင့် ပထမသမီးတော်တို့ အုဋ္ဌ်ဂူ နှစ်ခုကို ယှဉ်တွဲလျက်တွေ့ရသည်၊ အုဋ္ဌ်ဂူနှစ်ခုကိုလည်း ပုံစံတူ အရွယ်တူ လုပ်ထားသည်။ ထိုဂူနှစ်ခုသည် ယခုအခါ လူနေအိမ်ရပ်ကွက်ထဲမှာ သံစကာများ ကာရံပြီး စောင့်ရှောက်ထားသည်။ လူနေအိမ်များ၏ အလည်မှာ သူတို့ ၂ ယောက်တည်း အထီးကျန်စွာ နေနေရသည်ကို တွေး၍ စိတ်မကောင်းဖြစ်မိသည်။ အာဏာရှိစဉ်က ဘုရင်ကြီးသီပေါမင်းသည် ယခုလို အဖြစ်မျိုးနဲ့ကြုံပြီး တိုင်းတပါးမှာ ဒီလို လာပြီ ဒီပုံစံနဲ့ သေရလိမ့်မယ်ဟု တခါမှ တွေးထားလိမ့်မည်မဟုတ်။ သံဝေဂ ရစရာပင် လောကမှာ ကြိုတင်မသိနိုင်တဲ့ အရာ ၅ မျိုးရှိသည်။

ကြိုတင် မသိနိုင်တဲ့ အရာ ၅ မျိုး

၁။ ဇီဝိတ- အဘယ်အသက်ရွယ်မှာ သေရမလဲဆိုတာ မသိနိုင်။
၂။ ဗျာဓိ- ဘယ်လိုပုံစံမျိုးနှင့်သေမယ် ဘယ်လိုရောဂါမျိုးနှင့် သေရမလဲဆိုတာ မသိနိုင်။
၃။ ကာလ- ဘယ်အချိန်မှာ သေမလဲဆိုတာ မသိနိုင် (မနက်၊ နေ့လည်၊ ညနေ စသည်)။
၎။ ဒေဟနိက္ခေပန- ဘယ်နေရာမှာ သေမယ် ဘယ်နေရာမှာ ခန္ဓာချမယ်ဆိုတာ မသိနိုင်၊
၅။ ဂတိ- ဘယ်ဘ၀ ဘယ်ဘုံ ပြန်ဖြစ်ရမယ်ဆိုတာလည်း မသိနိုင် ဟူ၍ ၅မျိုးသော အရာတို့ကို အကျွန်ုပ်တို့ တတွေ မသိနိုင်ဟု စာပေမှာ မှတ်သားခဲ့ရဖူးသည်။ (ဇိဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။)
ကြိုတင်မသိနိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်မှာ ထာဝရ ဘာပိုင်ဆိုင်ထားတာ ရှိနေသလဲ? လောကနဲ့ သာသနာအတွက် ဘာသမိုင်းကောင်းတွေ ချန်ထားနိုင်မလဲ ဆိုတာတွေကိုပဲ ကြိုတင် စဉ်းစားသင့်လှသည်။
ခရီးစဉ်ကို စပွန်ဆာပေးသော ဒကာဦးကျော်ဆွေနှင့် ရတနာဂီရိကမ်းခြေ အမှတ်တရ
ရတနာဂီရိ ကမ်းခြေကိုလည်း ရောက်ခဲ့ပါသည်

မှတ်ချက်။ ။ သီပေါမင်းပါတော်မူခြင်း story သည် ကျယ်ဝန်းလှသည်၊ စာရေးသူ၏ ပို့စ်တွင် ရောက်ခဲ့သည့် အမှတ်တရဖြစ်ရုံလောက်သာ မှတ်စုရေးခြင်းမျှသာ ဖြစ်သည်။

ရွှင်လမ်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၃-၁၀-၂၀၁၁

1 comments:

ချယ်ရီမြေ said...

ခရီးစဉ်လျောက် အစစအရာရာအဆင်ပြေပြီး သာယာချမ်းမြေ့မှုအပေါင်းနဲ့ ပြည့်စုံပါစေဘုရား...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ဤဘလော့ဂ် ရေးသားသူသည်

ဤဘလော့ဂ် ရေးသားသူသည်
စာရေးသူ သီတဂူစတား၏ဘ၀ကို အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ အခြေခံကျကျ စနစ်တကျ တည်ဆောက်ပေးခဲ့သည်၊ ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ထိုရရှိလာသော ဘ၀ကို အသုံးချ ဘ၀ရောက်အောင် ဖန်တီးပေးခဲ့သည်၊ ထို့ကြောင့် ဤဘလော့ဂ်သည် ဘ၀နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သလို သီတဂူစတား၏ ဘ၀နှစ်ခုကို ထင်ဟပ်စေပါသည်။

သီတဂူစတား သို့ဆက်သွယ်ရန်---

အရှင်ကောဝိဒသိရီ (သီတဂူစတား) Kovida
Sitagu International Buddhist Academy (YGN)
Dagon (North), Yangon, Myanmar
Phone: 09-7956-30013/09-250 790 483

အီမေးလ်= sitagustar.0073@gmail.com ၊ sitagustar2010@gmail.com

2009 ခုနှစ် အတွက် အကယ်ဒမီဆု

rel.gif အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု အတွက် သီတဂူစတားကျေးဇူးစကား အနည်းငယ်မျှ ပြောပါရစေ။ နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်သလို သီတဂူစတား တစ်ယောက်တည်းနှင့် ဘလော့ဂ်ဆုရဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စည်းလုံးမှုရဲ့ အင်းအားတစ်ခုတည်းနှင့် ရရှိလာခြင်းဖြစ်ပါသည်။ သီတဂူစတားကို အားပေးကြတဲ့ စာဖတ်ပရိသတ်၊ သီတဂူစတားအား ဘလော့ဂ်ပညာတွေ နဲနဲချင်း သင်ပေးနေတဲ့ ညခင်းရဲ့လမင်း သီတဂူစတားရဲ့ ဒိုမိန်းခေါင်းစဉ် photo ပညာဖြင့် ပူဇော်ပေးသော မေမေ့လပြည့်ဝန်းလေး နှင့် ဆုများချီးမြင့်သော မြန်မာဘလော့ဂ်ပရပ်စ် နှင့် မြန်မာပြည်က စာဖတ်ပရိသတ် ၀င်ကြည့်နိုင်ရန် net လှူပေးသော အမေရိကမှ ဦးကိုကိုနှင့် ကိုခွန်သီရိ တို့ရဲ့ စေတာနာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဆက်သွယ်ရန်--

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း-၀၁-၅၈၁ ၉၉၉/ ၅၈၁ ၈၈၈/ ၅၈၁ ၇၇၇
အီးမေးလ်=thesitagu@gmail.com

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
စစ်ကိုင်းတောင်၊ စစ်ကိုင်းမြို့
ဖုန်း-၀၇၂-၂၂၂၆၀။ ၂၁၆၁၁
အီးမေးလ်=thesitagu@gmail.com

ဘ၀ရဲ့အနိမ့်အမြင့်

ဘ၀ရဲ့အနိမ့်အမြင့်
ကိုယ့်ဘ၀ရဲ့ အနိမ့် အမြင့်၊ ကိုယ့်ဘ၀ရဲ့ကျရှုံးမှုနှင့် အောင်မြင်မှုတွေကို ကိုယ့်ရဲ့ အလုပ် ကိုယ့်ရဲ့ အပြော ကိုယ့်ရဲ့ အတွေးကပဲ ဆုံးဖြတ်ပေးသွားတာပါ။

မမေ့သင့်ရာ


“လူတွေက သေခြင်းတရားကို မေ့နေတတ်ကြပါတယ်၊ သေရမှာကို မေ့နေတတ်ကြလို့ပဲ အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး တကိုယ်ကောင်းဆန် စိတ်တွေ မွေးဖွားတတ်ကြပါတယ်၊ ထိုအခါ လူ့ပတ်ဝန်ကျင်နဲ့ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သေခြင်းတရားကို အမှတ်ရစေခြင်းသည်လည်း လူ့ပတ်ဝန်ကျင်အတွက် အကောင်းတကာထဲက အကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။”
သီတဂူစတား
၂၈-၅-၂၀၁၂

သတင်စကား

သတင်စကား
သီတဂူစတားသည် သီတဂူဆရာတော်ကြီး၏ စီမံမှုဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်တွင် ကထိက၊ စီမံအုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးတဲ့ ကိုယ်ရေးရာဇ၀င်
သီတဂူစတားသည် စာရေးဆရာမဟုတ်ပါ သို့သော်လည်း စာရေးချင်ပါသည်၊ သီတဂူစတားဆိုက်ကိုလည်း ကိုယ်ပိုင်မှတ်စုသဘောအနေနဲ့ မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်။ ကြီးကျယ်တဲ့ဆိုက် မဟုတ်၍ ကြီးကျယ်သော စာများကား မဟုတ်။ သို့သော်လည်း တိုလီတိုထွာ ဗြုတ်စဗြင်နောင်လေးတွေ မှတ်စုအဖြစ် ရေးပြီး တင်နေသူပါ။ ဒါလေးတွေက ကျွန်ုပ်ရဲ့ မပြောပါးလောက်တဲ့ ရှိစုမဲ့စုလေးတွေ အကုန်သုံး ထုတ်ပြထားတဲ့ အမည်လေးတွေပေါ့။ သီတဂူစတား (စာရေးသူ) အသက် ၁၄ နှစ်လောက်ကထဲက အမရပူရဲမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘ၀ကိုမြုတ်နှံခဲ့ပါတယ်။ ထိုစာသင်တိုက်မှာဘဲ ရဟန်းတော်များရသင့်ရထိုက်တဲ့ အနည်းငယ်သော ဘွဲ့တွေလဲရခဲ့ပါတယ်၊ သာသနဓဇဓမ္မာစရိယ (၁၉၉၉)၊ မဟာဂန္ဓာရာမိကဓမ္မာစရိယ (၁၉၉၆)၊ ၀ိနယနိကာယ၀ိဒူ (၁၉၉၄)၊ အင်္ဂုတ္တရနိကာယ၀ိဒူ (၁၉၉၈)ဘွဲ့များမဖြစ်စလောက် ရခဲ့တယ်၊ ဒုတိယပိုင်းဘ၀တစ်စိတ်ကိုတော့ ၂၀၀၀ ခုနှစ်ကစပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ထို တက္ကသိုလ်ကြီးမှပင်၂၀၀၁ ခုနှစှ် English Diploma (2003)၊ Japanese Level 4 & 3 (2004/5)၊ နှင့် ၂၀၀၇ ခု B.A (Buddhism) ဘွဲ့ရခဲ့တယ်။ ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ပူနေးမြို့၊ ပူနေးတက္ကသိုလ်မှာ (Philosophy)ဒဿနိကဗေဒနှင့် M.A ရရှိပြီး ယခုအခါ သီတဂူဆရာတော်ကြီး၏ အထောက်အပံ့ဖြင်ပင် စောမယကောလိပ် ဘုံဘေမြို့၊ အိန္ဒိယနိုင်ငံမှာ Ph.D အတွက် စာတမ်းရေးပြီး ကျမ်းတင်ပြီးဖြစ်ပါသည်။ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ကထိကတာဝန် ယူလျှက်ရှိသည်။

ဖိတ်ခေါ်ပါသည်

ဖိတ်ခေါ်ပါသည်
ဆောင်းပါးနှင့်ဓာတ်ပုံများ The word is an invaluable like a jewel if it gives the knowledge or is able to make a person's situation change ( that is from a lower state to a higher state) with a word. In this day, there are a large number of persons who are searching for and giving it so that you are also one of them. Are you who searching for it or giving it? If you all my dhamma friends have a wish to give the profits to the people like knowledge, send it with or without photos as well as amazing photos to this very mail(sitagustar.0073@gmail.com). ကိုယ့်ရဲ့စကားတစ်ခွန်းဟာ လူတစ်ယောက်အတွက် အပြောင်းလွဲလေးတစ်ခု (အပြောင်းအလဲဆိုသည်မှာ ကောင်းသော ပြောင်းလဲခြင်း) ပေးနိုင်မယ်ဆိုရင် အဲဒီစကားဟာ အဖိုးမဖြက်နိုင်တဲ့ ရတနာပါ။ ယနေ့ ခေတ်မီးတိုးတက်နေတဲ့နိုင်ငံတိုင်းမှာ လူငယ်ရော လူကြီးပါ အွန်လိုင်းကနေဘဲ ရတနာတွေရှာနေကြပါတယ် ရတနာတွေ ပေးနေကြပါတယ်၊ မျှဝေဘို့လည်းမျော်နေကြပါတယ်။ ထူးစမ်ထွေလာဓာတ်ပုံများ၊ သတင်းထူးများ၊ အကျိုးပြုဆောင်းပါးများ ပေးပို့ နိုင်ပါပြီ။

လာရောက် လေ့လာ ဓမ္မမိတ်ဆွေများ

Popular Posts

Vistors (1-1-2012)

 
Lasantha - Premium Blogger Themes | Best WordPress Themes